စာ ပဋိစ္စသမုပ္ပါဒ် သိတာသည် သညာသိ၊ ခန္ဓာ ပဋိစ္စသမုပ္ပါဒ်သိတာကမှ ပညာသိ။
သညာသိနှင့် နိဗ္ဗာန်မရောက်နိုင်ပါ။ပညာသိနဲ့ မှ နိဗ္ဗာန် ရောက်နိုင်မည်။
ရှေ့ နောက် ခွဲတက်ပါစေ။ မိမိအရေးကို ရှေ့ ကထားပါ။
သား, သမီးအရေးကို နောက်ကထားပါ။
ဘ၀ကူးကောင်းအောင်မလုပ်ပါနဲ့ ၊
ဘ၀ပြတ်အောင်လုပ်ပါ။
ဒါန က သံသရာရှည်တာလား။
ဒါန နောက်က အသိမလိုက်လို့  သံသရာရှည်တာလား။
အိုရာက နာရာ မရောက်ခင် ၀ိပဿနာလုပ်ပါ။
ရှေ့ စိတ်ကို နောက်စိတ်နဲ့ ရှုတာ ၀ိပဿနာ။
နောက်အသေကို နောက်အနေနှင့် ရှု့ တာ ၀ိပဿနာ။
အသေက ဖြစ်ပျက်၊ အရှင်ကမဂ်၊ အပျက်နဲ့ မဂ်နဲ့  ကိုက်အောင်ရှု့ တာ ၀ိပဿနာ။
ရှေ့ က ဖြစ်ပျက်၊နောက်က မဂ်နှင့် ကိုက်အောင်ရှု့ တာ ၀ိပဿနာ။
စာသာကြည့်ရင်တော့ မှတ်တမ်းပဲ၊ စာကြည့်ပြီး ပြောနေရင် အပြောသမားပဲ၊
အပြောနဲ့ စာကြည့်နဲ့ ကတော့ သံသရာ ဘေးဆိုးကြီးမှ မလွတ်နိုင်ကြပါ။
အရှု့ ခံက ခန္ဓာငါးပါး၊ ရှု့ ဥာဏ်က မဂ္ဂင် ငါးပါး ဖြစ်ပါသည်။
အရှု့ ခံ ခန္ဓာပေါ်ရာကြည့်လိုက်တော့ ခန္ဓာတွေ့ သလား၊ မရှိတာတွေ့ သလားဆိုတော့
မရှိတာတွေပါသည်။ ဒါကြောင့် မြတ်စွာဘုရား တရားတော်အတိုင်း
မိုးကုတ်ဆရာတော်ဘုရားက
" ဟုတွာ အဘာဝတ္ထေန အနိစ္စံ" ဟု ဟောပါသည်။
(ဟုတွာ- ဖြစ်ပြီး၍ ၊ အဘာဝတ္ထေန- မရှိတော့သည့် သဘောကြောင့်၊ အနိစ္စံ- အနိစ္စမည်၏)
္က္က္က္က္ကဤသို့ ဖြစ်ပျက်မြင်မှသာလျှင် ခန္ဓာငါးပါးအနိစ္စတရား၊ ခန္ဓာငါးပါး ဒုက္ခတရား၊ ခန္ဓာငါးပါးအနတ္တတရားဟု လက္ခဏာရေး သုံးပါးကို ဥာဏ်နှင့်တွေ့ နိုင်ပါသည်။
ပါးစပ်က ရွက်သော အနိစ္စ၊ဒုက္ခ၊ အနတ္တသည် ဥာဏ်တွေ့ မဟုတ်ပါ။
စာပြန်တာသာလျှင်ဖြစ်ပါသည်ဟု မိုးကုတ်ဆရာတော်ဘုရားကြီးက ဆုံးမဟောကြားပါသည်။
(၁)ကိလေသာထူ ဥာဏ်နုံ့ သူ ကာယနုပဿနာရှု၊
(၂)ကိလေသာများပြီး ဥာဏ်ထက်ရင် ဝေဒနာနုပဿနာရှု။
(၃)ဒိဋ္ဌိများပြီး ဥာဏ်နုံ့ ရင် စိတ္တာ နုပဿနာရှု။
(၄)ကိလေသာပါးပြီး ဥာဏ်ထက်သောသူ (သစ္စာရှု့ )ဓမ္မနုပဿနာရှု ။
ဘာရှု့ ရှု့ သစ္စာမှာလမ်းဆုံးရမယ်။
ဝိပဿနာဆိုတာခန္ဓာစွန့် ၊ကိလေသာစွန့် 
ဘုရားဘယ်မှာဟောကြားသလဲလို့ မေးရင်
တရားဂုဏ်တော် ၆ပါးမှာ ကြည့်လို့ ပြောကြ။ မှန်အကြည်တွေပေါ်မှာ ပေါ်လာတဲ့တရားတွေကို ဥာဏ်နှင့်ယှဉ်ကြည့်ရင် ဖောက်ပြန်နေတာပဲတွေ့ မယ်။
လောဘ၊မောဟ၊ဒေါသ ကင်းစင်နေလိမ့်မယ်။
ကိုယ်တော်ကြီး ရှာရတာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါ။
ကိလေသာချုပ်တာ အကာလိကောပဲ။ သူက ခေါ်ခေါ်ပျောက်ပျောက်
ရှု့ဥာဏ်နဲ့ သွားရင် မူလတရားမရှိဘဲ နောက်အစားထိုးတာပြောတယ်။
အာရုံ၊ ဒွါရ တိုက်တိုင်း တိုက်တိုင်း မူလတရားမရှိဘဲ နောက်အစားထိုတာပြောတယ်။
အာရုံ ၊ ဒွါရတိုက်တိုင်း တိုက်တိုင်း ပေါ်လာတဲ့ တရားကို ပိုမသိနဲ့ ၊ ရှာမရှု့ နဲ့ ၊ ကြိုမသိနဲ့ ၊
သူဆွဲဆောင်တဲ့ အတိုင်းရှု့ ပေးပါ။ သူက ဖြစ်ပြီး ပျောက်နေတာ ဆေးကုချိန်မရှိဘူး။
ဆေးကုလို့ ပျောက်ရဲ့လား ။ ဒါကြောင့် အရှု့ ခံခေါ်ရာကို မဂ်ဥာဏ်နဲ့ လိုက်ပေးပါ။
ပေါ်ရာလိုက်ရင် သစ္စာလေးပါး ပေါ်လာမယ်။
အသေကို ကြည့်ရမှာ၊ အရှင်ကိုလိုက်ရမှာမဟုတ်ဘူး။
{{{ တိုက်တွန်းချက် }}}
မြတ်ဘုရား ဟောကြားလမ်းစဉ်
မဆုမနစ် အားသစ်ခဲ့လျှင်
ယခုဘ၀ မဂ်ဆိုက် ဖိုလ်ဝင်
နိဗ္ဗာန ရောက်လိမ့်ဧကန်ပင်။
{{{ ရှစ်လုံးဘွဲ့ ကဗျာ}}}
နိဗ္ဗာန်ဝင်လမ်း မြင်စမ်းကြနော်
မမြင်ကန်းလို့  ပင်ပန်းရသော်
မြင်ချင်ပါက လာကြကံတော်
မျက်မြင်ဆေး ပေးတဲ့ မိုးကုတ်ဆရာတော်။
(ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရား)
ဥာတပရိညာ (ခေါ်) ရှေးဦး ၀ိပဿနာ
အခြေခံတရားတော် စာအုပ်မှ ကောက်နှုတ်ရေးသားပူဇော်သည်။

No comments:
Post a Comment