
“ကိုယ်ချင်းစာ ၊ မေတ္တာထား”
••••••••••••••••••••••••••
ကိုယ်ချင်းစာတရားဆိုတာ
“မေတ္တာတရား”ပေါ်မှာ မူတည်တယ်။
စိတ်ဖြူစင် သန့်ရှင်းနေရင်
“ရာဂ၊ ဒေါသ၊ တဏှာမာန”တွေ
မဝင်သာတော့ဘဲ “မေတ္တာစိတ်”သာ ဖြစ်ပေါ်နေတယ်။
“မေတ္တာစိတ်”က “ကိုယ်ချင်းစာတရား”ကို မွေးဖွား ပေးလိုက်တယ်။
ကိုယ်ချင်းစာတရား ထွန်းကားလာရင် အရာရာဘာမဆို
ကိုယ်နဲ့တန်းတူထား ဆက်ဆံ လာကြတယ်။
(၁) မေတ္တာတရား ထွန်းကားလာတာနဲ့ …
(၂) ကိုယ့်ထက်သာသူတွေ ဝမ်းမြောက်နိုင်တဲ့ “မုဒိတာတရား”၊
(၃) ကိုယ့်အောက်နိမ့်ကျသူတွေ သနားနိုင်တဲ့ “ကရုဏာတရား”၊
(၄) အားလုံးအပေါ် ခြုံငုံလွှမ်းမိုးထားနိုင်တဲ့
“ဥပေက္ခာတရား”ရယ်လို့ ဗြဟ္မစိုရ်တရားလေးပါးကို
ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ။
- (မဟာဗောဓိမြိုင်ဆရာတော်ကြီး)
Dhamma Dãna Source ►
No comments:
Post a Comment