
★★ “အနိစ္စ ဒုက္ခ အနတ္တ" ★★(၃)
“ ဒုက္ခ " ကို သိတဲ့နေရာလည်း…
ဒကာကြီး သိထားတဲ့ ဒုက္ခက နာတာ
ကျင်တာ, ကိုက်တာခဲတာ , စားရေး
သောက်ရေးအတွက် ရှာဖွေရလို့ ပင်
ပန်းဆင်းရဲတာ လောက်ကိုဘဲ ဒုက္ခလို့
သိထားတာ မဟုတ်လား(မှန်ပါဘုရား)
ဒုက္ခတွေ အများကြီးရှိတဲ့အထဲက
ပယ်လို့ရတဲ့ဒုက္ခ ရှိသလို ပယ်လို့မရတဲ့
ဒုက္ခလည်းရှိတယ်။ဒီခန္ဓာကြီး ကျွေးမှု
မွေးမှုအတွက် ပင်ပင်ပန်းပန်းနဲ့ ပစ္စည်း
ဥစ္စာ ရှာရဖွေရတဲ့ ဒုက္ခ,ညောင်းညာကိုက်ခဲ စတဲ့ အနာရောဂါအမျိုးမျိုး နှိပ်စက်ခံရတဲ့ ဒုက္ခ,တနေ့တခြား ရင့်ရော်
ယိုယွင်း အိုမင်းဆွေးမြေ့ပြီး နောက်ဆုံး
သုဿာန်မှာ အဆုံးသတ်ရမည့် ဒုက္ခ,
ဒီဒုက္ခတွေက မသေမချင်း တွေ့ကြုံခံ
စားရမည့် ဒုက္ခတွေမို့ သူ့ကိုပယ်လို့မရ
ဘူး။ဘုရားရဟန္တာများတောင်မှ ဒီခန္ဓာ
ကျွေးမှုအတွက် နေပူမရှောင် မိုးရွာ မ
ရှောင် ထီးမဆောင်း ဖိနပ်မစီးဘဲ ဆွမ်း
ခံစားရသေးတာဘဲ မဟုတ်လား။
ဘုရားသော်မှ ရှောင်လွှဲမရလို့ ခေါင်း
ကိုက် ခါးနာ ခြေမတော်ကွဲ ဝမ်းတော်
လား စတဲ့အနာရောဂါတွေရဲ့  နှိပ်စက်
ခြင်းကို ခံစားရပြီး နောက်ဆုံး မလ္လာ
မင်းတို့ရဲ့  အင်ကြင်းဥယျာဉ်မှာပရိနိဗ္ဗာန်
စံတော့မှ ဒီ အို နာ သေ ဆိုတဲ့ရုပ်ဒုက္ခ
္ခကြီးက အပြီးတိုင် ချုပ်ငြိမ်းသွားရတယ်
မဟုတ်လား။ဒါကြောင့် ရုပ်မှာဖြစ်တဲ့
ဒုက္ခက ပယ်လို့မရဘူးလို့ သိထားရ
မယ်။
ဘုရားရဟန္တာများ ဒုက္ခငြိမ်းတယ်
ဆိုတာ(ရုပ်ဒုက္ခ)ခေါ်တဲ့(အို နာ သေ)
ဒုက္ခက ပယ်မရမှန်းသိလို့ ပယ်တဲ့အ
လုပ်တွေ မလုပ်တော့ဘဲ လက်ရှိ ဒုက္ခ
ကြီးနဲ့ တဲ့အောင် နေသွားတတ်ကြလို့
ပယ်တဲ့ သတ်တဲ့ အလုပ်တွေ ငြိမ်းသွား
တာကိုဘဲ ဒုက္ခငြိမ်းတယ်လို့ပြောရတာ
ပယ်တဲ့သတ်တဲ့ ဒုက္ခသာ ငြိမ်းတာနော်
ခန္ဓာဒုက္ခ ကတော့ မငြိမ်းဘူး။ဒီခန္ဓာ
ကိုယ်ကြီးကို ကျွေးမွေးသုတ်သင်ပြုပြင်
ပေးရတဲ့အလုပ်တွေကိုတော့ ဒုက္ခ လို့
သဘောမထားတော့ဘဲ ခန္ဓာ ရထားတဲ့
သူတိုင်း မဖြစ်မနေ ပြုပြင်ဆောင်ရွက်ရ
မည့် ဝတ္တရား တွေသာဖြစ်တယ်လို့ သ
ဘောထားပြီး မငြီးမငြူ ဆောင်ရွက်
သွားကြတာပါဘဲ။
ဘုရား ရဟန္တာများ
လွတ်မြောက်သွားတဲ့ ဒုက္ခက(စေတ
သိက ဒုက္ခ)လို့ခေါ်တဲ့ စိတ်မှာဖြစ်တဲ့
စိတ်ဆင်းရဲစိတ်ဒုက္ခတွေ မဖြစ်တော့
တာပါ။အဲဒီစိတ်ဆင်းရဲတွေကလည်း
လွတ်အောင်လုပ်လို့ လွတ်သွားတာ မ
ဟုတ်ဘူး။“လွတ်ပြီးသားကိုမြင်ပြီး, ဖြစ်ပေါ်လာအောင် ထူထောင်မပေးဘဲ
နေတဲ့အကျင့်"ကို ကျင့်သုံးပြီး
နေထိုင်သွားကြလို့ လွတ်သွားတာ။
စိတ်ဆင်းရဲဆိုတာ စိတ်မှာအလိုမကျ
မှုကြောင့် ဖြစ်လာတတ်တဲ့ လောဘ
ဒေါသ သောက ပရိဒေဝ စတဲ့ စိတ်
ဆင်းရဲမှုတွေ ဖြစ်လာတာကိုပြောတာ။
ဒီစိတ်ဆင်းရဲမှုတွေက သူ့အလိုလို ဖြစ်
လာတာ မဟုတ်ဘူး။ဖြစ်လာတဲ့ဖြစ်ရပ်
တစ်ခု အပေါ်မှာ မိမိရဲ့  ကြိုက် မကြိုက်
လို မလို ဆိုတဲ့ “ အလို"တစ်ခုနှင့်ထည့်
ကြည့်လိုက်တော့မှ စိတ်မှာပင်ပန်း
ဆင်းရဲမှုဆိုတဲ့ “အပိုစိတ်"တွေ ဖြစ်လာ
တာကိုပြောတာ ။ ရုပ် အိုတာက သ
ဘာဝ ဒုက္ခ, ဒီအိုနေတဲ့ ရုပ်ကြီးကို မှန်
ထဲမှာကြည့်ပြီး ဆံပင်တွေကလည်း ဖြူ
လို့ အသားအရေတွေကလည်း တွန့်
ကုန်ပြီ အိုတာကြီးက မကောင်းဘူး မ
ကြိုက်ဘူး,ပျိုတာကမှကောင်းတယ်ဆို
တဲ့ မိမိရဲ့ မအိုစေချင်တဲ့ “အလို" ပျိုစေ
ချင်တဲ့ “အလို"ကိုထည့်ကြည့်လိုက်
တော့မှ စိတ်မှာ မကျေနပ်မှုဆိုတဲ့ စိတ်
ဆင်းရဲမှုတွေက ဖြစ်လာရတာ။
အဲဒီလို
စိတ်မှာဖြစ်လာတဲ့ ဒုက္ခ က မိမိရဲ့ အလို
အာသာကြောင့် ဖြစ်လာတဲ့ ဒုက္ခ မို့
(အာသဝ ဒုက္ခ)လို့ခေါ်တယ်။ ဒီအာသ
ဝ ဒုက္ခ က အစက ရှိပြီးသားမဟုတ်ဘူး
မိမိက အိုတာကြီးကို မကြိုက်ဘူး-ပျို
တာကိုမှ ကြိုက်တယ်ဆိုတဲ့ “အလို"ကို
ထည့်ကြည့်လိုက်လို့ ဖြစ်လာရတာ။မိမိ
က မကြိုက်ဘူး-ကြိုက်တယ် ဆိုတဲ့
“အလို"ကို ထည့်မကြည့်ရင် ဒီဒုက္ခ က
ဖြစ်မလာဘူး။
တချို့ က အရပ်ထဲမှာ
ပြောကြတယ်(ရွှေမရှိလို့ ဆင်းရဲတယ်)
တဲ့။ရွှေမရှိလို့ ဆင်းရဲတာလား။ရွှေရှိ
ချင်တဲ့ “ အလို"ရွှေ ဝတ်ချင်တဲ့ “အလို"
ကြောင့်သာ ဆင်းရဲရတာပါ။ရွှေ မရှိလို့
သာ ဆင်းရဲရမယ်ဆိုရင် ဘုန်းကြီးလဲ
ဆင်းရဲမှာပေါ့ ဟုတ်လား(မှန်ပါ့ဘုရား)
အလိုကြောင့်သာ ဆင်းရဲ ရတာပါ။
ချစ်တဲ့သူနဲ့ အတူမနေရလို့ဆင်းရဲ
တယ်တဲ့။ချစ်တဲ့သူနဲ့အတူမနေရလို့
ဆင်ရဲတာလား။အတူနေချင်တဲ့ “အလို
ကြောင့် ဆင်းရဲတာလား။(အတူနေချင်
တဲ့ အလို ကြောင့် ဆင်းရဲရတာပါဘု
ရား)။ပူအိုက်လို့ စိတ်ညစ်တာလား-မပူ
အိုက်စေချင်တဲ့အလို အေးစေချင်တဲ့
အလိုကြောင့် စိတ်ညစ်တာလား သေ
သေခြာခြာ စဉ်းစားပါ(မပူစေချင်တဲ့ အ
လိုကြောင့်သာစိတ်ညစ်ရတာပါဘုရား)
အေး…ဒါကြောင့် ဖြစ်လာတဲ့ ဒုက္ခ မှန်
သမျှဟာ“အလို"ဆိုတဲ့ “သမုဒယ"
ကြောင့်သာဖြစ်သည်။အလို ဆိုတဲ့
သမုဒယ မရှိလျှင် ဒုက္ခ မရှိဘူး။
ဒါကြောင့် ဟိုလိုမဖြစ်ချင်ဘူး ဒီလိုဖြစ်
ချင်တယ်-ဟိုလိုဖြစ်ချင်တယ် ဒီလိုမဖြစ်
ချင်ဘူး။ကြိုက်တယ် မကြိုက်ဘူး ဆို
တဲ့ “အလို"တွေနဲ့ ထည့်မကြည့်ကြရင်
ဒုက္ခ မရှိဘူး။
ဒုက္ခ မရှိရင် ဘာရှိမလဲ ။
“ဒုက္ခလွတ်ရာ-ဒုက္ခငြိမ်းရာကြီး"ရှိမှာ
ပေါ့။အဲဒီ ဒုက္ခငြိမ်းရာ ဟာ“ နိဗ္ဗာန် "ပါ
ဘဲ။ “အလိုသိမ်းရင် ဒုက္ခငြိမ်းတယ်"။
“ဒုက္ခ မရှိလို့ လွတ်နေ ငြိမ်းနေတဲ့ ငြိမ်း
ရာ"ကို သိလိုက်တာဟာ “မဂ်ဥာဏ်"ပါဘဲ။
ို
သစ္စာဖွဲ့ကြည့်မယ် ဆိုရင်…
ဖြစ်ချင်မှု ဆိုတဲ့ အလို က “သမုဒယသစ္စာ" ။
အလိုကြောင့် စိတ်မှာ ပင်ပန်း
ဆင်းရဲရတာက “ဒုက္ခသစ္စာ"။
အလို ဆိုတဲ့ သမုဒယ မရှိရင် ဒုက္ခ မရှိ
ဘူး, ဒုက္ခ မရှိလို့ အေးငြိမ်းနေတာက
စိတ် အမှန် , ငြိမ်းအေးရာ က “နိရောဓ
သစ္စာ" နိဗ္ဗာန် ။ အေးငြိမ်းရာ ကို သိမြင်
တာက “မဂ္ဂသစ္စာ"။
ဒါကြောင့် ဒုက္ခ ဖြစ်ခြင်း ဖြစ်ကြောင်း
ဆိုတဲ့ “ဒုက္ခသစ္စာ နဲ့ သမုဒယသစ္စာ"
(လောကီ သစ္စာ နှစ်ပါး)
ဒုက္ခ ချုပ်ရာ ချုပ်ကြောင်း ဆိုတဲ့
“နိရောဓသစ္စာ နဲ့ မဂ္ဂသစ္စာ"
(လောကုတ္တရာသစ္စာနှစ်ပါး)
သစ္စာလေးပါးစလုံးကို သိမြင်သွားတာ
ပါဘဲ။ဆောင်ပုဒ်ကလေးဆိုကြည့်ပါဦး။
ဖြစ်ဖြစ်သမျှ ဒုက္ခသစ္စံ
ဖြစ်လိုမှုက သမုဒယံ ။
အလိုသိမ်းမှ ငြိမ်းအေးနိဗ္ဗာန်
ငြိမ်းအေးမှု ပွားရှု မဂ်သစ္စံ ။
အနိစ္စကိုသိရင် ဒုက္ခ အနတ္တ ကို သိ
မြင်သွားသလို ဒုက္ခ ကိုသိရင်လည်း
အနိစ္စ အနတ္တ လက္ခဏာရေး သုံးပါးစ
လုံး သိမြင်သွားတာပါဘဲ ။
ဒုက္ခ ကိုမြင် သမုဒယ စင် နိရောဓ ကို
ဝင်တဲ့။ဒုက္ခ ဖြစ်မှာကိုသိပြီး ထူထောင်
မပေးရင် သမုဒယ က ပယ်ပြီးဖြစ်လို့
နိရောဓ ကို ဆိုက်နေပါတယ်။
ဒုက္ခ(၂)မျိုးအသိတိုး ခေါ်ရိုး ပရိညာတဲ့
ဒုက္ခ(၂)မျိုးကို ပိုင်းခြားသိလိုက်ပါ။
(၁)ဖြစ်ဖြစ်သမျှ ရုပ်ဒုက္ခ(ရုပ်ဆင်းရဲ)
သုဿာန်ကြမှ ဆုံးပါမည်။
သဘာဝဒုက္ခ , နဂိုဒုက္ခ မို့ ပယ်မရပါ ။
(၂)ဖြစ်ဖြစ်သမျှ စိတ်ဒုက္ခ(စိတ်ဆင်းရဲ)
နိဗ္ဗာန်မြင်မှ အေးလိမ့်မည်။
အလိုကြောင့်ဖြစ်တဲ့ အာသဝဒုက္ခ
အပိုဒုက္ခ မို့ ပယ်ရသည် ။ပယ်ကိုပယ်ရ
မည်။ပယ်နိုင်မှ ချမ်းသာမည်။
ပယ်နိုင်ကြပါစေ။
* တရားကိုတရားအတိုင်း
အမှန်အတိုင်း သိမြင်ကျင့်သုံး
နိုင်ကြပါစေ ။
* နိဗ္ဗာန်လမ်းပြ အလင်းရောင်
(ဓမ္မဒါန)စာအုပ်မှ ထုတ်နှုတ်
ပူဇော်ပါသည်။
No comments:
Post a Comment