နောက်ဘဝ၌
---------------------
သောတာပန်တည်စေမည့်
---------------------------
ကုသိုလ်လေးမျိုး
-----------------
(အဂုင်္တ္တိုရ်ပါဠိတော် သောတာနုဂတသုတ်အရ) ပါရမီမပြည့်သေးသောကြောင့် ယခုဘဝ၌ သောတာပန် မတည်သေးသော်လည်း နောက်ဘဝ၌ နတ်ပြည်တွင် သောတာပန်တည်ရမည့် သူတော်ကောင်း ပုထုဇဉ်လေးမျိုးကို ဟောကြားထား၏။
--------------------------

ယင်းတို့မှာ……
၁။ တရားတော်များကို ရွတ်ဆို ပူဇော်နေသူ။
၂။ တရားတော်ကို စိတ်ဝင်တစား အမြဲနာကြားနေသူ။
၃။ တရားတော်ကို စိတ်ဖြင့် ဆင်ခြင်နှလုံးသွင်းသူ။
၎။ အယူမှားပျောက်အောင် တရားကို ရှုပွားထားသူ တို့ဖြစ်သည်။
အရိယာနွယ်ဝင် ပုထုဇဉ်များသည် ဖော်ပြပါ ကုသိုလ်လေးမျိုးတွင် တစ်မျိုးမျိုးကို အမြဲပြုလုပ်နေသူသာ ဖြစ်၏။ ထို့ကြောင့် ယခုဘဝ မဂ်ဖိုလ်မရသော်လည်း နောက်ဘဝနတ်ပြည်တွင် မဂ်ဖိုလ်ရမည့်သူ ဖြစ်သောကြောင့် သောတာပန်နည်းတူ သံသရာတစ်လျှောက် အပါယ်လေးပါး မကျတော့သူဟု တန်းတူထား၍ ဆိုရခြင်းဖြစ်သည်။
ယခု မိမိကြိုက်နှစ်သက်ရာဘုံကို ရွေးချယ်နေထိုင်ကြသော ပုထုဇဉ် သူတော်ကောင်းတို့၏ အကြောင်းများကို လက်လှမ်းမီသမျှတင်ပြအံ့။ ဓမ္မပဒအဋ္ဌကထာ၌လာသော မဟာဓမ္မိကအမည်ရှိ ဥပါသကာကြီးပင် ဖြစ်၏။
လူမိုက်သည် လူ့ဘုံကို ကာမဂုဏ်ခံစားရာ နေရာတစ်ခုအဖြစ် သတ်မှတ်၏။ လူလိမ္မာသည် လူ့ဘုံကို ကုသိုလ်မျိုးစုံပြုဖို့ရာ နေရာအဖြစ် သတ်မှတ်၏။
လောကကြီး ပျက်စီးအောင် လုပ်သူများသည် လူ့ဘုံကို ကာမဂုဏ်ခံစားရာနေရာဟု သတ်မှတ်သူများပင်ဖြစ်၏။ ထိုအမြင် ထိုအယူအဆသည် ဘယ်သူသေသေ ငတေမာပြီးရောဟု သဘောထားသော အတ္တသမားများစွာကို ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည်။
လောကကြီးကို သာယာချမ်းမြေ့အောင် ပြုလုပ်သူများသည် လူ့ဘုံကို ကုသိုလ်မျိုးစုံ ဆည်းပူးရာနေရာဟု သတ်မှတ်သူများပင်ဖြစ်၏။ ထိုအမြင် ထိုအယူအဆက လောကကောင်းကျိုးကို အပြည့်အဝ တကယ်လုပ်ဆောင်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာစသော အရိယာသူတော်ကောင်းများစွာကို ဖြစ်ထွန်းပေါ်ပေါက်စေခဲ့သည်။
မဟာဓမ္မိက ဥပါသကာကြီးသည် လူ့ဘဝကို ကုသိုလ်အားလုံး ဆည်းပူးရာနေရာအဖြစ် သတ်မှတ်သူဖြစ်၏။ ထိုသို့ သတ်မှတ်သည့်အတွက် စီးပွားရေးမှာ အားမပျော့သည့်အပြင် ပို၍ ကြိုးစားအားထုတ် ရှာဖွေ၏။
များများရှိမှ များများလှူနိုင်မည်ဟု ခံယူထားသောကြောင့် ဖြစ်၏။ ထိုခံယူချက် မရှိမှုကြောင့် မြန်မာပြည်ရှိ ဗုဒ္ဓဘာသာအများစုမှာ ဆင်းရဲသူသာများ၏။ ဗုဒ္ဓဘာသာများ ဆင်းရဲသောအခါ သာသနာလည်း ညှိုးငယ်ရတော့၏။ ဘာသာမကောင်း၍ဘဲ လူတွေဆင်းရဲနေသယောင် အထင်သေးခံရတော့၏။
အမှန်ကား ဗုဒ္ဓဘာသာဖြစ်ပြီး ဗုဒ္ဓစကား နားမထောင်သောကြောင့် မြန်မာအများစု ဆင်းရဲနေရခြင်း ဖြစ်၏။ ဗုဒ္ဓက အင်္ဂုတ္တိုရ်ပါဠိတော် ဒီဃဇာဏုသုတ်တွင် ကြီးပွားချမ်းသာ လိုသူများသည်……
ထထကြွကြွ လုံ့လဝီရိယရှိစွာဖြင့် ရှာဖွေရမည်။ ရလာသောဥစ္စာများကို မိန်းမအပျော်အပါး လောင်းကစား သေရည်သေရက် ကိစ္စတို့ဖြင့် မကုန်ခန်းအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်။
အဝင်အထွက်မျှအောင် စာရင်းဇယားဖြင့် သုံးစွဲရမည်။ ကိုယ့်ကိုသွန်သင်
ဆုံးမမည့် မိတ်ကောင်း ဆွေကောင်းကို ရှာဖွေပေါင်းသင်းရမည် ဟုဟောကြားထား၏။
မြန်မာအများစုကား စီးပွားဥစ္စာကို ပျင်းတိပျင်းရွဲသာ ရှာဖွေကြ၏။ ဝတ်ကျေတမ်းကျေသာ ရှာဖွေကြ၏။ ရလာသော ဥစ္စာကြေးငွေကိုလည်း ထင်သလို သုံးကြဖြုန်းကြ၏။ ဝင်ငွေနှင့် ထွက်ငွေမမျှ ဖြစ်နေတတ်ကြ၏။ ထို့ကြောင့် မြန်မာအများစုမှာ ကြွေးတင်ကျွန်ဖြစ် နေကြရ၏။
ဘုရားရှင်က ကြီးပွားချမ်းသာလိုလျှင် မိတ်ကောင်းဆွေကောင်းကို ရှာဖွေပေါင်းသင်းဟု ဟောထားသော်လည်း မြန်မာအများစုကား
၁။ တရားတော်များကို ရွတ်ဆို ပူဇော်နေသူ။
၂။ တရားတော်ကို စိတ်ဝင်တစား အမြဲနာကြားနေသူ။
၃။ တရားတော်ကို စိတ်ဖြင့် ဆင်ခြင်နှလုံးသွင်းသူ။
၎။ အယူမှားပျောက်အောင် တရားကို ရှုပွားထားသူ တို့ဖြစ်သည်။
အရိယာနွယ်ဝင် ပုထုဇဉ်များသည် ဖော်ပြပါ ကုသိုလ်လေးမျိုးတွင် တစ်မျိုးမျိုးကို အမြဲပြုလုပ်နေသူသာ ဖြစ်၏။ ထို့ကြောင့် ယခုဘဝ မဂ်ဖိုလ်မရသော်လည်း နောက်ဘဝနတ်ပြည်တွင် မဂ်ဖိုလ်ရမည့်သူ ဖြစ်သောကြောင့် သောတာပန်နည်းတူ သံသရာတစ်လျှောက် အပါယ်လေးပါး မကျတော့သူဟု တန်းတူထား၍ ဆိုရခြင်းဖြစ်သည်။
ယခု မိမိကြိုက်နှစ်သက်ရာဘုံကို ရွေးချယ်နေထိုင်ကြသော ပုထုဇဉ် သူတော်ကောင်းတို့၏ အကြောင်းများကို လက်လှမ်းမီသမျှတင်ပြအံ့။ ဓမ္မပဒအဋ္ဌကထာ၌လာသော မဟာဓမ္မိကအမည်ရှိ ဥပါသကာကြီးပင် ဖြစ်၏။
လူမိုက်သည် လူ့ဘုံကို ကာမဂုဏ်ခံစားရာ နေရာတစ်ခုအဖြစ် သတ်မှတ်၏။ လူလိမ္မာသည် လူ့ဘုံကို ကုသိုလ်မျိုးစုံပြုဖို့ရာ နေရာအဖြစ် သတ်မှတ်၏။
လောကကြီး ပျက်စီးအောင် လုပ်သူများသည် လူ့ဘုံကို ကာမဂုဏ်ခံစားရာနေရာဟု သတ်မှတ်သူများပင်ဖြစ်၏။ ထိုအမြင် ထိုအယူအဆသည် ဘယ်သူသေသေ ငတေမာပြီးရောဟု သဘောထားသော အတ္တသမားများစွာကို ဖြစ်ထွန်း ပေါ်ပေါက်စေခဲ့သည်။
လောကကြီးကို သာယာချမ်းမြေ့အောင် ပြုလုပ်သူများသည် လူ့ဘုံကို ကုသိုလ်မျိုးစုံ ဆည်းပူးရာနေရာဟု သတ်မှတ်သူများပင်ဖြစ်၏။ ထိုအမြင် ထိုအယူအဆက လောကကောင်းကျိုးကို အပြည့်အဝ တကယ်လုပ်ဆောင်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာစသော အရိယာသူတော်ကောင်းများစွာကိ
မဟာဓမ္မိက ဥပါသကာကြီးသည် လူ့ဘဝကို ကုသိုလ်အားလုံး ဆည်းပူးရာနေရာအဖြစ် သတ်မှတ်သူဖြစ်၏။ ထိုသို့ သတ်မှတ်သည့်အတွက် စီးပွားရေးမှာ အားမပျော့သည့်အပြင် ပို၍ ကြိုးစားအားထုတ် ရှာဖွေ၏။
များများရှိမှ များများလှူနိုင်မည်ဟု ခံယူထားသောကြောင့် ဖြစ်၏။ ထိုခံယူချက် မရှိမှုကြောင့် မြန်မာပြည်ရှိ ဗုဒ္ဓဘာသာအများစုမှာ ဆင်းရဲသူသာများ၏။ ဗုဒ္ဓဘာသာများ ဆင်းရဲသောအခါ သာသနာလည်း ညှိုးငယ်ရတော့၏။ ဘာသာမကောင်း၍ဘဲ လူတွေဆင်းရဲနေသယောင် အထင်သေးခံရတော့၏။
အမှန်ကား ဗုဒ္ဓဘာသာဖြစ်ပြီး ဗုဒ္ဓစကား နားမထောင်သောကြောင့် မြန်မာအများစု ဆင်းရဲနေရခြင်း ဖြစ်၏။ ဗုဒ္ဓက အင်္ဂုတ္တိုရ်ပါဠိတော် ဒီဃဇာဏုသုတ်တွင် ကြီးပွားချမ်းသာ လိုသူများသည်……
ထထကြွကြွ လုံ့လဝီရိယရှိစွာဖြင့် ရှာဖွေရမည်။ ရလာသောဥစ္စာများကို မိန်းမအပျော်အပါး လောင်းကစား သေရည်သေရက် ကိစ္စတို့ဖြင့် မကုန်ခန်းအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်
မြန်မာအများစုကား စီးပွားဥစ္စာကို ပျင်းတိပျင်းရွဲသာ ရှာဖွေကြ၏။ ဝတ်ကျေတမ်းကျေသာ ရှာဖွေကြ၏။ ရလာသော ဥစ္စာကြေးငွေကိုလည်း ထင်သလို သုံးကြဖြုန်းကြ၏။ ဝင်ငွေနှင့် ထွက်ငွေမမျှ ဖြစ်နေတတ်ကြ၏။ ထို့ကြောင့် မြန်မာအများစုမှာ ကြွေးတင်ကျွန်ဖြစ် နေကြရ၏။
ဘုရားရှင်က ကြီးပွားချမ်းသာလိုလျှင် မိတ်ကောင်းဆွေကောင်းကို ရှာဖွေပေါင်းသင်းဟု ဟောထားသော်လည်း မြန်မာအများစုကား
မြာပွေသူ ဇိုးသမားနှင့်
လောင်းကစားသမားများကိုသာ ရှာဖွေပေါင်းသင်းကြ၏။ ထို့ကြောင့်
ဗုဒ္ဓဘာသာအများစုသည် ဗုဒ္ဓစကားကို နားမထောင်ကြသောကြောင့် ဆင်းရဲရသည်ဟု
ဆိုခဲ့ရခြင်းဖြစ်၏။
ဆိုခဲ့ပြီး မဟာဓမ္မိက ဥပါသကာကြီးကား ဗုဒ္ဓဘာသာပီပီ ဘုရား၏စကားတော်ကို တစ်သွေမတိမ်း လိုက်နာပြီး စီးပွားရှာသောကြောင့် ကြီးပွားချမ်းသာ၏။ ကြီးပွားချမ်းသာသလောက်လည်း သာသနာနှင့် လောကကို ချီးမြောက်ထောက်ပံ့၏။ သရဏဂုံလည်းတည် ငါးပါးသီလလည်း လုံသောကြောင့် လူတစ်ယောက်စင်စစ်ဖြစ်သော မဟာဓမ္မိကဥပါသကာကြီးသည် သေခြင်းတရားကို မိတ်ဆွေလို သဘောထားနိုင်ခဲ့၏။
သက်တမ်းကုန်၍ သေချိန်ကျသောအခါ သံဃာတော်များ၏ တရားကိုနာရင်း သေလိုသည့်အတွက် သံဃာတော်များကို ပင့်ဖိတ်ပြီး အိပ်ရာထက်မှာပင် တရားနာယူ၏။ ထိုအချိန်တွင် နတ်ပြည်ခြောက်ထပ်မှ ရထားခြောက်စင်းသည် ဥပါသကာကြီး၏ ခေါင်းရင်းဖက် ကောင်းကင်မှပေါ်လာကာ သူ့ရထားပေါ်တက်ပါ ငါ့ရထားပေါ် တက်ပါနှင့် အတင်းခေါ်ယူနေကြ၏။
ဥပါသကာကြီးက တရားနာပျက်မည် စိုးသည့်အတွက် ခေတ္တဆိုင်းငံ့ကြပါဦးဟု လှမ်းပြောလိုက်၏။ ထိုစကားကို ကြားသွားသော ရဟန်းတော်များက သူတို့ကို လျှောက်ထားသည်ထင်၍ တရားဟောမှုကိုရပ်ပြီး ကျောင်းသို့ ပြန်ကြွသွားကြ၏။ သားသမီးများကလည်း ဥပါသကာကြီးသည် သေခြင်းတရားကို ကြောက်လန့်သောကြောင့် တရားဟောကို ရပ်ခိုင်းသည်ဟုထင်ကာ အော်ဟစ်ငိုကြလေ၏။
မေးမြန်းကြည့်၍ သားသမီးများ၏ စိုးရိမ်သောကကို သိသွားသော ဥပါသကာကြီးက ရဟန်းများကို တရားဟောရပ်ခိုင်းခြင်း မဟုတ်ဘဲ နတ်ရထားခြောက်စင်းကိုသာ ခဏရပ်ခိုင်းခြင်းဖြစ်ကြောင်း
ရှင်းပြ၏။ သူတို့၏ ပကတိမျက်စိဖြင့် မမြင်ရသောကြောင့် သားသမီးတို့က
မယုံကြပေ။ ထိုအခါ တစ်ဘဝလုံးပြုခဲ့သော ကုသိုလ်၏ ကောင်းကျိုးကို
သေချာသိစေလိုသော ဥပါသကာကြီးက နတ်ပြည်ခြောက်ထပ်တွင် အမြတ်ဆုံးဟု ဆိုရသော
တုသိတာနတ်ရထား၌ ချိတ်မိပါစေသတည်းဟု အဓိဋ္ဌာန်ပြု၍ ပန်းကုံးတစ်ကုံးကို
ကောင်းကင်သို့ ပစ်တင်ရန် အကြံပေး၏။
ပြောသည့်အတိုင်း ပစ်တင်လိုက်သောအခါ ပန်းကုံးသည် တုသိတာနတ်ရထား၌ ချိတ်ဆွဲမိနေ၏။ သို့သော် ပန်းကုံးကိုသာမြင်ရပြီး နတ်ရထားကိုကား မမြင်ရပေ။ ထိုသို့ လက်တွေ့မြင်ရသော အခါတွင်မှ သားသမီးများသည် အံ့သြဝမ်းသာသွားကြလေ၏။ ပန်းကုံးကြီး တဖြည်းဖြည်း မြင့်တက်သွားသည်နှင့် ဥပါသကာကြီး၏ လူ့ဘဝ တစ်ဘဝတာသည်လည်း အကျိုးရှိစွာ ချုပ်ငြိမ်းလေတော့သည်။
သင်္ဘောကြီးဖြင့် ခရီးသွားသူသည် ကပ်လိုသည့် ဆိပ်ကမ်းတွင် ကပ်နိုင်သကဲ့သို့ ကုသိုလ်ဖြင့် သံသရာခရီးသွားသူသည် မိမိရောက်လိုသည့် ဘုံသို့ ရောက်နိုင်ကြောင်း မဟာဓမ္မိကဥပါသကာကြီးက လက်တွေ့ပြလိုက်ခြင်း ဖြစ်၏။
ဓမ္မိကဥပါသကာကြီးသည် ဗုဒ္ဓစကားကို သေချာနားထောင်ခဲ့သောကြောင့် စီးပွားရေးရော ကုသိုလ်ရေးပါ နှစ်ခုလုံး အောင်မြင်ခဲ့ခြင်း ဖြစ်၏။
ဗုဒ္ဓဘာသာ မြန်မာတိုင်းကို ဓမ္မိကဥပါသကာကြီးကဲ့သို့ ဖြစ်စေချင်လှသည်။
---------------------------------
(မေတ္တာရှင် ရွှေပြည်သာ)
ဆိုခဲ့ပြီး မဟာဓမ္မိက ဥပါသကာကြီးကား ဗုဒ္ဓဘာသာပီပီ ဘုရား၏စကားတော်ကို တစ်သွေမတိမ်း လိုက်နာပြီး စီးပွားရှာသောကြောင့် ကြီးပွားချမ်းသာ၏။ ကြီးပွားချမ်းသာသလောက်လည်း သာသနာနှင့် လောကကို ချီးမြောက်ထောက်ပံ့၏။ သရဏဂုံလည်းတည် ငါးပါးသီလလည်း လုံသောကြောင့် လူတစ်ယောက်စင်စစ်ဖြစ်သော မဟာဓမ္မိကဥပါသကာကြီးသည် သေခြင်းတရားကို မိတ်ဆွေလို သဘောထားနိုင်ခဲ့၏။
သက်တမ်းကုန်၍ သေချိန်ကျသောအခါ သံဃာတော်များ၏ တရားကိုနာရင်း သေလိုသည့်အတွက် သံဃာတော်များကို ပင့်ဖိတ်ပြီး အိပ်ရာထက်မှာပင် တရားနာယူ၏။ ထိုအချိန်တွင် နတ်ပြည်ခြောက်ထပ်မှ ရထားခြောက်စင်းသည် ဥပါသကာကြီး၏ ခေါင်းရင်းဖက် ကောင်းကင်မှပေါ်လာကာ သူ့ရထားပေါ်တက်ပါ ငါ့ရထားပေါ် တက်ပါနှင့် အတင်းခေါ်ယူနေကြ၏။
ဥပါသကာကြီးက တရားနာပျက်မည် စိုးသည့်အတွက် ခေတ္တဆိုင်းငံ့ကြပါဦးဟု လှမ်းပြောလိုက်၏။ ထိုစကားကို ကြားသွားသော ရဟန်းတော်များက သူတို့ကို လျှောက်ထားသည်ထင်၍ တရားဟောမှုကိုရပ်ပြီး ကျောင်းသို့ ပြန်ကြွသွားကြ၏။ သားသမီးများကလည်း ဥပါသကာကြီးသည် သေခြင်းတရားကို ကြောက်လန့်သောကြောင့် တရားဟောကို ရပ်ခိုင်းသည်ဟုထင်ကာ အော်ဟစ်ငိုကြလေ၏။
မေးမြန်းကြည့်၍ သားသမီးများ၏ စိုးရိမ်သောကကို သိသွားသော ဥပါသကာကြီးက ရဟန်းများကို တရားဟောရပ်ခိုင်းခြင်း မဟုတ်ဘဲ နတ်ရထားခြောက်စင်းကိုသာ ခဏရပ်ခိုင်းခြင်းဖြစ်ကြောင်
ပြောသည့်အတိုင်း ပစ်တင်လိုက်သောအခါ ပန်းကုံးသည် တုသိတာနတ်ရထား၌ ချိတ်ဆွဲမိနေ၏။ သို့သော် ပန်းကုံးကိုသာမြင်ရပြီး နတ်ရထားကိုကား မမြင်ရပေ။ ထိုသို့ လက်တွေ့မြင်ရသော အခါတွင်မှ သားသမီးများသည် အံ့သြဝမ်းသာသွားကြလေ၏။ ပန်းကုံးကြီး တဖြည်းဖြည်း မြင့်တက်သွားသည်နှင့် ဥပါသကာကြီး၏ လူ့ဘဝ တစ်ဘဝတာသည်လည်း အကျိုးရှိစွာ ချုပ်ငြိမ်းလေတော့သည်။
သင်္ဘောကြီးဖြင့် ခရီးသွားသူသည် ကပ်လိုသည့် ဆိပ်ကမ်းတွင် ကပ်နိုင်သကဲ့သို့ ကုသိုလ်ဖြင့် သံသရာခရီးသွားသူသည် မိမိရောက်လိုသည့် ဘုံသို့ ရောက်နိုင်ကြောင်း မဟာဓမ္မိကဥပါသကာကြီးက လက်တွေ့ပြလိုက်ခြင်း ဖြစ်၏။
ဓမ္မိကဥပါသကာကြီးသည် ဗုဒ္ဓစကားကို သေချာနားထောင်ခဲ့သောကြောင့်
ဗုဒ္ဓဘာသာ မြန်မာတိုင်းကို ဓမ္မိကဥပါသကာကြီးကဲ့သို့ ဖြစ်စေချင်လှသည်။
--------------------------
(မေတ္တာရှင် ရွှေပြည်သာ)
No comments:
Post a Comment