
★ အကုသိုလ်ဆိုလျှင် ဘယ်အကုသိုလ်မှ မကောင်းပုံ★
မြတ်စွာဘုရားက
"ဝိဝါဒံ ဘယတော ဒိသွာ အဝိဝါဒဉ္စ ခေမတော"
`ဝိဝါဒ´ဆိုတာကိုယ်ကတစ်မျိုး ပြောတယ် သူကတစ်မျိုး ပြောတယ်။အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့မတူညီတော့ဘူးဆိုတာနဲ့ မတူညီတဲ့ အပြော၂ ခုပေါ် မူတည်ပြီး သူ့ဟာမှန်တယ် ငါ့ဟာမှန်တယ်ဆိုပြီး ဖြစ်ပေါ်မလာဘူးလားအဲဒီလို ဖြစ်ပေါ်လာတဲ့
မြတ်စွာဘုရားက
"ဝိဝါဒံ ဘယတော ဒိသွာ အဝိဝါဒဉ္စ ခေမတော"
`ဝိဝါဒ´ဆိုတာကိုယ်ကတစ်မျိုး ပြောတယ် သူကတစ်မျိုး ပြောတယ်။အဲဒီလို သူတစ်မျိုး ကိုယ်တစ်မျိုးပြောလို့မတူညီတော့ဘူးဆိုတာနဲ့ မတူညီတဲ့ အပြော၂ ခုပေါ် မူတည်ပြီး သူ့ဟာမှန်တယ် ငါ့ဟာမှန်တယ်ဆိုပြီး ဖြစ်ပေါ်မလာဘူးလားအဲဒီလို ဖြစ်ပေါ်လာတဲ့
အခါမှာ တစ်ဦးနှင့်တစ်ဦး
သူမှန်တယ် ငါမှန်တယ်လို့အငြင်းပွားနေရင် ဘာဖြစ်လဲဆိုရင်
အကုသိုလ်တွေ ဖြစ်တယ်တဲ့။
ဒါကြောင့်မို့လို့ ဝိဝါဒမှာ `ဝိ´ဆိုတာ
ထူးခြားပြီး တစ်ဦးနှင့်တစ်ဦး မတူတဲ့ `ဝါဒ´ဆိုတာ ပြောတာအဲဒီ
တစ်ဦးနဲ့တစ်ဦး မတူညီတဲ့ ပြောဆိုချက်တွေဟာ
`ဘယ´ကြောက်စရာကောင်းတယ်
ဘာပြုလို့ကြောက်စရာကောင်းလဲဆိုရင်အကုသိုလ်ဖြစ်လာနိုင်လို့
ဓမ္မနဲ့ပတ်သက်ပြီးအကုသိုလ် မဖြစ်သင်ဘူး။ဘာကို အကြောင်းပြုပြု
အကုသိုလ်မဖြစ်သင့်ဘူး တစ်ချို့လူတွေကပြောတယ် ကရုဏာနဲ့ပြောတဲ့
ဒေါသစေတနာနဲ့ပြောတဲ့ ဒေါသအပြစ်မရှိ သယောင်ယောင်
ပြောတယ်၊ကောင်းကျိုးလိုလားတဲ့ စေတနာထားပေ
မဲ့ဒေါသဟာ ဒေါသပဲ၊
မကောင်းဘူး။နှစ်ပိုင်းခွဲပြီး မှတ်ရမယ်ကရုဏာဒေါသ-
ကရုဏာကိုအခြေခံပြီးတော့ ဖြစ်ပေါ်လာတဲ့ဒေါသ၊ ကရုဏာကကောင်းတယ်၊
ဒေါသကမကောင်းဘူး။
အကောင်းအဆိုး
ရောမနေဘူးလား၊ဒေါသဆိုတာ
ဘယ်နေရာပဲဖြစ်ဖြစ်အကောင်းတရား မဟုတ်ဘူး အဆိုးတရား၊ဒေါသဆိုတဲ့
အဓိပ္ပါယ်က ဖျက်ဆီးခြင်းလို့အဓိပ္ပါယ်ရတယ်၊ ဘာတွေကို
ဖျက်ဆီးပစ်တာလဲဆိုတော့ ဒေါသဖြစ်လာတဲ့ ပုဂ္ဂိုလ်ရဲ့ အခြေအနေတွေဟာ
ပျက်စီးမသွာဘူးလားနဂိုက ငြိမ်သက်အေးချမ်းတည်ငြိမ်နေတဲ့စိတ်ကို
ဖျက်ဆီးပစ်လိုက်တတာဟာ ဘယ်ကောင်းမလဲ၊ ဒါကြောင့်မို့
ဒေါသဆိုတာမကောင်းဘူး။
စိတ်ဓာတ်ကိုသာ ဖျက်ဆီးပစ်တာ
မဟုတ်ဘူးရုပ်ကိုလည်း ဖျက်ဆီးတယ်
ဒေါသဖြစ်နေတဲု့ပုဂ္ဂိုလ်ရဲ့မျက်နှာကိုကြည့်ပေါ့
ဒေါသဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာသည်အရုပ်ဆိုးအကျည်းတန်သွား
တယ်ပင်ကိုယ်က
ကြည့်ပျော်ရှုပျော်ရှိတဲ့ ပုဂ္ဂိုလ်ပင်ဖြစ်လင့်ကစား စိတ်ဆိုးနေတဲ့မျက်နှာကကြည့်ပျော်ရှုပျော်ရှိပါ့မလားမရှိဘူးဆိုတော့
ဒေါသဟာ
ရုပ်ကိုလည်းပျက်စီးစေတယ် ဒီထက် ပိုဆိုးရင်ရုပ်ပျက်ဆင်းပျက်
ဖြစ်တယ်၊ ပြောတဲ့စကားကလဲ မကြားဝံ့မနာသာဖြစ်တယ်လုပ်တဲ့အလုပ်ကလဲ
ကြောက်စရာကောင်းတယ်ဒါကြောင့်မို့ အကုသိုလ်ဆိုတာဘယ်အကုသိုလ်မှ
မကောင်းဘူး။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
No comments:
Post a Comment