
နှစ်ဆန်းတစ်ရက်နေ့. တရားလက်ဆောင်
*****************************
လောကရှိလူသားတွေအားလုံးဟာ
နှစ်ဟောင်းကုန်တိုင်းနှစ်သစ်ကိုကြိုဆိုကြပြီး
ကောင်းကျိုးချမ်းသာများကိုမျှော်လင့်တောင့်တကြတာဓမ္မတာတစ်ခုပါ။
*****************************
လောကရှိလူသားတွေအားလုံးဟာ
နှစ်ဟောင်းကုန်တိုင်းနှစ်သစ်ကိုကြိုဆိုကြပြီး
ကောင်းကျိုးချမ်းသာများကိုမျှော်လင့်တောင့်တကြတာဓမ္မတာတစ်ခုပါ။
လူသားတို့၏မျှော်လင့်ချက်လေးရပ်
**************************
(၁)ချမ်းသာလိုခြင်း
လူတိုင်းလူတိုင်း စီးပွားဥစ္စာတိုးတက်ပြီး
ချမ်းသာကြွယ်ဝချင်ကြတယ်။
(၂)ကျော်ကြားလိုခြင်း
လူ့လောကမှာ ဂုဏ်သရေရှိ နံ မည်
ကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်ချင်ကြတယ်။
လူ့လောကမှာ ဂုဏ်သရေရှိ နံ မည်
ကျော်ကြားတဲ့ ပုဂ္ဂိုလ်ဖြစ်ချင်ကြတယ်။
(၃)ကျန်းမာစွာ အသက်ရှည်လိုကြတယ်
လူ့ဘဝကြီးမှာကျန်းကျန်းမာမာနဲ့ အသက် ရှည်လိုကြပြန်တယ်။
လူ့ဘဝကြီးမှာကျန်းကျန်းမာမာနဲ့ အသက် ရှည်လိုကြပြန်တယ်။
(၄)သုဂတိဘုံသို့ရောက်လိုခြင်း
ဒီဘဝကစွန့်ခွာသွားတဲ့အခါမှာ ကောင်းရာ သုဂတိရောက်ချင်တယ်။
မြတ်စွာဘုရားဟောကြားထားသောလူတွေ
ရရှိနိုင်တဲ့ချမ်းသာသုခလေးမျိုး
(၁)အတ္ထိသုခ
လူတွေ မျှော်လင့်ချက်အတိုင်း
အောင်မြင်လာလို့ ရရှိလာတဲ့ချမ်းသာက
အတ္ထိသုခ ရှိချမ်းသာတဲ့၊ရှိလို့ရတဲ့ချမ်းသာ
ကရှိတုန်းပဲချမ်းသာနိုင်တာ၊မရှိတော့ရင် ချမ်း
သာသုခ ဆုံးရှုံးသွားနိုင်တယ်။
(၂)ဘောဂသုခ
မိမိလိုအင်ဆန္ဒတွေဖြ ည့်တင်းလို့
ပစ္စည်းတွေသုံးစွဲလို့ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုေ လးတွေဟာ၊ဘောဂသုခ လို့ခေါ်တယ်။ဒါလည်းအင်မတန်တိုတောင်း
တဲ့ချမ်းသာသုခပေါ့။
(၃)အာနဏ်သုခ
လူတိုင်း အဆင်မပြေလို့ဖြစ်စေ စီး
ပွားရေးတိုးချဲ့လို့ဖြစ်စေ၊ကြွေးတင်နေတတ်
တာတွေ ရှိတယ်။ကြွေးရှိတဲ့ ပုဂ္ဂိုလ်ဟာ
ကြွေးအပေါ်မှာ အမြဲတမ်း စိတ်ပူပန်နေရ
တယ်။
သူတစ်ပါးဆီက ကြွေးမရှိတဲ့ပုဂ္ဂိုလ်
ကျတော့ အာနဏျသုခ. လို့ခေါ်တဲ့ကြွေး
ကင်းတဲ့ချမ်းသာ။ သူကလည်း. သိပ်ပြီး
အဆင့်မြင့်တဲ့ ချမ်းသာမျိုးတော့ မဟုတ်ဘူး။
(၄)အနဝဇ္ဇသုခ
အနဝဇ္ဇသုခ. လို့ခေါ်တဲ့ အပြစ်မဲ့
ချမ်းသာ ဟာ အချမ်းသာဆုံးပါပဲ၊ကာယကံ
ဝစီကံ၊မနောကံ အပြစ်မျိုး ဘယ်ဘက်က
လှည့် ကြည့် ကြည့်ပြစ်မှုတစ်ခုခု ကျူးလွန်
ထားတာ မရှိဘူးဆိုရင်၊အကောင်းဆုံးသော
ချမ်းသာမျိုးဖြစ်တယ်။
လူတွေရဲ့သဏ္ဍာန်မှာဘာပြည့်စုံအောင်
လုပ်ရမလဲဆိုရင်............
(၁)သဒ္ဒါတရားနဲ့ပြ ည့်စုံအောင်လုပ်ရမယ်
(၂)ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်
(၃)စာဂသမ္ပဒါလို့ခေါ်တဲ့. လောကမှာ
လူတွေဟာရရှိလာတဲ့ပစ္စည်းကို ကိုယ်တစ်
ယောက်တည်း မသုံးသင့်ဘူး။အများနဲ့ခွဲဝေ
သုံးသင့်တယ်။မစ္ဆရိယ တရားလွှမ်းမိုးနေတဲ့
သူသည် Society. မှာ အကျိုးပြုတဲ့ပုဂ္ဂိုလ်
မဖြစ်တော့ဘူး။
ဖြူစင်တဲ့လက် ဆေးကြောတဲ့လက်
စွန့်လွှတ်မှုမှာ စိတ်ဝင်စားမှုရှိရမယ်။
(၄)အရေးအကြီးဆုံးကတော့ ပ ညာသမ္ပဒါ
လို့ခေါ်တဲ့ အသိအလိမ္မာ ဥာဏ်ပ ညာ
ရှိဖို့ဆိုတာ အရေးအပါဆုံးပါပဲ၊
လုပ်သင့် မလုပ်သင့်ကိုခွဲခြားသိတဲ့
ပညာသည်အရေးကြီးပါတယ်။
နောက်ဆုံးအဆင့်အမြင့်ဆုံးပညာကတော့
ဝိပဿနာပညာပါပဲ၊
တွယ်တာမှုတွေကိုလျော့ချနိုင်မယ်
သောကကိုလည်းလျော့ချနိုင်တယ်
စိုးရိမ်ပူပန်မှုတွေနည်းပါးလာမယ်
နှစ်သစ်အခါသမယမှာပိုပြီး ကောင်းလာ
စေချင်ရင် ပိုပြီး သဒ္ဒါတရားတွေ ကောင်းလာအောင် ပိုပြီးကိုယ်ကျင့်တရားတွေ လုံခြုံ လာအောင်
ပိုပြီးစွန့်လွှတ်မှုတွေခိုင်မာ လာအောင်
ပိုပြီး အသိဥာဏ်တွေကြွယ်ဝလာအောင်
လုပ်ဖို့လိုပါတယ်။
ဗုဒ္ဓမြတ်စွာဟောကြားတဲ့တရားဓမ္မ
ကို လိုက်နာကျင့်သုံးပြီး နှစ်သစ်မှာ
ချမ်းသာသုခ ရကြောင်းတရားများ ပွားများ
အားထုတ်နိုင်ကြပါစေသတည်း။
(ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ၏
နှစ်ဦးကာလ ဓမ္မလက်ဆောင်တရားတော်မှ
ကူးယူ ပူဇော်ပါသည်။)
သူတော်စင်အားလုံးချမ်းသာသုခရကြပါစေ။
ဒီဘဝကစွန့်ခွာသွားတဲ့အခါမှာ ကောင်းရာ သုဂတိရောက်ချင်တယ်။
မြတ်စွာဘုရားဟောကြားထားသောလူတွေ
ရရှိနိုင်တဲ့ချမ်းသာသုခလေးမျိုး
(၁)အတ္ထိသုခ
လူတွေ မျှော်လင့်ချက်အတိုင်း
အောင်မြင်လာလို့ ရရှိလာတဲ့ချမ်းသာက
အတ္ထိသုခ ရှိချမ်းသာတဲ့၊ရှိလို့ရတဲ့ချမ်းသာ
ကရှိတုန်းပဲချမ်းသာနိုင်တာ၊မရှိတော့ရင် ချမ်း
သာသုခ ဆုံးရှုံးသွားနိုင်တယ်။
(၂)ဘောဂသုခ
မိမိလိုအင်ဆန္ဒတွေဖြ ည့်တင်းလို့
ပစ္စည်းတွေသုံးစွဲလို့ စိတ်ချမ်းသာမှု၊ ကိုယ်ချမ်းသာမှုေ လးတွေဟာ၊ဘောဂသုခ လို့ခေါ်တယ်။ဒါလည်းအင်မတန်တိုတောင်း
တဲ့ချမ်းသာသုခပေါ့။
(၃)အာနဏ်သုခ
လူတိုင်း အဆင်မပြေလို့ဖြစ်စေ စီး
ပွားရေးတိုးချဲ့လို့ဖြစ်စေ၊ကြွေးတင်နေတတ်
တာတွေ ရှိတယ်။ကြွေးရှိတဲ့ ပုဂ္ဂိုလ်ဟာ
ကြွေးအပေါ်မှာ အမြဲတမ်း စိတ်ပူပန်နေရ
တယ်။
သူတစ်ပါးဆီက ကြွေးမရှိတဲ့ပုဂ္ဂိုလ်
ကျတော့ အာနဏျသုခ. လို့ခေါ်တဲ့ကြွေး
ကင်းတဲ့ချမ်းသာ။ သူကလည်း. သိပ်ပြီး
အဆင့်မြင့်တဲ့ ချမ်းသာမျိုးတော့ မဟုတ်ဘူး။
(၄)အနဝဇ္ဇသုခ
အနဝဇ္ဇသုခ. လို့ခေါ်တဲ့ အပြစ်မဲ့
ချမ်းသာ ဟာ အချမ်းသာဆုံးပါပဲ၊ကာယကံ
ဝစီကံ၊မနောကံ အပြစ်မျိုး ဘယ်ဘက်က
လှည့် ကြည့် ကြည့်ပြစ်မှုတစ်ခုခု ကျူးလွန်
ထားတာ မရှိဘူးဆိုရင်၊အကောင်းဆုံးသော
ချမ်းသာမျိုးဖြစ်တယ်။
လူတွေရဲ့သဏ္ဍာန်မှာဘာပြည့်စုံအောင်
လုပ်ရမလဲဆိုရင်............
(၁)သဒ္ဒါတရားနဲ့ပြ ည့်စုံအောင်လုပ်ရမယ်
(၂)ကိုယ်ကျင့်တရားကောင်းဖို့လိုတယ်
(၃)စာဂသမ္ပဒါလို့ခေါ်တဲ့. လောကမှာ
လူတွေဟာရရှိလာတဲ့ပစ္စည်းကို ကိုယ်တစ်
ယောက်တည်း မသုံးသင့်ဘူး။အများနဲ့ခွဲဝေ
သုံးသင့်တယ်။မစ္ဆရိယ တရားလွှမ်းမိုးနေတဲ့
သူသည် Society. မှာ အကျိုးပြုတဲ့ပုဂ္ဂိုလ်
မဖြစ်တော့ဘူး။
ဖြူစင်တဲ့လက် ဆေးကြောတဲ့လက်
စွန့်လွှတ်မှုမှာ စိတ်ဝင်စားမှုရှိရမယ်။
(၄)အရေးအကြီးဆုံးကတော့ ပ ညာသမ္ပဒါ
လို့ခေါ်တဲ့ အသိအလိမ္မာ ဥာဏ်ပ ညာ
ရှိဖို့ဆိုတာ အရေးအပါဆုံးပါပဲ၊
လုပ်သင့် မလုပ်သင့်ကိုခွဲခြားသိတဲ့
ပညာသည်အရေးကြီးပါတယ်။
နောက်ဆုံးအဆင့်အမြင့်ဆုံးပညာကတော့
ဝိပဿနာပညာပါပဲ၊
တွယ်တာမှုတွေကိုလျော့ချနိုင်မယ်
သောကကိုလည်းလျော့ချနိုင်တယ်
စိုးရိမ်ပူပန်မှုတွေနည်းပါးလာမယ်
နှစ်သစ်အခါသမယမှာပိုပြီး ကောင်းလာ
စေချင်ရင် ပိုပြီး သဒ္ဒါတရားတွေ ကောင်းလာအောင် ပိုပြီးကိုယ်ကျင့်တရားတွေ လုံခြုံ လာအောင်
ပိုပြီးစွန့်လွှတ်မှုတွေခိုင်မာ လာအောင်
ပိုပြီး အသိဥာဏ်တွေကြွယ်ဝလာအောင်
လုပ်ဖို့လိုပါတယ်။
ဗုဒ္ဓမြတ်စွာဟောကြားတဲ့တရားဓမ္မ
ကို လိုက်နာကျင့်သုံးပြီး နှစ်သစ်မှာ
ချမ်းသာသုခ ရကြောင်းတရားများ ပွားများ
အားထုတ်နိုင်ကြပါစေသတည်း။
(ဒေါက်တာ အရှင်နန္ဒမာလာ ဘိဝံသ၏
နှစ်ဦးကာလ ဓမ္မလက်ဆောင်တရားတော်မှ
ကူးယူ ပူဇော်ပါသည်။)
သူတော်စင်အားလုံးချမ်းသာသုခရကြပါစေ။
No comments:
Post a Comment