
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
❆ မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာဝတီမိဖုရားထံဝယ် ခါးကုန်းနေသော ကျွန်မ တစ်ယောက်ရှိ၏။ ၎င်းအမည်မှာ ခုဇ္ဖုတ္တရာ (ခါးကုန်း) မည်၏။ ၎င်းအား မိဖုရားမှ နေ့စဉ် ရှစ်အသပြာဖိုး ပန်းကိုဝယ် ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။
တစ်နေ့ ပန်းသည်၏ အိမ်၌မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ် ကြုံကြိုက်၍ ပန်းဝယ် လာသူ ကျွန်မသည် တရားတော်ကို ရိုသေစွာ နားကြားခွင့် ရလိုက်လေသော်အလွန်ဉာဏ် ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန် တည်လေ၏။
❆ သူဟာ ပိဋကတ်သုံးပုံကို အာဂုံဆောင် နိုင်တဲ့ ဗဟုသုတ ဧတဒဂ် ရပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒါပေမဲ့ သူတစ်ပါးရဲ့ ခိုင်းဖတ် ကျွှန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။ ဘာကြောင့်ဖြစ်ရတာ လည်း လို့ မေးစရာရှိပါတယ်။
❆ သူဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းကသူဌေးသမီးတစ်ယောက်
ဖြစ်ခဲ့တယ်။ ညနေခင်း ရေချိုးပြီး တဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင် နေတယ်။ အဲဒီအချိန်မှာ ရဟန္တာ ဘိက္ခူနီမ တစ်ပါး၊ အိမ်ရောက်လာတယ်။ ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ ပေါင်ဒါဘူး၊ မိတ်ကပ်ဘူးလေး က သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။ အဲဒီ နေရာကလည်း ခုန ဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့ သူက ထပြီးမယူချင်တာနဲ့ ပျင်းတာနဲ့...
❆ အရှင်မ၊ အဲဒီ မိတ်ကပ်ဘူးလေး၊အလှပြင် ဘူးလေး ခဏလှမ်းလိုက်စမ်းပါ လို့ ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်။ အဲဒီမှာ... ဘိက္ခုနီမက...
❆ တကယ်လို့ ငါမယူပေးဘူးဆိုရင်တော့ ငါ့ကို စိတ်ဆိုးလိမ့်မယ်၊ ရဟန်းမ တစ်ပါးကိုစိတ်ဆိုးလို့ရှိရင် ငရဲရောက် လိမ့်မယ်။ သူသေရင် တကယ်လို့ ယူပေးလိုက်မယ်ဆိုရင်တော့ဖြစ်လေရာ ဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်။ ငရဲကျတာ ထက်စာရင်တော့ ကျွှန်ဖြစ်ရတာက တော်ပါသေး တယ်။..ဆိုပြီး မိတ်ကပ်ဘူး လေးကို ယူပေးလိုက်ပါတယ်။အဲဒီလို ဘိက္ခုနီမတစ်ပါးကို ကိုယ်ထက်မြင့်မြတ်တဲ့ သာသနာနွယ်ဝင်ပုဂ္ဂိုလ်ကို ခိုင်းခဲ့တဲ့ အတွက်ကြောင့် ကျွှန်ဖြစ်ရပါတယ်။
❆ ခါးကုန်းရတာကတော့ ဘုရားမပွင့်မီ ဘ၀တစ်ခုမှာ ဗာရာဏသီပြည် နန်းတော်ထဲကရံရွှေတော်တစ်ယောက်ဖြစ်ခဲ့တယ်။ အဲဒီ ဗာရာဏသီနန်းတော်ထဲမှာ ပစ္စေက ဗုဒ္ဒါအရှင်မြတ် ရှစ်ပါးနေ့စဉ် ဆွမ်းခံကြွပါတယ်။ အဲဒီထဲက တစ်ပါးက
နည်းနည်းခါးကုန်နေတယ်။ အဲဒါကို ခုဇ္ဖုတ္တရာလောင်းလျာ ရံရွှေတော်က သူငယ်ချင်းတွေနဲ့ ၀ိုင်းဖွဲပြီး တော့ စကြနောက်ကြပြီးဆိုရင် တစ်ခါတရံမှာ သူက ကမ္ဗလာအနီကြီးကို သင်္ကန်းလို လုပ်ပြီး ခြုံ၊ ရွှေဖလားကြီးကို သပိတ်လိုပိုက်ပြီးတော့ ငါတို့ နန်းတော်ထဲ ဆွမ်ခံကြွတဲ့ဟိုအရှင် မြတ်က ဒီလိုဒီလိုကုန်းတယ်ဆိုပြီးခါးကုန် တဲ့ပုံလုပ်ပြပါတယ်။
❆ ကွယ်ရာမှာ အပျော်သဘောနဲ့ ပြောင် လှောင်ခဲ့ပါတယ်။ ကာယကံရှင်ကို လက်ညှိုးထိုး စွတ်စွဲပြောဆို စော်ကားမှ
အကျိုးပေးတာမဟုတ်ဘူး ၊ ကွယ်ရာမှာ အချင်းချင်းပြောဆိုရင် ၊ ကိုယ်တစ်ကိုယ်တည်း ပြောဆိုနေရင်လည်း အကုသိုလ်ကံ အထ မြောက်တဲ့အကြောင်း တွေ့ရပါတယ်။
❆ အဲဒီလို ပစ္စေက ဗုဒ္ဒါကို ရည်ညွန်းပြီး ကွယ်ရာမှာ နောက်ပြောင်လိုက်တဲ့အတွက် အဲဒီကံအကျိုးပေးက ဘ၀တိုင်းမှာ ခါးကုန်း ရပါတယ်။ကျွန်အဖြစ်နေရပြီး ခါးကုန်းနေရ ပေမဲ့ ဥာဏ်ကောင်းပြီးဗဟုသုတပြည့်စုံ ပါတယ်။
❆ အဲဒီ လိုပြည့်စုံတာကတော့ ပစ္စေက ဗုဒ္ဒါအရှင်မြတ်ရှစ်ပါး နန်းတော်ကို ဆွမ်းခံကြွတာ တစ်နေ့တော့ ပူနေတဲ့ နှို့ဃနာဆွမ်းတွေ လောင်းလှူလိုက်တယ်။ နို့ဃနာဆွမ်းတွေက ပူနေတော့ သပိတ် ကလည်း ပူတေယ် အဲဒီတော့ ပူနေတဲ့ သပိတ်ကို အရှင်မြတ်များအေးဆေး ပုံမှန်အတိုင်း မကိုင်နိုင်တော့ဘဲဟိုဘက်သည် ဘက် ပြောင်းလိုက်နဲ့  ဣနြေ္ဒမရဖြစ်နေချိန် မှာ ခါးကုန်းတာပြောင်ပြတဲ့ရံရွှေတော် မလေးက သူ့လက်မှာ ပတ်ထားတဲ့ ရွှေလက် ကောက်ရှစ်ကွင်းကိုချွတ်လိုက်ပြီးတော့...
အရှင်မြတ်တို့...သပိတ်အောက်မှာသပိတ်ခြေအဖြစ်နဲ့ အသုံးပြုပါလို့ အပြီးအပိုင် လှူခဲ့ပါတယ်။
❆ အပူဒဏ်သက်သာအောင်ရွှေလက် ကောက် လှူခဲ့တဲ့ကောင်းမှုကြောင့်ကိလေသာ အပူတွေ ငြိမ်းပြီးတော့ ဥာဏ်ပညာထက်မြက် တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်လာခဲ့ရပါတယ်။
မြတ်စွာဘုရား၏ သာသနာတော်နှင့်တွေ့ကြုံ နေခိုက် အကျင့်မှန်ကို ကောင်းစွာကျင့်ကြံ ပွားများ ခွင့်ရသောအချိန်အခါဖြစ်ပါတယ်။ ယခုသုတ္တန် အားကြည့်ခြင်းအားဖြင့်မကောင်း သော ၀ဋ်ဒုက္ခအပေါင်းမှ မတွေ့ကြုံစေရန် အလို့ငှာ ကိုယ်၊ နှုတ်၊ စိတ် တို့ကို ကောင်းစွာ ထိန်းသိမ်းကြရန်လိုပါသည်။
နှလုံးသားအာဟာရ's Facebook Wall / နှလုံးသားအာဟာရ /မှကူးယူဖော်ပြချက် ။
No comments:
Post a Comment