နိဗ္ဗာန်မသိတော့လည်း ချမ်းသာအစစ် ကို မသိတော့လည်း
တန်ဖိုးမဖြတ်နိုင်တာကို မသိတော့လည်း ကိုယ်ထင်ရာ ချမ်းသာလုပ်နေတယ်။ ကိုယ်ထင်ရာ ပညာလုပ်နေတယ်။ တကယ့် ပညာအစစ်ကို မသိတော့လည်း
ဒါ ကွန်ပျူတာပညာ၊ ဒါ သင်္ချာ ၊ ဒါ အင်ဂျင်နီယာ ပညာ ၊
ဒါ ဆရာဝန်ပညာ ဆိုပြီး သတ်မှတ်ချက်တွေကို သိနေတာ။
ကိုယ်လို လူလူချင်း လမ်းဆုံးနေတာ။
သူများပါးစပ် လမ်းဆုံးနေတာ။
လူသားတစ်ယောက်ရဲ့ အသိဥာဏ်မှာ လမ်းဆုံးနေတာ။
သစ္စာတရား အမှန်တရား မဟုတ်သေးဘူး။
ကိုယ်လို သူလို သညာနဲ့သိတဲ့ အသိတွေ ပဲ ရှိနေသေးတယ်။
ဒီလိုမျိုး ထုံးတမ်းစဉ်လာ အသိတွေကို စွန့်လွှတ်ပါ။
အဲ့တော့ ထုံးတမ်းစဉ်လာ မဟုတ်တာကို သိမှာဖြစ်တဲ့အတွက်
ထုံးတမ်းစဉ်လာအတိုင်း မှတ်ရမှာပဲ၊ဖတ်ရမှာပဲ၊နားထောင်ရမှာပဲ၊
အတည်ယူရမှာပဲ ဒါသင်လို့မရဘူး။
စွန့်လွှတ်ရမယ်။
စွန့်လွှတ်ခြင်းမှ ပညာစစ်စစ်ပဲ။
လူတွေ သတ်မှတ် တဲ့ ကခ မဟုတ်ဘူး။
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တဆိုတဲ့ စာအစစ်ကို ဖတ်တတ်ဖို့
သဘာဝအတိုင်း ရှိနေတဲ့ မမြဲတဲ့ တရားတွေရဲ့
အနိစ္စ၊ ဒုက္ခ ၊ အနတ္တဆိုတဲ့
ဘာစကားလုံးမှ မပါပဲ ရှိနေတဲ့ သဘောအတ္တတွေကို
မြင်အောင် နားလည်အောင် လက်ခံနိုင်အောင် ကြိုးစားတာ။
စာအစစ်ကို ဖတ်ဖို့ ငါဆိုတဲ့ အတ္တကြီးနဲ့ ကတော့ (က၊ခ) မှ စာထင်မှာပဲ။
(abc ) မှာ စာထင်မှာပဲ။ ငါစွဲဖြုတ်မှ ငါဆိုတဲ့ ပုဂ္ဂိုလ် သတ္တ၀ါတွေ
သတ် မှတ်ထားတာ မဟုတ်တဲ့ စာ အစစ်ကို ဖတ်တတ်မယ်။
ဘုရားက စာအစစ်ကို ဖတ်တတ်သွားတယ်။
သဘာဝအတိုင်းရှိနေတဲ့ အနိစ္စ၊ ဒုက္ခ ၊ အနတ္တ တွေ သင်္ခါရ တရားတွေ၊ အသင်္ခါရတရားတွေ ဒီ စိတ် စေတသိတ် ရုပ် နိဗ္ဗာန်ကို နားလည်သွားတယ်။ ဘာဆိုင်းဘုတ်မှ စွဲ ထားတာ မဟုတ်ဘူး။
သူ့ပင်ကိုယ် သဘာဝရှိတဲ့ တရား။ အဲ့တော့ ပညတ်တွေ လျှောက်ရှာနေလို့ကတော့ ဆိုင်းဘုတ်စွဲထားမှ မြို့ထင်နေ လို့ကတော့၊ ဆိုင်းဘုတ်စွဲထားမှ ဆေးရုံထင်နေမယ်၊ ဆိုင်းဘုတ်စွဲထားမှ ဓမ္မာရုံထင်နေမယ်ဆိုလို့က တော့ ဘာဆိုင်းဘုတ်မှ မရှိတဲ့ ဒုက္ခသစ္စာကို သိစရာမရှိဘူး။
အဲ့တော့ ပြောတဲ့အတိုင်းလုပ်ကြည်ပါ။
ဒါ လူ့လောကထဲမှာရှိနေတဲ့ စာမဟုတ်ပါဘူး။
သူ့ပင်ကိုယ် သဘာဝအတိုင်းရှိနေတဲ့ သင်္ခါရလောကထဲက
မမြဲတဲ့ လောကထဲက စိတ် စေတသိတ် ရုပ် ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး သဘောပရမတ်တွေရဲ့ အနိစ္စ ၊ ဒုက္ခ၊ အနတ္တ တရားကို နားလည် လက်ခံလာနိုင်ဖို့ ။
ဩော် တကယ်မမြဲပါလား။ ဘယ်စာထဲမှာ ရေး ထားလို့
မမြဲတာမှ မဟုတ်ပဲ ကိုယ့်ဟာကိုယ်သိတယ်။
တကယ်မမြဲပါလား တကယ့် ဒုက္ခသစ္စာပါလား။
တကယ်ငါ မဟုတ်ပါလား။အကြောင်းအကျိုးပါလား။
ဒီလို နားလည်လက်ခံမှ ဒါ ပညာအစစ်ကို တတ် တာ။
လောကီက သတ်မှတ်ထားတဲ့ ပညာ။
အခုဘုရားတတ်သွားတာက ပညာစစ်စစ်။
ဘယ်သူမှ သတ်မှတ်ထားတာ မဟုတ်တော့ ဘယ်သူမှ ဖျက်လို့မရဘူး။ ဘယ်သူမှတွေ့ရှိတာ မဟုတ်တော့ ဘယ် သူမှ မှားပါတယ်ဆိုပြီးတော့မှ အမှားပြင်စရာမရှိဘူးပေါ့။
အဲ့တော့ လောကီပညာရှင်တွေရဲ့ တွေ့ရှိချက် ကို နောက်ပညာရှင်ကပဲ ကမ္ဘာကြီးက ပြားပါတယ်လို့ ထင်ထားတာကို ၀ိုင်းပါတယ် လုံးပါတယ်ဆိုပြီး
တော့မှ လုပ်သေးတယ်။ တွေ့ရှိတယ်ဆိုတည်းကိုက အမျိုးမျိုးပဲ။
စိတ်မချရဘူး။ သူ့ထက် မှန်တာ မ တွေ့သေးလို့။
လောလောဆယ် တွေ့နေတာလေးက မှန်နေတာ။
သူ့ထက်မှန်တာပေါ်လာရင် မှားသွား အုံးမှာ။
သူ့ထက်ကောင်းတာမပေါ်ခင်လေး ယာယီကောင်းဖြစ်နေတာပါ။
လောကီအသုံးအဆောင်တွေ က သူ့ထက်ကောင်းတာပေါ်လာရင် ဒါမကောင်းတော့ဘူး။ နှိုင်းယှဉ်ပြီးတော့မှ သူ့ထက်ငါ အစွမ်းထက် တာတွေက ပေါ်လာလိမ့်မယ်။ သစ္စာတရားကျတော့ ဘယ်သူမှ
တွေ့ရှိတာ မဟုတ်တော့ ဘယ်သူမှ မှားပါတယ်လို့ ဖျက်လို့မရဘူး။ သဘာဝအတိုင်းရှိနေတဲ့တရား။
အဲ့ဒါမှ စိတ်ချရတာ။ ဒီပညာတတ်မှ သူများပါးစပ်လမ်းဆုံးတဲ့ဘ၀က
သူများက ဟိုလူက ဟိုလိုပြောလိုက် ဒီလူက ဒီလိုပြောလိုက် ပေါက် တတ်ကရ လောဘ ဒေါသ မောဟ အားကြီးတော့ ပြောချင်ရာ လျှောက်ပြောနေတာ။ ဟိုကလည်း မှန် တယ် ဒီကလည်း မှန်တယ်ဆိုပြီး အမျိုးမျိုး လျှောက်ပြောနေလို့ကတော့ ဒီလိုပဲ ယောင်ခြာခြာပဲ ဖြစ်နေ လိမ့်မယ်။
အဲ့တော့ ယောင်ခြာခြာ ဘ၀ဆိုတည်းကိုက ယောင်နေရတယ်ဆိုထဲကိုက
သူများပြောသမျှ နားစွင့်နေရတယ်ဆိုထဲကိုက ၊
အရူးပါးစပ် လမ်းဆုံးနေရတယ်ဆိုထဲကိုက
ဘယ်လိုလုပ် ချမ်းသာတော့ မလဲ။
အဲ့တော့ အဲ့ဒီဇာတ်ကို သိမ်းပေးနေတာ။
ဆရာတော်ဦးဥတ္တမသာရ(သဘာဝတရားရိပ်သာ)
By...., http://thonsethar.wordpress.com/

No comments:
Post a Comment