------------------
မရနိုင်သောဘုံ
------------------
ကွယ်လွန်သူအတွက် အမျှရနိုင်သောဘုံနှင့် မရနိုင်သောဘုံ ဟူ၍ နှစ်မျိုးရှိ၏။
ထိုတွင် ငရဲဘုံ တိရစ္ဆာန်ဘုံ လူ့ဘုံ နတ်ဘုံတို့သို့ ရောက်သွားလျှင် ဤဘဝကပေးသော အမျှကို သာဓုမခေါ်နိုင်တော့ပေ။ သို့သော် မိမိရည်စူးသူ မရသော်လည်း ဘဝအဆက်ဆက်က ဆွေမျိုးတော်စပ်ခဲ့ဖူးသည့် မကျွတ်မလွတ်သေးသော ဆွေဟောင်းမျိုးဟောင်းများ သာဓုခေါ်နိုင်သည့်အတွက် ကောင်းကျိုးရှိသည်သာ။
သာဓုခေါ်နိုင်သောဘုံကား ပြိတ္တာဘုံသာဖြစ်၏။ အသူရကာယ်သည် ပြိတ္တာအကြီးအစားပင်ဖြစ်၍ ပြိတ္တာဘုံထဲ အကြုံးဝင်သည်ဟု သိနိုင်၏။ ပြိတ္တာလေးမျိုးရှိ၏။ ယင်းတို့ကား -----
၁။ ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ခုပ္ပိပါသိကပြိတ္တာ
၃။ နိဇ္ဈာမတဏှိကပြိတ္တာ
၎။ ကာလကဉ္စိကပြိတ္တာ တို့ဖြစ်သည်။
သူတစ်ပါးတို့ ပေးအပ်သောအစာကို အမှီပြု၍ အသက်ရှင်ရသော ပြိတ္တာကို ပရဒတ္တူပဇီဝိကပြိတ္တာ ဟုခေါ်သည်။
ထမင်းငတ်ခြင်း ရေမွတ်သိပ်ခြင်းဖြင့် မပြတ်အနှိပ်စက်ခံနေရသော ပြိတ္တာမျိုးကို ခုပ္ပိပါသိကပြိတ္တာ ဟုခေါ်၏။
အမြဲတမ်း အလောင်ကျွမ်းခံနေရသဖြင့် ပူပန်ခြင်းရှိသော ပြိတ္တာကို နိဇ္ဈာမတဏှိကပြိတ္တာ ဟုခေါ်၏။
အသူရကာယ်ဟု အသီးအခြား ခေါ်ဝေါ်အပ်သော ပြိတ္တာအသူရကာယ်ကို ကာလကိဉ္စိကပြိတ္တာ ဟုခေါ်၏။
ကာလကဉ္စိကအသူရကာယ်၏ ပုံသဏ္ဍာန်အကျယ်ကို အဋ္ဌကထာတွင် ယခုလိုဖွင့်ပြထား၏။ ။ ထိုကာလကိဉ္စိက အသူရကာယ်တို့၌ အတ္တဘောသည် သုံးဂါဝုတ် (၆)မိုင်မျှ ပမာဏရှိသောဟူ၏။ နည်းသော အသားအသွေးရှိ၏။ အရိုးအရေမျှသာ ရှိသည်အဖြစ်ကြောင့် ဖက်ရွက်ခြောက်ကဲ့သို့သော ကိုယ်ရှိ၏။ ပုဇွန်တို့ကဲ့သို့ မျက်စိတို့သည် ထွက်၍ ဦးခေါင်း၌ တည်ကုန်၏။ ခံတွင်းသည် အပ်နဖားပေါက်နှင့်တူ၏။ ထိုခံတွင်းသည် ဦးခေါင်းပေါ်၌ တည်၏။ ထို့ကြောင့် ကာလကိဉ္စိက အသူရကာယ်တို့သည် အောက်သို့ညွတ်ကုန်း၍ အစာကို ယူစားရ၏။
(ဒီ ဋ္ဌ ၃-၅)
မှတ်ချက်။ ။ နိယတဗျာဒိတ်ခံယူပြီးသော ဘုရားအလောင်းတော်တို့သည် ခုပ္ပိပါသိကပြိတ္တာ နိဇ္ဈာမတဏှိကပြိတ္တာ ကာလကိဉ္စိကပြိတ္တာမျိုး၌ မဖြစ်ဟု အပါဒါန်သုတ္တနိပါတ် ဗုဒ္ဓဝင်နှင့် စရိယာပိဋက အဋ္ဌကထာတို့၌ အဆိုရှိရာ ပရဒတ္တူပဇီဝိက ပြိတ္တာမျိုးကား ဖြစ်နိုင်သေး၏။
(အပါဒါန ဋ္ဌ- ၁/၁၅၇/ သုတ္တနိပါတ ဋ္ဌ-၁/၄၅/ ဗုဒ္ဓဝံသ ဋ္ဌ-၃၁၆/ စရိယာပိဋက ဋ္ဌ-၃၂၁)
ပြခဲ့ပြီး ပြိတ္တာလေးမျိုးတို့တွင်လည်း သေချာပေါက် အမျှရနိုင်သော ပြိတ္တာမျိုးသည် ပရဒတ္တူပဇီဝိကပြိတ္တာမျိုးပင် ဖြစ်သည်။ ရိုးရိုးပေးလှူရာ၌ အလှူခံပုဂ္ဂိုလ် ရွေးစရာမလိုသော်လည်း တမလွန်က လူအတွက် လှူရာ၌ကား အလှူခံပုဂ္ဂိုလ်ကို ရွေးရ၏။
အမျှရအောင်ဝေနည်း အဆင့်ဆင့်
-----------------------------------
၁။ အလှူခံပုဂ္ဂိုလ်သည် သီလစင်ကြယ်သောသူ ဖြစ်ရမည်။
၂။ သေသူကို နာမည်ခေါ်၍ ကြိုတင်ဖိတ်ကြားထားရမည်။
၃။ အမျှပေးသောအခါ သေသူ၏နာမည်ကို ထုတ်ဖော်ရမည်။
၎။ အပ်စပ်သော လှူဖွယ် ဝတ္တူများကိုသာ လှူရမည်။
(ဆွမ်း သင်္ကန်း ကျောင်း ဆေးစသည့် ဖြစ်ရမည် အလှူခံရဟန်း၌ ကပ္ပိယမပါလျှင် ငွေများမလှူသင့်)။
ထိုလေးချက်တွင် အလှူခံပုဂ္ဂိုလ် သီလစင်ကြယ်ဖို့ အရေးကြီးပုံနှင့် ပတ်သက်၍ ပေတဝတ္ထုပါဠိတော်လာ စူလသေဋ္ဌိပေတ္တဝတ္ထုကို အကျဉ်းချုပ်ပြဦးအံ့။
အခါတစ်ပါး၌ အဇာတသတ်ဘုရင်သည် နန်းတော်အထက်ကောင်းကင်မှ ဖြတ်သွားနေသော ပုဂ္ဂိုလ်တစ်ယောက်ကို ထူးဆန်းစွာ မြင်လိုက်ရ၏။ ရဟန်းတစ်ပါးထင်ပြီး လိုအပ်ချက်ကို လှူဒါန်းရန် လှမ်းပင့်လိုက်၍ ထိုပုဂ္ဂိုလ်သည် အဇာတသတ်မင်းရှေ့သို့ ရောက်လာလေ၏။ ထိုပုဂ္ဂိုလ်၏ တစ်ကိုယ်လုံး အဝတ်အစားမပါသကဲ့သို့ အသားစိုင် အသားခဲဟူ၍လည်း တစ်ခုမှမပါပေ။ အရိုးပေါ် အကြောပတ်ပြီး အရေပြားလေး ဖုံးရုံသာ ဖုံးထား၏။ ဦးခေါင်းမှာလည်း ဆံပင်မရှိပဲ ပြောင်နေသည်ကို တွေ့ရ၏။ အဇာတသတ်မင်းသည် အံ့သြထိန့်လန့်စွာဖြင့် ယခုလိုမေးမြန်း၏။
"သင့်ကို ရဟန်းတစ်ပါးဟု ထင်မိ၏။ ဟုတ်ပါသလား"
" မဟုတ်ပါ ပြိတ္တာတစ်ဦးသာ ဖြစ်ပါသည် "
" အဘယ်ကြောင့် ပြိတ္တာဘဝရောက်ရပါသနည်း ပြောပြနိုင်လျှင်
မရနိုင်သောဘုံ
------------------
ကွယ်လွန်သူအတွက် အမျှရနိုင်သောဘုံနှင့် မရနိုင်သောဘုံ ဟူ၍ နှစ်မျိုးရှိ၏။
ထိုတွင် ငရဲဘုံ တိရစ္ဆာန်ဘုံ လူ့ဘုံ နတ်ဘုံတို့သို့ ရောက်သွားလျှင် ဤဘဝကပေးသော အမျှကို သာဓုမခေါ်နိုင်တော့ပေ။ သို့သော် မိမိရည်စူးသူ မရသော်လည်း ဘဝအဆက်ဆက်က ဆွေမျိုးတော်စပ်ခဲ့ဖူးသည့် မကျွတ်မလွတ်သေးသော ဆွေဟောင်းမျိုးဟောင်းများ သာဓုခေါ်နိုင်သည့်အတွက် ကောင်းကျိုးရှိသည်သာ။
သာဓုခေါ်နိုင်သောဘုံကား ပြိတ္တာဘုံသာဖြစ်၏။ အသူရကာယ်သည် ပြိတ္တာအကြီးအစားပင်ဖြစ်၍ ပြိတ္တာဘုံထဲ အကြုံးဝင်သည်ဟု သိနိုင်၏။ ပြိတ္တာလေးမျိုးရှိ၏။ ယင်းတို့ကား -----
၁။ ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ခုပ္ပိပါသိကပြိတ္တာ
၃။ နိဇ္ဈာမတဏှိကပြိတ္တာ
၎။ ကာလကဉ္စိကပြိတ္တာ တို့ဖြစ်သည်။
သူတစ်ပါးတို့ ပေးအပ်သောအစာကို အမှီပြု၍ အသက်ရှင်ရသော ပြိတ္တာကို ပရဒတ္တူပဇီဝိကပြိတ္တာ ဟုခေါ်သည်။
ထမင်းငတ်ခြင်း ရေမွတ်သိပ်ခြင်းဖြင့် မပြတ်အနှိပ်စက်ခံနေရသော ပြိတ္တာမျိုးကို ခုပ္ပိပါသိကပြိတ္တာ ဟုခေါ်၏။
အမြဲတမ်း အလောင်ကျွမ်းခံနေရသဖြင့် ပူပန်ခြင်းရှိသော ပြိတ္တာကို နိဇ္ဈာမတဏှိကပြိတ္တာ ဟုခေါ်၏။
အသူရကာယ်ဟု အသီးအခြား ခေါ်ဝေါ်အပ်သော ပြိတ္တာအသူရကာယ်ကို ကာလကိဉ္စိကပြိတ္တာ ဟုခေါ်၏။
ကာလကဉ္စိကအသူရကာယ်၏ ပုံသဏ္ဍာန်အကျယ်ကို အဋ္ဌကထာတွင် ယခုလိုဖွင့်ပြထား၏။ ။ ထိုကာလကိဉ္စိက အသူရကာယ်တို့၌ အတ္တဘောသည် သုံးဂါဝုတ် (၆)မိုင်မျှ ပမာဏရှိသောဟူ၏။ နည်းသော အသားအသွေးရှိ၏။ အရိုးအရေမျှသာ ရှိသည်အဖြစ်ကြောင့် ဖက်ရွက်ခြောက်ကဲ့သို့သော ကိုယ်ရှိ၏။ ပုဇွန်တို့ကဲ့သို့ မျက်စိတို့သည် ထွက်၍ ဦးခေါင်း၌ တည်ကုန်၏။ ခံတွင်းသည် အပ်နဖားပေါက်နှင့်တူ၏။ ထိုခံတွင်းသည် ဦးခေါင်းပေါ်၌ တည်၏။ ထို့ကြောင့် ကာလကိဉ္စိက အသူရကာယ်တို့သည် အောက်သို့ညွတ်ကုန်း၍ အစာကို ယူစားရ၏။
(ဒီ ဋ္ဌ ၃-၅)
မှတ်ချက်။ ။ နိယတဗျာဒိတ်ခံယူပြီးသော ဘုရားအလောင်းတော်တို့သည် ခုပ္ပိပါသိကပြိတ္တာ နိဇ္ဈာမတဏှိကပြိတ္တာ ကာလကိဉ္စိကပြိတ္တာမျိုး၌ မဖြစ်ဟု အပါဒါန်သုတ္တနိပါတ် ဗုဒ္ဓဝင်နှင့် စရိယာပိဋက အဋ္ဌကထာတို့၌ အဆိုရှိရာ ပရဒတ္တူပဇီဝိက ပြိတ္တာမျိုးကား ဖြစ်နိုင်သေး၏။
(အပါဒါန ဋ္ဌ- ၁/၁၅၇/ သုတ္တနိပါတ ဋ္ဌ-၁/၄၅/ ဗုဒ္ဓဝံသ ဋ္ဌ-၃၁၆/ စရိယာပိဋက ဋ္ဌ-၃၂၁)
ပြခဲ့ပြီး ပြိတ္တာလေးမျိုးတို့တွင်လည်း
အမျှရအောင်ဝေနည်း အဆင့်ဆင့်
--------------------------
၁။ အလှူခံပုဂ္ဂိုလ်သည် သီလစင်ကြယ်သောသူ ဖြစ်ရမည်။
၂။ သေသူကို နာမည်ခေါ်၍ ကြိုတင်ဖိတ်ကြားထားရမည်။
၃။ အမျှပေးသောအခါ သေသူ၏နာမည်ကို ထုတ်ဖော်ရမည်။
၎။ အပ်စပ်သော လှူဖွယ် ဝတ္တူများကိုသာ လှူရမည်။
(ဆွမ်း သင်္ကန်း ကျောင်း ဆေးစသည့် ဖြစ်ရမည် အလှူခံရဟန်း၌ ကပ္ပိယမပါလျှင် ငွေများမလှူသင့်)။
ထိုလေးချက်တွင် အလှူခံပုဂ္ဂိုလ် သီလစင်ကြယ်ဖို့ အရေးကြီးပုံနှင့် ပတ်သက်၍ ပေတဝတ္ထုပါဠိတော်လာ စူလသေဋ္ဌိပေတ္တဝတ္ထုကို အကျဉ်းချုပ်ပြဦးအံ့။
အခါတစ်ပါး၌ အဇာတသတ်ဘုရင်သည် နန်းတော်အထက်ကောင်းကင်မှ ဖြတ်သွားနေသော ပုဂ္ဂိုလ်တစ်ယောက်ကို ထူးဆန်းစွာ မြင်လိုက်ရ၏။ ရဟန်းတစ်ပါးထင်ပြီး လိုအပ်ချက်ကို လှူဒါန်းရန် လှမ်းပင့်လိုက်၍ ထိုပုဂ္ဂိုလ်သည် အဇာတသတ်မင်းရှေ့သို့ ရောက်လာလေ၏။ ထိုပုဂ္ဂိုလ်၏ တစ်ကိုယ်လုံး အဝတ်အစားမပါသကဲ့သို့ အသားစိုင် အသားခဲဟူ၍လည်း တစ်ခုမှမပါပေ။ အရိုးပေါ် အကြောပတ်ပြီး အရေပြားလေး ဖုံးရုံသာ ဖုံးထား၏။ ဦးခေါင်းမှာလည်း ဆံပင်မရှိပဲ ပြောင်နေသည်ကို တွေ့ရ၏။ အဇာတသတ်မင်းသည် အံ့သြထိန့်လန့်စွာဖြင့် ယခုလိုမေးမြန်း၏။
"သင့်ကို ရဟန်းတစ်ပါးဟု ထင်မိ၏။ ဟုတ်ပါသလား"
" မဟုတ်ပါ ပြိတ္တာတစ်ဦးသာ ဖြစ်ပါသည် "
" အဘယ်ကြောင့် ပြိတ္တာဘဝရောက်ရပါသနည်း ပြောပြနိုင်လျှင်
ပြောပြစေချင်ပါသည်"
" ပြောပြနိုင်ပါသည် ကျွန်ုပ်သည် အရင်ဘဝက ဗာရဏသီပြည်တွင် လူဖြစ်ခဲ့သည် မည်သည့်ဒါနကုသိုလ်မှ မလုပ်ခဲ့သလို မည်သည့်သီလမှ မစောင့်ထိန်းပဲ အကုသိုလ်နှင့်နေခဲ့သည်။ ထို့ကြောင့် သေသောအခါ ယခုလို ပြိတ္တာဘဝသို့ ရောက်ခဲ့ရခြင်း ဖြစ်ပါသည်။"
" ယခုဘယ်အရပ်သို့ သွားမည်နည်း"
" ကျွန်ုပ်၏ သမီးတစ်ယောက်သည် မိဘဘိုးဘွားများအတွက် အလှူလုပ်ပေးမည်ဟု ကြားသိရသောကြောင့် စားသောက်ခွင့်ရရန် သာဓုခေါ်ခွင့်ရရန် အန္ဓကဝိန္ဒမြို့သို့ သွားရောက်ပါမည်"
" ထိုအလှူမှ အပြန်ဝင်ခဲ့ပါဦး လိုအပ်ချက်ရှိနေလျှင် ကူညီလှူဒါန်းပြီး အမျှပေးဝေပါမည်"
"ကောင်းပါပြီ"
ဟုဝန်ခံ၍ ပြိတ္တာသည် ဆက်လက် ထွက်ခွာသွားလေသည်။ အလှူကိစ္စပြီးသောအခါ ထိုပြိတ္တာသည် ကတိအတိုင်း အဇာတသတ်ဘုရင်ထံသို့ ဝင်လာ၏။ ထိုအခါ အဇာတသတ်ဘုရင်က ယခုလို မေးမြန်း၏။
" ကုသိုလ်၏ အကျိုးကို ခံစားခဲ့ရပါ၏လော"
" မခံစားခဲ့ရပါ"
" အဘယ်ကြောင့် မခံစားခဲ့ရပါသနည်း"
" အလှူခံများသည် သီလမရှိသော ပုဏ္ဏားများဖြစ်၍ မခံစားရခြင်း ဖြစ်ပါသည်"
မှတ်ချက်။ ။ သူ့သမီးသည် ဗုဒ္ဓဘာသာဝင်မဟုတ် ဗြဟ္မာကိုကိုးကွယ်သော ဗြဟ္မဏဘာသာဝင်

ဖြစ်သည်။ ထို့ကြောင့် ပုဏ္ဏားများကိုသာ
ဆွမ်းကျွေးခြင်းဖြစ်သည်။
ထိုအခါ အဇာတသတ်မင်းသည် သံဃာတော်များကို ပင့်ဖိတ်၍ ကျွေးမွေးလှူဒါန်းပြီး အမျှပေးရာ ပြိတ္တာဘဝမှ လွတ်မြောက်ပြီး နတ်စည်းစိမ်ချမ်းသာကို ခံစားသွားရလေသည်။
-------------------------------
တမလွန်ဘဝက ပုဂ္ဂိုလ်ကို
စည်းစိမ်ချမ်းသာ
ပေးလို့ရတာဆိုလို့
ဗုဒ္ဓဘာသာ
တစ်ဘာသာပဲရှိတယ်။
(ဘာသာခြားတစ်ဦး၏ ဓမ္မဓိဋ္ဌာန် ကြွေးကြော်သံ)
(မေတ္တာရှင် ရွှေပြည်သာ)
ထိုအခါ အဇာတသတ်မင်းသည် သံဃာတော်များကို ပင့်ဖိတ်၍ ကျွေးမွေးလှူဒါန်းပြီး အမျှပေးရာ ပြိတ္တာဘဝမှ လွတ်မြောက်ပြီး နတ်စည်းစိမ်ချမ်းသာကို ခံစားသွားရလေသည်။
--------------------------
တမလွန်ဘဝက ပုဂ္ဂိုလ်ကို
စည်းစိမ်ချမ်းသာ
ပေးလို့ရတာဆိုလို့
ဗုဒ္ဓဘာသာ
တစ်ဘာသာပဲရှိတယ်။
(ဘာသာခြားတစ်ဦး၏ ဓမ္မဓိဋ္ဌာန် ကြွေးကြော်သံ)
(မေတ္တာရှင် ရွှေပြည်သာ)
No comments:
Post a Comment