
"မြင့်သူတွေကြားထဲမှာ နိမ့်စွာနေပါ"
*************************
မြင့်သူတွေထဲမှာ နိမ့်ပါ ဆိုတာအချည်းနှီးသော မာနတွေနဲ့ မြင့်နေတဲ့ဒီလောကကြီးထဲမှာ အဲဒီမာနတွေကိုလျှော့ချပြီးတော့ ဘ၀င်မမြင့်ဘဲနဲ့ နူးညံ့သိမ်မွေ့ စွာ နေရမယ်။
အချည်းနှီးသော မာနတွေနဲ့ တက်ကြွနေတဲ့ လောကကြီးမှာမာနကို လျှော့ပြီးတော့
နူးညံ့သိမ်မွေ့ စွာကိုယ့်ကိုယ်ကို နှိမ့်ပြီးတော့ နေရမယ်။
လောကကြီးက ဘာတွေမြင့်တာလဲဆိုရင်မာနဆိုတဲ့ အဲဒီအထင်တွေပဲ မြင့်နေတာဘ၀င်တွေပဲ မြင့်နေတာ တကယ်မြင့်တာမဟုတ်ဘူးကိုယ့်မှာ မာနကြီးလာရင် တစ်ဘက်ကိုလဲ နှိမ့်ပြီးသားပဲဘာကြောင့် မာနကြီးရသလဲကိုယ့်မှာ ရှိတာလေးကို အဟုတ်ထင်ပြီးမရှိတာတွေကို မသိလို့ ဘဲ။
အနှစ်သာရနဲ့ ပြည့်နေတဲ့ စပါးနှံဟာ ငိုက်ကျနေတယ်။ဘာအနှစ်မှ မရှိတဲ့ အဖျဉ်းစပါးနှံကတော့ ထောင်မတ်နေတယ်။တကယ်တမ်းက
လောကကြီးမှာမာနကြီးစရာ ဘာရှိသလဲ။ ဆိုကြပါစို့ ရှိလို့ မာနကြီးတာလား။ ပညာတွေ တတ်လို့ မာနကြီးတာလား။ကိုယ့်ကိုယ်ကို ပြန်မေးရမယ်၊ ဘာကို အကြောင်းပြုပြီးတော့ငါ့မာန ဖြစ်နေသလဲ။
အကယ်၍များ မာနရှိနေတယ်ဆိုရင်။အကယ်၍ မိမိ မာနကို မိမိမြင်လာတဲ့ အခိုက်မှာဘာကြောင့် ငါမာနကြီးနေတာလဲလို့  ကိုယ့်ကိုယ်ကိုမေးရမယ်။ ရှိလို့ မာနကြီးတာလား၊ တတ်လို့ မာနကြီးတာလား၊အသိုင်းအ၀ိုင်းကြီးလို့ မာနကြီးတာလား။
အဲဒီလိုဆိုရင် ငါ့မှာ ရှိထားတဲ့ အရာတွေ တတ်ထားတဲ့အရာတွေဟာငါ့ရဲ့ အခက်အခဲအားလုံးကို တကယ် ဖြေရှင်းပေးနိုင်သလား လို့ စိစစ်ကြည့်ရမယ်။
ဘယ်လောက်ပဲရှိရှိ ဘယ်လောက်ပဲတတ်တတ်ဘယ်လောက်ပဲ အခြေအနေကောင်းကောင်းသောကတွေ စိုးရိမ်မှုတွေ လူတိုင်းမှာရှိတယ်။ဟုတ်လား မဟုတ်ဘူးလား။စိတ်ထဲမှာ အဆင်မပြေမှုတွေ လူတိုင်းမှာ ရှိတယ်။အသံတိတ် ငိုနေတာနဲ့ အသံထွက်ငိုနေတာပဲ ကွာတယ်။စိတ်ထဲမှာတော့ လူတိုင်းဟာ ငိုရမယ့် အချိန်တွေနဲ့ ကြုံနေတာပဲ မဟုတ်လား။
အဲတော့ ကိုယ့်မှာ ရှိထားတဲ့ တတ်ထားတဲ့ အရာတွေဟာကိုယ့်ရဲ့ အခြေအနေဆိုးတွေကို ဖြေရှင်းနိုင်တဲ့အစွမ်း
ရှိသလား။ မရှိဘူး။ ဒါလေးကို စဉ်းစားနော်။စိတ်ဆင်းရဲနေတယ်ဆိုရင် စိတ်ဆင်းရဲနေတာကိုတောက်လျှောက် ချမ်းသာသားအောင် လုပ်နိုင်တဲ့အစွမ်းရှိသလား။ငါ့ရဲ့ အခြေအနေဆိုးတွေကို အားလုံးကောင်းအောင်ဖန်တီးပေးနိုင်တဲ့ အစွမ်း ငါ့မှာ မရှိဘူးလို့ ။ရှိနေတာတွေကို မြင်ရင် မရှိတာတွေကိုလည်း မြင်ရမယ်။
ရှိနေတာတွေကို မြင်ရင် မာန ဖြစ်လာမယ်။သေခါနီးအခိုက်အတန့် ကာလမှာ စိတ်ချမ်းသာပါစေ့မယ်လို့ အာမခံနိုင်သလား၊ ခွဲကြခွာကြတဲ့အခါ စိတ်ထဲမှာသက်သက်သာသာဖြစ်အောင် လုပ်နိုင်တဲ့ အစွမ်းရော ရှိသလား။သေပြီးသည့် အခြားမဲ့မှာ ကောင်းတဲ့နေရာ ရောက်ပါစေ့မယ်လို့ အာမခံချက် ရဲရဲတင်းတင်းရော ရှိသလား။ မရှိဘူး။မရှိတာတွေမှ အများကြီးပဲနော်။တချို့ ဆို ၀ိပဿနာဥာဏ် မရှိဘူး။
မဂ်ဥာဏ် ဖိုလ်ဥာဏ် မရှိဘူး။ဈာန်တွေ ရနေတာ မရှိဘူး။ရှိတာက တစ် ဆိုရင် မရှိတာတွေက အများကြီးပဲ။ကိုယ့်ရဲ့ ဘ၀ကို ကိုယ် ပြည့်ပြည့်စုံစုံ မြင်မှ မာနကျမယ်။မပြည့်မစုံ တစ်စိတ်တစ်ဒေသလေးပဲ မြင်ထားရင်ကိုယ့်ကိုယ်ကို အဟုတ်ထင်ပြီးတော့ နွားခြေရာခွက်ထဲကဖားလို ငါ သမုဒ္ဒရာကြီးထဲ ရောက်နေတယ်လို့ ဒီလိုထင်တတ်တယ်။
တကယ်လို့ 
များ မာနတက်နေရင်ငါ့မှာ ရှိထားတာတွေ တတ်ထားတာတွေဟာပြဿနာအားလုံးကို ပြေလည်အောင်
ဖြေရှင်းပေးနိုင်တဲ့အစွမ်းရှိသလား ၊ ဒီတစ်ချက်လေးပဲ စဉ်းစား။ မရှိဘူး။ဘ၀အဆက်ဆက်က ပြုခဲ့တဲ့ အကုသိုလ်ကံတွေ ရှိတယ်နော်။အဲဒီ အကုသိုလ်ကံတွေ ရှိတယ်၊ မဖြိုဖျက်ရသေးတဲ့ကိလေသာ ထုထည်တွေ မိမိသန္တာန်မှာ ရှိနေတယ်။ဒါတွေဟာ အချိန်မရွေး အပါယ်လေးပါးကို ပို့ နိုင်တဲ့အစွမ်းရှိနေတယ်။
သံသရာနဲ့ ချီပြီးတော့ ကြည့်လိုက်မယ်ဆိုရင် ဒကာဒကာမတို့ ဦးဇင်းတို့ တတွေမှာ မာနကြီးစရာ ဘာမှ မရှိဘူး။တည့်တည့်ပြောရရင် အခြေအနေ မကောင်းဘူး။
တဖြည်းဖြည်းနဲ့  ဒီခန္ဓာကိုယ်ကြီးဟာ အိုလာတယ်၊ဆွေးလာတယ်၊ ဟောင်းလာတယ်၊ ပြီးရင်နာကျင်ကိုက်ခဲ
အော်ဟစ်ငြီးငြူပြီးတော့မခွဲချင်ဘဲနဲ့ ခွဲရမယ် ၊ မသေချင်ဘဲနဲ့ သေရမယ်။သေပြီးတဲ့ နောက်မှာလည်း ဘာမှ သေချာရေရာမှုလုံးဝ မရှိဘူး။ ပုထုဇဉ်ဘ၀ဆိုတာ စဉ်းစားကြည့်ရင်ဘာမှ အားရစရာ မရှိဘူး။အဲလို မိမိအကြောင်းကို မိမိ အကုန်မသိတော့မာနတွေက ကြီးလာတယ်။ ကိုယ့်ရှိတာလေးကိုကိုယ်အဟုတ်ထင်တယ်၊ ကိုယ့်မှာ မရှိတာတွေကျတော့ကိုယ် မသိဘူး။
ကိုယ့်ရှိတာလေးကို အဟုတ်ထင်တော့မာနတွေ ကြီးလာတယ်၊ ကိုယ့်လောက် မရှိတဲ့သူကိုသူ မစွမ်းလို့  ညံ့လို့  ၊ ကိုယ်ကတော့ တော်လို့ သိလို့ ဆို ... ဟော ကိုယ့်မှာ မာနကြီးလာရင်တစ်ဖက်ကို အလိုလို နှိမ့်ပြီးသားနော်။ဲအဲဒီလို စိတ်မျိုးဟာ ကောင်းသလား။အဲတော့ လောကကြီးဟာ ဘာတွေနဲ့ မြင့်နေသလဲဆိုရင်မာနတွေနဲ့  မြင့်နေတယ်။ ဘယ်သူ့ ပဲကြည့်ကြည့်ထောင်ထောင် ထောင်ထောင် မတ်မတ် မတ်မတ်နဲ့ ခေါင်းလေးမော့ ရင်ကိုကော့ပြီးတော့ နေတာပဲ။
အဲဒါ ကိုယ့်ရဲ့ အခြေအနေကို အမှန်အတိုင်းကောင်းကောင်း သိလို့ အဲသလို နေတာလားကောင်းကောင်း မသိလို့  အဲသလို နေတာလားအခြေအနေတွေကို အမှန်အတိုင်း သိရမယ်။ကိုယ့်ရဲ့ ဘ၀ကို ပြည့်ပြည့်စုံစုံ နားလည်ရမယ်။ဘ၀ကို ပြည့်ပြည့်စုံစုံ နားလည်ရင် မာနကျမယ်။စာထဲမှာ အနိစ္စသညာ မမြဲတာကို အမှတ်ရရင်မာနတွေ လျှောကျသွားမယ်။ ဘယ်လောက်ပဲ ရှိရှိဘယ်လောက်ပဲ တတ်တတ် အဆုံးမှာ ပျက်စီးသွားတယ်။ပစ်ထားခဲ့ရတယ်။အဲဒီလို အချည်းနှီးသော မာနတွေနဲ့ ထောင်လွှားနေတဲ့လောကကြီးထဲမှာ မိမိရဲ့ မာန်မာနကို နှိမ့်ချပြီးတော့မနေသင့်ဘူးလား။
နေသင့်တယ်။
အဲဒီလို မာန်မာနကို နှိမ့်ချတယ်ဆိုတာ သူတော်ကောင်းတွေရဲ့ ဓလေ့၊ သူတော်ကောင်းတွေရဲ့ သဘာဝ၊ အသိဥာဏ်နည်းလေမာန်မာနတွေ ကြီးလေ။ အသိဥာဏ် ကြီးလေ မာန်မာန နည်းလေ။ဒါကြောင့် မာန်မာနကို နှိမ့်ချခြင်းသည် သူတော်ကောင်းတွေရဲ့ အလေ့အထပါ။ ကြီးကျယ်တဲ့ အကျိုးစီးပွားကိုလည်း ရနိုင်တယ်။
(သစ္စာရွှေစည် ဆရာတော် ဟောကြားသောရတနာထိုက်သော စကားလေးခွန်း မှ)
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
https://www.facebook.com/ahlinn.nge/posts/1529081077317569:0
No comments:
Post a Comment