
အင်မတန်ကျေးဇူးကြီးတဲ့မြတ်စွာဘုရားနော်၊ သတိပဋ္ဌာန်တရားကို အားထုတ်တတ်လာရင် စိတ်ထဲမှာ အင်မတန်ကြည်လင်အေးချမ်းလာပြီး ဘုရားကို အင်မတန်ကြည်ညိုတဲ့ စိတ်ဖြစ်တယ်။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့  ဘုရားကို အာရုံပြုရတာ ပိုပြီးတော့ ကြည်ညိုတယ် ပိုပြီးတော့ ကျေးဇူးလည်းတင်တယ်။ အခုလို တရားအားထုတ်ပြီးတော့ စိတ်ကြည်လင်အေးချမ်းမှုရတာဟာ ဘုရားရဲ.ကျေးဇူးပဲ။
ဒီလိုနေနည်းထိုင်နည်းကို ဘုရားသာ မသင်ပေးခဲ့ရင်
တို့ လုပ်ဖြစ်မှာမဟုတ်ဘူး၊ စမိဖို့ အရေးကြီးတယ်၊ အလုပ်တစ်ခုမှာ
အခက်ဆုံးအပိုင်းက စဖို့ ။ ဒုတိယအခက်ဆုံးအပိုင်းက စွဲမြဲဖို့ ။ ၅ မိနစ်ပဲစ၊
အဲဒီ ၅မိနစ်ကိုနေ့ တိုင်းလုပ်၊ စိတ်ကလေးအင်မတန်အေးချမ်းပြီးတော့ အရသာရှိတယ်နော်။ ဒီအလုပ်ဟာ စိတ်နဲ့ လုပ်၇တဲ့အလုပ်မို့  လွယ်တယ်လို့.တော့မဆိုလိုဘူးနော်။ သို့ သော်အလေ့အကျင့် ရလာလို့ ရှိရင် တဖြည်းဖြည်းရလာတယ်။
တစ်နေ
့သေရမယ့်သူတွေချည်း ဘာတွေဒီလောက်အရေးကြီးတာလဲ။ ၁၀ မိနစ်လောက်လေး
လုပ်ရင်ပြီးရော သဘောမျိုးမဟုတ်ဘဲ သေသေချာချာ ရိုရိုသေသေ လေးလေးနက်နက်
သေသေချာချာ သတိကပ်ထား၊ ကိုယ်.စိတ်က ဒီအာနာပါနမှာ သတိထားတယ်၊ ဒါပေမယ့်
စိတ်ရဲ.သဘာဝကလည်း ဟိုဟာဒီဟာဆိုတာ တွေးတတ်တယ်။ ဖျတ်ခနဲ ဖျက်ခနဲ
အတွေးလေးတွေဟာ ၀င်လာတတ်တယ်။
ဝင်တာနဲ
့သိလိုက်မယ်၊ သိပြီးရင် ပြန်ထားလိုက်မယ်။ တခါတရံ ဘေးက အသံဗလံကြားရတတ်တယ်၊
ကြားရရင်လည်း ချက်ချင်းသိတယ်၊ သိပြီးရင် ဒီမှာပဲ ပြန်ထား။
၁၀ မိနစ်ဆိုရင် ပင်ပန်းမလား။ ၁၀ မိနစ်လောက်နဲ့ . သည်းမခံနိုင်လောက်အောင်
ညောင်းတာကိုက်တာခဲတာလည်း မဖြစ်လောက်သေးပါဘူး.။ စားတဲ.သောက်တဲ့နေရာမှာလည်း
သတိလေးတွေကပ်ကပ်ပြီးတော့ လုပ်သွားမယ်ဆိုရင် ဒါ တရားရှုမှတ်တာပါပဲ။
ဆရာတော် ဦးဇောတိက (ဘာဝနာနှင့်အချိန် တရားတော်မှ) မေတ္တာဖြင့် စုစည်းဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ
No comments:
Post a Comment