
ဆေးကောင်းတစ်လက်
=============
စိတ်ပူတော့ ရေသောက်
စိတ်ပေါက်တော့ ရေချိုး
စိတ်ဆိုးရင် ရေဖြန်း
စိတ်ကြမ်းတော့ ရေကူး
စိတ်ရူးတော့ ရေဆွတ်
စိတ်ညွတ်မှ ရေစိမ်
စိတ်ငြိမ်မှ စိတ်ကူး
အထူးကုစရာဆေးဝါး
အဝေးသွားမရှာနဲ့
ကိုယ့်စိတ်ထဲမှာ ကိုယ်တိုင်ရှာ
စိတ်ဟာဆေးပါပဲ ။
နိုင်မိုး ( မန်းတက္ကသိုလ် )
ဓမ္မမိတ်ဆွေများအားလုံးကိုယ်၏ကျန်းမာခြင်းစိတ်၏
ချမ်းသာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ။
No comments:
Post a Comment