
•••••••••••••••••••••••••••••
မနေ့က စာတွေလိုက်ဖတ်ရင်းနဲ့
သြစတေးလျဘုန်းတော်ကြီး
“အရှင်ဗြဟ္မ၀ံသ” ရဲ့ ဆောင်းပါးလေးတွေကို
ဖတ်ဖြစ်တယ်။
အဲထဲမှာ ဆုံးဖြတ်ချက်ချတာနဲ့ပတ်သတ်ပြီး
အိုင်ဒီယာတစ်ခု သဘောကျလို့ မျှဝေချင်ပါတယ်။
တကယ်တော့ လူတိုင်းမှာ ပြဿနာပေါင်း
သောင်းခြောက်ထောင် တစ်ခုပြီးတစ်ခု ပေါ်နေတာပါပဲ။
အဲလို ပြဿနာပေါ်လာတဲ့အခါမှာ ဖြေရှင်းဖို့နည်းလမ်းတွေ
များ စွာရှိပါတယ်။ ထိုနည်းတွေထဲကမှ
သင့်တော်မယ့်နည်းလမ်းကို ရွေးချယ်ဖို့အတွက်
ဆုံးဖြတ်ချက်ဟာ အရေးကြီးပါတယ်။
ပြဿနာနဲ့ ကိုက်ညီမယ့် ဆုံးဖြတ်ချက်ချရမှာပေါ့။
ဆုံးဖြတ်ချက်မှားသွားရင် ပြဿနာပိုကြီးနိုင်ပါတယ်။
အချို့ကတော့ ပြဿနာကြုံတဲ့အခါ သူများရဲ့
ဆုံးဖြတ်ချက်ကို မျှော်လင့်ကြတယ်။
ကိုယ်တိုင် မဆုံးဖြတ်တတ်ကြဘူး။
ဆရာတော်ပြောထားတဲ့ ဥပမာလေးကတော့...
“သင် ဘက်စ်ကားလမ်းဆုံရောက်တဲ့အခါ၊
ကိုယ်သွားမယ့်နေရာကို ရောက်နိုင်မယ့်
“လိုင်းကား”ကိုလည်း သေချာမသိရ တဲ့အခါမျိုးမှာ
လမ်းဘေးကို ခဏကပ်ပြီး လာမယ့်ကားတွေကို
စောင့်နေလိုက်ပါ။
မကြာခင် လိုင်းကားတွေ လာပါလိမ့်မယ်။
လိုင်းကားရှေ့မှာ သူတို့ရဲ့ ဦးတည်ချက်နေရာတွေကို
ရေးထားပါတယ်။ အဲဒါကို ကြည့်ပြီး ကိုယ်သွားမယ့်နေရာနဲ့
ကိုက်လား ကြည့်ရမယ်။ ကိုယ်သွားမယ့်နေရာနဲ့
ကိုက်ညီရင် တက်စီးသွားလိုက်ပါ။
မကိုက်ညီရင် နောက်ကားစောင့်ပေါ့။
အလားတူပါပဲ၊ ဆုံးဖြတ်ချက်တစ်ခု ချတဲ့အခါ၊
ဘယ်လို ဆုံးဖြတ်ချက်မျိုးချရမလဲဆိုတာ
မသေချာတဲ့အခါမျိုးမှာ ခဏလေး ဘရိတ်အုပ်ပြီး
စောင့်နေလိုက်ပါ။ မကြာခင် ဖြေရှင်းချက်တစ်ခု
ပေါ်လာပါလိမ့်မယ်။ ဖြေရှင်းချက်တိုင်းမှာ
ဦးတည်ချက်ဆိုတာ ရှိပါတယ်။
ပေါ်လာတဲ့ ဖြေရှင်းချက်ဟာ ကိုယ့်အခက်အခဲကို
ပြေလည်စေမယ့် ဦးတည်ချက်ပါဝင်လားဆိုတာ
စဉ်းစားရမယ်။
ကိုယ့်ဦးတည်ချက်နဲ့ကိုက်ညီတယ်ဆိုရင်
ရဲရဲဆုံးဖြတ်ပြီး လုပ်ဆောင်လိုက်ပါ။
မကိုက်ညီဘူးဆိုရင်တော့ “အခြား ဖြေရှင်းချက်တွေ”
ထပ်ပြီး စဉ်းစားချဉ်းကပ်ရမှာပေါ့။
ကိုယ်သည်းခံပြီး စောင့်နိုင်သလောက်စောင့်ပါ။
“အကောင်းဆုံးအဖြေ” တစ်ခု ပေါ်လာပါလိမ့် မယ်။”
ဒါကြောင့် ပြဿနာကြုံရင် စိတ်ဓာတ်မကျပါနဲ့။
ဖြေရှင်းဖို့နည်းလမ်းတွေ၊ ပြဿနာချဉ်းကပ်နည်းတွေ
အများကြီးရှိပါတယ်။ ကိုယ်နဲ့သင်တော်မယ့်
နည်းလမ်းကိုရွေးပြီး ဆုံးဖြတ်ချက်ချလိုက်ပါ။
ဒါဆို ပြေလည်သွားပါလိမ့်မယ်။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Danã Source ►
【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】 &
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment