
တရားအားထုတ်သူတို့ ၏ အခြေခံကျင့်စဉ်
******************************
တရားရှုမည့် စိတ်၌ ဆန့် ကျင်ဘက်အုပ်စု နှစ်ခုရှိ၍အကုသိုလ်စေတသိက်အုပ်စုတို့ သည် အမြဲတမ်း စိတ်ကိုအုပ်ချုပ်ထားကြသည်။
အကုသိုလ်စေတသိသ်တို့ ကိုခေါင်းဆောင်သော မောဟစေတသိက်
သည်တရားရှုမည့် အရှုဥာဏ်စိတ်အား အရှုခံအာရုံတို့ ကိုမမြင်အောင် အမှောင်ချထားသည်။ နီဝရဏတရားတို့ ကလည်းပိတ်ဆို့ ကာကွယ်ထားကြသည်။
ထို့ ကြောင့် အမှန်ရှိနေသောရုပ်နာမ်တို့ ကို မတွေ့ မြင်ခြင်း ဖြစ်သည်။
ထိုမောဟ စေတသိက် ဦးဆောင်သည့် အကုသိုလ်စေတသိက်အုပ်စုတို့ စိတ်၌ မယှဉ်နိုင်အောင်ကုသိုလ်စေတသိက်တို့ က ခွာထုတ်ခြင်းအလုပ်နှင့်ထိုကုသိုလ်စေတသိက်တို့ စိတ်နှင့်ခိုင်မြဲစွာ ယှဉ်အောင်အားထုတ်ခြင်းကို ပထမအဆင့်(သို့ မဟုတ်) တရားကျင့်သောယောဂီတို့ ၏ အရင်ကျင့်ရမည့် အလုပ်ဖြစ်သည်။
ထိုအကျင့်ကို တရားအားထုတ်ခြင်း၊ တရားကျင့်ခြင်း ဟုခေါ်သည်။
တနည်းအားဖြင့်ဆိုသော် အကုသိုလ်စေတသိက်တို့ ကိုစိတ်၌ မယှဉ်နိုင်အောင် ကုသိုလ်စေတသိက်တို့ ကစိတ်ကို စောင့်ထိန်းခြင်း အကျင့်သည် သီလ၀ိသုဒ္ဓိကျင့်စဉ်၊အကုသိုလ်စေတသိက်တို့  စိတ်၌ မယှဉ်နိုင်တော့သဖြင့်ကုသိုလ်စေတသိက်တို့ သည် စိတ်ကို ခိုင်ခံ့စွာစောင့်ရှောက်အုပ်ချုပ်ထားခြင်း အကျင့်သည်စိတ္တ၀ိသုဒ္ဓိကျင့်စဉ်၊ စိတ်စင်ကြယ်သဖြင့်ပရမတ် ရုပ်နာမ်တို့ ကို ပိုင်းခြား ရှုမြင်ခြင်းအကျင့်သည်ဒိဋ္ဌိဝိသုဒ္ဓိ ကျင့်စဉ်။
ဤကဲ့သို့ အကုသိုလ် အမှော်အညစ်အကြေးများ စိတ်၌ မဖုံးကွယ်နိုင်အောင် ပြုလုပ်သောအကျင့်သည် အခြေခံကျင့်စဉ် ဖြစ်သည်။
(အောင်လံဆရာတော် အရှင်စန္ဒိမာ ဟောကြားသောနိဗ္ဗာန်လမ်း တရားတော် မှ)
မေတ္တာဖြင့် ဝေမျှသူအနှိုင်းမဲ့စာတိုပေစများ
Lwinoo Ko စာမျက်နှာမှတဆင့် ကူးယူမျှဝေသည်။ ။
No comments:
Post a Comment