ရောဂါပိုးတွေကို ဆေးဝါးဖြင့်နှိမ်နင်းခြင်းသည် ပါဏာတိပါတာကံ ထိုက်ပါသလား ???
ဆရာဝန်ကြီးတစ်ဦးက မေးပါတယ် -
"အနောက်နိုင်ငံဆေးပညာအရ ကြောက်မက်
ဖွယ်ကောင်းတဲ့ ရောဂါပိုးမွှားများကြောင့် ရော
ဂါတွေဖြစ်ကြရသည်ကို ကမ္ဘာ့သမားတော်ကြီး
များစွာတို့က သက်သေထုတ်ကြပြီး ကမ္ဘာသို့
တင်ပြခဲ့ကြပါတယ်။ အဲဒီရောဂါပိုးတွေကို နှိမ်
နင်းသတ်ဖြတ်ဖို့ ဆေးဝါးတွေ ရှာဖွေကြတဲ့အခါ
အစွမ်းထက် ပဋိဇီဝဆေးအမျိုးမျိုးကို ရှာဖွေတွေ့
ရှိပြီး၊ ၎င်းဆေးဝါးများဖြင့် လူနာများကို ကုသ
တိုင်း ကုသတိုင်း ဆရာဝန်များသည် ရောဂါပိုး
များကိုသတ်ရာရောက်ရှိနေကြပါသည် ။ ထို့အ
တွက် ပါဏာတိပါတာကံ ထိုက်ပါသလား၊ ဒါ့အ
ပြင် ဆေးပညာအားဖြင့် တွေ့ရှိရသောရောဂါပိုး
ကောင်လေးများမှာ တစ်ကိုယ်မှနှစ်ကိုယ် - နှစ်
ကိုယ်မှ လေးကိုယ် - လေးကိုယ်မှ ရှစ်ကိုယ်- ရှစ်
ကိုယ်မှ တစ်ဆယ့်ခြောက်ကိုယ် စသည်အားဖြင့်
တိုးပွား များပြားလာပါသည်။ သူ့အလိုလို သေ သည်ဟူ၍လည်းမရှိပါ ။ ထိုပိုးကောင်များမှာ
အကြောင်းကံတရား ရှိပါသလား" တဲ့ --
ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက ဖြေ
ရှင်းပေးတော်မူပါတယ် ။ ဆရာတော် ဖြေရှင်း
ပေးပုံက -
ဗုဒ္ဓတရားတော်အရ ကာမဘုံကသတ္တဝါတွေ
စိတ်ဝိညာဏ်မှာ တစ်ကိုယ်မှနှစ်ကိုယ် ခွဲမထွက်
နိုင်၊ ထို့ပြင် သတ္တဝါမှန်လျှင် သူ့ဘဝအားလျော်
စွာ အသက်တမ်းရှိ၏ ၊ ထိုအသက်တမ်းကုန်
လျှင် သေကြေပျက်စီးရ၏ ။
မေးခွန်း၌ ဖော်ပြထားသော ရောဂါပိုးများ
မှာ မွေးထုတ်ခြင်းမျိုးမရှိပါဘဲ တစ်ကိုယ်မှ နှစ်
ကိုယ် - နှစ်ကိုယ်မှ လေးကိုယ် - လေးကိုယ်မှ ရှစ်
ကိုယ်စသည်ဖြင့် ပွားများသည်ဟု ဆိုခြင်းကြောင့်
လည်းကောင်း ၊ " ဆေးပညာအရ ပိုးဟုခေါ်ရ
သော်လည်း ဗုဒ္ဓတရားတော်အားဖြင့်မူ ၎င်းတို့
ကို သတ္တဝါဟု အသိအမှတ်မပြု " ။ ဥပမာ-
တစ်ပင်တည်းမှ အကိုင်းများကိုဖြတ်၍ ခွဲစိတ်
စိုက်လျှင် အပင်အသီးသီးဖြစ်နိုင်သော သစ်ပင်
ရုပ်ကဲ့သို့လည်းကောင်း၊ ဘယ်တော့မှမသေပျက်
နိုင်သော သံချေးများ- ကြေးညှိများ - ကျောက်
ခက်များကဲ့သို့လည်းကောင်း၊ ခွဲတိုင်းလည်းမရ-
သေလည်းမသေနိုင်သော ပြဒါးရုပ် ရေရုပ်ကဲ့သို့
လည်းကောင်း၊ ရုပ်အထူးများဟူ၍သာ အသိအ
မှတ်ပြုအပ်၏ ။
ထို့ကြောင့် ထိုသို့သောရောဂါပိုးများမှာ မည်
သည့်ကံအကြောင်းနဲ့မှ မသက်ဆိုင် ၊ ရောဂါစွဲ
သည့်သူ၏ အကုသိုလ်ကံ အကြောင်းအားလျော်
စွာ ဥတုကြောင့်ဖြစ်ပေါ်သော ကမ္မပစ္စယဥတု
ဇရုပ်များဟူ၍သာ သိအပ်၏ ။
၎င်းတို့မှာ ဗုဒ္ဓတရားတော်အရ "ပါဏ"ဟုမဆို
အပ်သောကြောင့် ၎င်းတို့ကို ပျက်စီးစေခြင်းဖြင့်
ပါဏာတိပါတာကံ မထိုက် ။
အကယ်၍ ပကတိမျက်စိဖြင့် မြင်တွေ့နေရ
သော အခြားပိုးများကဲ့သို့ သန္ဓေတည်ပြီးမွေး
ခြင်း၊ အသက်တမ်းအလိုက်သေခြင်းများ ရှိပါမူ
ထိုသို့သော ပိုးများမှာ "ပါဏ" ပင်ဖြစ်ရ၏ ။ ထို့
ကြောင့် ထိုပိုးများကို သတ္တဝါဟုအမှတ်ရှိလျက်
သေကြောင်းပြုလုပ်ခြင်းဖြင့် သေပျက်သွားလျှင်
ပါဏာတိပါတာကံထိုက်သည်ဟု ယူအပ်၏ ။
"အနောက်နိုင်ငံဆေးပညာအရ ကြောက်မက်
ဖွယ်ကောင်းတဲ့ ရောဂါပိုးမွှားများကြောင့် ရော
ဂါတွေဖြစ်ကြရသည်ကို ကမ္ဘာ့သမားတော်ကြီး
များစွာတို့က သက်သေထုတ်ကြပြီး ကမ္ဘာသို့
တင်ပြခဲ့ကြပါတယ်။ အဲဒီရောဂါပိုးတွေကို နှိမ်
နင်းသတ်ဖြတ်ဖို့ ဆေးဝါးတွေ ရှာဖွေကြတဲ့အခါ
အစွမ်းထက် ပဋိဇီဝဆေးအမျိုးမျိုးကို ရှာဖွေတွေ့
ရှိပြီး၊ ၎င်းဆေးဝါးများဖြင့် လူနာများကို ကုသ
တိုင်း ကုသတိုင်း ဆရာဝန်များသည် ရောဂါပိုး
များကိုသတ်ရာရောက်ရှိနေကြပါ
တွက် ပါဏာတိပါတာကံ ထိုက်ပါသလား၊ ဒါ့အ
ပြင် ဆေးပညာအားဖြင့် တွေ့ရှိရသောရောဂါပိုး
ကောင်လေးများမှာ တစ်ကိုယ်မှနှစ်ကိုယ် - နှစ်
ကိုယ်မှ လေးကိုယ် - လေးကိုယ်မှ ရှစ်ကိုယ်- ရှစ်
ကိုယ်မှ တစ်ဆယ့်ခြောက်ကိုယ် စသည်အားဖြင့်
တိုးပွား များပြားလာပါသည်။ သူ့အလိုလို သေ သည်ဟူ၍လည်းမရှိပါ ။ ထိုပိုးကောင်များမှာ
အကြောင်းကံတရား ရှိပါသလား" တဲ့ --
ဒါကို မဟာစည်ဆရာတော်ဘုရားကြီးက ဖြေ
ရှင်းပေးတော်မူပါတယ် ။ ဆရာတော် ဖြေရှင်း
ပေးပုံက -
ဗုဒ္ဓတရားတော်အရ ကာမဘုံကသတ္တဝါတွေ
စိတ်ဝိညာဏ်မှာ တစ်ကိုယ်မှနှစ်ကိုယ် ခွဲမထွက်
နိုင်၊ ထို့ပြင် သတ္တဝါမှန်လျှင် သူ့ဘဝအားလျော်
စွာ အသက်တမ်းရှိ၏ ၊ ထိုအသက်တမ်းကုန်
လျှင် သေကြေပျက်စီးရ၏ ။
မေးခွန်း၌ ဖော်ပြထားသော ရောဂါပိုးများ
မှာ မွေးထုတ်ခြင်းမျိုးမရှိပါဘဲ
ကိုယ် - နှစ်ကိုယ်မှ လေးကိုယ် - လေးကိုယ်မှ ရှစ်
ကိုယ်စသည်ဖြင့် ပွားများသည်ဟု ဆိုခြင်းကြောင့်
လည်းကောင်း ၊ " ဆေးပညာအရ ပိုးဟုခေါ်ရ
သော်လည်း ဗုဒ္ဓတရားတော်အားဖြင့်မူ ၎င်းတို့
ကို သတ္တဝါဟု အသိအမှတ်မပြု " ။ ဥပမာ-
တစ်ပင်တည်းမှ အကိုင်းများကိုဖြတ်၍ ခွဲစိတ်
စိုက်လျှင် အပင်အသီးသီးဖြစ်နိုင်သော သစ်ပင်
ရုပ်ကဲ့သို့လည်းကောင်း၊ ဘယ်တော့မှမသေပျက်
နိုင်သော သံချေးများ- ကြေးညှိများ - ကျောက်
ခက်များကဲ့သို့လည်းကောင်း၊ ခွဲတိုင်းလည်းမရ-
သေလည်းမသေနိုင်သော ပြဒါးရုပ် ရေရုပ်ကဲ့သို့
လည်းကောင်း၊ ရုပ်အထူးများဟူ၍သာ အသိအ
မှတ်ပြုအပ်၏ ။
ထို့ကြောင့် ထိုသို့သောရောဂါပိုးများမှာ
သည့်ကံအကြောင်းနဲ့မှ မသက်ဆိုင် ၊ ရောဂါစွဲ
သည့်သူ၏ အကုသိုလ်ကံ အကြောင်းအားလျော်
စွာ ဥတုကြောင့်ဖြစ်ပေါ်သော ကမ္မပစ္စယဥတု
ဇရုပ်များဟူ၍သာ သိအပ်၏ ။
၎င်းတို့မှာ ဗုဒ္ဓတရားတော်အရ "ပါဏ"ဟုမဆို
အပ်သောကြောင့် ၎င်းတို့ကို ပျက်စီးစေခြင်းဖြင့်
ပါဏာတိပါတာကံ မထိုက် ။
အကယ်၍ ပကတိမျက်စိဖြင့် မြင်တွေ့နေရ
သော အခြားပိုးများကဲ့သို့ သန္ဓေတည်ပြီးမွေး
ခြင်း၊ အသက်တမ်းအလိုက်သေခြင်းများ ရှိပါမူ
ထိုသို့သော ပိုးများမှာ "ပါဏ" ပင်ဖြစ်ရ၏ ။ ထို့
ကြောင့် ထိုပိုးများကို သတ္တဝါဟုအမှတ်ရှိလျက်
သေကြောင်းပြုလုပ်ခြင်းဖြင့်
ပါဏာတိပါတာကံထိုက်သည်ဟု ယူအပ်၏ ။
No comments:
Post a Comment