♣♣♣ အရာရာတွင် အရေးပါသည့် တရား ♣♣♣
ယုံကြည်မှုသည် လောကရေးတွင်ဖြစ်ဖြစ် ဘာသာရေးတွင်ဖြစ်ဖြစ် အောင်မြင်မှု တိုးတက်မှု ရရန် များစွာ အရေးကြီးကြောင်းကို အောက်ပါအတိုင်း တွေ့နိုင်သည်။
ယုံကြည်မှုသည် လောကရေးတွင်ဖြစ်ဖြစ် ဘာသာရေးတွင်ဖြစ်ဖြစ် အောင်မြင်မှု တိုးတက်မှု ရရန် များစွာ အရေးကြီးကြောင်းကို အောက်ပါအတိုင်း တွေ့နိုင်သည်။
ဘုရားရှင်ဟောကြားသည့် တရားဦး (ဓမ္မစကြာ)ကို ကြားနာရ၍ မကြာမီပင် ရဟန်းငါးဦးတို့ ကိလေသာကင်းစင်သည့် ရဟန္တာများ ဖြစ်သွားကြသည်ကို
ကြားသိသော ဗောဓိမင်းသားက အံ့သြစွာ ဘုရားရှင်ကို -
“အရှင်ဘုရား၊ ပုဂ္ဂိုလ်တယောက်သည် အရှင်ဘုရားကဲ့သို့သော သင်ကြားပြသ ဆိုဆုံးမမည့်သူကို ရရှိခဲ့သော် အချိန်မည်မျှကြာ ကာလအတွင်း၌ တရားထူးရကာ
ချမ်းသာစွာ နေနိုင်ပါသနည်း” ဟု မေးလျှောက်သည်။
ထိုအခါ ဘုရားရှင်က -
“မင်းသား၊ သင့်အား ငါ မေးမည်၊ တစုံတယောက်သည် ဗောဓိမင်းသားသည် ဆင်စီးအတတ်၊ ချွန်းကိုင်အတတ်၌ တတ်သိလိမ္မာ၏။ ထိုမင်းသားအထံ၌ ငါသည်
ဆင်စီးအတတ် ချွန်းကိုင်အတတ်ကို သင်ယူပေအံ့ဟု ရောက်လာ၏။ သို့သော် ထိုသူသည် -
(၁) ရောက်သင့်သော အရာသို့ ရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို ရနိုင်လောက်အောင် ယုံကြည်မှု(သဒ္ဓါ) မရှိသူ၊
(၂) ရောက်သင့်သော အရာသို့ မရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို မရနိုင်လောက်အောင် အနာရောဂါ ထူပြောသူ၊
(၃) ရောက်သင့်သော အရာသို့ မရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို မရနိုင်လောက်အောင် ဟန်ဆောင်တတ်သူ မာယာများသူ၊
(၄) ရောက်သင့်သော အရာသို့ မရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို မရနိုင်လောက်အောင် လုံ့လဝီရိယ ညံ့ဖျင်း ပျင်းရိသူ၊
(၅) ရောက်သင့်သော အရာသို့ မရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို မရနိုင်လောက်အောင် ပညာနည်းပါးသူ ဖြစ်ခဲ့လျှင် ထိုသူကို သင်သည်
ဆင်စီးအတတ် ချွန်းကိုင်အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်ပါမည်လော”
“အရှင်ဘုရား၊ အထက်ပါအချက် ငါးချက်တို့တွင် တချက်ချက်နှင့် ညိစွန်းနေပါက ထိုသူ့ကို တပည့်တော်သည် ဆင်စီးအတတ် ချွန်းကိုင်အတတ်ကို
တတ်သိလိမ္မာအောင် သင်ကြားနိုင်မည် မဟုတ်ပါ။ အချက်ငါးချက်စလုံးနှင့် ပြည့်စုံသူဖြစ်ပါက ပြောစရာပင် မလိုတော့ပါ”ဟု ဗောဓိမင်းသားက ပြန်လျှောက်သည်။
“မင်းသား၊ ရောက်သင့်သော အရာသို့ ရောက်နိုင်လောက်အောင်၊ ရသင့်သော ပညာကို ရနိုင်လောက်အောင် ယုံကြည်မှုရှိခြင်း၊ အနာကင်းခြင်း၊ ရိုးသားခြင်း၊
လုံ့လဝီရိယရှိခြင်း၊ ဉာဏ်ပညာရှိခြင်းတို့နှင့် ပြည့်စုံပါမူ ထိုသူသည် သင်၏အထံ၌ ဆင်စီး ချွန်းကိုင်အတတ်ကို တတ်သိလိမ္မာအောင် သင်ကြားနိုင်ပါမည်လော”
“မှန်လှပါ အရှင်ဘုရား”
“ထို့အတူပင် မင်းသား၊ တရားရှုမှတ် ပွားများသူ၌ တရားရရှိရန် တရားနှင့်ပြည့်စုံရန်အတွက် အကြောင်းငါးပါး ရှိသည်။
ထိုငါးပါးတို့မှာ-

(၁) အကြင်သူသည် ငါဘုရား၏ သာသနာတော်၌ ယုံကြည်မှု=သဒ္ဓါတရားနှင့် ပြည့်စုံသူ ဖြစ်၏။ (ဘုရားရှင်၏ အရဟံ အစရှိသော ဂုဏ်တော်များနှင့် အရဟတ္တ
မဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်ခြင်း)
မဂ်ဉာဏ် သဗ္ဗညုတဉာဏ်ကို ယုံကြည်ခြင်း)
(၂) အနာကင်းသူ၊ ဆင်းရဲကင်းသူ ဖြစ်၏။ (မအေးလွန်း မပူလွန်းဘဲ အလယ်အလတ် ဖြစ်၍ တရားအားထုတ်ရန် သင့်လျော်သော အညီအညွတ်
ကျက်စေတတ်သော ပါစကဝမ်းမီးနှင့် ပြည့်စုံခြင်း)
ကျက်စေတတ်သော ပါစကဝမ်းမီးနှင့် ပြည့်စုံခြင်း)
(၃) ဟန်ဆောင်လှည့်ပတ်ခြင်း ကင်းသူ ဖြစ်၏။ (ဘုရားရှင်ထံ၌သော်လည်းကောင်း၊ အတူနေသူ ပညာရှိတို့အထံ၌သော်လည်းကောင်း အမှန်အတိုင်း
မိမိကိုယ်ကို ပြုမူနေထိုင် ပြောဆိုခြင်း)
မိမိကိုယ်ကို ပြုမူနေထိုင် ပြောဆိုခြင်း)
(၄) အကုသိုလ်တရားတို့ကို ပယ်ရှားရန်၊ ကုသိုလ်တရားတို့ကို ပြည့်စုံစေရန် အားထုတ်မှု ရှိ၏။ တရားအလုပ်ကို မဆုတ်မနစ် မြဲမြံစွာ အားထုတ်၏။
(၅) ဉာဏ်ထက်မြက်သူ ဖြစ်၏။ (ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို သိစွမ်းနိုင်သည့် ဉာဏ်နှင့် ပြည့်စုံခြင်း) တို့ ဖြစ်သည်။
ထိုအချက်ငါးချက်နှင့်လည်း ပြည့်စုံ၊ နည်းမှန်လမ်းမှန်အတိုင်း သင်ကြားပြသ ဆိုဆုံးမမည့်သူနှင့်လည်း တွေ့ကြုံမည်ဆိုပါက ထိုသူသည် ညချမ်းအခါ၌
ဆိုဆုံးမလျှင် နံနက်အခါ၌ တရားထူး (မဂ်ဖိုလ်)ကို ရနိုင်ခြင်း၊ နံနက်အခါ၌ ဆိုဆုံးမလျှင် ညချမ်းအခါ၌ တရားထူး (မဂ်ဖိုလ်)ကို ရနိုင်ခြင်း ဟူသော အကျိုးထူးကို
မုချမသွေ ရပေလိမ့်မည်” ဟု မိန့်ကြား၏။

အထက်ပါ ဟောကြားချက်ကို ကြည့်သောအခါ သဒ္ဓါတရားသည် အရာရာတွင် မည်မျှအရေးပါကြောင်းကို အကဲခတ်နိုင်သည်။
အရှင်ပညာသီဟ
No comments:
Post a Comment