/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, November 14, 2013

★ မာန …တဲ့ဗျာ ★


ထောင်လွှားတက်ကြွခြင်းသဘောကို “မာန” လို့ ခေါ်ပါသည်။ ထို မာနသည် ထောင်လွှားတက်ကြွခြင်းသဘော ရှိပါ၏။
လောကတွင် ပုဂ္ဂိုလ်အတန်းအစားခွဲလျှင် -
၁။ သေယျပုဂ္ဂိုလ် = အထက်တန်းစားလူမျိုး၊
၂။ သဒိသပုဂ္ဂိုလ် = အများနှင့် တန်းတူလူမျိုး၊
၃။ ဟီနပုဂ္ဂိုလ် = အောက်တန်းစားလူမျိုး၊ဟူ၍
ဤသို့ (၃) မျိုးတွေ့နိုင်ပါသည်။

တစ်မျိုးတစ်မျိုးတွင်ထပ်မံ၍ -
က။ သေယျမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ အဖက်ဖက်က သူများထက် သာတယ် - လို့ မှတ်ထင်မှု၊
ခ။ သဒိသမာန် = အမျိုးဥစ္စာ ပညာအဆင်း အစရှိတာနဲ့ သင်းတို့နှင့် ဘာထူးသလဲ - လို့ မှတ်ထင်မှု၊
ဂ။ ဟီနမာန် = သူတို့အောက်ကျတော့ ငါက ဘာအရေးစိုက်ရမှာလဲ - လို့ မှတ်ထင်မှု။စသဖြင့် သုံးမျိုးစီ ကွဲပြားနိုင်ပါသည်။
ထို (၉) မျိုးထဲမှ "သေယျပုဂ္ဂိုလ်" ၏"သေယျမာန်"၊ "သဒိသပုဂ္ဂိုလ်"၏"သဒိသမာန်"၊ "ဟီနပုဂ္ဂိုလ်"၏ "ဟီနမာန်"တို့သည် "ဟုတ်မှန်တဲ့အတိုင်း မာန်ဖြစ်ခြင်း" (ယာထာဝမာန်) မည်ပါ၏။
ထို"ယာထာဝမာန်"မျိုးကို "အရဟတ္တမဂ်"ကသာ ပယ်နိုင်သည်ဟုစာပေကျမ်းဂန်များက ဆိုပါသည်။
ဇာတိမာန်
မျိုးရိုးကောင်းသဖြင့် မာန်တက်ခြင်းမျိုးကို ဇာတိမာန်ဟု ခေါ်ပါသည်။ ယခုခေတ်တွင်လဲ အသင့်အတင့် မျိုးရိုးကောင်းသူများ ရှိနေတတ်ပါသည်။ နော့ပေတဲ့ ဟန်ကြီးပန်ကြီးလုပ်ကာ မာန်မာနတက်လောက်အောင် တစ်ဖက်သားကို ကိုယ့်ခြေဖ၀ါးအောက်ကလို မှတ်ထင်ရလောက်အောင် မျိုးရိုးကောင်းကြတာမျိုးတော့မဟုတ်ပါ။
ရှေးဘ၀က မထောင်လွှားမတက်ကြွ မာန်မာန မကြီးခဲ့သောကြောင့် မြင့်မြတ်တဲ့ အမျိုးဖြစ်ရသည်ကို အကြောင်းပြုပြီး ယခုဘ၀မှာ ထောင်လွှားတက်ကြွ မာန်မာနကြီးနေခဲ့ပါလျှင် နောင်ဘ၀သံသရာမှာ ယုတ်ညံ့အောက်ကျ သူတစ်ပါးရဲ့ ခြေဖ၀ါးအောက်သို့ ရောက်ရမယ့်အရေးကို တွေးသဖြင့် မိမိ၏ စိတ်ဓာတ်ကို ဖြူဖွေးသန့်စင် မာန်မာန မ၀င်အောင် ပြုပြင်သင့်ပါသည်။
ဓနမာန်
ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝတာကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် မာန်မာနမျိုးကို ဓနမာန် (ဥစ္စာမာန်) ဟုခေါ်ပါသည်။
ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသူများ က ပစ္စည်းဥစ္စာ မရှိသူတွေနှင့် အတူမသွားနိုင်၊ အတူမစားနိုင်၊ အတူစကားမပြောနိုင်ဘဲ မာန်မာနတက်ကာ အဖက်မတန်သလို ဟန်ကြီးပန်ကြီး လုပ်မနေသင့်ပါ။
"ရှေးက အလှူ ဒါနည်းခဲ့လို့ ယခုဘ၀မှာ ဆင်းရဲနေကြရတာပဲ"ဟု သနားကြင်နာ ကရုဏာသက်ပြီး သူတို့ကို နှုတ်ဖြင့်လဲ ကူညီသင့်ပါ၏။ ကိုယ်ဖြင့် ကူညီသင့်ပါ၏။ အခြေနေအားလျော်စွာ ပစ္စည်းဥစ္စာနှင့်လဲ ကူညီသင့်ပါ၏။ ထိုကဲ့သို့ ကူညီလိုက်သည့်အတွက် မိမိမှာ ဂုဏ်တက်လာစရာသာ ရှိပါသည်၊ ဂုဏ်ယုတ်စရာ မရှိပါ။
မိမိမှာ အကြောင်းကိစ္စရှိတဲ့အခါတွင်လဲ သူတို့၏အကူအညီကို ရနိုင်ပါသေးပါ၏၊ သို့သော် သူ့ကျေးဇူးကို မသိတတ်ဘဲ အင်မတန် မိုက်တွင်းနက်နေသူတွေကိုတော့ သတိထားသင့်ပါသည်။ ဒီပစ္စည်းဥစ္စာဆိုတာဟာ တစ်သက်စာမျှသာ ဖြစ်ပါသည်။ ဘေးအန္တရာယ်လဲ အလွန်များလှပါသည်။ ခိုင်မြဲမှုသဘောလဲ မရှိပါ။ ပစ္စည်းသင်္ခါရ လူသင်္ခါရသာ ဖြစ်ပါသည်။ တစ်နေ့မှာ ပစ္စည်းဥစ္စာကဖြစ်စေ၊ ပစ္စည်းဥစ္စာရဲ့ ပိုင်ရှင်ကဖြစ်စေ စွန့်ခွာသွားတတ်ပါသည်။
ထို့ကြောင့် ဒီဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝသလို နောက်ဘ၀မှာလဲ ချမ်းသာကြွယ်ဝအောင် ဥစ္စာမာန် တက်နေမည့်အစား အလှူဒါနကို စွမ်းအားအလျောက် ပြုလုပ်ကာ ကိုယ့်နောက်ကိုသာ အပါယူသွားသင့်ပါ၏။
ပညာမာန်
စာပေတတ်ကျွမ်းသူများ၏ မာန်ကို ပညာမာန်ဟု ခေါ်ပါသည်။ စာပေပညာဆိုသည်က မသင့်တော်သည်ကို မသင့်တော်မှန်းသိရန် အသိအလိမ္မာကိုလဲ ပေးတတ်ပါ၏။ သင့်တော်သည်ကို သင့်တော်မှန်းသိအောင် အသိအလိမ္မာကိုလဲ ပေးတတ်ပါသည်။
တစ်ဦးနှင့် တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် ယဉ်ကျေးသိမ်မွေ့ရန် အသိအလိမ္မာကိုလဲ ပေးတတ်ပါသည်။
သို့သော်လည်း ထို ပညာကို အကြောင်းပြု၍ မာန်မာနကြီးနေမည်ဆိုလျှင် အလွန့်အလွန်ရှက်စရာ ကောင်းလှပါ၏။

ရှေးဘ၀က သူတော်မြတ်များ ကို ချဉ်းကပ်လျှောက်ထား ဆွေးနွေးလာခဲ့သဖြင့် ယခုဘ၀တွင်
မိမိကိုယ်တိုင်က ပညာကြီးသူ ဖြစ်လာရပါသည်။ ပညာသင်ခွင့်လဲ ရခဲ့ပါသည်။

ထိုကဲ့သို့ အခွင့်၍ ပညာတတ်လာသော ပုဂ္ဂိုလ်သည် အကြောင်းမညီညွတ်လို့ ပညာမသင်ရသူတွေများ၊ ပညာသင်ရစေကာမူ ဥာဏ်ထိုင်းလှသဖြင့် ပညာမတတ်သူများကို တွေ့ရတဲ့အခါတွင် မောက်မာမော်ကြွား မာနထားနေမည့် အစား သနားကြင်နာ ကရုဏာထားသင့်ပါသည်။
သို့မဟုတ် အခွင့်အခါသင့်ပါက တစ်ဆင့်သင်ကြားပေးသင့်ပါသည်။ ပညာမာန်တက်ကာ မိမိ ဘ၀ကို မနစ်နာစေသင့်ပါ။
အဆင်းမာန်
အလှဂုဏ်အတွက် မာန်တက်ခြင်းကို အဆင်းမာန်လို့ ခေါ်ပါသည်။
ရှေးဘ၀က အစစအရာရာမှာ သည်းခံကာ အမျက်ဒေါသ နည်းလာခဲ့သောကြောင့် အဆင်းလှတတ်ပါသည်။
ပန်း စသည်တို့ကို လှူဒါန်းခဲ့ခြင်း၊ ဘုရားဝင်း ကျောင်းဝင်း စသည်တို့ကို သုတ်သင်ရှင်းလင်းခြင်းတို့အတွက်လဲ အဆင်းလှတတ်ပါသည်။
ထိုကဲ့သို့ ကုသိုလ်ကောင်းမှုတွေကြောင့် ရလာတဲ့ ကိုယ့်အဆင်းကို အကြောင်းပြုပြီး ဟန်ကြီးပန်ကြီး မလုပ်သင့်ပါ။ အလှမာန်တက်ကာ ဘ၀င်မမြင့်သင့်ပါ။ အလှဂုဏ်ကိုးကာ မဆိုးသင့်ပါ။
ရှေးကုသိုလ်ကံကြောင့် ရလာတဲ့ အဆင်းကို အကြောင်းပြုပြီး၍ အကုသိုလ်မာန် တက်နေခြင်းသည် အလွန်မှားသော ကိစ္စဖြစ်ပါ၏။

အပြင်အဆင်းလှသလို အတွင်းစိတ်ကို အစွမ်းကုန် ပြုပြင်၍ ဣနြေ္ဒရှင် သူတော်စင်တွေ ဖြစ်အောင်သာ ကြိုးစားသင့်ပါ၏။
ဤနေရာတွင် စကားစပ်မိသဖြင့်ဗုဒ္ဓမြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့်

"သြဃတရဏသုတ်"ကို အနည်းငယ်တင်ပြလိုပါသည်။
"မာန ကိုပယ်သဖြင့် နိဗ္ဗာန် ရောက်ရလေသော နတ်သားတစ်ပါး" အကြောင်းဖြစ်ပါသည်။


သြဃတရဏသုတ်

အခါတပါး “မြတ်စွာဘုရား”သည် “သာဝတ္ထိမြို့” “ဇေတ၀န်ကျောင်းတော်”တွင် သီတင်သုံးနေစဉ် ညသန်းခေါင်ယံအချိန်ဝယ်ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းတောက်ပလျက် “နတ်သား”တစ်ပါးရောက်လာက-
“ မြတ်စွာဘုရားသည် အဘယ်သို့သော အကြောင်းခြင်းရာဖြင့် သံသရာ ၀ဲသြဃကို ကူးမြောက်
တော်မူခဲ့ပါသနည်း ”- ဟုမေးလေ၏။

(ထို မေးခွန်းမေးသော “နတ်သား”သည် “အလွန်အကဲ မာနကြီးကာ ကိုယ့်ကိုယ်ကို ပညာရှိ”ဟု မှတ်ထင်နေပြီး သူတပါးကို အထင်သေးတတ်၏။
"ငါသာလျင် အားလုံး သိပြီး တတ်ပြီးဖြစ်သည်"ဟု ယူဆထားသည်ဟူသတတ်။

သူ့ဘ၀အမှန်ကား “ကဿပဘုရားရှင်”လက်ထက်၌ တရားကျင့်ကြံကာ နတ်စည်းစိမ်ခံစားနေပြီး ယခုဂေါတမဘုရားရှင်ကို ဖူးရသောအခါ၌လည်း -
"လောကမှာ ငါသိပြီးသားတွေ အများကြီးပဲ၊ မသိသေးတာတွေက နည်းနည်းပဲ ရှိတယ်၊ ဒါကြောင့် မသိသေးတာတွေကို ဘုရားကို မေးမယ်" ဆိုကာ လိုရင်းတိုရှင်းဖြင့် အကဲစမ်းကာ မေးမြန်းခြင်းဖြစ်လေ၏။ )
“ ဒါယကာ နတ်သား -ငါဘုရားသည် ရပ်တည်မနေပဲ,အားမထုတ်ပဲ ,သံသရာအယဉ် သြဃကို ကူးမြောက်ခဲ့သည် ”
(မြတ်ဗုဒ္ဓကလည်း -“ ဒီနတ်သားဟာ တော်တော်မာနကြီးတာပဲ၊ ညစ်ပတ်ပေကျံနေတဲ့ လက်သုတ်ပုဝါကို အရောင်ထပ်မံ ဆိုးရင်ဖြင့် ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး၊ ဒါကြောင့် သူ့ရဲ့ မာနကို မပယ်ဘဲနှင့် တရားထူး ရဖို့ မဖြစ်နိုင်ဘူး၊ အရင်ဦးဆုံး သူ့မာန ကျိုးသွားအောင် ဟောမှ ဖြစ်မယ် ” ဟု ဆိုကာ တိုတိုတုတ်တုတ် စကား နှစ်ခွန်းသာဖြေတော်မူပြီး အိုးရွဲ့ကို စလောင်းရွဲ့ဖြင့် ဖုံးသကဲ့သို့ ဖြေတော်မူ၏။အဘယ့်ကြောင့်ဆိုသော်-
မြတ်စွာဘုရားသည် တရားဟောတော်မူသောအခါ နာယူသူ အလို"အဇ္ဈာသယ"အလိုက် သင့်တော်သလို ဖြေတော်မူ၏။

တခါတရံ ပြဿနာမေးမြန်းသူကို နှိပ်ကွပ်၍တမျိုး အထက်စီးမှ လွှမ်းမိုး၍တဖုံ အကြောင့်သင့်သည့်အတိုင်း ဖြေတော်မူခဲ့သည်။
တရားဟောရာတွင် ရည်ရွယ်ချက်လည်း ကွဲပြားသေး ဟူ၏။
အချို့နေရာတွင် တရားနာသူကို နှိပ်ကွပ်၍ ဟောခြင်းဟူသော “နိဂ္ဂဟမုခဒေသနာ” ဖြင့်လည်းကောင်း၊
( တိတ္ထိ ပရဗိုဇ်တို့အား ဟောကြားခြင်းမျိးဖြစ်သည်)

အချို့နေရာတွင် စိတ်ဓာတ်တို့ တက်ကြွကြည်လင်လာအောင် ဟောကြားခြင်း “ပဂ္ဂဟမုခဒေသနာ” ဖြင့်လည်းကောင်း၊
( စတင်ဖူးမြင်ရကတည်းက ကြည်ညိုရင်းစွဲ ရှိသူတို့အား ဟောကြားခြင်းမျိး ) အားဖြင့် ဟောတော်မူလေ့ရှိ၏။ “နိဂ္ဂယှ နိဂ္ဂယှာဟံ အာနန္ဒ ၀က္ခာမိ၊ ပ၀ယှ ပ၀ယှ ၀က္ခာမိ၊ ယော သာရော သော ဋ္ဌဿတီ တိ၊”
( မ. နိ. ၃. ၁၉၆ )
အဓိပ္ပါယ်မှာ-
“ အာနန္ဒာ …။
ငါဘုရားဟာ တရားတော်ကို နှိပ်ကွပ်ပြီးလဲ ဟောတော်မူတယ်..၊
လွမ်းမိုးပြီးလည်း ဟောတော်မူတယ်..၊
တကယ်ဆိုတော့ သဒ္ဓါ သီလ ၀ီရိယ ပညာ စတဲ့ အနှစ်သာရ ရှိသူများဟာ တရားတော်ကို ထိုးထွင်းသိနိုင်ပေလိမ့်မယ် ”- ဟု “မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသ ပါဠိတော်”တွင် ဖွင့်ပြထားသေးသည်ကိုလေ့လာကြည့်စေလိုပါသည်။)

ဗုဒ္ဓမြတ်စွာဘုရားရှင် ၏ အဖြေကို နားမလည်နိုင်သော နတ်သားသည် ထိုအခါကျမှ "မာနစိတ်"ကို နှိမ်ချကာ
“အကျယ်ချဲ့ ဟောတော်မူပါအုံးဘုရား” -ဟု လျှောက်ထားလေရာ -“ဒါယကာနတ်သား…၊
လောကမှာ (ကာမဂုဏ်ငါးပါး)လို့ဆိုတဲ့ “ကာမောဃ”၊
ရူပဘ၀ အရူပဘ၀တွေမှာ တက်မက်တွယ်တာတတ်တဲ့ (တဏှာ)ဆိုတဲ့ “ဘဝေါဃ”၊
မိစ္ဆာဒိဋ္ဌိအယူ( ၆၂ ) ပါးမှာ ကပ်ငြိနေတတ်တဲ့ “ဒိဋ္ဌောဃ”၊
သံသရာတလျောက် သစ္စာတရားကို မသိနိုင်ခြင်း (မောဟ)ဆိုတဲ့ “အ၀ိဇ္ဇောဃ”,
တရား (၄) ပါးရှိနေသမျှ သတ္တ၀ါတွေဟာ အပါယ်လေးပါးမှာ နစ်မြုပ်နေကြအုံးမှာပဲ -ဒီနေရာမှာတော့ (၃၁) ဘုံလုံးမှာ ရှိနေတဲ့ ကိလေသာအစုအပုံလို့ ဆိုရမယ့် “သြဃတရား”တွေထဲမှာ မကျင့်ကြံပဲ ရပ်နေရင် သံသရာမှာ နစ်မြုပ်နေအုံးမှာပဲ၊ ကြိုးစား အားထုတ်မယ် ဆိုရင်တော့ နိဗ္ဗာန်တဖက်ကမ်းကို ကူးမြောက်သွားနိုင်လိမ့်မယ်၊ ငါဘုရားသည် လွန်မြောက်ပြီးသား ဖြစ်တဲ့အတွက် အားမထုတ်တော့ဘူး၊ ဒီနည်းနဲ့ သံသရာ သြဃကို ကူးမြောက်ခဲ့ပါတယ်"တရားတော်အဆုံးမှာတော့ နတ်သားဟာ “သောတာပန်” တည်သွားတာကြောင့် အထက်ပါ ဂါထာကို ရွတ်ဆိုကာ ပန်း နံ့သာ မျိုးစုံနဲ့ ပူဇော်ပြီး ပြန်သွားလေတော့၏။

လိုရင်းမှာ -
ရှေးဘ၀က မထောင်လွှား မတက်ကြွ မာန်မာန မကြီးခဲ့သဖြင့် ယခု မြင့်မြတ်တဲ့ အမျိုးမှာ ဖြစ်လာရပါသည်။
ရှေးဘ၀က အလှူဒါနပြုလုပ်ခဲ့သဖြင့်ယခု ဘ၀မှာ ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝလာရပါသည်။
ရှေးဘ၀က သူတော်သူမြတ်တွေကို ချဉ်းကပ်လျှောက်ထား ဆွေးနွေးမေးမြန်းလာခဲ့သဖြင့် ယခုဘ၀မှာ ပညာကြီးလာရပါသည်။
ရှေးဘ၀က အမျက်ဒေါသနည်းခဲ့၊ ဘုရားဝင်း၊ ကျောင်းဝင်း စသည်ကို သုတ်သင်ခဲ့၊ ပန်း စသည်ကို လှူဒါန်းခဲ့သဖြင့် ယခုဘ၀မှာ အဆင်းလှခဲ့ရပါသည်။

ထိုသို့ မိမိမှာ ကုသိုလ်ကောင်းမှုကြောင့် ရရှိလာတဲ့ အမျိုး၊ ဥစ္စာ၊ ပညာ၊ အဆင်းကို အကြောင်းပြုပြီး မာန်မာနတက်ကြွနေခြင်းသည်၊နောင်အခါယုတ်နိမ့်တဲ့ဘ၀မှာ ဖြစ်စရာ အကြောင်းပဲ ဖြစ်ပါ၏။
ထို့ကြောင့် နောက်နောက် ဘ၀တွေမှာ အဆင့်အဆင့်မြင့်တက်မဲ့ အရေးကို မျှော်တွေးပြီး ထောင်လွှားတက်ကြွ မိမိတို့ရဲ့ မာန်မာနကို အစွမ်းကုန် နှိမ်ချိုးနိုင်ကြပါစေသော်ဝ်။

မှီခိုရာကျမ်းကိုး-
-သြဃတရဏသုတ္တံ၊နဠ၀ဂ်၊ဒေ၀တာသံယုတ်
-"မြောင်းမြပဇ္ဇောတာရုံနှင့် မှော်ဘီ သာသနာ့ဝန်ဆောင်ဆရာတော် အရှင်ကုမာရ" ၏ "ဗုဒ္ဓအလိုတော်ကျ ကြီးပွားချမ်းသာရေးကိုယ်ကျင့်မင်္ဂလာ"[စာမျက်နှာ ၅၃ မှ ၅၆]
ချမ်းသာပါကြစေ..၊အေးငြိမ်းပါကြစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ 

ဗုဒ္ဓကမ္ဘာဆိုဒ်မှ ဥာဏ်လင်းမြို့ရေးသားသောပို့မှပြန်လည်ခံစားမျှဝေသည်။

No comments:

Post a Comment