![Photo: >>>> သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ <<<<
*********************
"ဘယ်လောက်ကြာမှ မဂ်ရနိုင်မလဲ"
အချို့သောပုဂ္ဂိုလ်များက ရိပ်သာကိုရောက်
လာလျှင် မေးခွန်းမေးတတ်ကြ၏ ၊ "မဂ်ရအောင်
ဘယ်လောက်ကြာကြာ အားထုတ်ရမှာလဲ" တဲ့ ၊
"ဘယ်လောက်ကြာမှ သောတာပန် ဖြစ်မှာလဲ"
တဲ့ ၊ မေးခွန်းက ရှေ့ပြေးပေါ်လာသည် ၊ သူ
ကိုယ်တိုင်ကား အားမထုတ်ရသေး ။
ဤနေရာတွင် ဗောဓိရာဇကုမာရမင်းသားက
မေးလျှောက်၍ ဘုရားရှင်ကိုယ်တော်မြတ် ဖြေ
ကြားထားသည်ကို တင်ပြလိုပါသည် ။
"အရှင်ဘုရား--မြတ်စွာဘုရားဟူသော နည်း
ညွှန်လမ်းပြ ဆုံးမမည့်သူရသော ရဟန်းသည်
ဘယ်လောက်ကြာမှ အရဟတ္တမဂ် အရဟတ္တ
ဖိုလ်ကို ရနိုင်ပါမည်လဲ ဘုရား"
"မင်းသား-- ဤအရေး၌ သင့်ကိုပင်ပြန်၍
မေးရပေဦးမည် ၊ သင်သည် ဆင်စီးချွန်းကိုင်အ
တတ်ကို တတ်မြောက်ပါ၏လော"
"မှန်ပါ-- တတ်မြောက်ပါ၏ ဘုရား"
"လူတစ်ယောက်သည် သင့်ထံသို့ ဆင်စီးချွန်း
ကိုင်အတတ်ကို သင်ယူမည်ဟု လာ၏ ၊ ထိုသူ
သည် --
၁။ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုမရှိ ၊
၂။ ကျန်းမာမှုလည်း မရှိ ၊
၃။ ကောက်ကျစ်လိမ်လည်တတ်၏ ၊
၎။ ပျင်းလည်း ပျင်း၏ ၊
၅။ ဉာဏ်ကလည်း ထိုင်းလှ၏-- ထိုပုဂ္ဂိုလ်အား
တတ်မြောက် ကျွမ်းကျင်အောင် သင်ကြား
ပေးနိုင်မည်လော" ဟု မေးတော်မူ၏ ။
"မှန်ပါ-- ဤအင်္ဂါငါးပါးအနက် တစ်ပါးပါး
ချွတ်ယွင်းနေလျှင်ပင် သင်ဖို့မလွယ်ပါ ၊ ငါးပါး
လုံးများ ချွတ်ယွင်းနေလျှင်ကား ဆိုဖွယ် မရှိ
တော့ပါဘုရား"
"သည်လိုဆိုလျှင်မေးဦးမည် ၊ လူတစ်ယောက်
သည်ကား--
၁။ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုအပြည့်ရှိ၏ ၊
၂။ ကျန်းလည်း ကျန်းမာ၏ ၊
၃။ စိတ်ထားလည်း ဖြောင့်စင်း၏ ၊
၎။ မပျင်းမရိဘဲ ကြိုးစားတတ်၏ ၊
၅။ ဉာဏ်ရည်ဉာဏ်စရှိသူလည်း ဖြစ်၏ --ထိုသူ
မျိုးအား တတ်မြောက်အောင် သင်ကြားပေး
နိုင်ပါမည်လော"
"မှန်ပါ-- ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား အင်္ဂါ
ရပ်အချို့အဝက် ပြည့်စုံကာမျှဖြင့် တတ်မြောက်
အောင် သင်ကြားပေးနိုင်ပါ၏ ၊ ငါးပါးလုံးများ
ပြည့်စုံပါမူကား ဆိုဖွယ် မရှိတော့ပြီဘုရား"ဟူ၍
လျှောက်ထားလေသည် ။
"မင်းသား-- ထို့အတူပင် တရားအားထုတ်သူ
၏ အင်္ဂါရပ်(ပဓာနိယင်္ဂ)ငါးပါးရှိ၏၊ ယင်းတို့ကား-
၁။ ဘုရားအပေါ် ယုံကြည်သော သဒ္ဓါရှိရမည် ၊
၂။ ကျန်းမာသူလည်း ဖြစ်ရမည် ၊
၃။ စိတ်ထားဖြောင့်မတ်သူလည်း ဖြစ်ရမည် ၊
၎။ ဇွဲသန် ကြိုးစားအားထုတ်သူလည်း ဖြစ်ရ
မည် ၊
၅။ ဉာဏ်စွမ်းဉာဏ်စလည်း ရှိရမည်-- ဤအင်္ဂါ
ငါးပါးနှင့် ပြည့်စုံခဲ့သော် မကြာမီပင် တရား
ထူးရနိုင်၏"ဟူ၍ မိန့်တော်မူသည် ။
[ဆောင်]
* ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာနှင့်
လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို
ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင်
အမှန်ပင် မဂ်ရကြောင်း ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (စာမျက်နှာ-၁၈၅)](https://fbcdn-sphotos-g-a.akamaihd.net/hphotos-ak-prn2/t1/p180x540/988799_426779387467642_329542513_n.jpg)
"ဘယ်လောက်ကြာမှ မဂ်ရနိုင်မလဲ"
အချို့သောပုဂ္ဂိုလ်များက ရိပ်သာကိုရောက်
လာလျှင် မေးခွန်းမေးတတ်ကြ၏ ၊ "မဂ်ရအောင်
ဘယ်လောက်ကြာကြာ အားထုတ်ရမှာလဲ" တဲ့ ၊
"ဘယ်လောက်ကြာမှ သောတာပန် ဖြစ်မှာလဲ"
တဲ့ ၊ မေးခွန်းက ရှေ့ပြေးပေါ်လာသည် ၊ သူ
ကိုယ်တိုင်ကား အားမထုတ်ရသေး ။
ဤနေရာတွင် ဗောဓိရာဇကုမာရမင်းသားက
မေးလျှောက်၍ ဘုရားရှင်ကိုယ်တော်မြတ် ဖြေ
ကြားထားသည်ကို တင်ပြလိုပါသည် ။
"အရှင်ဘုရား--မြတ်စွာဘုရားဟူသော နည်း
ညွှန်လမ်းပြ ဆုံးမမည့်သူရသော ရဟန်းသည်
ဘယ်လောက်ကြာမှ အရဟတ္တမဂ် အရဟတ္တ
ဖိုလ်ကို ရနိုင်ပါမည်လဲ ဘုရား"
"မင်းသား-- ဤအရေး၌ သင့်ကိုပင်ပြန်၍
မေးရပေဦးမည် ၊ သင်သည် ဆင်စီးချွန်းကိုင်အ
တတ်ကို တတ်မြောက်ပါ၏လော"
"မှန်ပါ-- တတ်မြောက်ပါ၏ ဘုရား"
"လူတစ်ယောက်သည် သင့်ထံသို့ ဆင်စီးချွန်း
ကိုင်အတတ်ကို သင်ယူမည်ဟု လာ၏ ၊ ထိုသူ
သည် --
၁။ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုမရှိ ၊
၂။ ကျန်းမာမှုလည်း မရှိ ၊
၃။ ကောက်ကျစ်လိမ်လည်တတ်၏ ၊
၎။ ပျင်းလည်း ပျင်း၏ ၊
၅။ ဉာဏ်ကလည်း ထိုင်းလှ၏-- ထိုပုဂ္ဂိုလ်အား
တတ်မြောက် ကျွမ်းကျင်အောင် သင်ကြား
ပေးနိုင်မည်လော" ဟု မေးတော်မူ၏ ။
"မှန်ပါ-- ဤအင်္ဂါငါးပါးအနက် တစ်ပါးပါး
ချွတ်ယွင်းနေလျှင်ပင် သင်ဖို့မလွယ်ပါ ၊ ငါးပါး
လုံးများ ချွတ်ယွင်းနေလျှင်ကား ဆိုဖွယ် မရှိ
တော့ပါဘုရား"
"သည်လိုဆိုလျှင်မေးဦးမည် ၊ လူတစ်ယောက်
သည်ကား--
၁။ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုအပြည့်ရှိ၏ ၊
၂။ ကျန်းလည်း ကျန်းမာ၏ ၊
၃။ စိတ်ထားလည်း ဖြောင့်စင်း၏ ၊
၎။ မပျင်းမရိဘဲ ကြိုးစားတတ်၏ ၊
၅။ ဉာဏ်ရည်ဉာဏ်စရှိသူလည်း ဖြစ်၏ --ထိုသူ
မျိုးအား တတ်မြောက်အောင် သင်ကြားပေး
နိုင်ပါမည်လော"
"မှန်ပါ-- ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား အင်္ဂါ
ရပ်အချို့အဝက် ပြည့်စုံကာမျှဖြင့် တတ်မြောက်
အောင် သင်ကြားပေးနိုင်ပါ၏ ၊ ငါးပါးလုံးများ
ပြည့်စုံပါမူကား ဆိုဖွယ် မရှိတော့ပြီဘုရား"ဟူ၍
လျှောက်ထားလေသည် ။
"မင်းသား-- ထို့အတူပင် တရားအားထုတ်သူ
၏ အင်္ဂါရပ်(ပဓာနိယင်္ဂ)ငါးပါးရှိ၏၊ ယင်းတို့ကား-
၁။ ဘုရားအပေါ် ယုံကြည်သော သဒ္ဓါရှိရမည် ၊
၂။ ကျန်းမာသူလည်း ဖြစ်ရမည် ၊
၃။ စိတ်ထားဖြောင့်မတ်သူလည်း ဖြစ်ရမည် ၊
၎။ ဇွဲသန် ကြိုးစားအားထုတ်သူလည်း ဖြစ်ရ
မည် ၊
၅။ ဉာဏ်စွမ်းဉာဏ်စလည်း ရှိရမည်-- ဤအင်္ဂါ
ငါးပါးနှင့် ပြည့်စုံခဲ့သော် မကြာမီပင် တရား
ထူးရနိုင်၏"ဟူ၍ မိန့်တော်မူသည် ။
[ဆောင်]
* ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာနှင့်
လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို
ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင်
အမှန်ပင် မဂ်ရကြောင်း ။
မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (စာမျက်နှာ-၁၈၅)မှ
No comments:
Post a Comment