
★★ “အနိစ္စ ဒုက္ခ အနတ္တ" ★★(၁)
(တပည့်တော် အနိစ္စ ဒုက္ခ အနတ္တ ဆို
တဲ့ လက္ခဏာရေးသုံးပါးမှာ အနိစ္စနဲ့
ဒုက္ခ ကို နည်းနည်းသဘောပေါက်သ
လို ရှိပေမဲ့ အနတ္တဆိုတာကိုတော့ လုံး
ဝ သဘောမပေါက်ဘူးဘုရား။
ဒါကြောင့် အနတ္တ ဆိုတာ ဘယ်လိုသ
ဘောလည်းဆိုတာ ရှင်းပြပေးပါဦးဘုရား။)
ဒကာကြီး ထမင်းဘာလို့စားတာလဲ…
(မသေအောင်လို့စားတာပါဘုရား)
မသေအောင်ဆိုပြီးစားနေတာလား
ဆာလောင်လို့စားတာလား သေသေ
ချာချာစဉ်းစားပြီးဖြေပါဦး။
(ဆာလို့စားတာပါဘုရား)
ဆာအောင် ဘယ်လိုလုပ်လိုက်ရသလဲ
(ဘယ်လိုမှ မလုပ်လိုက် ရပါဘူး ဘုရား
အချိန်ကျရင် သူ့ဟာသူ ဆာလာတာပါဘဲ)
ဒါဖြင့် ရေသောက်ချင်တာ အိပ်ချင်တာ
ကျင်ကြီးကျင်ငယ် စွန့်ချင်တာ စတဲ့
ဒီစိတ်တွေ ဖြစ်လာအောင်ရော ဘယ်
လိုလုပ်ပေးရသလဲ …။
(ဘယ်လိုမှ လုပ်မပေးရပါဘူး။သူ့ဟာ
သူ ဖြစ်လာတာပါဘုရား)
အေး…ဒီစိတ်တွေဖြစ်လာအောင်ဘယ်
လိုမှ မလုပ်လိုက်ရဘူး။သူ့သဘောသူ
ဆောင် သူ့ဟာသူဖြစ်နေတာမို့
“အနတ္တ"လို့ပြောတာ။ငါက လုပ်လို့ဖြစ်
တာဆိုရင် “အတ္တ"ပေါ့။
ဒကာကြီး အရာဝတ္ထုပစ္စည်းတွေကို
မြင်ရင် ဘာဘာညာညာဆိုတာ မသိ
ဘူးလား။(သိပါတယ်ဘုရား)။ကြားရင်
ကော မသိဘူးလား(သိပါတယ်ဘုရား)
သိအောင်လုပ်လိုက်ရသလား(မလုပ်
လိုက်ရပါဘူးဘုရား)အေး…မြင်ရင်သိ
တယ်။ကြားရင်သိတယ်။သိအောင်
မလုပ်လိုက်ရပါဘူး။
ဒီစိတ်တွေ ဖြစ်လာအောင်လည်းမ
လုပ်လိုက်ရဘူး။ပျက်သွားအောင်
လည်း မဖျက်လိုက်ရဘူး။သူ့ဟာသူ
အာရုံ ဒွါရ တိုက်ရင် ပေါ်မယ် ပေါ်ပြီး
ရင်ပျက်မယ်။သူ့ကြောင်းကျိုးနဲ့သူ
ဖြစ်ပျက်နေတဲ့တရားမို့ “စိတ်"က
လည်း “အနတ္တ"တရားဘဲ။
ဒကာကြီးရဲ့ ရုပ်ကြီးဟာ ဆံပင်တွေဖြူ
သွားတွေကျိုးနေပြီဆိုတော့ အိုနေတာ
မမှန်ဘူးလား(မှန်ပါတယ်ဘုရား)အို
တာကြီးကို မကြိုက်လို့ မအိုအောင်ဆို
ပြီး ဆံပင်တွေဆေးဆိုး ရုပ်ပျိုဆေးတွေ
စား ဘယ်လိုပဲ ပျိုအောင်လုပ်လုပ်
ဒီရုပ်ကြီးကပျိုလာမှာလား။အိုမှာဟာ
အိုမှာဘဲ မဟုတ်လား(မှန်ပါ)။
ဒါကြောင့် မအိုချင် မနာချင် မသေချင်
လို့ မအိုအောင် မနာအောင် မသေ
အောင် လုပ်နေတာက “အတ္တ"။
ဘယ်လိုပဲလုပ်လုပ် , လုပ်မရလို့ အိုမှာ
နာမှာ သေမှာက “အနတ္တ"။
ဒါကြောင့် ရုပ်တရားကြီးကလည်း
အို-နာ-သေ ဆိုတဲ့ သူ့လမ်းစဉ်အတိုင်း
သွားပြီး နောက်ဆုံး မရဏမင်း လက်
ထဲ အပ်လိုက်ရမှာမို့ ငါမပိုင်တဲ့ အနတ္တ
တရားကြီးဘဲ။ဒါကြောင့် ဒီရုပ်နာမ် တ
ရားတွေဟာ ဖြစ်ခြင်းပျက်ခြင်း မကင်း
ဘဲ ဖောက်ပြန်တတ်တဲ့တရားတွေမို့
မှီခိုအားထားရာမထိုက် အနှစ်သာရ
ကင်းမဲ့လို့
“အ သာရ အနတ္တ"လို့ သိရမယ်။
အနှစ်သာရ ရှိပြီး မှီခိုအားထားရာထိုက်တဲ့
“သာရ အနတ္တ"ကလည်း ရှိသေးတယ်။
“နိဗ္ဗာန်"ဆိုတဲ့တရားဟာ ဘယ်တန်ခိုး
ရှင်ကမှ ဖန်ဆင်းထားလို့ရှိနေတာ မ
ဟုတ်ဘူး။သူ့ဟာသူ နဂို ကတည်းက
ရှိနေတာ…။
ဒါကြောင့် တစ်စုံတစ်ယောက်က
လုပ်ထားလို့ ရှိတာ မဟုတ်ဘဲ သူ့ဟာ
သူ ရှိနေတဲ့တရားမို့ “နိဗ္ဗာန်"ကလည်း
“အနတ္တ"တရားဘဲ။နိဗ္ဗာန်ဟာ အစက
တည်းက ရှိပြီးသားမို့ ဖြစ်အောင် မလုပ်ရဘူး။
အဖြစ်ကင်းလို့အပျက်ကင်းနေတယ်။
ဖြစ်ခြင်းပျက်ခြင်းမရှိလို့ “ဒုက္ခ"မရှိဘူး။
ပုဂ္ဂိုလ်သတ္တဝါ ဆိုတဲ့ အရိပ်နမိတ်တွေ
ကင်းဆိပ်နေတယ်။ဒါ့ကြောင့် နိဗ္ဗာန်
အနတ္တ ကိုတော့ အနှစ်သာရ ရှိတဲ့
“သာရ အနတ္တ"လို့ သိရမယ် … ။
အတိုချုပ်ပြောရရင်တော့ ရုပ်နာမ် က
လည်း အနတ္တ , နိဗ္ဗာန် ကလည်း
အနတ္တ ပါဘဲ ။
ရုပ်နာမ်က သူ့သဘောသူဆောင်ပြီး
ဖြစ်လိုက်ပျက်လိုက်ဖြစ်နေတဲ့ ဖြစ်ခြင်း
ပျက်ခြင်း မကင်းတဲ့ အနတ္တတရား ။
နိဗ္ဗာန်ကတော့ နဂိုမူလကတည်းက
သူ့ဟာသူ ရှိနေတဲ့အတွက် ဖြစ်ခြင်း
ပျက်ခြင်းကင်းတဲ့ အနတ္တတရား ပါဘဲ။
ဒါကြောင့် “သဗ္ဗေဓမ္မာ အနတ္တာ"လို့
ပြောတာ။တရားအားလုံးဟာ အနတ္တ
ချည်းပဲလို့ မြတ်ဘုရားဟောခဲ့တာပေါ့။
ဒါလောက်ဆိုရင် အနတ္တ ကို သဘော
ပေါက်လောက်ရောပေါ့(မှန်ပါဘုရား)။
“အနိစ္စ"ဆိုတာကိုတော့ဒကာကြီး
ဘယ်လို သဘောပေါက်ထားသလဲ… !
ဆက်ပါမည်။
* ရွှင်လန်းချမ်းမြေ့တရားတွေ့ကြပါစေ။
No comments:
Post a Comment