
“အကောင်း မြင်စေချင်ပါသည်”
••••••••••••••••••••••••••••• ဘဝမှာကံအကြောင်းဆုံလို့ တွေ့ကြရတဲ့အချိန်လေးမှာ
အကောင်းမြင်စေချင်ပါတယ်။
ကိုယ့်ဘဝမှာတကယ်ဆုံဆည်းခွင့်ရတာ
ဘယ်နှစ်ယောက်များရှိလို့လဲ။နည်းနည်းလေးပါ။
ဆုံခွင့်ရတဲ့သူအချင်းချင်း တစ်ဦး နှင့် တစ်ဦး
နားလည်မှု ရှိစေချင်ပါတယ်။
မကောင်းမြင်ဖို့ဆိုရင် အမြင်ကောင်းဖို့လည်း လိုပါတယ်။
အမြင်ကောင်းဖို့ဆိုတာ မျက်စိကောင်းဖို့ ပြောတာမဟုတ်ပါဘူး။
တဖက်သားအပေါ်မှာ ထားရှိတဲ့ စိတ်နေစိတ်ထား ရိုးရှင်းဖို့ပြောတာပါ။
လူတစ်ယောက်ကို အကောင်းမြင်ဖို့ဆိုရင် ကြည့်တဲ့သူနှင့်ပဲ ဆိုင်ပါတယ်။
“အကောင်း”တွေချည်း စုနေတဲ့သူ မရှိသလို၊
“အဆိုး” တွေချည်း များနေတဲ့သူ လည်းမရှိပါဘူး။
ကြည့်တဲ့သူကအဆိုးတွေရွေးကြည့်ရင်
စိတ်နှလုံး မသာမယာဖြစ်မယ်။
လူတစ်ယောက်ကို တစ်ခုလောက် မကောင်းမြင် ကြည့်လိုက်ပါ။
အဲဒီလူရဲ့မကောင်းတဲ့လုပ်ရပ်တွေ ကိုယ့်စိတ်ထဲ
တစ်ခုပြီးတစ်ခု ရောက်လာပါလိမ့်မယ်။
အဲဒီ့အချိန်မှာ သူတစ်ပါးရဲ့ “မကောင်းကွက်”တွေ
နှလုံးသွင်းရလို့ သင့်စိတ်တွေ ပင်ပန်းနေလိမ့်မယ်။
လူတစ်ယောက်ကို တစ်ခုလောက်
“ကောင်းတာ” တွေ ရွေးကြည့်လိုက်ပါဦး။
အဲဒီလူရဲ့ ကောင်းကွက်တွေ၊သင့်စိတ်ထဲ တစ်ခုပြီးတစ်ခု ဝင်လာလိမ့်မယ်။
အဲဒီလူကိုကြည့်တဲ့ သင့်စိတ်ဟာ ကောင်းနေတဲ့အတွက်
သင်ဟာစိတ်ကောင်းကို ပိုင်ဆိုင် ထားတဲ့ပုဂ္ဂိုလ်ဖြစ်ပြီပေါ့။
စိတ်ကောင်းကိုပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်ကို ဆင်းရဲပင်ပန်းမှုတွေ
မဖြစ်စေနိုင်တာကတော့ သေချာပါတယ်။
-【အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment