/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, November 10, 2013

ဟင်္သာဖိုမ၏ထူးခြားသောအနေအထား

ဗြဟ္မစာရီမွန်ဗိုကေ

ရှေးဦးပထမ၊ ကျွန်းပေါ်စက၊ သုဝဏ္ဏဟံသာ၊ ချစ်ကြည်စွာလျှင်၊ နှစ်ဖြာဖိုမ၊ အတူတကွ နားနေကြသောပုံ၊ ၁၂၈၄-ခု တပေါင်းလ လုပ်သည်''ဟူသော ကမ္ပည်းစာကို ခုံပတ်လည်တွင် ဖေါ်ပြထားသော တကောင်ပေါ် တကောင်နား၍နေဟန် သတ္တုသွန်း ဟင်္သာငှက်နှစ်ကောင်၏ရုပ်ပုံမှာ

ပဲခူးမြို့ ရွှေမော်ဓောစေတီကြီးအရှေ့ဘက် စောင်းတန်းနှင့်
ဆက်သွယ်ထားသော ကုန်းပေါ်ရှိ မန္တလေးတောင်မှ ရသေ့ကြီးဦးခန္တီသည် လွန်ခဲ့သောနှစ်ပေါင်း ခြောက်ဆယ်က တည်ဆောက်ခဲ့သော သံတန်ဆောင်းကြီးအတွင်းတွင် ရှိလေသည်။ ဤသံတန်ဆောင်းကြီး တည်ရှိရာကုန်းငယ်မှာ ဟံသာဝတီပဲခူးသမိုင်းတွင် ပါရှိသော ဟင်္သာကုန်းဖြစ်သည်ဟု ထိုသံတန်ဆောင်းကြီး တည်ဆောက်သော ၁၂၈၄-ခု မှ ၁၂၈၆-ခုအတွင်းကာလလောက်က စတင်ပြောဆိုလာခဲ့ကြပေသည်။ သံတန်ဆောင်းကြီးအတွင်း ၁၂၈၆-ခုတွင် ရသေ့ကြီးဦးခန္တီတည်သော ဟံသာပဗ္ဗတသုဝဏ္ဏ ဟံသာစေတီရွှေဟင်္သာဘုရားဟူသော ကမ္ပည်းနှင့်တကွ လေးထောင့်အုတ်တိုက်ခံ မုခ်လေးမျက်နှာဖွင့်၍ မတ်ရပ်ရုပ်ပွားတဆူစီ ကိန်းဝပ်သော စေတီငယ်ရှိလေသည်။ အထက်ဖေါ်ပြပါ ဟင်္သာနှစ်ကောင်ရုပ်မှာ စေတီအနောက်မုခ်ရှေ့ရှိ အုတ်ခုံပေါ်တွင် ရှိလေသည်။
တကောင်ပေါ် တကောင်ဆင့်၍ နားနေသောဟင်္သာနှစ်ကောင်နှင့်ပတ်သက်၍လည်းကောင်း၊ ရသေ့ကြီးဦးခန္တီ၏ဟင်္သာကုန်းနှင့်ပတ်သက်၍လည်းကောင်း၊ ဤစာရေးသူ လေ့လာရှာဖွေ သုတေသနပြုထားချက်များကို''ဆိုရေးရှိက၊ ဆိုအပ်လှ၏''ဟူသောစကားအတိုင်း တင်ပြမည်ဖြစ်၏။ နှစ်သက်ပါက မှတ်ယူကြရန်နှင့် မနှစ်သက်ပါက မယူကြရန် ဖြစ်ပါသည်။ စင်စစ်သော်ကား ဤအကြောင်းအရာများကို အထက်ဖေါ်ပြခဲ့သည့်အတိုင်း နောင်လာနောက်သားတို့အား သိစေလိုသဖြင့် ''ဆိုရေးရှိက ဆိုအပ်လှ၏၊ ဆိုစများလျား၊ ထားပချေမိ၊ ငါ့ဝန်ရှိခဲ့''ဟူသော ထုံးကို နှလုံးသွင်း၍ တင်ပြရခြင်း ဖြစ်ပါသည်။
ဟံသာဝတီပဲခူးဒေသဆိုင်ရာ ရှေးဦးသမိုင်းရာဇဝင်တွင် ဟင်္သာငှက်ဖိုမနှစ်ကောင်မှာ အရေးကြီးသော အခန်းမှ ပါဝင်ခဲ့လေသည်။ မြတ်စွာဘုရားဒေသစာရြီ<ွကတော်မူလာစဉ်အခါ ဤဟံသာဝတီပဲခူးတည်မည့်နေရာသို့ ရောက်သည့်အခါ ဟင်္သာငှက်တို့ကို မြင်တော်မူ၍ ဤဒေသတွင်နောင်အခါ ဟံသာဝတီမည်သော ပြည်ကြီးဖြစ်ထွန်းပေါ်ပေါက်လာမည့်အကြောင်း ဗျာဒိတ်စကား ပြောကြားခဲ့လေသည်ဟု ဖေါ်ပြမှတ်သားကြသော အကြောင်းအရာများသည် အစဉ်အလာသမိုင်းရာဇဝင်တို့တွင် ပါရှိခဲ့ပြီးဖြစ်သောကြောင့် ဟင်္သာငှက်တို့သည် အရေးကြီးသော အခန်းမှ ပါဝင်ခဲ့သည်ဟု ဆိုခြင်းဖြစ်ပါသည်။
ထိုသို့ ဟင်္သာငှက်တို့ကို မြတ်စွာဘုရား မြင်တော်မူ၍ ဗျာဒိတ်ထားသောအခါတွင်လည်းကောင်း၊ ထိုနောက် ဤဒေသတွင် ပင်လယ်ရေပြင်မှ ကျွန်းပေါ်စ အခါကာလ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီးနောက် နှစ်ပေါင်းကိုးရာရောက်သည်တွင် အိန္ဒိယပြည် ဝိဒျာနဂရမြို့မှ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ သင်္ဘောဖြင့် လာကြသော ကုန်သည်များသည် ဤဒေသတွင်ပင် တွေ့ကြပြန်သော ဟင်္သာငှက်တို့ သောင်ပြင်ပေါ်တွင် မည်ကဲ့သို့အနေအထားဖြင့် နားနေကြသည်တို့ကိုလည်းကောင်း၊ မွန်ဘာသာ၊ မြန်မာဘာသာတို့ဖြင့် ရှေးအခါက

 ရေးသားမှတ်တမ်းတင်ခဲ့ကြသော အစောင်စောင်သော စာပေတို့၌ ဖေါ်ပြထားချက်များမှာ ယခု ရသေ့ကြီးဦးခန္တီပြုလုပ်ခဲ့သော တကောင်ပေါ် တကောင်ဆင့်၍ နားနေကြဟန် အနေအထားအတိုင်း မည်သည့်ရှေးစာတွင်မှ မပါရှိပေ။သို့သော် ၁၂၈၄-ခုတွင် ရသေ့ကြီးဦးခန္တီသည် ဤဟင်္သာရုပ်များကို ပြုလုပ်သောအချိန်မတိုင်မီကပင် ဟင်္သာငှက်တို့၏ဤကဲ့သို့ တကောင်ပေါ် တကောင်ဆင့်၍ နားနေဟန်ဝါဒမှာမူ ရှိခဲ့ပြီးဖြစ်ပါသည်။
 ၁၂၅၇-ခု၊ ပဲခူးမြို့ ညောင်ဝိုင်းရပ် ဆရာကြီးဦးဖူးသည် ရွှေမော်ဓောရာဇဝင်သမိုင်းဟူ၍ စာအုပ်တအုပ် စီစဉ်ရေးသားလေသည်။ ထိုတွင် ဆရာကြီးဦးဖူးက အချို့သူဟောင်းတို့အဆိုဟူ၍ အောက်ပါအတိုင်း ဖေါ်ပြခဲ့လေသည်။
''နောက်များမကြာမီ လက်ဝါးတအုပ်ခန့် သဲခုံပေါ်လာရာ ကောင်းကင်က ရွှေဟင်္သာဖိုမတို့သည် ပျံလာ၍ နှစ်ကောင်နားစရာ မရခြင်းကြောင့် တကောင်၏ကျောပေါ်မှာ တကောင်ဆင့်၍ နားနေရ၏'' ဤတွင် အထက်ပါ အကြောင်းအရာကို ဆရာကြီးဦးဖူးသည် ရေးသားဖေါ်ပြရာတွင် အချို့သူဟောင်းတို့အဆိုဟူ၍ မသေချာသောပါးစပ်ရာဇဝင်စကားမျှဖြစ်ကြောင်း အတိအလင်း ရှင်းလင်းထားသည်ကို သတိပြုမှတ်သားနိုင်ပါသည်။သမိုင်းရှေးဖြစ် အကြောင်းတို့တွင် တဆင့်တဆင့် မှတ်သားပြောကြားလာကြသော ပါးစပ်ရာဇဝင်စကားတို့သည် အများအပြားပါရှိရာတွင် အထက်ပါ အကြောင်းအရာကိုလည်း ကြားဖူးရသောကြောင့် အချို့သူဟောင်းတို့အဆိုဟု ထည့်သွင်းဖေါ်ပြခဲ့ခြင်း ဖြစ်ပေသည်။
ဤဟင်္သာဖိုမနှစ်ကောင်တို့၏နားနေကြဟန် အနေအထားကို အထက်တွင် ဖေါ်ပြခဲ့သည့်အတိုင်း ၁၂၅၇-ခုတွင် ဆရာကြီးဦးဖူး၏ရွှေမော်ဓောရာဇဝင်သမိုင်းစာအုပ်တွင် ပထမဆုံးတွေ့မြင်ရသည်။ ထိုထက်စော၍ ထိုကဲ့သို့သော အနေအထားအကြောင်း ရှေးအဆိုအမိန့်ကိုကားကျွန်ုပ်တို့ မတွေ့ဖူးသေးပါ။ အကယ်၍ ရှိပါက ရှေးစာဟောင်းတွေ့ရှိမိသော ပညာရှင်တို့က ဖေါ်ပြပေးပါရန် မေတ္တာရပ်ခံပါသည်။
ဤကဲ့သို့ အချို့သူဟောင်းတို့အဆိုဟူ၍ ဆရာကြီးဦးဖူးက ဖေါ်ပြထားသော ဟင်္သာဖိုမနှစ်ကောင်တို့၏အနေအထားအတိုင်း ရသေ့ကြီးဦးခန္တီလက်ထက် ၁၂၈၄-ခုတွင် သတ္တုဖြင့် ပုံသွင်းထားသော ဟင်္သာဖိုမနှစ်ကောင်၊ တကောင်ပေါ် တကောင်ဆင့်၍နေဟန်ရုပ်ပုံသည် ရသေ့ကြီးကြီးမှူး၍ တည်ဆောက်သော ဟင်္သာကုန်းအရပ်ရှိ သံတန်ဆောင်းကြီးအတွင်းတွင် ထင်ရှားပေါ်ပေါက်လာခဲ့လေသည်။ ရသေ့ကြီးဦးခန္တီ၏ပါဠိဆရာ ယင်းခဲဦးမောင်မောင်စီစဉ်ရေးသား၍ ၁၂၉၃-ခုတွင် ထုတ်သော ရွှေဟင်္သာစေတီတော်သမိုင်းစာအုပ်တွင်လည်း

ဆရာကြီးဦးဖူးအဆိုအမိန့်အတိုင်း ဟင်္သာဖိုမနှစ်ကောင်၏အနေအထားကို ဖေါ်ပြထားပြန်လေသည်။
ပဲခူးမြို့တွင် ရောက်ရှိနေသော လူအပေါင်းတို့အတွက် သွားရောက်ရာ အရပ်ဒေသတခုတွင် အရေးကြီးပါဝင်သောဌာနအဖြစ် ရွှေမော်ဓောစေတီတော်ကြီးမှ အရှေ့ဘက် စောင်းတန်းကြီးတလျှောက် ဆင်း၍ ဦးခန္တီ၏ဟင်္သာကုန်းသို့သွားရောက်ကြ၏။ သံတန်ဆောင်းကြီးအတွင်းရှိဤဟင်္သာဖိုမနားနေကြဟန် အရုပ်ကို ကြည့်ကြ၏။ စိတ်ဝင်စားကြ၏။ အရုပ်ခုံပတ်လည်တွင် ရေးသားထားသော''ရှေးဦးပထမ ကျွန်းပေါ်စက၊သုဝဏ္ဏဟံသာ၊ ချစ်ကြည်စွာလျှင်၊ နှစ်ဖြာဖိုမ၊ အတူတကွ နားနေကြသောပုံ''ဟူသော သုတိသာယာသောစာသားကို ဖတ်ရှုကြ၏။ ဟင်္သာဖိုက အောက်က ဟင်္သာအမက အပေါ်ကဟူ၍ ဆိုခြင်းကြောင့် ပဲခူးသား ပဲခူးသူတို့နှင့်ပတ်သက်၍ သဘာဝနှင့်မဆီလျော်သော ပြောထုံးစကားပြက်ရယ်စကားများလည်း ပေါ်ပေါက်လာလေ့ ပြောလေ့ရှိကြလေသည်။
ဤအရုပ်များကို စတင်ပြုလုပ်ချိန် ၁၂၈၄-ခုမှစ၍ ယခုနှစ်ပေါင်း ခြောက်ဆယ်နီးပါး ရောက်ပြီးဖြစ်၍ ထိုနှစ်များအတွင်း မြင်ကြတွေ့ကြသော ဟင်္သာနှစ်ကောင်၏ရုပ်ပုံအနေအထားကို မည်မျှလောက် စိတ်ဝင်စားပြီး မည်မျှလောက် သက်ရောက်သည်ကိုမူ ယခုအခါတွင် ဒေသဆိုင်ရာ အသင်းပိုင်ပစ္စည်းများတွင် တံဆိပ်ပြုလုပ်ခြင်း၊ ဆေးဝါးကြော်ငြာများတွင် ကုန်အမှတ်တံဆိပ်ပြုလုပ်ကြခြင်း၊ ဒေသဆိုင်ရာ စာစောင်များတွင်မျက်နှာဖုံးပုံများ၌ ဟင်္သာဖိုမနှစ်ကောင်ဆင့်၍ နားနေပုံကို အတော်များများ အသုံးပြုနေကြလေသည်။
ဤကဲ့သို့ ဟင်္သာဖိုမနှစ်ကောင် အနေအထားသည် ရှေးမွန်ရာဇဝင်ကြီးများနှင့်တကွ ရှေးမှတ်တမ်းစာပေများတွင် ဖေါ်ပြထားခြင်းမရှိကြောင်း အထက်တွင် ဆိုခဲ့ပါသည်။ ဤကဲ့သို့မရှိကြောင်းကိုလည်း ရှင်းလင်းတင်ပြရမည်ဖြစ်ပါသည်။ဤအကြောင်းအရာမှာ မွန်တို့၏ရာဇဝင်အစ မွန်ဒေသဆိုင်ရာ အဖြစ်အပျက် အကြောင်းအရာအတွက် အရေးကြီးသောအချက်ဖြစ်သောကြောင့် မွန်ရာဇဝင်ဟောင်းကြီးများတွင် ရှာဖွေကြည့်သောအခါ မည်သည့်စာဟောင်းပေဟောင်းတွင်မှ ဤကဲ့သို့ဆိုထားခြင်း မရှိပါ။ ဤတွင် အလေးအနက်တင်ပြရန်မှာ မွန်ဘာသာဖြင့် ရေးထားသော မွန်ရာဇဝင်ဟောင်းများအနက် အပြည့်စုံဆုံးနှင့်အကြီးဆုံးဖြစ်သော မွန်ရာဇဝင်ကြီးမှာဥပ္ပန္နသုဓမ္မဝတီရာဇဝံသကထာ၊ ဥပန္နဟံသာဝတီရာဇဝံသကထာအမည်ရှိလေသည်။ ထိုရာဇဝင်ကြီးတွင်ပါရှိသော အချက်အလက်တို့ကို နောက်ရေးသော မွန်ရာဇဝင်များက ကိုးကားရေးသားကြရလေသည်။
အထက်ပါ ဟင်္သာဖိုမတို့အကြောင်းကို ရာဇဝင်ကြီးတွင် အောက်ပါအတိုင်း ပါရှိလေသည်။ ထိုရာဇဝင်ကြီးမှာ မြန်မာနိုင်ငံတွင် ပေမူအတိုင်းမှ ပုံနှိပ်စာအုပ်အဖြစ် မရောက်သေးသော်လည်း ယိုးဒယားနိုင်ငံတွင် သက္ကရာဇ် ၁၂၇၂-ခုက ပတ်ကလတ်ရွာပုံနှိပ်တိုက်တွင် ပုံနှိပ်ခဲ့ဖူးလေသည်။ ယခု မွန်ဘာသာမှ မြန်မာဘာသာပြန်ဆိုဖေါ်ပြမည့်အကြောင်းအရာတို့မှာ အထက်ပါစာအုပ် စာမျက်နှာ (၆၈/၆၉)တို့မှလည်းကောင်း၊ စာမျက်နှာ(၈၂/၈၃)တို့မှလည်းကောင်း ဖြစ်ပါသည်။ တွေ့ရှိရသမျှ မွန်ရာဇဝင်ဟောင်းများတွင်ထိုကျမ်းသည် အပြည့်စုံဆုံးဖြစ်ပါသည်။ အကြောင်းအရာ အဆက်အစပ်သိမြင်နားလည်စေရန် သက်ဆိုင်ရာ အပိုင်းကို ပြည့်ပြည့်စုံစုံ မွန်ဘာသာမှ မြန်မာဘာသာပြန်ဆိုပါသည်။
ဗုဒ္ဓသက္ကရာဇ် ၂၄၅၃(ကောဇာ ၁၂၇၂)တွင် ပကလတ်မြို့တွင် ပုံနှိပ်သော ဥပ္ပန္နရာဇဝံသကထာ မွန်ဘာသာရာဇဝင်စာအုပ်တွင် ပါသောရုပ်ပုံနှင့်စာမျက်နှာ ၆၈-တွင် ပါသောစာသား-''ထိုမှ ဘုန်းတော် အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရားသခင်သည်

 နောင်သာသနာတော်၏အကျိုးကျေးဇူးအလို့ငှာ လက်ယာရံလက်ဝဲရံ အဂ္ဂသာဝက၊ မဟာသာဝကရဟန္တာနှစ်သောင်းတို့နှင့်တကွ ဈာန်သမာပတ်ဝင်စားပြီးလျှင် အစဉ်အတိုင်း မြတ်စွာဘုရားကို ဝန်းရံမြဲအတိုင်း အရှေ့ဘက်ကမ်းပါး ဤဂရုပေါဌကတောအုပ်မှ အနောက်မျက်နှာ သမုဒ္ဒရာဘက်သို့ မျက်နှာမူလျက် ကောင်းကင်ဖြင့်သာလျှင် ကြွလာတော်မူလေ၏။
ထိုမြတ်စွာဘုရား ကြွလာတော်မူသောအခါ နှိုင်းစရာ ဥပမာ တန္တုကား ပုဏ္ဏမီလပြည့်အခါ လဝန်းကို လက်ယာ လက်ဝဲ နက္ခတ်အပေါင်းဝိုင်းရံလျက် ယုဂန္ဓိုရ်တောင်ထပ်မှာ ခြောက်ထွေသော ရောင်ခြည်နှင့်တကွ

 ပေါ်ထွန်းတက်လာပြီးလျှင် အာကာသဝီထိ ကောင်းကင်လမ်းအလယ်တွင်
 တင့်တယ်ဘိသကဲ့သို့ ရဟန္တာအပေါင်းတို့နှင့်တကွ အနောက်ဘက်သမုဒ္ဒရာထဲသို့ မြတ်စွာဘုရားကြွလာတော်မူရာ သမုဒ္ဒရာအလယ်ချက်သို့ရောက်လျှင် သောင်ပြင်အလယ်တွင်
 မြူးတူးနေသော ရွှေဟင်္သာဖိုမနှစ်ကောင်ကို မြတ်စွာဘုရား လှမ်း၍ မြင်ရ၏။ ထိုခဏနှိုက် မြတ်စွာဘုရားပြုံး
တော်မူပြီးလျှင် ဤသို့ဗျာဒိတ် ကြားတော်မူ၏''
''အိုအချင်းတို့၊ မုတ္တမတောင်ထိပ်တွင် ငါနေတော်မူစဉ်အခါ မဟာယက္ခလေးဦးနှင့်နတ်သားတဦး၊ နတ်သမီးတဦး၊ အသုမ္မဏဂေါပါလတို့ကို နောင်အနောက်ဘက်ဒေသတွင် မြို့ကြီးတခု ဖြစ်ပြီးလျှင် မြင့်မြတ်သော မင်းအဖြစ်ကို ချင်းတို့ ဖြစ်ရမည်ဟု ရှေးက ငါဗျာဒိတ်ကြား၍ ထားတော်မူသည်ကား အခြားမဟုတ်၊ ထိုဟင်္သာဖိုမ မြူးတူးနေသော သောင်ပြင်ကြီးအလယ်နှိုက်သာလျှင်

 နောင် ရာဇဌာနီမင်းနေပြည်ကြီးတခု ဖြစ်ပြီးလျှင် ချင်းအတို့အပေါင်း နေရမည့်ဒေသဖြစ်သည်။ ထိုတွင် ဟင်္သာနေခြင်းကြောင် ထိုပြည်ကို ဟံသာဝတီပြည်အမည်ခံရမည်ဟု ဤကဲ့သို့ ဥဒ္ဒေသစကားဖြင့် မြတ်စွာဘုရား မိန့်တော်မူပြီးလျှင် ဆိတ်ဆိတ်နေတော်မူလေ၏။
ထိုနောက် ''အိုအချင်းတို့၊ ဤဒေသကား နောင် သာသနာတည်ရာဌာနကြီးတခု ဖြစ်လိမ့်မည်၊ ထိုဌာနသို့ ငါတို့သက်ဆင်းပြီးလျှင် လှည့်ပတ်၍ ဗျာဒိတ်တော်ထားမည်''ဟု မြတ်စွာဘုရား မိန့်တော်မူပြီးလျှင် ရဟန္တာအပေါင်းနှင့်တကွ ထိုရွှေဟင်္သာနှစ်ကောင်နေရာ သောင်ပြင်သို့သက်ဆင်းတော်မူ၍

 မြတ်စွာဘုရား နင်းတော်မူ၏။
ဤဌာနတွင် နေသော ရွှေဟင်္သာနှစ်ကောင်ကို မြတ်စွာဘုရားမြင်သဖြင့် အဘယ့်ကြောင့် ဤဌာနကို ဗျာဒိတထားရပါသနည်း။ ဤဟင်္သာကား တပါးသော ဟင်္သာတို့ထက် အံ့ဖွယ်သရဲ ထူးကဲသဖြင့် ဤရွှေဟင်္သာဖိုမကို ပမာဏ၊ အောက်ချင်းပျိုခန့် ပမာဏရှိ၏။ ကိုယ်အဆင်းကား ရွှေပြားကိုအုပ်ထားဘိသကဲ့သို့ အဆင်းရှိ၏။ အမောက်ကား ပတ္တမြားသရဖူးကို တင်ထားဘိသကဲ့သို့ရှိ၏။ ထိုမှလည်း အရပ်တပါးသို့ လှည့်ပတ်၍မသွား၊ နံနက်ကာလ အချိန်တန်လျှင် မိမိနေရာမှ ပျံလာပြီးလျှင် ဤသောင်ပြင်နှိုက်သာလျှင် နေလေ၏။ ညချမ်းအခါ တန်လျှင်လည်း ထိုမှအနောက်မြောက်ထောင့် အရပ်တွင် ကြာမျိုးငါးပါးပြည့်စုံစွာသော ရေကန်တခုရှိသော သရဝတီဂြဟမည်သော တောင်ထိပ်သို့ပြန်၍ နေသလျှင်တည်း။ ထို့ပြင် ပြဒါးရှင်တလုံးကို ထိုဟင်္သာမျိုထားသဖြင့် အကြင်ဒေသတခုသို့ အကယ်၍ ထိုဟင်္သာလှည့်ပတ်သွားရောက်ခဲ့အံ့၊ ထိုဟင်္သာရောက်သော ဒေသတွင် ပွင့်လန်းသာယာ စည်ကားသလျှင်တည်း။
ထို့ကြောင့် ထိုဒေသတွင် ဤကဲ့သို့ အံ့ဖွယ်သရဲ ထူးကဲသော ဟင်္သာလှည့်ပတ်၍ နေလာခြင်းကြောင့် နောင် ဤသောင်ထွန်းပြီးလျှင် ရာဇဌာနီမင်းနေပြည် ဖြစ်မည့်အချင်းအရာကို

 မြတ်စွာဘုရားမြင်တော်မူသဖြင့် ဤဒေသတွင် ဟံသာဝတီပြည်ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်စကားကိုမြတ်စွာဘုရား ကြားတော်မူသတည်း။
(အထက်ပါ အကြောင်းအရာမှာ ဥပ္ပန္နမွန်ရာဇဝင်ကြီး၊ စာမျက်နှာ ၆၈၊ စာကြောင်း ၃-မှစသောအပိုဒ်မှစ၍ စာမျက်နှာ ၆၉၊ ပဌမစာပိုဒ်အဆုံးထိ မွန်ဘာသာမှ မြန်မာဘာသာပြန်ဆိုချက် ဖြစ်သည်။)
တခြားတနေရာ စာမျက်နှာ ၈၁-၌လည်း ဟင်္သာနှစ်ကောင်နှင့်ပတ်သက်၍ ပါရှိပြန်သည်ကား အောက်ပါအတိုင်း ဖြစ်လေသည်။ အကြောင်းအရာစကားဆက်ကို သိစေလို၍လည်းကောင်း၊ ဤမွန်ရာဇဝင်မှာလည်း ရှာဖွေအလွယ်တကူ ရရှိနိုင်သောစာပေမဟုတ်၍လည်းကောင်းပြည့်ပြည့်စုံစုံ ဘာသာပြန်၍ ဖေါ်ပြလိုက်ပါသည်။
''ထိုသုဒဿန မြင်သိတတောင်အနီး သောင်တွင်

 မြတ်စွာဘုရားတည်နေတော်မူသောအခါ ဟံသာဝတီပြည်ဖြစ်မည့်အချင်းအရာကို သိလိုသဖြင့် အာနန္ဒာနှင့်ဂဝမ္ပတိထေရ်တို့ မြတ်စွာဘုရားကို
 တောင်းပန်လျှောက်ထားသည့်စကားတွင် မြတ်စွာဘုရားဟောကြားထားတော်မူသော
ဗျာဒိတ်စကား၏ပတိနိဒ္ဒေသအားဖြင့်ကား-''အို-အာနန္ဒ၊ ယခု ဤတွင် ငါရောက်လာသောအခါကား ရေအလွန်တိုးတက်သောအခါတည်း။ ဤသောင်ကျောထက် ရေအနက်လည်းနှစ်ဆယ့်သုံးလံရှိ၏။ နောင် ငါ ပရိနိဗ္ဗာန်ပြုပြီးနောက် အနှစ်ကိုးရာရောက်သောအခါ ဤဌာနတွင် သဲဆယ်လံ ထွန်းတက်ပြန်သဖြင့် ရေအနက်တဆယ့်သုံးလံသာလျှင် ကြွင်းကျန်လိမ့်မည်။''

''ထိုရေအနက် တဆယ့်သုံးလံ ဖြစ်ရှိသည်တွင် ဝိဒျာနဂရံပြည်မသုဝဏ္ဏဘုမ်ပြည်သို့ ကုန်သွယ်လာကြသော ကုန်သည်တို့ သင်္ဘောကြီးတစင်းလွှင့်ပြီးလျှင် ဝိဒျာနဂရံပြည်သို့ သင်္ဘောလွှင့်၍ ပြန်လာမည်။ ဤသောင်သို့ရောက်လျှင် ရေအကျနှင့်ကြုံကြိုက်သဖြင့် ဤသောင်ကို မြင်လျှင် ဤသောင်ထက်နှိုက် အလွန်အံ့သြဖွယ်ဖြစ်သော ရွှေဟင်္သာနှစ်ကောင်ကို ရှုမြင်ရပြီးသည့်အခြားမဲ့နှိုက် ဝိဒျာနဂရံပြည်သို့ သင်္ဘောလွှင့်ရောက်လာပြီးလျှင် ထိုသောင်ပြင်တွင် နားနေသော ရွှေဟင်္သာနှစ်ကောင် အံ့ဖွယ်ဖြစ်သည့်အတိုင်း ဝိဒျာနဂရံပြည့်ရှင် ပဏ္ဍုရာမှာယေန်မင်းကို လျှောက်ထားကြကုန်၏
ဤတွင် မွန်ရာဇဝင်ကြီးနှိုက်ဆက်လက်၍ ပါဏ္ဍုရာမှာယေန်မင်းက ထိုရွှေဟင်္သာနှစ်ကောင်နားနေသော

 သောင်နေရာတွင် နောင်အခါရာဇဌာနီကြီးဖြစ်မည်ကို သိ၍ အမှတ်အသားအဖြစ် ကျောက်တိုင်ချ၍ ပိုင်ဆိုင်ကြောင်းပြုလုပ်ထားကြောင်း ထိုနောက် နှစ်ပေါင်းတစ်ရာခြောက်ဆယ်တိုင် လွန်မြောက်ပြီးနောက် ထိုနေရာဌာနတွင် မြေပေါ်ထွန်းလာသည်။ ထိုအခါ ဝိဒျာနဂရံပြည်မှ မင်းက ထိုနေရာကို အစောင့်အနေလာ၍ချထားသည်ကို နှစ်ပေါင်း ၅၆-နှစ်လွန်ပြီး သမလနှင့်ဝိမလမင်းသားနှစ်ယောက်တို့ မြို့တည်မည့်အခါ သိကြားမင်းအကူအညီဖြင့် ဝိဒျာနဂရံကုလားတို့အား အောင်မြင်ပြီး ဟံသာဝတီတည်မည့်အကြောင်း မွန်ရာဇဝင်အစပိုင်းကို မြတ်စွာဘုရား ဗျာဒိတ်ထားခဲ့ဟန် ပတိနိဒ္ဒေသစကားကို ရှည်လျားစွာ ဖေါ်ပြထားလေသည်။
ပဲခူးမြို့၊ ရွှေမော်ဓောစေတီကြီး အရှေ့ဘက်ရှိ ရသေ့ကြီးဦးခန္တီ၏ဟင်္သာကုန်း တန်ဆောင်းကြီးပုံ။
ဤတွင် ဟံသာဝတီတည်မည့်နေရာတွင်

 ရွှေဟင်္သာဖိုမနှစ်ကောင်သည် သောင်ပြင်ပေါ်တွင် နားနေသည်ဟုပင် ဖေါ်ပြထားလေသည်ကိုထင်ရှားစေရန် မွန်ရာဇဝင်ကြီးအဆိုအမိန့်ကို ကိုးကားရခြင်း ဖြစ်ပါသည်။ အခြားသော မွန်ဘာသာဖြင့် ရေးသားသောရာဇဝင်များ၊ ဘုရားသမိုင်းများနှင့်ပျို့ကဗျာများတွင်လည်း ကျွန်ုပ်တို့ရှာဖွေနိုင်သမျှ သဲသောင်ပေါ်တွင်သာ ဟင်္သာဖိုမနားကြောင်း ပါရှိလေသည်။ ဆရာကြီးဦးဖူး၏အချို့သူဟောင်းတို့အဆိုမျိုး ဟင်္သာဖိုမအနေအထားကိုမူ မည်သည့်ရှေးစာဟောင်းတို့တွင်မှ မတွေ့ရဖူးပေ။မြန်မာဘာသာဖြင့် ရေးသားထားသော
 ရှေးစာများတွင်လည်း မပါရှိပေ။ ၁၂၇၉-ခုနှစ်တွင် ဆရာကြီးဦးလူကလေး ရေးသားသောမွန်ရာဇဝင်ရွှေမော်ဓောသမိုင်းစာအုပ်တွင် အောက်ပါအတိုင်း ဤအကြောင်းကို ဖေါ်ပြရေးသားထား၏။
''မြတ်စွာဘုရားသခင်သည် ရဟန္တာငါးရာခြံရံလျက်

 ကောင်းကင်ခရီးဖြင့် ကြွတော်မူရာ ဟံသာပဗ္ဗတသုဒဿနပဗ္ဗတကုန်း ပေါ်ထွန်းမည့်အရပ်ကို
 ရောက်တော်မူ၍ သုဒဿနကုန်းဖြစ်ပေါ်မည့်ပင်လယ်ရေမျက်နှာပြင်မှ ပေါ်ဦးစ ကုန်းထိပ်တွင် ရပ်တော်မူ၏။ ထိုကုန်း၏မြောက်မျက်နှာအရပ်တွင် ဟံသာပဗ္ဗတကုန်းဖြစ်မည့်ကျွန်းငယ်သည် ပင်လယ်ရေပြင်၌ ငုပ်တုံပေါ်တုံရှိ၍ ဟင်္သာဖိုမတို့သည် ကျက်စားပျော်ပါးရာမှ မြတ်စွာဘုရားရပ်တော်မူရာ ရှေ့ရှုလျက်
 တောင်ပံနှစ်ဘက် စုံယှက်ဖြန့်မိုးရှိခိုးပူဇော်ကြသည်။''
အထက်ပါအတိုင်း ဖေါ်ပြခဲ့သော အကြောင်းအရာများတွင်လည်း ဟင်္သာဖိုမနှစ်ကောင်၏အနေအထားသည် ဆရာကြီးဦးဖူး၏အချို့သူဟောင်းတို့ အဆိုအတိုင်း မဟုတ်၊ တမျိုး ဖြစ်လေသည်။ ဤကဲ့သို့ ရှေးမွန်ဘာသာ၊ မြန်မာဘာသာစာဟောင်းပေဟောင်းတို့တွင် ရွှေဟင်္သာနှစ်ကောင်ကို သောင်ပေါ်နှိုက် နားနေသည်ဟုပါရှိရာ
မှ အဘယ်ကြောင့် ''နောက်များမကြာမီ လက်ဝါးတအုပ်ခန့် သဲခုံပေါ်လာရာ ကောင်းကင်က ရွှေဟင်္သာဖိုမတို့သည် ပျံလာ၍ နှစ်ကောင်နားစရာမရခြင်းကြောင့် တကောင်၏ကျောပေါ်မှ တကောင်ဆင့်၍ နားရ၏''ဟူသောစကားသည် ပေါ်ပေါက်လာလေသနည်းဟု

 တွေးတောဆင်ခြင်ဘွယ်ရှိပါသည်။ မူလမွန်စာဟောင်းတို့တွင် ရွှေဟင်္သာနှစ်ကောင်ကို 
 ဖေါ်ပြသော နေရာတိုင်းတွင် (ဓိုင်ထဝ်ဓါ)ဟူသော စကားကိုသုံးထားသည်။ ဓိုင်=ဟင်္သာ၊ ထဝ်=ရွှေ၊ ဓါ=နှစ်။ ဤတွင် ဤစကားကို ဘာသာပြန်ဖတ်ရှုရာတွင် မွန်ဘာသာဖြင့် ရေးထားသော 'ထဝ်'ဟူသောစကားမှ ဝ-သတ်သည် ပ-သတ်ကဲ့သို့ ဖြစ်နေ၍ ထပ်-ဟုယူဆပြီး မွန်ဘာသာနှိုက် ထပ်-ကို အနက်မရ၍ မြန်မာဘာသာ ထပ်(ထပ်ဆင့်သည်၊ ထပ်သည်) ဟူ၍ စကားကိုဆွဲယူ၍ ဟင်္သာဖိုမထပ်၍ နားကြောင်း စိတ်ကူးပေါ်ပေါက်ကြံဆခဲ့လေသလားဟု တွေးဆမိပါသေးသည်။ ဤကား ကျွန်ုပ်၏တွေးဆချက်သာ ဖြစ်ပါသည်။
ဟင်္သာဖိုမနှစ်ကောင်သည် တကောင်ပေါ်တကောင် ထပ်ဆင့်၍ နားနေကြောင်း မည်သည့်မွန်စာဟောင်း၊ မြန်မာစာဟောင်းတို့တွင်မှ မရှိကြောင်းကို ရှင်းလင်းတင်ပြပြီးနောက် သိပ္ပံနည်းကျကျဖြင့် အမှန်သဘာဝကို အကျဉ်းတင်ပြ၍ ဟင်္သာနှစ်ကောင် ထပ်ဆင့်နားနေရသည်ဟူသောစကားကို ပယ်ပါဦးအံ့။
အို စာဖတ်သူ အဆွေ...ဟင်္သာငှက်သည် မည်ကဲ့သို့သောငှက်အမျိုးအစား ဖြစ်ပါသနည်း။ ဟင်္သာငှက်သည် ဝမ်းဘဲအမျိုးအစားတွင်ပါသော ရေငှက်ဖြစ်ပါသည်။ ဟံသဟူသောပါဠိမှ မြန်မာစကား ဟင်္သာဖြစ်လာသောငှက်ကို ရှေးနိဿယဟောင်းများတွင် ဝမ်းဘဲဟု ပြန်ဆိုပါသည်။ပုဂံခေတ်က ရေးသားထားသော ကမ္ပည်းမင်စာများတွင် ဟံသကို ဝံပယ်ဟု ပြန်ဆိုထားပါသည်။ ယခုဝမ်းဘဲမျိုးတွင်ပါဝင်သော ရေနှိုက်ကျက်စားသောအကြင်ဟင်္သာငှက်သည် အဘယ်ကြောင့် ရေပေါ်တွင် နားစရာနေရာမရှိသဖြင့် တကောင်ပေါ်တကောင် နားရပါသနည်း။ ဟင်္သာအတွက်နားစရာ ရေပြင်ကြီးကား ကျယ်ဝန်းလှပါသည်။ ရေထဲတွင် ဟင်္သာငှက်တို့ နားစရာနေရာအတိရှိကြောင်း သတိမေ့သွားသော အကြင်ပုဂ္ဂိုလ်တို့သည် ဤဟံသာဝတီပဲခူးရာဇဝင်သမိုင်းအစတွင် ပါဝင်သောရွှေဟင်္သာနှစ်ကောင်ကို တကောင်ပေါ်တကောင်ဆင့်၍ ပေးလိုက်လေတော့သည်။
ဟင်္သာငှက်တို့သည် ရေနှိုက်ကျက်စားသောရေငှက်

 ဖြစ်ခြင်းကြောင့်လည်းကောင်း၊
 မြစ်ချောင်းပင်လယ်တို့တွင် သဲသောင်ပေါ်ထွန်းရာတွင် သဲများ ရေစီးဖြင့် သယ်ဆောင်သဖြင့် အောက်မှ တဖြည်းဖြည်းပို့၍ပို့၍ တက်လာပြီး လက်တဝါးခန့်သာမက အပြန့်လိုက်ပေါ်ထွန်းလာဟန်မြစ်ချောင်း
ပင်လယ်တို့နှိုက် သောင်ထွန်းသော သဘာဝကိုလည်းကောင်း နှလုံးသွင်းကြ၍ ဟင်္သာဖိုမနှစ်ကောင် တကောင်ပေါ်တကောင်ဆင့်၍နားရသည်ဟူသော ပါးစပ်ရာဇဝင်ကို ရှေးမွန်-မြန်မာရာဇဝင်သမိုင်း စာဟောင်းပေဟောင်းတို့တွင်လည်း ရှာဖွေမတွေ့ရသဖြင့်လည်းကောင်း၊ လက်
ရှိအမြင်အားဖြင့်လည်း ဤဟင်္သာနှစ်ကောင်၏အနေအထားကို ရှင်းပြသူ လိုအပ်နေသော အသွင်မျိုးဖြစ်နေသဖြင့်လည်းကောင်း၊ အမှန်ကို ရှာဖွေသိလိုသူတို့အတွက် တင်ပြလိုက်ရပေသတည်း။
ဟင်္သာဖိုမနှင့်ပတ်သက်၍ ဟင်္သာကုန်းခေါ်နေရာမှာလည်း ဟံသာဝတီသမိုင်းဝင် အရေးကြီးသောနေရာဖြစ်သောကြောင့် နောင်လာနောက်သားတို့၏

သိမှတ်ဖွယ်ဖြစ်၍ ဆက်လက်ဖေါ်ပြပါဦးအံ့။ဟင်္သာကုန်းသည် ဟံသာဝတီပဲခူးရာဇဝင်သမိုင်းတွင် အရေးပါသောသမိုင်းဝင် ဒေသတခုဖြစ်ပေသည်။ ယခုအခါ ရွှေမော်ဓောစေတီတော်ကြီး၏
အရှေ့ဘက်စောင်းတန်းမှဆက်၍ ဘုရင့်နောင်မင်းတရားကြီး၏မြို့ရိုးဟောင်းနှင့်ကျုံးဟောင်းကို သံစောင်းတန်းဖြတ်ပြီးနောက် အရှေ့ဘက်တွင်ရှိသော ရသေ့ကြီးဦးခန္တီကြီးကြပ်၍ ၁၂၈၄-ခုမှ ၁၂၈၆-ခုနှစ်အတွင်း တည်ဆောက်သော သံတန်ဆောင်းတော်ကြီးရှိရာ ကုန်းမြင့်သည် ဟင်္သာကုန်းဟု ယခုခေတ် လူတို့ သိမှတ်ထားကြလေသည်။
ထိုရသေ့ကြီး၏ဟင်္သာကုန်းသံတန်ဆောင်းကြီးအတွင်းတွင် လေးထောင့်အုတ်တိုက်ခံမုခ်လေးခုနှင့်

စေတီငယ်တဆူရှိလေသည်။ ထိုစေတီ၏ကျောက်ဖြူပြား
ကမ္ပည်းစာတွင် ဟံသာပဗ္ဗတသုဝဏ္ဏဟံသာစေတီတော် ကမ္ပည်းကျောက်စာဟူ၍ ဤသို့ပါရှိလေသည်။
မြတ်စွာဘုရားသခင် သာသနာတော် ၂၄၆၈-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၂၈၆-ခုနှစ် တန်ခူးလပြည့် သောကြာနေ့ မန္တလေးတောင်ရသေ့ကြီးဦးခန္တီ၊ ဟံသာဝတီမြို့သူမြို့သား၊ ပြည်သူပြည်သား၊ ရဟန်းရှင်လူအများတို့ သုဝဏ္ဏဟံသာပဗ္ဗတနှိုက် လူနတ်ဗြဟ္မာသတ္တဝါတို့ ပူဇော်ရန်အကျိုးအလို့ငှာ မြတ်စွာဘုရားသခင် ဓာတ်တော်မွေတော်အစစ်တို့ကို ရွှေသပိတ်၊ ရွှေစေတီ၊

 ငွေစေတီ၊ ကြေးစေတီ၊ ကျောက်စေတီအတွင်းသို့ ကောင်းစွာ သွင်းနှံဌာပနာ၍ အုတ်ကျောက်အင်္ဂတေတို့ဖြင့် ဟံသာဝတီစံ ရှေးမင်းကောင်းမင်းမြတ်တို့ ပြုစုတော်မူခဲ့သော ဤသုဝဏ္ဏဟံသာစေတီတော်တန်ခိုးကြီးရေဟင်္သာဘုရားကို ထပ်မံ၍ ပြုစုပြင်ဆင်ကြသည်။
အထက်ပါ ကမ္ပည်းကျောက်စာမှာ ၁၉၃၈-ခုနှစ်အတွင်း ဤစာရေးသူ ဤဌာနသို့ ရောက်စဉ်က နှစ်ကောင်ထပ် ဟင်္သာရုပ်များရှိသောအုတ်ခုံ၏တောင်ဘက်တွင်ရှိသည်ကို ကူးယူခဲ့ခြင်းဖြစ်ပေသည်။
ဤအတိုင်းဆိုပါက ဤသံတန်ဆောင်းတော်ကြီးအတွင်းမှ ဤစေတီငယ်သည် သုဝဏ္ဏဟံသာစေတီဖြစ်၍ ရှေးဟောင်းစေတီကို ရသေ့ကြီးဦးခန္တီ ကြီးမှူး၍ပြင်ဆင်ထားသော စေတီဟု ဆိုလိုရင်းဖြစ်ပါသည်။ ထိုသို့ဖြစ်ပါက ဤစေတီငယ်ကလေးသည်ပင် ဟံသာဝတီသမိုင်းအတွက် အရေးပါလှသော သမိုင်းဝင်စေတီဟုယူဆရမည်ကဲ့သို့ ရှိပါသည်။ဤတွင် ဤသံတန်ဆောင်းကြီးအတွင်းမှ စေတီကို ခေတ္တထား၍ ဟံသာဝတီသမိုင်းဝင် သုဝဏ္ဏဟံသာစေတီကို စာဟောင်းပေဟောင်းတို့
မှ အထောက်အထား ရှာဖွေကြည့်ကြရန် ဖြစ်ပါသည်။
ဟင်္သာဖိုမနှစ်ကောင် နားနေသော သဲသောင်နေရာသည် နောင်အခါ ကျွန်းပေါ်လာခဲ့၍ ထိုနေရာသည် ဟင်္သာကုန်းဖြစ်သည်ဟု ရှေးစာများတွင် ပါရှိလေသည်။ ထိုနေရာ၏တည်နေရာကိုမူ စာဟောင်းပေဟောင်းများတွင် ဤသို့ ပြဆိုထားသည်။
(၁) ၁၁၄၈-ခုနှစ်ရေး၊ ပဲခူးရာဇဝင်နှင့်ရွှေမော်ဓောဘုရားကြီးသမိုင်းပေစာတွင် (သုဒဿနမြင်းသီလာတောင်အရှေ့ ဟံသာပဗ္ဗတအရပ်နှိုက် ဟံ
သာပြည်ကြီးဖြစ်လတ္တံ့)ဟု ပါရှိသည်။
(၂) ၁၁၅၂-ခုနှစ်ရေး၊ ဆရာမောင်ထပ်၏ရွှေမော်ဓောသမိုင်းတွင်လည်း အထက်ပါအတိုင်း ဖေါ်ပြသည်။
(၃) ၁၁၈၇-ခုနှစ်ရေး၊ လိက်သမိင်အသးရောင်၊ အသားမင်းသားအကြောင်း မွန်ဘာသာကဗျာနှင့်၁၁၉၄-ခုနှစ်ရေး၊ ရာဇဝံသကထာမွန်ရာဇဝင်တွင်(သုဒဿနမြင်းသီလာကုန်းအနီး သဲသောင်ပြင်)ဟု ဖေါ်ပြသည်။
(၄) ၁၂၅၇-ခုနှစ်ရေး၊ ဆရာကြီးဦးဖူး၏ရွှေမော်ဓောရာဇဝင်သမိုင်းတွင်

(ဟံသာပဗ္ဗတ၏အနောက်၌သုဒဿနတောင်သည်ရှိလေ၏)
ဟုဖေါ်ပြသည်
(၅)၁၂၇၉ခုနှစ်ရေးဦးထွန်းအောင်၏ရွှေမော်ဓောသမိုင်းသစ်တွင်(သုဒဿနတောင်၏အရှေ့ဟံသာဝတီမည်သော

 တောင်ရှိရာအရပ်၌ဟံသာဝတီပြည်ကြီးကိုတည်၍)ဟုဖေါ်ပြသည်။
(၆) ၁၂၇၉-ခုနှစ်ရေး၊ ဦးလူကလေး၏မွန်ရာဇဝင် ရွှေမော်ဓောသမိုင်းတွင်

(သုဒဿနကုန်း၏မြောက်မျက်နှာအရပ်တွင်
 ဟံသာပဗ္ဗတကုန်းဖြစ်မည့်
ကျွန်းငယ်)ဟုဖေါ်ပြသည်။အထက်ပါ အဆိုအမိန့်များအရ ရွှေမော်ဓောစေတီတော်ကြီး တည်ရာ သုဒဿနကုန်း၏အရှေ့ဘက်ဟုလည်းကောင်း၊ အနီးဟုလည်းကောင်း၊ မြောက်ဘက်ဟုလည်းကောင်း၊ ဟံသာပဗ္ဗဟင်္သာကုန်းကို ဖေါ်ပြသိရှိရာတွင်

 စေတီကြီးမြောက်ဘက်တွင်ကား ပြောပလောက်အောင် ကုန်း
မရှိ၍ အရှေ့ဘက်အရပ်ကိုသာ ယူဆရမည်ဖြစ်လေသည်။ဤတွင် ရွှေမော်ဓောစေတီကြီး အရှေ့ဘက်တွင် ဦးခန္တီ၏သံတန်ဆောင်းကြီးရှိရာ ကုန်းနှင့်¤င်းမြောက်ဘက်စေတီတော်ကြီးမှ အရှေ့ဘက်မြောက်ယွန်းဟင်္သာကုန်းကျောင်းဟောင်း တည်ရှိခဲ့ရာ ကုန်းဟူ၍ နှစ်ကုန်းရှိပါသည်။
ဤကိစ္စနှင့်ပတ်သက်၍ ဟင်္သာကုန်းကျောင်းဟောင်းတွင် ၁၉၃၈-ခုနှစ်က သက်တော်ရှစ်ဆယ်လေးနှစ်ရှိပြီဖြစ်သော ဆရာတော်ကြီးနှင့်သွားရောက်တွေ့ဆုံခဲ့သော သုတေသီဆရာကြီးတဦးကို ဆရာတော်ကြီးက ၁၂၈၄-ခုနှစ်လောက်ကမှ မန္တလေးရသေ့ကြီးဦးခန္တီက ယခု သုဝဏ္ဏဟံသစေတီတည်ထားသောကုန်းနှိုက် စေတီတည်၍ သာသနာပြုလိုကြောင်း၊ ဟင်္သာကုန်းကျောင်းသာရှိ၍ ဟင်္သာကုန်းစေတီလည်း ရှိအပ်ကြောင်း၊ ဆရာတော်ကြီးထံ လာရောက်ရှိခိုး လျှောက်ထားသောကြောင့် သဘောတူညီကြောင်း ပြောလိုက်၍ ဟင်္သာကုန်းဘုရားဟူ၍ ၁၂၈၄-၁၂၈၅-၁၂၈၆-ခုနှစ်များမှာမှ ပေါ်ပေါက်လာရကြောင်း၊ ရှေးအခါက ဦးခန္တီ၏ဟင်္သာကုန်းဘုရားနေရာနှိုက် အရိုးအိုးစေတီပျက်သုံးဆူရှိကြောင်း၊ ကျန်ခဲ့သောအနှစ်(၃ဝ)ကျော်၊ (၁၂၆၅)ခုလောက်က ထိုကုန်းကို အမည်အထူးတလည် ခေါ်သည်မရှိကြောင်းကို အမိန့်ရှိလိုက်သည်ဟု ၁၉၃၈-ခု၊ မေလထုတ်သူရိယမဂ္ဂဇင်း စာမျက်နှာ ၁ဝ၈-တွင် ဖေါ်ပြထားလေသည်။
ဟင်္သာကုန်းနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ် အထောက်အထားတခုမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ရာဇဗာဟုအမည်ရှိသော ဟံသာဝတီစာဆိုတော်သည် မင်းရဲကျော်စွာစုန် ဧချင်းကို စပ်ဆိုခဲ့ရာ သုဝဏ္ဏဘူမိချီအပိုဒ်တွင် ''သုဝဏ္ဏဘူမိ၊ တွင်မည်ရှိသား၊ သီရိရတန၊ သြဘာသဖြင့်၊ သကျသုံးလူ၊ သဗ္ဗညူလျှင်၊ ပေါင်းစုမကွာ၊ ရံငါးရာဖြင့်၊ ဟင်္သာအစစ်၊ ဤတွင်ဖြစ်ဟု၊ ရှင်ချစ်ဘုရား၊ဗျာဒိတ်အားဖြင့်၊ ဟောငြားသရော်၊ အတိတ်ဖော်၍၊ ဖြတ်တော်မူခါ၊ ထိုတောင်မှာက၊ အကြောင်းစလျက်၊ ဟံသာဝတီ၊ တွင်ညီမည်ထူး၊ ကျေးဇူးများလှ၊ မြတ်ဌာနနှိုက်၊ ပုညရတနာ၊ မည်သာထင်ပေါ်၊ စေတီကျော်ကို၊ ရွှေလှော်ထွန်းလျှပ်၊ ဘိနပ်တိုင်အောင်၊ မွမ်းပြီးနောင်မှ၊ များမြောင်ဝတ္ထု၊ရေတွက်ပြုမူ၊ ပေါင်းစုရာခ၊ သံဃိကလည်း၊ ရှေးစဉ်နည်းဖြင့်၊ ကမ္ပည်းကျောက်စာ၊ မင်္ဂလာဇေယော်၊ ထားပြီးသော်လျှင်''...အစချီသဖြင့် ရှိပါလေသည်။
အထက်ပါ ဧချင်းအပြင် မဟာဥပရာဇာဧချင်းဆရာကလည်း ''သဒ္ဓြာ<ွကားလျက်၊ ဘုရားမြတ်စွာ၊ ရှေးသံသာက၊ ဟင်္သာအစစ်၊ ဖြစ်ခဲ့ဘူးသား၊ ကျေးဇူးခိုင်းခိုင်း၊ တိုင်းရာမည၊ ဟံသာဝတီ၊ ကျော်ညီမည်သာ၊ ပြည်မြတ်စွာ၌''ဟူ၍ ထည့်သွင်းစပ်ဆိုလေသည်။ ထို့ကြောင့် ဟံသာဝတီပြည်နေရာသည် ဘုရားအလောင်း ဟင်္သာဖြစ်ဖူးသည်ဟူသော အမှတ်အသားလည်းရှိကြောင်း မှတ်သားဖွယ် ဖြစ်လေသည်။
ထိုမင်းရဲကျော်စွာစုန် ဧချင်းအရ ဘုရင့်နောင်မင်းကြီးသည် ဟင်္သာကုန်းတွင်ရှိသော ပုညရတနာစေတီကို ရွှေမွမ်း၍ သံဃိကလှူဒါန်းဒါနများပြု၍ ကမ္ပည်းကျောက်စာ ရေးထိုးခဲ့ကြောင်း သိရလေသည်။ ထို့ကြောင့် ဟင်္သာကုန်းပေါ်တွင် ပုညရတနာမည်သောစေတီရှိကြောင်း သိရလေသည်။
ပဲခူးတဝိုက်တွင် မိုးအရွာများခြင်း၊ မြေငလျင် မကြာခဏတုန်လှုပ်ခြင်းစသည့်ဘေးတို့ကြောင့် ရှေးဟောင်းစေတီများ အပျက်အစီးအပြိုအပျက် အလွန်များပြားလှသည်ကား မျက်မြင်ပင် ဖြစ်လေသည်။ ပဲခူးအနောက်တော ရွှေဂူကြီးတဝိုက်မှ ဓမ္မစေတီမင်းကြီးတို့လက်ထက် တည်ထားသော စေတီပုထိုးကြီးငယ်တို့မှာ ထောင်းထောင်းညက်ကျေ ပြိုလဲကုန်သည်မှာ များလှပေသည်။ ထို့အတူ ပဲခူးတဝိုက် စေတီများသည် အချို့အစအနပင် ရှာ၍မရအောင် မူလနေရာတွင် ပြိုပျက်သွားသည်မှာလည်း မနည်းတော့ပေ။ ဤကဲ့သို့သော အလားတူ ကံကြမ္မာမျိုးကို ဟင်္သာကုန်းဟောင်းပေါ်ရှိ ပုညရတနာစေတီမှာလည်း တွေ့ကြုံခဲ့ရလေသည်။ ဟင်္သာကုန်းဟောင်းပေါ်တွင် ၁၂၃၅-ခုလောက်က စေတီငုတ်တိုကြီးတဆူ ရှိသေးကြောင်းကို ကမာနတ်ရွာမှ ဦးစံဝင်းဆိုသောပုဂ္ဂိုလ်က ပြောပြဖူးလေသည်။ ဦးစံဝင်းမှာ ဟင်္သာကုန်းကျောင်းဟောင်းတွင် ကျောင်းသားအဖြစ် နေခဲ့ဖူးလေသည်။ ဟင်္သာကုန်းကျောင်းဟောင်း ဆရာတော်ကြီးကလည်း ကုန်းပေါ်တွင် စေတီငုတ်တိုကြီးတဆူရှိဖူးကြောင်း၊ ကျောက်စာတိုင်ဟောင်းတခု ဆွမ်းစားကျောင်းနားတွင် ရှိခဲ့ကြောင်း၊ ရှေးက စာအနည်းငယ်မြင်ရသေးသော်လည်း ယခုအခါ စာတလုံးမျှမရှိတော့ကြောင်း၊ သိမ်ကျောင်းဆောက်စဉ်အခါက လက်သမားများ ဆောက်စသော တန်ဆာပလာများ သွေးသောကြောင့် ပျက်စီးရှာရကြောင်း စသည်ဖြင့် ပြောကြားဖူးလေသည်။ ကျွန်ုပ်တို့သွားရောက်စုံစမ်းစဉ်က ဟင်္သာကုန်းဆရာတော်မှာ အရှင်ဂုဏဝံသနှင့်တိုက်အုပ်ဘုန်းကြီးမှာ ဦးပဏ္ဍဝတို့ဖြစ်လေသည်။
ဟင်္သာကုန်းကျောင်းဟောင်း ကုန်းပတ်လည်တွင် ဂဝံကျောင်းအုတ်၊ မြေအုတ်ဟောင်းများစွာ ရှိသေး၍ ရှေးဟောင်းဌာနတခုဖြစ်ကြောင်းထင်ရှားပါသည်။ ထိုစဉ်အခါကပင် ဤကုန်းမှ ကျောင်းကို ရှေးအဆက်ဆက်ကပင် ဟင်္သာကုန်းကျောင်းဟု အစဉ်အလာခေါ်တွင်ခဲ့ကြောင်း သိရှိရလေသည်။
ဤဟင်္သာကုန်းကျောင်းဟောင်းနှင့် မနီးမဝေး ဘုရင့်နောင်မြို့အရှေ့ပြင် ဗညားဦးမြို့ဟောင်းအတွင်း ဇေယျဝတီကျောင်းဟောင်း၊

ယခုအခေါ် ဇောတိကာရုံကျောင်းဝင်း အရှေ့ပိုင်းတွင် ကုလားကို အသားမင်းသား ကောဇာ(၅၂၆-၅၄၃)အတွင်း အောင်မြင်ရာ အောင်မြေတွင်ရာဇာဓိရာဇ်မင်း၏အောင်တော်မူ ကျောက်တိုင်အရှည် လဲလျက်သားနှင့်ဗညားဦးမင်း၏ကျောက်တိုင်အတိုတို့ရှိရာ ၁၉ဝ၈-ခုနှစ်က ရွှေ့ပြောင်း၍ ရုံးဝင်းအတွင်း စိုက်ထားသည်။ဟင်္သာကုန်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ လေ့လာမှတ်သားထားသည်များကို မြ>ွမက်မျှ ဖေါ်ပြရေးသားခဲ့ပြီးပါပြီ။ ဟံသာဝတီပဲခူးသမိုင်းတွင်ဟင်္သာဖိုမနှစ်ကောင်သည် သဲသောင်ပြင်၌ နားနေသည်ကို မြတ်စွာဘုရား ဤဒေသသို့ ဒေသစာရီကြွချီလာစဉ်က မြင်တော်မူ၍ ဤဒေသတွင် နောင်
သောအခါ ဟံသာဝတီမည်သောပြည်ကြီးဖြစ်လိမ့်မည်ဟူ၍ ဗျာဒိတ်စကားကြားတော်မူခဲ့ကြောင်း မွန်ဘာသာ၊ မြန်မာဘာသာဖြင့် စာပေဟောင်းများတွင် အများအပြား ဖေါ်ပြခဲ့ကြလေသည်။ ထိုသို့ဖေါ်ပြရာတွင် အဆိုအမိန့်များကား အနည်းနှင့်အများ ကွဲပြားသော်လည်း ဟံသာဝတီတည်မည့်နေရာတွင် ကျွန်းမြေမပေါ်မီကာလ သဲသောင်ထွန်းစက ဟင်္သာဖိုမနှစ်ကောင် နားနေသည်ဟူသော အချက်မှာမူ တညီတည်းဖေါ်ပြမှတ်သားလာခဲ့ကြလေသည်။
ဤနေရာသည် ဟင်္သာကုန်းဟူသောအမည်ဖြင့် နောင်အခါ ထင်ရှားလာခဲ့ပြီးနောက် ထိုဟင်္သာကုန်းကိုမြို့တွင်းသို့သွင်း၍ သက္ကရာဇ် ၇၁၁-ခုတွင် ဗညားဦးမင်းသည် ဟံသာဝတီပဲခူးမြို့ကို တည်ထောင်လေသည်။ ထိုအခါက ဗညားဦးမင်း၏နန်းတော် တည်ဆောက်ရာကုန်းမှာပုလိပ်ကျောင်းဟောင်းနေရာ ဖြစ်လေသည်။ မွန်ရာဇဝင်တွင် ထင်ရှားသောရာဇာဓိရာဇ်မင်း၊ ရှင်စောပုမင်း၊ ဓမ္မစေတီမင်းတို့စိုးစံခဲ့ရာ ဟံသာဝတီမှာ ဗညားဦးမင်းနန်းတော်၏မြောက်ဘက် အနောက်သို့ အနည်းငယ်ယွန်းယွန်းတွင် ဟင်္သာကုန်းရှိသည်ဟုလည်း ရှေးအဆိုတခုတွင် ပါရှိသည်။
ယခုအခါတွင် ဟင်္သာကုန်းကျောင်းဟောင်း တည်ရှိသော ကုန်းနှင့်ရသေ့ကြီးဦးခန္တီ၏သံတန်ဆောင်းကြီးရှိရာကုန်း ဤနှစ်ဌာနတွင် ရှေး
အခါ ဟင်္သာကုန်းသည် မည်သည့်ကုန်းဖြစ်လေသနည်းဟူသော အချက်ကိုမူ ပြောဆိုရန်မှာ မည်သို့မျှ အကြောင်းထူးမည်မဟုတ်ပေ။ အသစ်သစ်တို့ ဖြစ်သည်ရှိသော် အဟောင်းအဟောင်းတို့သည် ပျက်စီးတိမ်ကော ကွယ်ပျောက်ခြင်းသို့ ရောက်ကြစမြဲ ရောက်ရစမြဲဖြစ်ပေသည်။ မူလဟင်္သာကုန်းပေါ်ရှိ သုဝဏ္ဏဟံသာစေတီသည် ဘုရင့်နောင်မင်းတရားကြီးလက်ထက် ရောက်သောအခါ ပုညရတနာစေတီဟူသော အမည်ဖြင့် ထင်ရှားခဲ့ပါသော်လည်း တစတစ် သင်္ခါရနယ်အတွင်းတွင် ယိုယွင်းလာခဲ့ပြီ၊ ပျက်စီးလာခဲ့ပြီ၊ ပြိုပျက်သွားခဲ့ပြီ။ ထိုနောက် စေတီငုတ်တိုဘဝဖြင့်ပင် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ-လောက်က ရှိပေသေးသည်။ ယခုမူကား လုံဝစေတီဟောင်းအနေဖြင့် ထိုဟင်္သာကုန်းဟောင်းပေါ်မှ ပျောက်ကွယ်၍သွားခဲ့ပြီဖြစ်လေသည်။ ဤကား မမြဲသော အတည်မဲ့သောတရားကို နှလုံးသွင်းခြင်းဖြင့်သာ အကျိုးရှိမည်ဖြစ်ကြောင်း။ ပဲခူးဟံသာကုန်းသစ်မှ ဟင်္သာ
ဖိုမအရုပ်၊ ဟင်္သာကုန်းဟောင်းနှင့်ပတ်သက်သော ထင်မြင်ချက်တို့ကို အဆုံးသတ်လိုက်ပါသတည်း။

၂ဝ-၁၂-၈၂

အကိုးအကားများ

၁။ ဥပ္ပန္နဟံသာဝတီ ရာဇဝံသကထာ(၁၁၉၃-ခုရေး၊ မွန်ဘာသာရာဇဝင်ကြီး)
 

၂။ လိက်လသမိင်အသးရောင်(၁၁၈၇-ခုရေး၊ မွန်ဘာသာအသားမင်းသားအကြောင်းအရာ ပျို့လင်္ကာ)
၃။ မွန်ရာဇဝင်(မုတ္တမဆရာတော်)  
၎။ မင်းရဲကျော်စွာစုန်ဧချင်း(စာဆို ရာဇဗာဟု)နှင့်မဟာဥပရာဇာဧချင်း 
၅။ ပဲခူးရာဇဝင်နှင့်ရွှေမော်ဓောဘုရားကြီးသမိုင်း(၁၁၄၈-ခုရေး၊ ပေမူ)
၆။ ရွှေမော်ဓောသမိုင်း(မောင်ထပ် ၁၁၅၂-ခုရေး၊ ပေမူ) ၇။ ရွှေမော်ဓောရာဇဝင်သမိုင်း(၁၂၅၇-ခု၊ ဆရာဖူး)
၈။ ရွှေမော်ဓောသမိုင်းသစ်(၁၂၇၉-ခု၊ ဦးထွန်းအောင်) ၉။ ရွှေမော်ဓောသမိုင်း မွန်ရာဇဝင်(၁၂၇၉-ခု၊ ဦးလူကလေး) ၁ဝ။ ရွှေဟင်္သာစေတီသမိုင်း (၁၂၉၃-ခု၊ ယင်းခဲဦးမောင်မောင်) 
၁၁။ ဟံသာဝတီမှတ်တမ်း(ဦးသက်တင်၊ သူရိယမဂ္ဂဇင်း ၁၉၃၈-ခု၊ မေလနှင့်ဇွန်လ)

မှတ်ချက်။ ။ဥာဏ်လင်းဓမ္မစာပဒေသာ(၁ဝ)အုပ်မြော
က်အထူးထုတ်၊ ၁၉၈၄-ခုနှစ်၊ ဇူလိုင်လ၊ စာမျက်နှာ(၇ဝ မှ ၈၇အထိ)၌လာရှိသောဆောင်းပါးကို ပြန်လည်ပြင်ဆင်ခြင်းမရှိဘဲ ရိုက်နှိပ်ထားပါသည်။

No comments:

Post a Comment