
***အရှင်စန္ဒိမာ(အောင်လံ) ဟောကြားသော နိယာမတရားတော်မှ ကောက်နှုတ်ချက်***
်
ယောဂီတို့ ဆံပင်တွေ ရှည် ရှည်မလာဘူးလား အဲ့ဒီလိုရှည်လာတာဟာ ငါက သူက ဖန်တီးတာ ပါသလား။
လက်သည်း ခြေသည်းတွေရှည်လာတာရော သူ့ဘာသူ ပြောင်းလဲ ဖောက်ပြန်သွားတာနော်။
်
ယောဂီတို့ ဆံပင်တွေ ရှည် ရှည်မလာဘူးလား အဲ့ဒီလိုရှည်လာတာဟာ ငါက သူက ဖန်တီးတာ ပါသလား။
လက်သည်း ခြေသည်းတွေရှည်လာတာရော သူ့ဘာသူ ပြောင်းလဲ ဖောက်ပြန်သွားတာနော်။
ဒါဖြင့် မိမိကသာ ကိုယ့်ဘာကိုယ်နေပေမယ့် ကမ္မသတ္တိနဲ့ဗီဇနိယာမတို့ကတော့ အလုပ်လုပ်ပုံနားတယ် လို့ ရှိလား။
အဲ့ဒီထဲမှာ လက်သည်းဖြစ်အောင် ငါလုပ်တာပါလား ။လက်သည်းရှည်အောင် ငါစွဲထုတ် တာ ပါလား။
အဲ့ဒီထဲမှာ လက်သည်းဖြစ်အောင် ငါလုပ်တာပါလား ။လက်သည်းရှည်အောင် ငါစွဲထုတ် တာ ပါလား။
ဆံပင်ရှည်အောင် ငါလုပ်တာပါလား ။သို့သော်ပြုပြင်ပြောင်းလဲပြီးတော့
ရှည်မလာဘူး လား။ အဲ့ဒီအလုပ် လုပ်နေတာ ငါလား။ ငါ့ကိုယ်လား။ ဘယ်ဟာမှ
ထောက်ပြစရာမရှိဘူး။ အဲ့တော့ ဒီခန္ဓာကိုယ်ကြီးကို ပြန်ဆန်းစစ်ကြည့်ပါ။
တကယ်တမ်းကျကျနန စဉ်းစားကြည့်ရင် အနတ္တဥာဏ်ပေါ် ပါတယ်။
ယောဂီတို့ ရောဂါဖြစ်လို့ သွေးလဲတာတို့ သွေးသွင်းတာတို့တွေ
လုပ်တဲ့အခါ ယောက်ျားလေး
မို့လို့ ယောက်ျားလေးသွေးသွင်းရမယ် ၊ မိန်းကလေးမို့လို့
မိန်းကလေးသွေးသွင်းရမယ်လို့ရှိလား။ ယော က်ျားသွေး မိန်းမသွေး ရှိလား။
အမေသွေး အဖေသွေး တရုတ် ကုလား ဂျပန်သွေးဆိုပြီး မရှိပါဘူးး။ အေ ဘီ အို
အမျိုးအစားတော့ ခွဲတယ်။ ဒါပဲရှိတယ်နော်။
အဲ့တော့ လောကအရာနဲ့ပြန်ကြည့်ရင် သူတစ်လူ ငါတမင်း ပုဂ္ဂိုလ် သတ္တ၀ါ ယောက်ျား မိန်းမ သူ့လူမျိုး ငါ့လူမျိုးရှိလား…မရှိပါဘူးဘုရား။ အဲ့ တော့ မြတ်စွာဘုရားဟောတဲ့ ပုဂ္ဂိုလ် သတ္တ၀ါ လူမျိုးမရှိဘူးဆိုတာ မမှန်ဘူးလား။
ရေ မြေ ကွာတဲ့အ တွက် သဏ္ဏာန်ချင်းတော့ ကွာမယ်။ အမည်သတ်မှတ်ချက်ကွာလို့ စကားပြောတာ ကွာမယ်။ကျောက်ကပ်လဲလို့ ယောက်ျားလေးကျောက်ကပ်ကို မိန်းကလေးအထဲ ထည့်ပေးလိုက်လို့ အဲ့ဒီမိန်းက လေး ယောက်ျားလေး ဖြစ်သွားလား။ မဖြစ်ဘူးနော်။ အဲ့တော့ ယောက်ျားလေး မိန်းကလေးဆိုတာ ရှိရဲ့ လား။
ဦးဇင်းတို့ မြန်မာက
တစ်ယောက်က အင်္ဂလန်မှာ ဆေးသွားကုမယ် ကျောက်ကပ်အစားထိုးလဲ မယ်။ အင်္ဂလန်က
ခရစ်ယာန် ဘာသာဝင် တစ်ယောက်ရဲ့ ကျောက်ကပ်ကို ဗုဒ္ဓဘာသာဝင်ထဲ ထည့် တော့
ဘာတွေဖြစ်ကုန်မလဲ။
ဘာဖြစ်တာရှိလဲ…ဘာမှမဖြစ်ပါဘုရား။ အဲ့တော့ ဘာသာဝင်ဆိုတာ
ရှိ လား။ ဟော ဘာသာဆိုတာ ကိုယ့်ရဲ့ယုံကြည်ရာပဲ။ တကယ်တမ်းကျတော့
ကိုးကွယ်နေတဲ့ ပုဂ္ဂိုလ် တွေမှာ လူမျိုးခွဲတာရှိလား…မရှိပါဘူးဘုရား။
အားလုံးဟာ ဓာတ်လေးပါး ၃၂ ကောဋ္ဌာသ မရှိဘူးလား.. ရှိပါတယ်။ ဟော အဲ့လိုဆိုရင် ဒီသဘောတရားတွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် ယောက်ျား မိန်းမ ပုဂ္ဂို လ် သတ္တ၀ါ မရှိပါလားလို့ ဘုရားဟောတဲ့ စကားမှန်မနေဘူးလား။
ဒီခန္ဓာကိုယ်ကြီးက ယောဂီတို့ တရား နာနေရင်း မျက်စိကလည်း မှိတ်လိုက် ဖွင့်လိုက် လုပ်မနေဘူးလား…ငါလုပ်တာပါလား။
အခြား အခြား လူမျိုးတွေကလည်း အခုလိုမျိုးထိုင်ရင် အဲ့ဒီလို မလုပ်ဖူးလား …လုပ်ပါတယ်ဘုရား။
လေရဲ့ နှာ သီးဝ တံခါးကလည်းပဲ လေက ၀င်လိုက် ထွက်လိုက်ရှိမနေဘူးလား..ဘယ်သူလုပ်ထားတာလဲ။ သူ့ဘာ သူလုပ်မနေဘူးလား။ ဟိုနိုင်ငံက တစ်မျိုး ဒီနိုင်ငံက တစ်မျိုးရှိရဲ့လား။ ငါရှုနေတာပါလား။ အဲ့တော့ အကုန်လုံးက အတ္တရှိရဲ့လား ။
အနတ္တချည်းပဲနော်။ခန္ဓာကိုယ်မှာ
အားနည်းပြီတဲ့။ ဆရာဝန်ပြောတော့ သံဓာတ်နည်းလို့ဆိုပြီး သံဓာတ်အားဆေးမပေးဘူး
လား။ ထုံးဓာတ်အားနည်းလို့ဆိုပြီး ကယ်လစီယမ်မထိုးဘူးလား။ ဗီတာမင် အေ ဘီ စီ
နည်းတယ် မပြောဘူးလား။
ဘာနည်းတယ်ပြောတာလဲ ဗီတာမင်တွေနော်။ ယောက်ျား မိန်းမ
တွေပါလား။ ခန္ဓာကိုယ်ထဲမှာ ရေမရှိဘူးလား။ ရေကို အင်္ဂလိပ်လိုဆိုရင်
ဓာတုဗေဒနည်းနဲ့ H2O ပေါ့။ ဟိုက်ဒရိုဂျင် နှစ်ဆ အောက်ဆီဂျင် တစ်စ
မရှိဘူးလား။ အခြား အခြား တရုတ် ကုလား မြန်မာ ဂျပန်တွေဟာ ခန္ဓာ ကိုယ်ထဲမှာ
ဘာတွေရှိလဲ.. ရေရှိပါတယ်ဘုရား။ လူမျိုးရှိသလား။
အဲ့တော့ဘုရားဟောတဲ့
တရားထဲမှာ လူမျိုးဘာသာမရှိ ယောက်ျားမိန်းမ ပုဂ္ဂိုလ်သတ္တ၀ါမရှိဘူးဆိုတာ
မှန်မသွားဘူးလား ..မှန်ပါတယ်ဘုရားအဲ့ဒါဆို အေ ဘီ အိုသွေး ဗီတာမင်ဓာတ်
သံဓာတ် ထုံးဓာတ်တွေက ယောက်ျား မိန်းမရှိလား.. ယော က်ျားမိန်းမ မရှိရင် သူပဲ
ငါပဲဆိုတာလည်း ရှိအုံးမလား။ သူ့လူမျိုး ငါ့လူမျိုးရှိအုံးမလား။
သူက
ဂုဏ်မြင့် တယ် ငါက ဂုဏ်နိမ့်တယ်ရှိသေးလား။ လူမျိုးခွဲစရာလိုသေးလား။
လူမျိုးကတူနေလို့ရှိရင် မာန်မာန တက်စရာလိုသေးလား။ အနိုင်ယူဖို့လိုသေးလား။
ဩော် အဲ့လိုဆိုရင် ဗုဒ္ဓဟောတဲ့တရားက ငြိမ်းချမ်း ရေး တရားကြီးပဲ။
ဘာဖြစ်လို့မငြိမ်းချမ်းတာလဲ လောကထဲကလူတွေက တဏှာ မာန ဒိဋ္ဌိနဲ့အမှန်မမြင် တဲ့အတွက်ကြောင့်မို့လို မငြိမ်းချမ်းကြဘူး။ အဲ့တော့ ဗုဒ္ဓဟောတဲ့တရားသည် ငြိမ်းချမ်းရေးတရား။ အမှန်တွေလဲမြင်ရော ပြိုင်စရာ ဆိုင်စရာရှိသေးလား။ မာန်မာန ထောင်လွှားစရာရှိသေးလား။
မင်းဘာ လဲ ငါဘာလဲ
လုပ်စရာလိုသေးလား။ အဲ့တော့လောကမှာ စီးပွားဘယ်လောက်ရှာရှာ
သေတဲ့မသာလက်ထဲပါသွားလား..
မပါသွားပါဘူး ဘုရား။ အာဏာတွေရော ပါဝါတွေရော
ပါသွားလား။
အရှင်စန္ဒိမာ(အောင်လံ) ဟောကြားသော နိယာမတရားတော်မှ ကောက်နှုတ်ချက်
**သုံးဆယ်သား စာမျက်နှာမှတဆင့် ကူးယူမျှဝေသည်။**
အရှင်စန္ဒိမာ(အောင်လံ) ဟောကြားသော နိယာမတရားတော်မှ ကောက်နှုတ်ချက်
**သုံးဆယ်သား စာမျက်နှာမှတဆင့် ကူးယူမျှဝေသည်။**
No comments:
Post a Comment