
တဏှာကို သတ်နိုင်အောင်အာထုတ်ခြင်းဟူသမျှသည် နိဗ္ဗာန်သို့ဦးတည်သည်ချည်း ဖြစ်သဖြင့် ပါရမီသဘောရှိ၏..။
ထို့ကြောင့်မည်သည့်လုပ်ငန်းမျိုးကို လုပ်လုပ်
အယုတ်ဆုံး အကုသိုလ် လုပ်ငန်းပင် ဖြစ်စေ။
မိမိလူမျိုးနှင့် နိုင်ငံကိုကျူးကျော်သူများ အား
ခေါင်းငုံ့မခံဘဲ ပြန်လည်စစ်ပြုရာ၌ အကုသိုလ်က သတ်သတ်၊
ကသိုလ်က သတ်သတ် သဘောအရ
“ငါ့” အတွက်ဟူ၍ နှစ်လုံးမသွင်းဘဲ
အမျိုးသားရေးအတွက် ၊ဤ မြေပြင်၌ အဓမ္မ၀ါဒ ကျဆုံး၍
ဓမ္မ၀ါဒ ထွန်းကားရေး အတွက်နှစ်လုံးသွင်း၍
အနစ်နာခံကာ စစ်ပြုမည်ဆိုပါက အတ္တကို ပယ်သတ်ခြင်းမည်၏..။
အတ္တကို ပယ်သတ်ခြင်းဟူသည် ပါရမီကို ဖြည့်ခြင်းပင် ဖြစ်၏။
္ကဤသဘောကို ဇာတ်တော်များ၌ များစွာတွေ့ရတတ်၏
ပါရမီဖြည့်နေကြသော ဘုရားအလောင်းနှင့် ရဟန္တာလောင်းများ
ဖြစ်ကြပါလျက် မျောက်၊ ဆင်၊ ငှက်၊ စသည်ဖြင့် အပါယ်လေးဘုံ၌
ဖြစ်ရခြင်းသည် အကုသိုလ်ကံ ကျူးလွန် ခဲ့၍ သာဖြစ်သည်။
သို့ရာတွင် သူတို့သည် အကုသိုလ် ကံကို ကျူးလွန်ကြရာ၌
မိမိ၏ အတ္တ အတွက် မဟုတ်ဘဲ ၊ လောက အတွက်
အနစ်နာ ခံခြင်းမျိုး ဖြစ်သဖြင့် ကုသိုလ် ဖြစ်ကြောင်း
နားလည်အပ်၏ ။ ယုံမှားဖွယ် မရှိ ။
ထိုသို့လောကအတွက် အနစ်နာ ခံခြင်းသည် သာမန်ကုသိုလ်မဟုတ်၊
ပါရမီကုသိုလ်သာ ဖြစ်၏။
ထိုပါရမီကုသိုလ်၏ အာနုဘော်ကြောင့်သာ မျောက်မင်း၊ ဆင်မင်း၊ ငှက်မင်း ၊
စသည်ဖြင့် မြင့်မားသော အဆင့်၌ ဖြစ်ကြ၏၊ ပညာရှိကြ၏။
ထိုကြောင့်မြန်မာနိုင်ငံသားတို့သည် များသောအားဖြင့်
ပုထုဇဉ်များဖြစ်ကြသည့် အားလျော်စွာ နိုင်ငံတော် အရေး နှင့်
ပတ်သက်လာ လျင် မလွဲသာ မရှောင်သာ အကုသိုလ်ပြုရမည့်
အခါသမယ လည်းကြုံရတတ်ပါ၏
မိမိတို့၏ ဆန္ဒအလျောက် ကုသိုလ်ကို ပြုရမည့် အခါသမယ ကိုလည်းကြုံရတတ်ပါ၏..၊
သို့ရာတွင် မည်သည့် အခါသမယ ကို ကြုံ၍ မည်သည့်”ကံ”ကို
ပြုရသည်ဖြစ်စေ .....ဘ၀ခရီးကိုလျောက်ကြရာဝယ်
“ငါ” ကောင်းစားရေး ”အတ္ထသင်္ဂဟ ” တူရူသို့ မမူဘဲ၊ လောက ကောင်းစားရေး
“လောက သင်္ဂဟ” တူရူသို့ မျက်နှာမူပြီး
ပါရမီကုသိုလ် မျိုး ကို ပါဝင်နိုင်သမျှ ပါဝင်နိုင်အောင်
ဆောင်ရွက်သင့်၏........။
(ဦးရွှေအောင် ၊ အမြင်များကို ပြောင်းလဲခြင်း နှာ ၆၂၊ ၆၃) မှ
No comments:
Post a Comment