မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Tuesday, August 26, 2014
ဇဋိလသေဌေး။
ဇဋိလသည် ဗာရာဏသီပြည်၌ မွေးဖွား၏။ အမိမှာ အလွန်ဆင်းရဲလှသော အမျိုးသမီးတစ်ဦး
ဖြစ်၏။ ဖခင်မှာ ၀ိဇ္ဇာဓိုရ်တစ်ဦး ဖြစ်လေသည်။ ဇဋိလ၏ ထူးခြားသောကြည်ညိုဖွယ်ဂုဏ်ရည်များမှာ
အောက်ပါအတိုင်း ဖြစ်လေ၏။
ဇဋိလသည် ကုန်သည်တစ်ဦး၏ အိမ်တွင် သားအဖြစ်နေစဉ် ၁၂- နှစ်က ရောင်းမကုန်သော
ကုန်ပစ္စည်းများကို တစ်နေ့တည်းနှင့် ရောင်းစွံ၏။ သူကြွယ်ကြီးကပင် “အဖိုးမဖြတ်နိုင်အောင် ထိုက်
တန်သည့် ယောက်ျား၊ ချမ်းချမ်းသာသာ အသက်ရှင်နိုင်မည့်သူ” ဟု သိ၍ သမီးကညာနှင့် လက်
ဆက်ကာ အိမ်တစ်ဆောင် မီးတစ်ပြောင်ထား၏။ အိမ်တက်မင်္ဂလာ ပြုလုပ်သောအခါ အိမ်၏ နောက်
ပိုင်း၌ ရွှေတောင်ကြီး ပေါက်လေ၏။ သေဌေး ထီးဖြူရလေ၏။ သား ၃- ယောက်၏ဘုန်းကံကို စမ်း
ပြီးသောအခါ သေဌေးကြီးက==
“ဤ ရွှေတောင်ကြီးသည် ငါနှင့် ငါ့သားငယ် ဘုန်းကံကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သားကြီးတို့သည် ညီငယ်နှင့် တစိတ်တပေါင်းတည်း ဖြစ်ကြကာ စားသုံးကြလော့” ဟု မှာကြား၍
မြတ်ဗုဒ္ဓထံ၌ ရဟန်းပြု၏။ ရဟန်းပြုပြီးနောက် ရဟန်းတရားကို ပွားများအားထုတ်ကြိုးကုတ်သဖြင့်
၂ ရက်၊ ၃ ရက်အတွင်းမှာပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်၍ ရဟန္တာဖြစ်လေ၏။ သား ၃-ယောက်
တို့သည် မြတ်ဗုဒ္ဓအမှူးရှိသော ရဟန်းသံဃာများအား လ၀က်ပတ်လုံး ဆွမ်းအလှူဒါနကို ပေးလှူကြ
ကုန်၏။
အရှင်ဇဋိလနှင့် ပတ်သက်၍ ရဟန်းတို့ ပြစ်တင်စကားဆိုရာ၌ မြတ်ဗုဒ္ဓက “ရဟန်းတို့-
ငါ့သားတော် ဇဋိလရဟန်း၏ သန္တာန်မှာ ထိုရွှေတောင်နှင့် သားတို့၌ တပ်မက်ခြင်း၊ မြတ်နိုးခြင်း
အလျှင်းပင် မရှိတော့ချေ” ဟု မိန့်တော်မူပြီးလျှင် တရားဟောတော်မူ၏။ ဒေသနာအဆုံးတွင် များ
စွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်လေသည်။ ။
{သာသနာရေးဝန်ကြီးဌာန သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန၏ ဗုဒ္ဓဘာသာကောင်းတစ်ယောက်မှ ကူးယူရေးသားပူဇော်ပါသည်။}
http://buddhismworld.ning.com/profiles/blog/show?id=6371237%3ABlogPost%3A442618
Subscribe to:
Post Comments (Atom)
No comments:
Post a Comment