
★★★ ကိုယ့်ဘဝကိုယ် အလင်းထိုးကြည့်ပါ ★★★
မှောင်မိုက်ခြင်းရဲ့ အဓိပ္ပါယ် မီးပျက်လို့ရှိရင်သိမှာပါ
ကိုယ့်အိမ်က မီးပျက်ပြီးတော့ ဟိုဘက်အိမ်က မီးလင်းနေရင်
မှောင်မိုက်ခြင်းရဲ့ အဓိပ္ပါယ် မသိဘူးလား သိတယ်နော်
အဲဒီတော့ လက္ခဏသုတ္တန် အကြောင်းလေးပြောပြပါမယ် ။
လက္ခဏသုတ္တန်ဆိုတာကတော့ ပညာရှိရဲ့လက္ခဏာ
ပညာမဲ့ရဲ့ လက္ခဏာ တနည်းပြောတော့
လူလိမ္မာရဲ့ လက္ခဏာ လူမိုက်ရဲ့ လက္ခဏာ
ဆိုပြီးတော့ပြထားပါတယ်
လူမိုက်ရဲ့ လက္ခဏာ လူလိမ္မာရဲ့
လက္ခဏာဆိုလို့ ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး
မြတ်စွာဘုရားရှင်က ရိုးရိုးရှင်းရှင်းကြီး
ဟောထားပါတယ် လူတစ်ယောက်ကို
လူမိုက်လို့ သိနိုင်တာကလည်း သူရဲ့
ကံကို ကြည့်ပြီးသိနိုင်ပါတယ်
သူရဲ့ အလုပ်ကိုကြည့်ပြီး သိနိုင်ပါတယ်
စိတ်နဲ့ မကောင်းတာတွေကြံစည်နေတယ်
နှုတ်နဲ့ မကောင်းတာတွေ ပြောဆိုနေတယ်
ကိုယ်နဲ့ မကောင်းတာတွေ ပြုလုပ်နေတယ်ဆိုရင်
အဲဒီပုဂ္ဂိုလ်ဟာ လူမိုက်ပါပဲ
ဒီ့ထက်ရှင်းတာ ဘာမှမရှိတော့ဘူးနော်
ပညာရှိဆိုတာကလည်း စိတ်နဲ့
ကောင်းတာတွေ ကြံစည်တယ်
နှုတ်နဲ့ ကောင်းတာတွေ ပြောဆိုတယ်
ကိုယ်နဲ့ ကောင်းတာတွေ ပြုလုပ်တယ်
အဲဒီလို ပုဂ္ဂိုလ်မျိုးကို ပညာရှိလို့ ခေါ်ပါတယ်
မြတ်စွာဘုရားရဲ့ တိုက်ရိုက်အလင်းစကား
ဘာမှချဲ့ထွင်တာ မပါဘူး
ကိုယ်ကိုယ်တိုင် မြတ်စွာဘုရားရှင်ရဲ့
မူရင်းအလင်းစကားကို သိပြီးတော့
သူနေရာနဲ့သူ အသုံးချတတ်ဖို့ပဲ အရေးကြီးပါတယ်
ဘယ်အကြံစည်က မကောင်းတဲ့အကြံစည်
ဘယ်အကြံစည်က ကောင်းတဲ့အကြံစည်
ဘယ်အပြောဆိုက မကောင်းတဲ့ အပြောအဆို
ဘယ်အပြောဆိုက ကောင်းတဲ့ အပြောအဆို
ဘယ်အပြုမူက မကောင်းတဲ့ အပြုမူ
ဘယ်အပြုက ကောင်းတဲ့ အပြုမူဆိုတာကိုတော့
သိထားဖို့ လို့ပါတယ်
စိတ်က တစ်ခုခုကြံစည်ပြီဆိုရင်
ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်လိုက်ပေါ့
ငါကောင်းတာတွေ ကြံစည်နေတာလား
မကောင်းတာတွေ ကြံစည်နေတာလား
မကောင်းတာတွေ ကြံစည်နေတယ်
မကြံစည်သင့် မကြံစည်ထိုက်တဲ့အတွေးတွေ
ကြံစည်နေတယ်ဆိုရင်တော့
ဒီအခိုက်အတန့်မှာ ငါလူမိုက်ပဲလို့သိပါ
ကောင်းတာတွေ ကြံစည်နေတယ်
ကြံစည်သင့် ကြံစည်ထိုက်တဲ့အတွေးတွေ
ကြံစည်နေတယ်ဆိုရင်တော့
ဒီအခိုက်တန့်မှာ ငါပညာရှိပဲ
ကိုယ့်အပြောဆိုတွေလည်း စစ်ဆေးကြည့်
အခု ထိုင်ပြီး ပြန်တွေးစစ်ကြည့်ရမှာ မဟုတ်ဘူး
ပြောနေဆဲအခိုက်အတန့် မပြောခင် အခိုက်အတန့်
ပြောပြီးအခိုက်အတန့် အဲဒီလို ပြောတာနဲ့
သက်ဆိုင်တဲ့အချိန်လေးတွေမှာ စဉ်းစားရမှာ
လူမိုက်အလုပ် လုပ်တဲ့အခိုက်
လူမိုက်အပြော ပြောတဲ့အခိုက်
လူမိုက်အတွေး တွေးတဲ့အခိုက်
အဲဒီလူကို တခြားအချိန်တွေမှာ
ဘယ်လောက်ကောင်းကောင်း
လူမိုက်လို့ ခေါ်ပါတယ်
ပညာရှိအလုပ် လုပ်တဲ့အခိုက်
ပညာရှိအပြော ပြောတဲ့အခိုက်
ပညာရှိအတွေး တွေးတဲ့အခိုက်
အဲဒီလူကို တခြားအချိန်တွေမှာ
ဘယ်လောက်ဆိုးဆိုး ပညာရှိလို့ပဲ ခေါ်ပါတယ်
အဲဒီအလင်းစကား အလင်းတရားက
ကိုယ့်ကိုယ်ကိုယ် မီးမောင်းထိုးပြီးတော့ ကြည့်ဖို့ပဲ
ဓာတ်မီး လက်ထဲကိုင်ထားပြီးတော့
အမှောင်ထဲ သွားတဲ့အခါ ဓာတ်မီးခလုတ်
မနှိပ်ဘဲနဲ့ ရှေ့မှာအန္တာယ်ရှိ-မရှိ
ခလုတ်တံသင်း ရှိ-မရှိ မြွေကင်းရှိ-မရှိ
သိနိုင်ပါ့မလား မသိနိုင်ပါဘူး
အဲဒီတော့ ကိုယ်နဲ့ မကောင်းတာပြုလုပ်တဲ့သူ
နှုတ်နဲ့ မကောင်းတာ ပြောဆိုတဲ့သူ
စိတ်နဲ့မကောင်းတာကြံစည်နေတဲ့သူဟာ
ကိုယ့်ဂုဏ်ကိုယ် တူးဖြိုနေတာပါပဲ
ပညာရှိတွေ ကဲ့ရဲစရာဖြစ်နေတာပါပဲ
အပြစ်ရှိနေတဲ့ ပုဂ္ဂိုလ်ပါပဲ...တဲ့
အဲဒီတော့ သူတော်ကောင်းဂုဏ်နဲ့
ဂုဏ်မြင့်တဲ့သူ ဖြစ်ချင်ရင် ဘာလုပ်ရမလဲ
ခတသုတ္တန်အတိုင်းပြောရရင်
ကိုယ်နဲ့ကောင်းတာလုပ် နှုတ်နဲ့ကောင်းတာပြော
စိတ်နဲ့ကောင်းတာကြံ ဒါဆိုဂုဏ်မြင့်သူဖြစ်သွားတာပေါ့
ကိုယ်နဲ့မကောင်းတာတွေပြု နှုတ်နဲ့ မကောင်းတာတွေပြော
စိတ်နဲ့မကောင်းတာတွေ ကြံနေတယ်ဆိုရင်တော့
အဲဒီအချိန်မှာ ဂုဏ်နိမ့်သူဖြစ်သွားပြီး
အဲဒါကြောင့် လူတစ်ယောက်ကို တစ်သမတ်တည်း
ဒီလူက ဂုဏ်မြင့်သူပဲ ဒီလူကတော့ ဂုဏ်နိမ့်သူပဲလို့
ပြောလို့မရဘူး သူအခိုက်တန့်လေးနဲ့ သူပဲပြောလို့ရတယ်
အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီ ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီဆိုရင်တော့
အချိန်ပြည့် ဂုဏ်မြင့်သူဖြစ်သွားတာပေါ့
ပုထုဇဉ်နယ်ပယ်မှာတော့
သူတော်ကောင်းအလုပ်ကို
လုပ်နေတဲ့အခိုက်
သူတော်ကောင်း ဖြစ်မယ်
သူယုတ်မာအလုပ်ကို
လုပ်နေတဲ့အခိုက်
သူယုတ်မာ ဖြစ်မယ်
လူတွေဟာ ကိုယ့်ကိုယ်ကို သူတော်ကောင်းလို့ ပါးစပ်က
ထုတ်ပြီးမပြောတောင်မှ ကိုယ်စိတ်ထဲကတော့
ကိုယ့်ကိုယ်ကို သူတော်ကောင်းလို့ပဲ
သတ်မှတ်ချင်ကြတာမဟုတ်လား
အဲဒီတော့ ကိုယ့်ကို သူတပါးက သူယုတ်မာလို့
ပြောတာကိုလည်းမကြိုက်ဘူး
ကိုယ့်ကိုယ်ကိုလည်း သူယုတ်မာလို့ သတ်မှတ်မထားဘူး
သူတော်ကောင်းလို့ပဲ သတ်မှတ်တတ်ကြတယ်
ဒါကြောင့် မှောင်မိုက်ခြင်းရဲ့ အဓိပ္ပါယ်
အလင်းတန်းတွေ့ရင် သိလိမ့်မယ်
ကိုယ့်ဘာသာကိုယ် ဉာဏ်နဲ့ချဲ့ထွင်ပြီးတော့
တွေးကြပေတော့လို့ အကြံကောင်းလေးပြုပါရစေ
★★★ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက ရေးသားသော★★★
အလင်းစေတမန် စာအုပ်မှ မျှဝေပါသည်
မိမိဘဝကို အလင်းလူသားဖြစ်အောင်
အလင်းဆောင်နိုင်သော ပုဂ္ဂိုလ်ဖြစ်နိုင်ကြပါစေ။
မှောင်မိုက်ခြင်းရဲ့ အဓိပ္ပါယ် မီးပျက်လို့ရှိရင်သိမှာပါ
ကိုယ့်အိမ်က မီးပျက်ပြီးတော့ ဟိုဘက်အိမ်က မီးလင်းနေရင်
မှောင်မိုက်ခြင်းရဲ့ အဓိပ္ပါယ် မသိဘူးလား သိတယ်နော်
အဲဒီတော့ လက္ခဏသုတ္တန် အကြောင်းလေးပြောပြပါမယ် ။
လက္ခဏသုတ္တန်ဆိုတာကတော့ ပညာရှိရဲ့လက္ခဏာ
ပညာမဲ့ရဲ့ လက္ခဏာ တနည်းပြောတော့
လူလိမ္မာရဲ့ လက္ခဏာ လူမိုက်ရဲ့ လက္ခဏာ
ဆိုပြီးတော့ပြထားပါတယ်
လူမိုက်ရဲ့ လက္ခဏာ လူလိမ္မာရဲ့
လက္ခဏာဆိုလို့ ခက်ခက်ခဲခဲကြီး မဟုတ်ပါဘူး
မြတ်စွာဘုရားရှင်က ရိုးရိုးရှင်းရှင်းကြီး
ဟောထားပါတယ် လူတစ်ယောက်ကို
လူမိုက်လို့ သိနိုင်တာကလည်း သူရဲ့
ကံကို ကြည့်ပြီးသိနိုင်ပါတယ်
သူရဲ့ အလုပ်ကိုကြည့်ပြီး သိနိုင်ပါတယ်
စိတ်နဲ့ မကောင်းတာတွေကြံစည်နေတယ်
နှုတ်နဲ့ မကောင်းတာတွေ ပြောဆိုနေတယ်
ကိုယ်နဲ့ မကောင်းတာတွေ ပြုလုပ်နေတယ်ဆိုရင်
အဲဒီပုဂ္ဂိုလ်ဟာ လူမိုက်ပါပဲ
ဒီ့ထက်ရှင်းတာ ဘာမှမရှိတော့ဘူးနော်
ပညာရှိဆိုတာကလည်း စိတ်နဲ့
ကောင်းတာတွေ ကြံစည်တယ်
နှုတ်နဲ့ ကောင်းတာတွေ ပြောဆိုတယ်
ကိုယ်နဲ့ ကောင်းတာတွေ ပြုလုပ်တယ်
အဲဒီလို ပုဂ္ဂိုလ်မျိုးကို ပညာရှိလို့ ခေါ်ပါတယ်
မြတ်စွာဘုရားရဲ့ တိုက်ရိုက်အလင်းစကား
ဘာမှချဲ့ထွင်တာ မပါဘူး
ကိုယ်ကိုယ်တိုင် မြတ်စွာဘုရားရှင်ရဲ့
မူရင်းအလင်းစကားကို သိပြီးတော့
သူနေရာနဲ့သူ အသုံးချတတ်ဖို့ပဲ အရေးကြီးပါတယ်
ဘယ်အကြံစည်က မကောင်းတဲ့အကြံစည်
ဘယ်အကြံစည်က ကောင်းတဲ့အကြံစည်
ဘယ်အပြောဆိုက မကောင်းတဲ့ အပြောအဆို
ဘယ်အပြောဆိုက ကောင်းတဲ့ အပြောအဆို
ဘယ်အပြုမူက မကောင်းတဲ့ အပြုမူ
ဘယ်အပြုက ကောင်းတဲ့ အပြုမူဆိုတာကိုတော့
သိထားဖို့ လို့ပါတယ်
စိတ်က တစ်ခုခုကြံစည်ပြီဆိုရင်
ကိုယ့်ကိုယ်ကို စစ်ဆေးကြည့်လိုက်ပေါ့
ငါကောင်းတာတွေ ကြံစည်နေတာလား
မကောင်းတာတွေ ကြံစည်နေတာလား
မကောင်းတာတွေ ကြံစည်နေတယ်
မကြံစည်သင့် မကြံစည်ထိုက်တဲ့အတွေးတွေ
ကြံစည်နေတယ်ဆိုရင်တော့
ဒီအခိုက်အတန့်မှာ ငါလူမိုက်ပဲလို့သိပါ
ကောင်းတာတွေ ကြံစည်နေတယ်
ကြံစည်သင့် ကြံစည်ထိုက်တဲ့အတွေးတွေ
ကြံစည်နေတယ်ဆိုရင်တော့
ဒီအခိုက်တန့်မှာ ငါပညာရှိပဲ
ကိုယ့်အပြောဆိုတွေလည်း စစ်ဆေးကြည့်
အခု ထိုင်ပြီး ပြန်တွေးစစ်ကြည့်ရမှာ မဟုတ်ဘူး
ပြောနေဆဲအခိုက်အတန့် မပြောခင် အခိုက်အတန့်
ပြောပြီးအခိုက်အတန့် အဲဒီလို ပြောတာနဲ့
သက်ဆိုင်တဲ့အချိန်လေးတွေမှာ
လူမိုက်အလုပ် လုပ်တဲ့အခိုက်
လူမိုက်အပြော ပြောတဲ့အခိုက်
လူမိုက်အတွေး တွေးတဲ့အခိုက်
အဲဒီလူကို တခြားအချိန်တွေမှာ
ဘယ်လောက်ကောင်းကောင်း
လူမိုက်လို့ ခေါ်ပါတယ်
ပညာရှိအလုပ် လုပ်တဲ့အခိုက်
ပညာရှိအပြော ပြောတဲ့အခိုက်
ပညာရှိအတွေး တွေးတဲ့အခိုက်
အဲဒီလူကို တခြားအချိန်တွေမှာ
ဘယ်လောက်ဆိုးဆိုး ပညာရှိလို့ပဲ ခေါ်ပါတယ်
အဲဒီအလင်းစကား အလင်းတရားက
ကိုယ့်ကိုယ်ကိုယ် မီးမောင်းထိုးပြီးတော့ ကြည့်ဖို့ပဲ
ဓာတ်မီး လက်ထဲကိုင်ထားပြီးတော့
အမှောင်ထဲ သွားတဲ့အခါ ဓာတ်မီးခလုတ်
မနှိပ်ဘဲနဲ့ ရှေ့မှာအန္တာယ်ရှိ-မရှိ
ခလုတ်တံသင်း ရှိ-မရှိ မြွေကင်းရှိ-မရှိ
သိနိုင်ပါ့မလား မသိနိုင်ပါဘူး
အဲဒီတော့ ကိုယ်နဲ့ မကောင်းတာပြုလုပ်တဲ့သူ
နှုတ်နဲ့ မကောင်းတာ ပြောဆိုတဲ့သူ
စိတ်နဲ့မကောင်းတာကြံစည်နေတဲ
ကိုယ့်ဂုဏ်ကိုယ် တူးဖြိုနေတာပါပဲ
ပညာရှိတွေ ကဲ့ရဲစရာဖြစ်နေတာပါပဲ
အပြစ်ရှိနေတဲ့ ပုဂ္ဂိုလ်ပါပဲ...တဲ့
အဲဒီတော့ သူတော်ကောင်းဂုဏ်နဲ့
ဂုဏ်မြင့်တဲ့သူ ဖြစ်ချင်ရင် ဘာလုပ်ရမလဲ
ခတသုတ္တန်အတိုင်းပြောရရင်
ကိုယ်နဲ့ကောင်းတာလုပ် နှုတ်နဲ့ကောင်းတာပြော
စိတ်နဲ့ကောင်းတာကြံ ဒါဆိုဂုဏ်မြင့်သူဖြစ်သွားတာ
ကိုယ်နဲ့မကောင်းတာတွေပြု နှုတ်နဲ့ မကောင်းတာတွေပြော
စိတ်နဲ့မကောင်းတာတွေ ကြံနေတယ်ဆိုရင်တော့
အဲဒီအချိန်မှာ ဂုဏ်နိမ့်သူဖြစ်သွားပြီး
အဲဒါကြောင့် လူတစ်ယောက်ကို တစ်သမတ်တည်း
ဒီလူက ဂုဏ်မြင့်သူပဲ ဒီလူကတော့ ဂုဏ်နိမ့်သူပဲလို့
ပြောလို့မရဘူး သူအခိုက်တန့်လေးနဲ့ သူပဲပြောလို့ရတယ်
အရိယာပုဂ္ဂိုလ်ဖြစ်သွားပြီ ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီဆိ
အချိန်ပြည့် ဂုဏ်မြင့်သူဖြစ်သွားတာပေါ့
ပုထုဇဉ်နယ်ပယ်မှာတော့
သူတော်ကောင်းအလုပ်ကို
လုပ်နေတဲ့အခိုက်
သူတော်ကောင်း ဖြစ်မယ်
သူယုတ်မာအလုပ်ကို
လုပ်နေတဲ့အခိုက်
သူယုတ်မာ ဖြစ်မယ်
လူတွေဟာ ကိုယ့်ကိုယ်ကို သူတော်ကောင်းလို့ ပါးစပ်က
ထုတ်ပြီးမပြောတောင်မှ ကိုယ်စိတ်ထဲကတော့
ကိုယ့်ကိုယ်ကို သူတော်ကောင်းလို့ပဲ
သတ်မှတ်ချင်ကြတာမဟုတ်လား
အဲဒီတော့ ကိုယ့်ကို သူတပါးက သူယုတ်မာလို့
ပြောတာကိုလည်းမကြိုက်ဘူး
ကိုယ့်ကိုယ်ကိုလည်း သူယုတ်မာလို့ သတ်မှတ်မထားဘူး
သူတော်ကောင်းလို့ပဲ သတ်မှတ်တတ်ကြတယ်
ဒါကြောင့် မှောင်မိုက်ခြင်းရဲ့ အဓိပ္ပါယ်
အလင်းတန်းတွေ့ရင် သိလိမ့်မယ်
ကိုယ့်ဘာသာကိုယ် ဉာဏ်နဲ့ချဲ့ထွင်ပြီးတော့
တွေးကြပေတော့လို့ အကြံကောင်းလေးပြုပါရစေ
★★★ရွှေပါရမီတောရ အရှင်ဆန္ဒာဓိက ရေးသားသော★★★
အလင်းစေတမန် စာအုပ်မှ မျှဝေပါသည်
မိမိဘဝကို အလင်းလူသားဖြစ်အောင်
အလင်းဆောင်နိုင်သော ပုဂ္ဂိုလ်ဖြစ်နိုင်ကြပါစေ။
No comments:
Post a Comment