ပုဂံပြည်တွင် အုပ်ချုပ်ခဲ့ဖူးသော ပုပ္ပါးစောရဟန်းမင်းသည် အရည်းကြီးလူထွက်ဖြစ်၍ ဗေဒင်နှင့် မှော်ပညာကို ကျွမ်းကျင်လိမ္မာသည်။
နတ်နှင့်နဂါးကိုလည်း ကိုးကွယ်သည်။ သူ့လက်ထက်မှစ၍ ဗေဒင်နှင့်မှော်ပညာအထွတ်အထိ
အနော်ရထာမင်းလက်ထက်မှစ၍ ကွယ်ပျောက်ခဲ့ရသော နဂါးကိုးကွယ်မှုသည်
ယခု အချိန်အထိ အမြစ်ပြတ်ခြင်း မရှိသေးချေ။ အဘယ့်ကြောင့်ဆိုသော် အထက်မြန်မာပြည်ရှိ အချို့ကျေးရွာများသည် ရှင်ပြုသည့်အခါ နဂါးကိုရှင်လောင်းပြသည်ဟုဆိုကာ ရွာအနောက်ဘက်တံခါးသို့ သွားလေ့သွားထရှိသည်ကို တွေ့နေရသေးသောကြောင့်ပင်။ အထင်ရှားဆုံးသော အချက်တစ်ခုသည်ကား ခရီးသွား၊အိမ်အပြောင်းအရွှေ့ လုပ်ကြသည့်အခါ နဂါးခံတွင်းမ၀င်မိရန်တတ်နိုင်သမျှ
ရှောင်ကြဉ်ကြခြင်းပင် ဖြစ်၏။
နဂါးကိုးကွယ်သူတို့၏ အယူအဆအရ နဂါးသည် တစ်နေရာ၌ သုံးလနေပြီး အ
ရပ်လေးမျက်နှာသို့လက်ယာရစ် လှည့်နေသည်။ နဂါးခေါင်းသည် တပေါင်း၊ တန်ခူး၊ ကဆုန် သုံးလတို့၌ အနောက်ဘက်သို့ လှည့်နေသည်။ နယုန်၊ ၀ါဆို၊ ၀ါခေါင်သုံးလတို့၌ မြောက်ဘက်သို့လှည့်နေသည်။ နတ်တော်၊ ပြာသို၊ တပို့တွဲ သုံးလတို့၌ တောင်ဘက်သို့ ခေါင်းလှည့်နေသည်။
တစ်စုံတစ်ယောက်သောသူသည် နဂါးခံတွင်းသို့ဝင်သွားပါကဆ
ရလိမ့်မည်။ နဂါးအကြေးခွံကို လှန်သွားပါက ကံဆိုးမိုးမှောင်နှင့် တွေ့ရလိမ့်မည်။နဂါး၏ ၀မ်းကိုဖောက်၍ သွားမှသာလျှင် ကံဆိုးမှလွတ်ပြီး ချမ်းသာသုခနှင့် တွေ့ရလိမ့်မည်။ ဥပမာအားဖြင့် နဂါးခေါင်း အရှေ့ဘက်သို့လှည့်နေသော တော်သလင်း၊သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့၌ အရှေ့မှအနောက်သို့ သွားခြင်းနှင့် အနောက်မှအရှေ့သို့ သွားခြင်းကို ရှောင်ရမည်။
တောင်မှမြောက်သို့လည်းကောင်
ကိုကား ပြုလုပ်နိုင်သည်။ အတွေးအခေါ်ရှိသော ဗုဒ္ဓဘာသာဝင်များ၏ ရယ်ရွှင်ဖွယ်ကောင်းသော အယူအဆဖြစ်ပါသည်။ ထို့အတူကောင်းကျိုးဆိုးကျို
ထိုကဲ့သို့ ဆန့်ကျင်ပုံကို ထင်ရှားသိသာစေရန် ကချင်ပြည်နယ်၊ နမ္မားမြို့၊ မင်္ဂလာ
ရာမကျောင်းဆရာတော် ဦးဉာဏက တရားစစ်တမ်း ဆွေးနွေးခန်းစာအုပ်တွင်
အောက်ပါအတိုင်း အသိပေးရေးသားတော်မူခဲ့ပါသည်
“ဘုရားဟောထက် ဗေဒင်ကိုယုံသူတွေ၊ နမန္တာကျမ်းကိုယူံသူတွေက များပါတယ်။
တစ်နှစ်တစ်ခါထုတ်တဲ့ သင်္ကြန်စာမှာ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းပြတ်ကြီးကို နတ်သမီးများ တစ်ယောက်လက် တစ်ယောက်ကမ်းနေတာ မြင်တယ်မဟုတ်လား။မြတ်စွာဘုရားက နတ်ဗြဟ္မာတို့၏ ခန္ဓာကိုယ်သည်ကမ္မဇရုပ်တွေချည်းမို့ သေလျှင်မီးတောက်သဖွယ်
ပျောက်ကွယ်တတ်တာလို့ ဟောတယ်။
ဗေဒင်က ယခိုထိခေါင်းပြတ်ကြီး မပုပ်သေးဘူး၊ မြန်မာပြည်က ယုံကြည်လက်ခံသမျှ ပုပ်မှာမ
ဟုတ်ဘူးကွဲ့။”
“ ဗေဒင်က ရက်ရာဇာနဲ့ ပြဿဒါးကို ပဓာနထားသကွဲ့၊ မြတ်စွာဘုရားက ကုသိုလ်
နဲ့ အကုသိုလ်ကို ပဓာနထားသကွဲ့။ ဗေဒင်က မဟာဘုတ်လေးပါးကို ပဓာနထား၍ ထူသကွဲ့။ မြတ်စွာဘုရားက သမ္မတ္တိလေးပါးကို အဓိကထား၍ ထူသကွဲ့ ကဲ..မဆန့်ကျင်ပါလား၊ မြတ်စွာဘုရားနှင့် ဆန့်ကျင်တာကိုယုံလျှင် ဘုရားတရားကိုမယုံရာကျတာပေါ့။ မြတ်စွာဘုရားဟောတာ သဗ္ဗေကမ္မသကာသတ္တာ၊ ကမ္မံသတ္တေ
ဝိဘဇ္ဇတိတဲ့၊ ကဲ..ဘယ်မှာလည်းကွဲ့”
“နဂါးခံတွင်းကျရင် ပျက်စီးတတ်တယ်လို့လည်း မပါ၊ မသာကို စံချရင်တစ်လောင်း
နှင့် ကိစ္စမပြီးတတ်ဘူးလို့လည်း မပါ။ အိမ်တိုင်ထူတာ နက္ခတ်မကောင်းရင် ပျက်စီးတတ်တယ်လို့လည်း မပါ။ မင်္ဂလာဆောင်တာ ရက်မရွေးမိလို့ပျက်စီးရတယ်လ
တော့ အကုသိုလ်ကံဆိုလျှင် မြွေဆိုးကင်းဆိုးကဲ့သို့ ကြောက်လန့်ပြီး ကုသိုလ်
ကံကို ဣစ္ဆာသယပတ္တမြားကဲ့သို့ သဘောထားကာ အားကိုးကြမှ ဓမ္မံသရဏံ ဂစ္ဆာ
မိမှာ မဟုတ်ဘူးလား”
နမ္မားဆရာတော်နည်းတူ အဘိဓဇမဟာရဋ္ဌဂုရု စံကင်းဆရာတော်ကြီးကလည်း
ကြောက်စရာအစစ်အမှန်ကို ယခုကဲ့သို့ ထုတ်ပြန်ခဲ့ပါသည်။
အရှင်ဇဝန
(မေတ္တာရှင် - ရွှေပြည်သာ) မျက်ရည်မကျခင်သိစေချင်မှ)
https://www.facebook.com/photo.php?fbid=480723015358868&set=a.35104771499306

No comments:
Post a Comment