
စိတ်ညစ်ရင် အာရုံပြောင်းလိုက်ပါ
@@@@@@@@@@@@@@@
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ
ကိုရင်တိဿ ဆိုတဲ့ ကိုရင်တစ်ပါး
မှာ စိတ်ညစ်စရာအာရုံတစ်ခုနဲ့တွေ့
ပြီး လူထွက်ချင်လာပါသတဲ့။ ဆရာ
ဘုန်းကြီးကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက "အင်း
အာရုံကြောင့်ဖြစ်တဲ့ စိတ်ဟာ အမြဲ
တမ်းအဆိုးဘက်ကိုချည်း ယိမ်းမ
နေဘူး။ အာရုံကြောင့်ဖြစ်တဲ့စိတ်
ကို အာရုံနဲ့ပဲပြန်ကုပေးမှ။လူဆိုတာ
အာရုံသစ်ကို အခြေတည်ပြီး ပျှော်
ရွှင်တတ်ကြတယ်။ ဒါကြောင့် အာ
ရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ"
တွေးမိပြီး "ကောင်းပြီ ငါ့တပည့်
လူထွက်ဖို့ ဆုံးဖြတ်ပြီးရင်လည်း မ
တားလိုဘူး။ ဒါပေမဲ့ ငါတို့နေတဲ့
ကျောင်းဟာ ချိုးရေအလွန်ရှား
တယ်။ ငါ့တပည့် လူမထွက်ခင် ငါ
တို့ကို ရေပေါရာ စိတ္တရတောင်ကို
ပို့ပေးခဲ့ပါဦး" လို့ မိန့်လိုက်ပါတယ်။
ကိုရင်တိဿလည်းဆရာဘုန်း
ကြီးပြောတဲ့အတိုင်း စိတ္တရတောင်
ကို ပို့ပေးရှာပါတယ်။ ဆရာဘုန်း
ကြီး ဘာထပ်မိန့်ပြန်သလဲဆိုတော့
"ငါ့တပည့်ရယ် ဒီစိတ္တရ တောင်မှာ
ရှိတဲ့ ကျောင်းတွေက သံဃာပိုင်
ကျောင်းသံဃိကကျောင်းတွေကွဲ့။
သံဃိကကျောင်းဆိုတော့ အစစအ
ရာရာဆင်ခြင်နေရတယ်။ဒါကြောင့်
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းလေး
တစ်ကျောင်းတော့ လိုချင်တယ်။
ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ်"
လို့ဆက်မိန့်ပြန်တယ်။
ကိုရင်တိဿလည်း တက်တက်
ကြွကြွနဲ့ပဲ စိတ်ကူးနဲ့ဦးစွာ သေချာ
စဉ်းစားပြီး ကမ္မဋ္ဌာန်းအားထုတ်ဖို့
ကျောင်းကို စဉ်းစားပါတယ်။ ပြီးမှ
ဥတုသုံးပါးနဲ့ သင့်တော်မယ့်တောင်
ု
ခြေတစ်ခုမှာ လှိုဏ်ခေါင်းစတူးပါ
တယ်။
အံ့သြဖို့ကောင်းတာက ကိုရင်
တိဿဟာ နောက်ဆုံးအခွင့်အရေး
ဆိုတဲ့ နှလုံးသွင်းနဲ့ကမ္မဋ္ဌာန်း
ကျောင်းအတွက် လှိုဏ်ဂူတူးတာ
ရယ်' ဆရာဘုန်းကြီးဆီမှာ သင်ခဲ့
တဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို
ရွတ်ဖတ်သရဇ္ဈယ်နေတာရယ်'တေ
ဇောကသိုဏ်းကို ရှုမှတ်ပွားများနေ
တာရယ်' အလုပ်သုံးခုတစ်ပြိုင်နက်ု
လုပ်နေပါတယ်။
ထပ်ပြီးအံ့သြဖို့ကောင်းတာက
ကမ္မဋ္ဌာန်းလှိုဏ်ဂူကျောင်းဆောင်
ပြီးတဲ့နေမှာ သံယုတ္တနိကာယ်ကျမ်း
ရွတ်ဆိုမှု ပြီးဆုံးသလို' ပွားများနေ
ဆဲ တေဇောကသိုဏ်းဟာလည်း
အပ္ပနာဈာန်အထိ ရောက်လာခဲ့ပါ
တယ်။ (ဝိပဿနာဆင့်ထိတော့ မ
ရောက်သေးဘူး)
ကိုရင်တိဿလည်း အားရဝမ်း
သာနဲ့ ပြီးစီးသွားတဲ့အကြောင်းဆ
ရာဘုန်းကြီးကို သွားလျှောက်ပါ
တယ်။ ဒီတော့ လှိုဏ်ဂူကျောင်း
ဆောင်လေးကို လိုက်ကြည့်ပြီး
"အို…ကောင်းလိုက်တဲ့လိုဏ်ဂူလေး
ပါလား။ငါတို့တော်တော်သဘော
ကျပါတယ်ကွယ်။ ငါ့တပည့် ပင်ပင်
ပမ်းပမ်းနဲ့လုပ်ထားတဲ့ လှိုဏ်ဂူလေး
ဆိုတော့ ဒီနေ့တစ်ရက်တော့ ငါ့တ
ပည့်နေလိုက်ပါဦး။လူထွက်သွားရင်
်
ရဟန်းတရားနဲ့ဝေးသွားမှာဆိုတော့
ငါတို့ပေးတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့
စွမ်းနိုင်သလောက် ရှုမှတ်ပွားများ
လိုက်ပါဦး" လို့ ဆက်မိန့်လိုက်ပါ
တယ်။
ကိုရင်တိဿလည်း ဆရာ့စကား
အတိုင်းတရားရှုမှတ်ရာလှိုဏ်ဂူလေ
းက အသစ်လှလှ' ရာသီဥတုကလဲ
သာသာယာယာနဲ့စိတ်မှာ ဝမ်း
မြောက် ပီတိတွေဖြစ်ပြီး တေဇော
ကသိုဏ်းပွားရင်း အပ္ပနာဈာန်ထိ
လည်းရထားတာဆိုတော့ အရဟ
တ္တဖိုလ်တည်ပြီး ရဟန္တာဖြစ်သွားပါ
တော့တယ်။ ဒီတော့မှ ဆရာ့ကျေး
ဇူးကိုသိ ဆရာရှိရာ အရပ်ကို ဦးချ
ပြီးတော့ " သြော်.စိတ်ဆိုတာ အ
မြဲတမ်းအဆိုးဘက်ကို ယိမ်းမနေ
ပါလား။ အာရုံပြောင်းလိုက်တာနဲ့
ဘဝတစ်ဆစ်ချိုးပြီး အမြင့်ဆုံးပန်း
တိုင်ကို မထင်မှတ်ဘဲ ရောက်သွား
ပါလား" လို့ဆင်ခြင်မိလိုက်ပါသတဲ့
----------------------------------
•• မူလပဏ္ဏာသအဋ္ဌကထာ(ပ)တွဲ
စာ(၃၉၅)
•••အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)
၏ အကုသိုလ်နှင့်ပန်းတိုင် မှ့
@@@@@@@@@@@@@@@
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ
ကိုရင်တိဿ ဆိုတဲ့ ကိုရင်တစ်ပါး
မှာ စိတ်ညစ်စရာအာရုံတစ်ခုနဲ့တွေ့
ပြီး လူထွက်ချင်လာပါသတဲ့။ ဆရာ
ဘုန်းကြီးကို သွားလျှောက်ပါတယ်။
ဒီတော့ ဆရာဘုန်းကြီးက "အင်း
အာရုံကြောင့်ဖြစ်တဲ့ စိတ်ဟာ အမြဲ
တမ်းအဆိုးဘက်ကိုချည်း ယိမ်းမ
နေဘူး။ အာရုံကြောင့်ဖြစ်တဲ့စိတ်
ကို အာရုံနဲ့ပဲပြန်ကုပေးမှ။လူဆိုတာ
အာရုံသစ်ကို အခြေတည်ပြီး ပျှော်
ရွှင်တတ်ကြတယ်။ ဒါကြောင့် အာ
ရုံသစ်တစ်ခု ပြောင်းပေးလိုက်မှပဲ"
တွေးမိပြီး "ကောင်းပြီ ငါ့တပည့်
လူထွက်ဖို့ ဆုံးဖြတ်ပြီးရင်လည်း မ
တားလိုဘူး။ ဒါပေမဲ့ ငါတို့နေတဲ့
ကျောင်းဟာ ချိုးရေအလွန်ရှား
တယ်။ ငါ့တပည့် လူမထွက်ခင် ငါ
တို့ကို ရေပေါရာ စိတ္တရတောင်ကို
ပို့ပေးခဲ့ပါဦး" လို့ မိန့်လိုက်ပါတယ်။
ကိုရင်တိဿလည်းဆရာဘုန်း
ကြီးပြောတဲ့အတိုင်း စိတ္တရတောင်
ကို ပို့ပေးရှာပါတယ်။ ဆရာဘုန်း
ကြီး ဘာထပ်မိန့်ပြန်သလဲဆိုတော့
"ငါ့တပည့်ရယ် ဒီစိတ္တရ တောင်မှာ
ရှိတဲ့ ကျောင်းတွေက သံဃာပိုင်
ကျောင်းသံဃိကကျောင်းတွေကွဲ့။
သံဃိကကျောင်းဆိုတော့ အစစအ
ရာရာဆင်ခြင်နေရတယ်။ဒါကြောင့်
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းလေး
တစ်ကျောင်းတော့ လိုချင်တယ်။
ဖြစ်နိုင်ရင် စီစဉ်ပေးခဲ့ပါဦးကွယ်"
လို့ဆက်မိန့်ပြန်တယ်။
ကိုရင်တိဿလည်း တက်တက်
ကြွကြွနဲ့ပဲ စိတ်ကူးနဲ့ဦးစွာ သေချာ
စဉ်းစားပြီး ကမ္မဋ္ဌာန်းအားထုတ်ဖို့
ကျောင်းကို စဉ်းစားပါတယ်။ ပြီးမှ
ဥတုသုံးပါးနဲ့ သင့်တော်မယ့်တောင်
ု
ခြေတစ်ခုမှာ လှိုဏ်ခေါင်းစတူးပါ
တယ်။
အံ့သြဖို့ကောင်းတာက ကိုရင်
တိဿဟာ နောက်ဆုံးအခွင့်အရေး
ဆိုတဲ့ နှလုံးသွင်းနဲ့ကမ္မဋ္ဌာန်း
ကျောင်းအတွက် လှိုဏ်ဂူတူးတာ
ရယ်' ဆရာဘုန်းကြီးဆီမှာ သင်ခဲ့
တဲ့ သံယုတ္တနိကာယ်ကျမ်းကြီးကို
ရွတ်ဖတ်သရဇ္ဈယ်နေတာရယ်'တေ
ဇောကသိုဏ်းကို ရှုမှတ်ပွားများနေ
တာရယ်' အလုပ်သုံးခုတစ်ပြိုင်နက်ု
လုပ်နေပါတယ်။
ထပ်ပြီးအံ့သြဖို့ကောင်းတာက
ကမ္မဋ္ဌာန်းလှိုဏ်ဂူကျောင်းဆောင်
ပြီးတဲ့နေမှာ သံယုတ္တနိကာယ်ကျမ်း
ရွတ်ဆိုမှု ပြီးဆုံးသလို' ပွားများနေ
ဆဲ တေဇောကသိုဏ်းဟာလည်း
အပ္ပနာဈာန်အထိ ရောက်လာခဲ့ပါ
တယ်။ (ဝိပဿနာဆင့်ထိတော့ မ
ရောက်သေးဘူး)
ကိုရင်တိဿလည်း အားရဝမ်း
သာနဲ့ ပြီးစီးသွားတဲ့အကြောင်းဆ
ရာဘုန်းကြီးကို သွားလျှောက်ပါ
တယ်။ ဒီတော့ လှိုဏ်ဂူကျောင်း
ဆောင်လေးကို လိုက်ကြည့်ပြီး
"အို…ကောင်းလိုက်တဲ့လိုဏ်ဂူလေး
ပါလား။ငါတို့တော်တော်သဘော
ကျပါတယ်ကွယ်။ ငါ့တပည့် ပင်ပင်
ပမ်းပမ်းနဲ့လုပ်ထားတဲ့ လှိုဏ်ဂူလေး
ဆိုတော့ ဒီနေ့တစ်ရက်တော့ ငါ့တ
ပည့်နေလိုက်ပါဦး။လူထွက်သွားရင်
်
ရဟန်းတရားနဲ့ဝေးသွားမှာဆိုတော့
ငါတို့ပေးတဲ့ ကမ္မဋ္ဌာန်းနည်းလေးနဲ့
စွမ်းနိုင်သလောက် ရှုမှတ်ပွားများ
လိုက်ပါဦး" လို့ ဆက်မိန့်လိုက်ပါ
တယ်။
ကိုရင်တိဿလည်း ဆရာ့စကား
အတိုင်းတရားရှုမှတ်ရာလှိုဏ်ဂူလေ
းက အသစ်လှလှ' ရာသီဥတုကလဲ
သာသာယာယာနဲ့စိတ်မှာ ဝမ်း
မြောက် ပီတိတွေဖြစ်ပြီး တေဇော
ကသိုဏ်းပွားရင်း အပ္ပနာဈာန်ထိ
လည်းရထားတာဆိုတော့ အရဟ
တ္တဖိုလ်တည်ပြီး ရဟန္တာဖြစ်သွားပါ
တော့တယ်။ ဒီတော့မှ ဆရာ့ကျေး
ဇူးကိုသိ ဆရာရှိရာ အရပ်ကို ဦးချ
ပြီးတော့ " သြော်.စိတ်ဆိုတာ အ
မြဲတမ်းအဆိုးဘက်ကို ယိမ်းမနေ
ပါလား။ အာရုံပြောင်းလိုက်တာနဲ့
ဘဝတစ်ဆစ်ချိုးပြီး အမြင့်ဆုံးပန်း
တိုင်ကို မထင်မှတ်ဘဲ ရောက်သွား
ပါလား" လို့ဆင်ခြင်မိလိုက်ပါသတဲ့
----------------------------------
•• မူလပဏ္ဏာသအဋ္ဌကထာ(ပ)တွဲ
စာ(၃၉၅)
•••အရှင်ရာဇိန္ဒ ရဝေနွယ်(အင်းမ)
၏ အကုသိုလ်နှင့်ပန်းတိုင် မှ့
No comments:
Post a Comment