"နှလုံးသားတောင်ထိပ်က အရဟံစေတီ"
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
❆ ဘုရားဂုဏ်တော်ပွားများတဲ့ကိစ္စမှာ သဒ္ဓါဆိုတာကတော့မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်များဟာ ပွားများသင့် ပွားများထိုက်တယ်။
ဘုရားဂုဏ်တော်ပွားတဲ့ အလုပ်ဟာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ပဲ။ဘုရားဂုဏ်တော်ပွား
ခြင်းကြောင့် လောကီ လောကုတ္တရာ နှစ်ဖြာနဲ့
ပြည့်စံနိုင်တယ်လို့ယုံကြည်တဲ့သဒ္ဓါတရားပါပဲ။ အဲ့ဒီသဒ္ဓါတရားကကျောက်သားမြေသားနဲ့တူပါတယ်။
❆ ယုံကြည်ရုံနဲ့မပြီးသေးဘူး မြတ်စွာဘုရား ရှင်ရဲ့ ဂုဏ်တော်တွေကိုလည်း သိရမယ်။ ဂုဏ်တော်ရဲ့အဓိပ္ပာယ်တွေကိုထိုးထိုးထွင်း
ထွင်း နက်နက်ရှိုင်းရှိုင်းသဘောပေါက် နားလည်ရမယ်။ အဲ့ဒီလိုဂုဏ်တော်တွေရဲ့ အနက်အဓိပ္ပာယ်ကိုနားလည်တဲ့ပညာဟာ
လည်း ကျောက်သား မြေသားပါပဲ။
❆ အဲ့ဒီသဒ္ဓါဆိုတဲ့ကျောက်သားမြေသားတွေ အဆင့်ဆင့်အမြင့်မြင့်ပြည့်စုံနေပြီဆိုရင် မိမိရဲ့နှလုံးသားဟာ တောင်ထိပ်နဲ့တူတဲ့ နှလုံးသားဖြစ်နေပါပြီ။
❆ တနည်းအားဖြင့်လည်း သဒ္ဓါတရားကို မြေသားနဲ့ ဥပမာပေးပေါ့ ပညာကိုတော့
ကျောက်သားနဲ့ ဥပမာပေးပေါ့ ။ ပညာဆိုတာကတော့ခိုင်မာရမယ် ထက်မြတ်ရမယ်ဆန့်ကျင်ဘက်အန္တရာယ် ဘေးအန္တရာယ်တွေက

ခံနိုင်ရည် ရှိရမယ်။
ဒါကြောင့်ပညာကိုကျောက်သားနဲ့တူတယ်လို့ ဥပမာထားလိုက်ပါ။
❆ သဒ္ဓါဆိုတာကတော့နူးညံ့တယ် ပျော့ပျောင်းတယ်။ပညာတည်းဟူသော
ကျောက်သားတွေ တစ်ခုနဲ့ တစ်ခု
ကွာဟမသွားအောင် ဆက်စပ်ပေးနိုင်ပါတယ်။
ဒါကြောင့် သဒ္ဓါတရားကိုမြေသားနဲ့ တူတယ်လို့ ဥပမာထားလိုက်ပါ။
❆ သဒ္ဓါတည်းဟူသော မြေသားနဲ့ ပညာတည်းဟူသော ကျောက်သားတို့
တစ်ခုနဲ့ တစ်ခု ဆက်စပ်ပြီးတော့ အဆင့်မြင့်မြင့် ပြည်စုံသွားပြီးဆိုရင်
မိမိရဲ့နှလုံးသားဟာ တောင်ထိပ်နဲ့တူတဲ့ နှလုံးသား ဖြစ်သွားပါပြီ။
နှလုံးသားတောင်ထိပ်ဖြစ်သွားပါပြီ။
❆ အဲ့ဒီနှလုံးသားတောင်ထိပ်ပေါ်မှာ ဘုရားဂုဏ်တော် ပွားများခြင်း
အားဖြင့် စေတီတည်ရမှာပါပဲ။ အရဟံဂုဏ်တော် ပွားများရင်
အရဟံစေတီသမ္မာသမ္ဗုဒ္ဓဂုဏ်တော်ပွားများရင် သမ္မာသမ္ဗုဒ္ဓ စေတီစသည်အားဖြင့် နောက်ဆုံးဂုဏ်တော်ဖြစ်တဲ့ ဘဂ၀ါ ဂုဏ်တော်ပွားများရင်ဘဂ၀ါစေတီ တည်ပြီးသားဖြစ်သွားပါတယ်။
❆ ဂုဏ်တော်ကိုးပါးလုံး ပွားများရင် စေတီကိုးဆူ တည်ပြီးသားဖြစ်တာပေါ့။
ဂုဏ်တော် အနန္တပွားများရင် စေတီ အနန္တတည်ပြီးသား ဖြစ်တာပေါ့။
အခြေအနေ အချိန်အခါနဲ့ ခံစားချက်တို့ အပေါ်မူတည်ပြီး ကိုယ်နှစ်သက်ရာစေတီ တည်နိုင်ပါတယ်။
(အရှင်ဆန္ဒာဓိက)
(လိုတရနှလုံးသား) နှလုံးသားအာဟာရ's Facebook Wall မှ
ကူးယူတင်ပြပါသည် ။

No comments:
Post a Comment