
ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား။
အိုခြင်း၊နာခြင်း၊သေခြင်း ဆိုတာတွေမရောက်ခင်
ငါ တစ်စုံတစ်ခုကို လုပ်ရမယ်။
မလုပ်ရင် ငါ့ဘဝမှာဘာမှရလိုက်မှာ မဟုတ်ဘူး။... လို့နှလုံးသွင်းဆင်ခြင်မှု လိုအပ်ပါတယ်။
ဒီလိုနှလုံးသွင်း ဆင်ခြင်လိုက်လို့၊ စိတ်ပူပန်မှုတွေ
လျော့ကျသွားပြီးတော့၊ သတိစွမ်းအား ဥာဏ်စွမ်းအားတွေ ရလာတာဟာ အင်မတန်ကြီးမားတဲ့
အကျိုးတစ်ခုပဲ။ဒီလို စိတ်လေးဖြစ်ဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းတယ်။ဒါကြောင့် ဒီလိုစိတ်ဖြစ်လာအောင်
သတိဆောင်ကြရမှာ ဖြစ်ပါတယ်။
ကမ္မဒါယာဒ...ဒို့လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို တို့နောက်ဆုံး အမွေခံရမှာ။ကောင်းတာလုပ်ရင် ကောင်းတဲ့အမွေ၊ မကောင်းတာလုပ်ရင်လည်း
မကောင်းတဲ့အမွေ ငါပဲရမှာ လို့၊ဒါကိုလည်း ဆင်ခြင် စဉ်းစားပေးရပါမယ်။
မိသားစုနှင့်နေနေ၊မိတ်ဆွေသင်္ဂဟတွေနှင်ပဲနေနေ၊
ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်တာပဲဖြစ်ဖြစ် ၊
ငါ မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေ၊
ငါမြတ်နိုးတဲ့ ပစ္စည်းဥစ္စာတွေ
တစ်နေ့ကျလို့ရှိရင်၊
ငါနှင့်ကွဲသွားမှာပဲ၊ ခွဲခွာရမှာပဲ
လို့လည်း ဆင်ခြင်စဉ်းပေးရမှာပဲ။
ဒီလိုဆင်ခြင်စဉ်စားပေးခြင်းအားဖြင့် ၊တွယ်တာမှုတွေကိုလျော့ချပေးတယ်။
တွယ်တာမှုကိုလျော့ချပေးလိုက်တာနှင့်
တပြိုင်နက်သောကဆိုတာလျော့ကျသွာတယ်။
တွယ်တာမှုကြောင့်သောကဖြစ်နေကြရတာပါ။
တွယ်တာမှုကိုလျော့ချပြီး၊တွယ်တာမှုကို မေတ္တာနှင့် အစားထိုးရပါမယ်။
မေတ္တာဆိုတာ တွယ်တာမှုမ ဟုတ်ပါဘူး။
မေတ္တာကအကျိုးစီးပွားကိုလိုလားတာ။
မိတ်ဆွေတွေအပေါ်မှာ ထားတဲ့ စိတ်ထားမျိုးပါ။
အင်မတန် သန့်ရှင်းပါတယ်။
မိမိစိတ်ကလေးမှာ အကုသိုလ်တွေ မဖြစ်ရ
အောင်၊ကောင်းတဲ့အာရုံတွေနှင့်အစားထိုးပြီးတွေးတော ဆင်ခြင်တာဟာ meditation လုပ်တာပါပဲ။
ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်ရအောင် သတိဆောင်၍ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ။
( ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
ဆရာတော်ဘုရားကြီး)။
No comments:
Post a Comment