
★★ “အနိစ္စ ဒုက္ခ အနတ္တ" ★★(၂)
“အနိစ္စ" ဆိုတာကိုတော့ ဒကာကြီး
ဘယ်လိုသဘောပေါက်ထားသလဲ…။
(အနိစ္စ ဆိုတာ မမြဲတာပေါ့ဘုရား
အိုးတွေခွက်တွေပန်းကန်တွေကွဲရတာ
တိုက်တွေတာတွေအိမ်တွေ ရေကြီးလို့
မီးလောင်လို့ ပျက်စီးရတယ်ဆိုတာ
တွေဟာ မမြဲတဲ့ သဘောမို့ အနိစ္စ ပေါ့
ဘုရား။လူတွေသေရတယ်ဆိုတာ
လည်းမမြဲလို့သေရတယ်ဆိုတော့ ဖြစ်
လာသမျှပျက်ရတဲ့သဘော အနိစ္စ
ရောက်တယ်လို့ပြောရတာပဲမဟုတ်
လားဘုရား)
ဒကာကြီးသိထားတဲ့ အနိစ္စ က မမြဲ
ဘူးဆိုတာလောက်တင် သိနေတဲ့
“အများပြောတဲ့အနိစ္စ"ဘဲ“ဘုရားဟော
တဲ့ အနိစ္စ"တော့ မဟုတ်သေးဘူး။
(မှန်ပါ ရှင်းပြပါဦးဘုရား)
အနိစ္စ အမြဲမရှိဘူးဆိုတာ ဗဟိဒ္ဓ မှာရှိ
တဲ့ အိုးမမြဲ အိမ်မမြဲ သတ္တဝါမမြဲတာ
သိရုံလေးနဲ့ အနိစ္စ မဆုံးသေးဘူး။
အိုးတို့အိမ်တို့ကို မမြင်ခင် အာရုံမပြု
ခင်ကအိုးလို့သိမဲ့စိတ် အိမ်လို့သိမဲ့စိတ်
ဘာဘာညာညာလို့သိမည့်စိတ် မှတ်
မည့်စိတ်တွေကိုက နဂိုကမရှိ မူလက
မရှိ။ဖြစ်လာပြန်တော့လည်း ပျောက်
သွားလို့ မရှိဆိုတဲ့ “စိတ်,အမြဲမရှိတာ"
ကို သိမှ အနိစ္စ ရဲ့ အစအဆုံးကိုသိတာ။
ဒကာကြီး အိုးကိုမမြင်ခင်က အိုးလို့
သိတဲ့စိတ်ရှိရဲ့ လား(မရှိပါဘူးဘုရား)
အိုးကို အာရုံမပြုခင် အိုးလို့သိမည့်စိတ်
ပျောက်မနေဘူးလား(ပျောက်နေပါ
တယ်ဘုရား)။
အေး…အိမ်ထဲမှာနေ,နေပေမဲ့လည်း
အိမ်ကိုအာရုံမပြုရင် အိမ်လို့သိတဲ့စိတ်
ငါ့အိမ်လို့စွဲတဲ့စိတ်တွေဟာ ပျောက်နေ
တယ် မရှိဘူး။
အိမ်ကိုအာရုံပြုလိုက်တော့မှအိမ်ကို
သတိရတဲ့စိတ်။သားကိုအာရုံပြုလိုက်
တော့မှ သားကိုသတိရတဲ့စိတ်တွေက
ပေါ်လာရတာ။အာရုံမပြုခင်ကတော့
အိုးစိတ်အိမ်စိတ် သားစိတ်သမီးစိတ်
ဘာစိတ်မှ ဖြစ်ပြီးသားအနေနဲ့ ရှိမနေ
ကြဘူး။
အသံတစ်ခုခုကိုကြားမှ ဒါက
ကြေးစည်သံ ဒါကခေါင်းလောင်းသံလို့
သိတဲ့စိတ်။အနံ့တစ်ခုခုကို ရှူမိမှ ပန်းနံ့
အပုပ်နံ့လို့ သိတဲ့စိတ်တွေက ဖြစ်လာရ
တာ။မမြင်ခင် မကြားခင် မနံခင် မစား
ခင်က ဘာဘာညာညာလို့ သိမည့်စိတ်
မှတ်မည့်စိတ်တွေဟာ မပေါ်သေး
တော့ ပျောက်နေတယ်။
သူ့ ဆိုင်ရာ
ဆိုင်ရာ အာရုံနဲ့ဒွါရ တိုက်လိုက်တော့မှ
ဒီစိတ်တွေက ဖြစ်လာရတာ။ဖြစ်လာ
ပြန်တော့လည်းတည်မနေနိုင်ဘူး။
ပျက်ရပြန်တယ်။ပျက်တဲ့စိတ်တွေက
လည်းချုပ်ပျောက်သွားကြလို့ မရှိတော့ဘူး။
“အဲဒီလို နဂိုကမရှိ,မူလကမရှိ,ဖြစ်လာ
ပြန်တော့လည်းပျောက်ပျက်သွားလို့ မ
ရှိတော့ဘူး,ဆိုတဲ့ အမြဲတမ်း ရှိမနေတဲ့
အနိစ္စ"ကို သိရမှာ ဒကာကြီး…။
ဒါကြောင့် “အနိစ္စ ဆုံးတယ်"ဆိုတာ…
မိမိရဲ့ မနောက ဘာဘာညာညာ လို့ သိ
တဲ့စိတ် မှတ်တဲ့စိတ် ကြံတွေးတဲ့စိတ်
တွေဟာ မဖြစ်မီကမရှိဘူး, ဖြစ်တဲ့
နောက်ပျက်တယ်,ပျက်သွားလို့မရှိ
တော့ဘူး လို့သိလိုက်ရင် အနိစ္စ ဆုံးပါ
တယ်။
ဖြစ်လာတဲ့တရားတွေ ပျက်သွားလို့ မရှိတာက“သနိမိတ္တအနိစ္စ"ခေါ်တယ်
ကမ္ဘာ့ထုံးအနိစ္စ,အိုးကွဲခွက်ကွဲအနိစ္စလို့
ခေါ်တယ်။
ဖြစ်မည့်စိတ်တွေကိုက နဂို
ကလည်းမရှိဘူး,အစကလည်းမရှိဘူး,
ဖြစ်ပြီးနောက်ပျက်သွားလို့လည်းမရှိ
တော့ဘူးလို့ သိလိုက်မှ“အမြဲရှိမနေတဲ့
အနိစ္စ"ကို သိသွားတာ။အဲဒါကို ပါဠိ လို
“အနိမိတ္တ အနိစ္စ"လို့ခေါ်တယ်။
“အနိမိတ္တအနိစ္စ"ဆိုတာ မိမိရဲ့ မနော
မှာ ဖြစ်နေတာတွေ ဘာမှမရှိဘူး။
သူ ထင်မှု,ငါ ထင်မှု,ယောက်ျားမိန်းမ
ထင်မှုဆိုတဲ့ပုဂ္ဂိုလ်သတ္တဝါ အရိပ်နိမိတ်
တွေ ပျောက်နေတယ်။
လောဘရိပ် ဒေါသရိပ် ချစ်ရိပ်မုန်းရိပ်
ပူရိပ်ဆွေးရိပ်ဆိုတဲ့ ကိလေသာ ဘာဆို
ဘာမှမရှိဘူး ပျောက်ပျက်ကုန်ဆုံးနေတယ်။
မဖြစ်ခင်ကလည်းမဖြစ်သေးလို့ မရှိဘူး
ပျောက်နေတယ်။ဖြစ်လာပြန်တော့လဲ
ပျက်ရပြန်လို့ပျောက်နေတယ်။
“မဖြစ်ခင်က မရှိဘူးလို့သိတာဟာ
ဥပါဒ်စွန်း ကို သိတာ"။
“ ဖြစ်တဲ့နောက်ပျက်သွားလို့ မရှိဘူး
လို့ သိတာက ဘင်စွန်း ကိုသိတာ"။
ဒါဖြင့် အနိစ္စ အနေနဲ့ ဖြစ်မှုပျက်မှုတွေ
မရှိတာကိုတော့သိသွားပြီ။
ဖြစ်မှုပျက်မှုတွေ မရှိရင်…အဲဒီ ဖြစ်ပျက်
်တွေ ဆုံးနေတဲ့ နေရာမှာ ဘာရှိမလဲ?
ဒါလေးစဉ်းစားကြည့်စမ်းပါ ။
ဖြစ်ပျက် ဆုံးတဲ့နေရာမှာ“ဆုံးရာ"ရှိ
တယ်။ဖြစ်ပျက် ပျောက်တဲ့နေရာမှာ
“ပျောက်ရာ"ရှိတယ်။ဖြစ်ပျက် ကုန်တဲ့
နေရာမှာ “ကုန်ရာ"ရှိတယ်။
ခင်ဗျားတို့ တရားအားထုတ်တဲ့သူတွေ
ဖြစ်တာလည်းသိတယ်။ပျက်တာလည်
သိတယ်။ပျက်တဲ့နောက် မရှိတာကိုလဲ
သိတယ်။
အဲဒီ ဖြစ်ပျက်တွေ မရှိလို့ ပျောက်နေ
တဲ့နေရာမှာ ဘာရှိမလဲ ဆိုတာလေး
သိဖို့ လိုနေတာ, ဘာရှိမလဲ…?
ဘာမှမရှိလို့ လွတ်နေတဲ့ “လွတ်ရာ"
ကြီး ဟာလာဟင်းလင်းကြီး ရှိနေတာ
ပေါ့။အဲဒီ “လွတ်ရာ ကုန်ရာ ဆုံးရာ" ဟာ
“နိဗ္ဗာန်"ပါဘဲ။ဖြစ်မှု ပျက်မှုတွေ မရှိလို့
ဆုံးနေတဲ့နေရာမှာ “ဆုံးရာ"ရှိတယ်။
“ဖြစ်ပျက်ဆုံးရာ နိဗ္ဗာန်" ဆိုတာ ဒါကို
ပြောတာဘဲ။
“လောဘ ဒေါသ မောဟ တွေ မရှိလို့
ကုန်ပျောက်နေတဲ့ နေရာမှာ ကုန်ရာ
ရှိတယ်။လောဘကုန်ရာ နိဗ္ဗာန်,ဒေါသ
ကုန်ရာ နိဗ္ဗာန်,မောဟ ကုန်ရာ နိဗ္ဗာန်
ဆိုတာလည်း ဒါပါဘဲ။ဒါကြောင့် အနိစ္စ
တစ်လုံး ကိစ္စတုံး ဆိုသလို အနိစ္စ တစ်
လုံးသိလိုက်တာနဲ့ အနိစ္စ,ဒုက္ခ,အနတ္တ
လက္ခဏာရေး သုံးပါးရှုပြီးဖြစ်လို့
နိဗ္ဗာန် မြင်သွားတာပါဘဲ။
“ ဒုက္ခ" ကို သိတဲ့နေရာလည်း…..?
ဆက်ပါမည်။
* ရွှင်လန်းချမ်းမြေ့တရားတွေ့ကြပါစေ။့ 
No comments:
Post a Comment