
“ပြစ်တင်ဝေဖန်မှုတွေကို ဘယ်လိုကျော်လွှားမလဲ”
++++++++++++++++++++++++++++
လူတိုင်းမှာ ကောင်းကွက်၊ ဆိုးကွက်ဆိုတာရှိကြတာပါပဲ။
လူတစ်ယောက်ကို သေချာဆန်းစစ်ကြည့်လိုက်ရင်
ကောင်းတာတွေလည်း တွေ့မယ်။
မကောင်းတဲ့အချက်တွေလည်း တွေ့မယ်။
ဘယ်သူမှ ပြည့်စုံတဲ့သူမရှိပါဘူး။
In seeing the faults of others,
we should behave like a blind person.
■အကယ်၍ သင်ဟာ အခြားသူတွေရဲ့
အပြစ်တစ်စုံတစ်ရာ မြင်မိတဲ့အခါမှာ
“မျက်စိကန်းနေတဲ့သူ”တစ်ယောက်လို နေလိုက်ပါ။
လက်ညိုးထိုးပြီးတော့ အပြစ်မတင်ပါနဲ့။
အပုပ်မချပါနဲ့။
(မှားနေတဲ့သူတစ်ယောက်ကို
အမှန်ပြင်စေချင်တဲ့သဘောနဲ့
ထောက်ပြတာကိုမဆိုလို၊ တမင်အပုပ်ချ
စော်ကားချင်တဲ့သဘောနဲ့ပြောတာမျိုးကို ဆိုလိုသည်)။
In hearing unjust criticism of others,
we should behave like a deaf person.
■အကယ်၍ သင်သည် အခြားသူတွေရဲ့
တရားမမျှတသောဝေဖန်မှုကို ကြားရတဲ့အခါမှာ “နားပင်းနေတဲ့သူ”တစ်ယောက်လို နေလိုက်ပါ။
In speaking ill of others,
we should behave like a dumb person.
■အကယ်၍ သင်ဟာ သူများမကောင်းကြောင်းတွေ
ပြောဖို့ကြုံလာတဲ့အခါ “ဆွံအနေသူ”
တစ်ယောက်လို နေလိုက်ပါ။
It is not possible to put a stop to
false accusations, reports and rumors.
■မှားယွင်းနေသော စွပ်စွဲချက်တွေ၊ အဆိုတွေ၊
ကောလာဟလတွေကို ရပ်တန့်ထားဖို့ မဖြစ်နိုင်ပါဘူး။
လောကကြီးဟာ ဆူးငြောင့်တွေ၊
ကျောက်စရစ်ခဲတွေနဲ့ ပြည့်နေပါတယ်။
အဲဒါတွေကို ဖယ်ရှားဖို့ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် ကျွန်ပ်တို့သည် အဲဒီ ဖယ်ရှားလို့
မရနိုင်တဲ့အရာတွေကို ဖယ်ရှားဖို့
ကြိုးစားနေမယ့်အစား အတားအဆီးတွေကို
“ခြေနင်းဖိနပ်တစ်စုံ”ကဲ့သို့ ၀တ်ဆင်ပြီး
ဘေးကင်းကင်းနဲ့ လျှောက်လှမ်းသင့်ပါတယ်။
ဘုရားရှင်ဟောတော်မူပါတယ်။
♦အသံကြောင့် တုန်လှုပ်ခြင်းမရှိသော
“ခြင်္သေ့”လို ကျင့်ပါ။
♦ပိုက်ကွန်ရဲ့ ကွန်ရက်တွေကို ငြိစွန်းခြင်းမရှိသော
“လေ” ကဲ့သို့ ကျင့်ပါ။
♦ရွှံ့နွံတွေထဲကနေ ထိုးထွက်လာသော
“ ကြာပန်း”ကဲ့သို့ ကျင့်ပါ။
♦“ကြံ”ကဲ့သို့ တစ်ဦးတည်း လျှောက်လှမ်းပါတဲ့။
သူများတွေရဲ့ “ပြစ်တင်ဝေဖန်မူ”ဟာ
အသံ၊ ကွန်ရက်၊ ရွှံ့နွံတွေလိုပါပဲ အဟန့်အတား
အသေးအမွှားလေးတွေပါ။
ရည်မှန်းချက်ခိုင်မာတဲ့သူတွေဟာ
မိမိတို့ အောင်မြင်မယ့် အနာဂတ်ခရီးကို
လျှောက်လှမ်းတဲ့အခါမှာ အဲဒီအဟန့်အတားတွေကို
“ဖိနပ်”လုပ်စီးပြီး “ ခြင်္သေ့လို၊ လေလို၊ ကြာပန်းလို”
မဆုတ်မနစ် လျှောက်လှမ်းကြဖို့ တိုက်တွန်းပါတယ်။
- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment