မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Wednesday, August 27, 2014
ဥပစ္ဆေဒကကံနှင့် သေရသူများ။
လူသည် တစ်နေ့နေ့တွင် သေကြရမည် ဖြစ်သော်လည်း သက်တမ်းမကုန် သေချိန်မကျသေး ဘဲ သေရခြင်းမျိုးရှိတတ်ကြပါ၏။ အရှင်မဟာမောဂ္ဂလန်သည် ရှေးက အမိကို သတ်ခဲ့ဖူး၏။ အရှင်
မောဂ္ဂလန်ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခိုးသားငါးရာ၏ အသတ်ကို ခံရပြီးမှ ပရိနိဗ္ဗာန် စံရလေ၏။
ဗိဗ္မိသာရမင်းသည် ရှေးက ဘုရားရင်ပြင်တော်ဝယ် ဖိနပ်စီးခဲ့ဖူး၏။ ဗိဗ္ဗိသာရမင်း ဘ၀၌ ထိုကံ အခွင့်ရသဖြင့် ခြေဖ၀ါးကို ဓားခွဲခံလျက် နတ်ရွာစံရလေသည်။ သာမာဝတီ အမှူးရှိသော နန်း
တွင်းသူတို့သည် ရှေးက ပစ္စေကဗုဒ္ဓါကို သမာပတ် ၀င်စားနေစဉ် အလောင်းတော်ထင်၍ မီးရှိုးရာသမာပတ်မှ ထသောအခါ အသက်ရှိသေးကြောင်း သိလျက်ပင် မိမိတို့ အမှုပေါ်မည်စိုး၍ ထပ်မံ
မီးတိုက်ခဲ့ဖူး၏။ ထိုကံက အခွင့်ရသဖြင့် မီးလောင်၍ ဘ၀ဆုံးကြရလေသည်။ ဤကား ရှေးဘ၀ကပြုခဲ့သော အကုသိုလ်ကံ အခွင့်ရသဖြင့် သတ်ဖြတ်ခံရသူများ ဖြစ်ကြသည်။
ယခုဘ၀မှာပင် ဂုဏ်ကြီးသူများကို အကြီးအကျယ် စော်ကားမိ၍ ထိုကံက သတ်ဖြတ်သောဝတ္ထုများလည်း ရှိသေး၏။ “ဒုဿီ” မည်သော မာန်နတ်သည် ကဿပဘုရားရှင်၏ လက်ယာတော်ရံ
အဂ္ဂသာဝကအရှင်၏ ဦးခေါင်းတော်ကို ကျောက်ခဲဖြင့် ပေါက်လေသည်။ “နန္ဒ” မည်သော နတ်ဘီလူးကား အရှင်သာရိပုတ္တရာ၏ ရိတ်ပြီးစ ဦးခေါင်းပြောင်ပြောင်ကို လက်ဖြင့်ခေါက်၏။ ကလာဗုမင်း
မှာအလောင်းတော်ခန္တီဝါဒီရသေ့ကို သေလောက်အောင် နှိပ်စက်ခိုင်း၏။ ထို နတ် ဘီလူး မင်းတို့ထိုဘ၀၌ ပြုအပ်သောကံသည် ထိုဘ၀မှာပင် အခွင့်ရ၍ မြေမျိုစေလိုသည်။
ထိုသို့ စသည်ဖြင့် အမိအဖ ဂုဏ်ကြီးသော ဆရာသမားတို့ကို စောကားသူတို့သည် ထိုကံအ
တွက် အသက်တမ်းစေ့အောင် မနေကြရဘဲ လတ်တလော သေရတတ်လေသည်။ ဤ ဥပစ္ဆေဒကကံ
တစ်ခုခုကြောင့် သေရခြင်းကိုပင် “ အကာလ မရဏ = သေဖို့ရန် အချိန်မကျသေးဘဲ သေရခြင်းဟုခေါ်ပါသည်။ ။
{ အမရပူရမြို့ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာမှ တဆင့်ကူးယူရေးသားပူဇော်ပါသည်။ }
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:442276
Subscribe to:
Post Comments (Atom)
No comments:
Post a Comment