/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, November 23, 2013

**** တွေ့လို့ဆုံ ကြုံလို့ကွဲ ****

Photo: <<<  တွေ့လို့ဆုံ ကြုံလို့ကွဲ  >>>

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ- လောကဓံရှစ်ပါးတို့နှင့် ကြုံတွေ့ရသောအခါ တုန်လှုပ်မှုကင်းသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အားလည်းကောင်း၊ အကြင်ရဟန္တာပုဂ္ဂိုလ်အပေါင်းနှင့် သမုတိသံဃာတော်အရှင် မြတ်အပေါင်းအား တပည့်တော်ရှိခိုးပါ၏။

လာပြီးတော့နား၊ မသွားသေးခင်၊

အချိန်ကလေးတွင်မှ၊ ၀န်းကျင်ယှက်နွယ်၊

နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ၊ …

လူသားတစ်ယောက်အဖြစ် လောကကြီးထဲကို ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာ လူဟာ ပတ်ဝန်းကျင် ဆိုတာနဲ့ စတင်ရင်ဆိုင်ကြရတော့တာပါပဲ။ မွေးတည်းက ပတ်ဝန်းကျင်တစ်လောကလုံးကို တုန်လှုပ်သွား စေနိုင်တဲ့သူတွေရှိသလို ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ၀င်လာသူတွေလည်း မနည်းပါဘူး။ မတူညီကြ ဘူးဆိုပေမယ့် တူညီတာတစ်ခုကတော့ သူတို့မှာ သူတို့နဲ့ဆက်နွယ်နေတဲ့ ပတ်ဝန်းကျင်လေးတွေတော့ ရှိကြပါတယ်။ စိတ်ထားနုနယ်တဲ့သူတွေဟာ ပတ်ဝန်းကျင်ရဲ့အရောင်ဆိုးမှုကို ခံကြရပါတယ်။ စိတ်ထားတွေရင့်ကျက်လာရင်တော့ သူမကြိုက်တဲ့ ၀န်းကျင်ဖြစ်နေရင်တောင် ရုန်းထွက်ဖို့ဝန်မလေး တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် သံသရာဆိုတာ ရှည်လျားလှလို့ မိဘမောင်ဘွားမတော်ဆပ်ခဲ့သူ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ရှည်းလျားလှတဲ့ ဒီခရီးမှာ တစ်ဦးနဲ့တစ်ဦး မေတ္တာရှိ ဖူးခဲ့ကြသူချည်းနေမှာပါ။ မခွဲမခွာနေချင်ကြတဲ့ ဘ၀တဏှာတွေကြောင့် တောင်းခဲ့ ဘူးတဲ့ဆုတောင်းတွေ၊ ပြုခဲ့ကြတဲ့ကောင်းမှုတွေကြောင့် ခုဘ၀မှာ တစ်ဦးနဲ့တစ်ဦး လာရောက်တွေ့ကြရတယ်။ မိဘတွေအဖြစ်၊ သားသမီးတွေအဖြစ်၊ တူ၊ တူမတွေအဖြစ် စသဖြင့် ဆုံကြတယ်။ တွေ့ဖူးခဲ့ကြလို့ အခုတို့တွေ ဆုံနေကြပြီလေ။ ကံတရားတွေက အလှည့်ပေးလာ တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နှောင်ကြိုးတွေ ရစ်ဖွဲ့ကြတယ်။ နောင်ဆယ်ကမ္ဘတိုင်အောင် ဒီမိသားစုတွေ၊ သားသမီးတွေ၊ ချစ်တဲ့သူတွေနဲ့ တွေ့ဆုံချင်ပါသတဲ့။ နိဗ္ဗာန်ရောက်ရင်တောင် အတူတူဆို တာကပါသေး။ မုန်းတော့လည်း မုန်းလို့ထပ်တွေ့ချင်တယ်။ ချစ်တော့လည်း ချစ်လို့တွေ့ချင်တယ်။ ကြိုးစတွေကို တစ်မျိုးမဟုတ်တစ်မျိုး ဆွဲထုတ်ခဲ့ကြသူချည်းပါလား။

မလိုဒေါသ၊ လိုလောဘနှင့်

ဘ၀ရိပ်မြုံ၊ ကကြိုးဆုံခဲ့၊ …

ဘ၀တစ်လျှောက်လုံးမှာ တစ်ချို့လည်း ကောင်းတာတွေပဲ ကြုံကြရတယ်။ ကောင်းတာတွေပဲ တွေ့ကြရ တယ်။ စားကြရတယ်။ ၀တ်ကြ၊ နေကြ၊ ပေါင်းသင်းကြနဲ့။ ကံ အကောင်းတွေနဲ့ပဲ ဆုံခဲ့ရပေမယ့် တစ်ချို့ တော့လည်း ရုန်းကန်နေရတဲ့ ဘ၀က ဆင်းရဲလွန်းလှပါတယ်။ ဆင်းရဲတာဟာ အပြစ်ပြောလို့မရပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ကံတွေ မရှိလို့၊ မလာသေးလို့ မစံကြတာပါ။ ဒါပေမယ့် ဆင်းရဲတာကို အကြောင်းပြုပြီး လောဘတွေ၊ ဒေါသတွေ များနေမယ်ဆိုရင် ထပ်မှားသွားပြန်ပါပြီ။ ချမ်းသာတဲ့သူတွေကလည်း ဒီလိုပါပဲ။ အတိတ်ကကောင်းမှုကြောင့် ချမ်းသာတာ မှန်ပေမယ့် ဒါကိုအကြောင်းပြုပြီး ကပ်ပါလာတဲ့ ထပ်ပြီးလိုချင်တဲ့ ၀ိသမ လောဘတွေ၊ ဒေါသတွေကိုတော့ အပြစ်လို့ဆိုရပါလိမ့်မယ်။

ဘ၀ဆိုတဲ့ အရိပ်အာဝါသလေးအောက်မှာ ဆုံတွေ့ရသူတွေ အချင်းချင်း ချစ်တဲ့အခါမှာ လောဘတဏှာ တွေကပ်မယ်။ ကပ်တာနဲ့ သမုဒယသစ္စာဖွဲ့ပါတယ်။ မုန်းတဲ့သူတွေနဲ့ ဆုံတယ်။ မကြိုက်တဲ့အခါ ဒေါသ ဖြစ်တယ်။ ဒုက္ခသစ္စာဖွဲ့ပါတယ်။ ဒုက္ခ၊ သမုဒယ နှစ်ခုရပြီဆိုရင် နောက်ဘ၀သစ်တစ်ခုရဖို့ လုံလောက်ပါ ပြီ။ ဆုတောင်းစရာမလိုပါဘူး။ နောင် ခန္ဓာအသစ်ထပ်ရပြီဆိုတာနဲ့ ချစ်ရတဲ့ဒုက္ခ၊ မုန်းရတဲ့ ဒုက္ခ စတဲ့ ဆင်းရဲကျိုးတွေ ခံစားရမှာ မလွဲပါဘူး။ ဒါကြောင့် ဆရာတော်ကြီးများက အမိန့်ရှိကြပါတယ်။ အရိယာ ဖြစ်ချင်တဲ့သူဆိုတာ ခန္ဓာလို့ကြားတာနဲ့ ဒုက္ခသစ္စာတန်းထင်ရတယ်တဲ့။ ခုတော့ ဒုက္ခလို့လည်းမထင်တဲ့ အခါကျတော့ နိဗ္ဗာန်ကိုတော့ရောက်ချင်တယ်၊ တဏှာတန်း လန်းကြီးနဲ့ဖြစ်နေတယ်။ အရင်ဖြတ်ခဲ့ပါဦး။

ဇယံ ဝေရံ ပသ၀တိ- အနိုင်ရသူသည် ရန်ကိုပွားစေ၏။ ဒုက္ခံ သေတိ ပရာဇိတော- ရှုံးသောသူသည် ဆင်းရဲစွာ နေရ၏။ အဲ့ဒိမှာတင် နိုင်သူနဲ့ ရှုံးသူ ပေါင်းစည်းလို့မရတော့ပေ။ နှစ်စုကွဲနေလေ၏။ တွေ့ခဲ့ဘူး ကြလို့ အခုဆုံနေပါသည်။ ဆုံနေတဲ့ခဏ အလိုမကျတဲ့ ဒေါသနဲ့ အလိုများလှတဲ့ လောဘတွေကို ကြုံလို့ အခုတော့ နှစ်စုကွဲပါသည်။ ရှည်လျားလှတဲ့ ဘ၀သံသရာမှာ ဆွေမျိုးညာတိ တော်စပ်ခဲ့ကြဖူးသူချည်းကို ချစ်လို့ ကြင်လို့မရ။ မြင်နေရရင်ကို အကုသိုလ်တွေ တိုးနေသလိုမျိုး မဖြစ်ကြပါနှင့်။ သူတို့နဲ့ ဆုံနေရတာ အကြောင်းတွေရှိခဲ့ကြလို့ပါ။ အချင်းချင်း အမြက်အအီမရှိ ကြည့်ရှုနေရခြင်းသည် လောကမှာ ချမ်းသာ ဆုံးပါပဲ။ ဘ၀ဆိုတာ တိုတိုလေးပါ။

ကံကုန်မိုးချူပ်၊ လက်တွဲဖြုတ်ကာ၊

သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊

တို့များဧည့်သည်ပါတကား။

လူ့ဘ၀ကြီးထဲကို ရောက်လာကြတဲ့ သူချင်းအတူတူ တွေ့ဆုံဖို့ အကြောင်းတရားတွေ ကုန်သွားတဲ့အခါ ဘယ်သူကမှ ခေါ်မထားတော့ပါဘူး။ အားလုံးလက်တွဲ ဖြုတ်ခဲ့ကြ ရသူချည်းပါပဲ။ နတ္ထိ ခန္ဓသမာ ဒုက္ခာ- ခန္ဓာနှင့်တူသော ဆင်းရဲသည် မရှိတဲ့။ နဂိုကမှ ခန္ဓာရလို့ ဆင်းရဲနေရတဲ့အထဲ လောဘ၊ ဒေါသ အပူမီး တွေလောင်မြိုက်နေသူများ ဖြစ်နေခဲ့ရင် ဘယ်လောက်သနားစရာ ကောင်းလိုက်မလဲ။ ခဏတာလေး အတွင်းမှာ မခွဲချင်လည်း အချိန်တန်ရင် ခွဲရတာပါပဲ။ ဒီနေရာမှာ ခွဲခွာခြင်း(၀ါ) ကွဲကွာခြင်း (၃) မျိုးရှိ တယ်။ တစ်ချို့က သေကွဲ၊ တစ်ချို့ကျတော့ ရှင်ကွဲ၊ တစ်ချို့ကတော့ မြင်ကွဲ။ ကိုယ်မနှစ်သက်တဲ့သူ သေတဲ့ သေကွဲမျိုးကျ ၀မ်းသာသည်။ နှစ်သက်တဲ့သူ သေရင် ၀မ်းနည်းသည်။ တစ်ချို့ကျတော့ နှစ် သက်တဲ့သူနဲ့ ရှင်လျက်က ဝေးနေရတဲ့ ရှင်ကွဲဒုက္ခ၊ တစ်ချို့ကျတော့လည်း မြင်နေလျက်က မခေါ်နိုင် မပြောနိုင်တဲ့ မြင်ကွဲဒုက္ခ။

ဘယ်လိုကွဲကွာနေခြင်းက ပိုပြီးဆင်းရဲမယ်ထင်လဲ။ တွေးကြည့်ြ့ပီး ပြောခဲ့ပါဦး။ လောကဧည့်သည်အဖြစ် ရောက်ရှိနေတဲ့ တို့တွေဟာ လောဘဒေါသမီးတွေ လောင်မြိုက်ရအောင် ရောက်လာတာမှ မဟုတ်ပဲ။ ကောင်းမှုကုသိုလ်တရားတွေ တိုးပွားအောင် ပြုလုပ်ကြဖို့။ တစ်ဘ၀ တစ်ခန္ဓာနဲ့ နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ ရောက်လာကြတယ်လို့ မှတ်ပါ။ ဒီလိုမတွေးပဲ တစ်ခြားအရေးတွေနဲ့ အချိန်ကုန် နေရင်တော့ တစ်သက်လုံးလုံး လူဖြစ်ရှုံးတယ်လို့ သတိရလိုက်ကြပါလို့ သတိပေး နှိုးဆော်ရင် နိဂုံးချုပ်လိုပ်ပါတယ်။ အားလုံးသော သတ္တ၀ါတွေ ဘေးရန်းကင်း၍ ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေ။

စာရေးသူ - သုခရိပ်  Tuesday, August 12, 2008
Meet and Apart (တွေ့လို့ဆုံ ကြုံလို့ကွဲ ) by Thuk Ha Yate (သုခရိပ်) 
<<< တွေ့လို့ဆုံ ကြုံလို့ကွဲ >>>
ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ- လောကဓံရှစ်ပါးတို့နှင့် ကြုံတွေ့ရသောအခါ တုန်လှုပ်မှုကင်းသော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အားလည်းကောင်း၊ အကြင်ရဟန္တာပုဂ္ဂိုလ်အပေါင်းနှင့် သမုတိသံဃာတော်အရှင် မြတ်အပေါင်းအား တပည့်တော်ရှိခိုးပါ၏။


လာပြီးတော့နား၊ မသွားသေးခင်၊
အချိန်ကလေးတွင်မှ၊ ၀န်းကျင်ယှက်နွယ်၊
နှောင်ကြိုးသွယ်ကြ၊ ပြုံးရယ်မဲ့ငို၊ ချစ်မုန်းပိုကြ၊ …
လူသားတစ်ယောက်အဖြစ် လောကကြီးထဲကို

 ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာ လူဟာ ပတ်ဝန်းကျင် ဆိုတာနဲ့ စတင်ရင်ဆိုင်ကြရတော့တာပါပဲ။ မွေးတည်းက ပတ်ဝန်းကျင်တစ်လောကလုံးကို တုန်လှုပ်သွား စေနိုင်တဲ့သူတွေရှိသလို ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ၀င်လာသူတွေလည်း မနည်းပါဘူး။ မတူညီကြ ဘူးဆိုပေမယ့် တူညီတာတစ်ခုကတော့ သူတို့မှာ သူတို့နဲ့ဆက်နွယ်နေတဲ့ ပတ်ဝန်းကျင်လေးတွေတော့ ရှိကြပါတယ်။ စိတ်ထားနုနယ်တဲ့သူတွေဟာ ပတ်ဝန်းကျင်ရဲ့အရောင်ဆိုးမှုကို ခံကြရပါတယ်။ စိတ်ထားတွေရင့်ကျက်လာရင်တော့ သူမကြိုက်တဲ့ ၀န်းကျင်ဖြစ်နေရင်တောင် ရုန်းထွက်ဖို့ဝန်မလေး တော့ပါဘူး။
ဘာပဲဖြစ်ဖြစ် သံသရာဆိုတာ ရှည်လျားလှလို့ မိဘမောင်ဘွားမတော်ဆပ်ခဲ့သူ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ရှည်းလျားလှတဲ့ ဒီခရီးမှာ တစ်ဦးနဲ့တစ်ဦး မေတ္တာရှိ ဖူးခဲ့ကြသူချည်းနေမှာပါ။ မခွဲမခွာနေချင်ကြတဲ့ ဘ၀တဏှာတွေကြောင့် တောင်းခဲ့ ဘူးတဲ့ဆုတောင်းတွေ၊ ပြုခဲ့ကြတဲ့ကောင်းမှုတွေကြောင့် ခုဘ၀မှာ တစ်ဦးနဲ့တစ်ဦး လာရောက်တွေ့ကြရတယ်။ မိဘတွေအဖြစ်၊ သားသမီးတွေအဖြစ်၊ တူ၊ တူမတွေအဖြစ် စသဖြင့် ဆုံကြတယ်။ တွေ့ဖူးခဲ့ကြလို့ အခုတို့တွေ ဆုံနေကြပြီလေ။ ကံတရားတွေက အလှည့်ပေးလာ တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် နှောင်ကြိုးတွေ ရစ်ဖွဲ့ကြတယ်။ နောင်ဆယ်ကမ္ဘတိုင်အောင် ဒီမိသားစုတွေ၊ သားသမီးတွေ၊ ချစ်တဲ့သူတွေနဲ့ တွေ့ဆုံချင်ပါသတဲ့။ နိဗ္ဗာန်ရောက်ရင်တောင် အတူတူဆို တာကပါသေး။ မုန်းတော့လည်း မုန်းလို့ထပ်တွေ့ချင်တယ်။ ချစ်တော့လည်း ချစ်လို့တွေ့ချင်တယ်။ ကြိုးစတွေကို တစ်မျိုးမဟုတ်တစ်မျိုး ဆွဲထုတ်ခဲ့ကြသူချည်းပါလား။
မလိုဒေါသ၊ လိုလောဘနှင့်
ဘ၀ရိပ်မြုံ၊ ကကြိုးဆုံခဲ့၊ …
ဘ၀တစ်လျှောက်လုံးမှာ တစ်ချို့လည်း ကောင်းတာတွေပဲ ကြုံကြရတယ်။ ကောင်းတာတွေပဲ တွေ့ကြရ တယ်။ စားကြရတယ်။ ၀တ်ကြ၊ နေကြ၊ ပေါင်းသင်းကြနဲ့။ ကံ အကောင်းတွေနဲ့ပဲ ဆုံခဲ့ရပေမယ့် တစ်ချို့ တော့လည်း ရုန်းကန်နေရတဲ့ ဘ၀က ဆင်းရဲလွန်းလှပါတယ်။ ဆင်းရဲတာဟာ အပြစ်ပြောလို့မရပါဘူး။ ကိုယ်လုပ်ခဲ့တဲ့ ကောင်းတဲ့ကံတွေ မရှိလို့၊ မလာသေးလို့ မစံကြတာပါ။ ဒါပေမယ့် ဆင်းရဲတာကို အကြောင်းပြုပြီး လောဘတွေ၊ ဒေါသတွေ များနေမယ်ဆိုရင် ထပ်မှားသွားပြန်ပါပြီ။ ချမ်းသာတဲ့သူတွေကလည်း ဒီလိုပါပဲ။ အတိတ်ကကောင်းမှုကြောင့် ချမ်းသာတာ မှန်ပေမယ့် ဒါကိုအကြောင်းပြုပြီး ကပ်ပါလာတဲ့ ထပ်ပြီးလိုချင်တဲ့ ၀ိသမ လောဘတွေ၊ ဒေါသတွေကိုတော့ အပြစ်လို့ဆိုရပါလိမ့်မယ်။
ဘ၀ဆိုတဲ့ အရိပ်အာဝါသလေးအောက်မှာ ဆုံတွေ့ရသူတွေ အချင်းချင်း ချစ်တဲ့အခါမှာ လောဘတဏှာ တွေကပ်မယ်။ ကပ်တာနဲ့ သမုဒယသစ္စာဖွဲ့ပါတယ်။ မုန်းတဲ့သူတွေနဲ့ ဆုံတယ်။ မကြိုက်တဲ့အခါ ဒေါသ ဖြစ်တယ်။ ဒုက္ခသစ္စာဖွဲ့ပါတယ်။ ဒုက္ခ၊ သမုဒယ နှစ်ခုရပြီဆိုရင် နောက်ဘ၀သစ်တစ်ခုရဖို့ လုံလောက်ပါ ပြီ။ ဆုတောင်းစရာမလိုပါဘူး။ နောင် ခန္ဓာအသစ်ထပ်ရပြီဆိုတာနဲ့ ချစ်ရတဲ့ဒုက္ခ၊ မုန်းရတဲ့ ဒုက္ခ စတဲ့ ဆင်းရဲကျိုးတွေ ခံစားရမှာ မလွဲပါဘူး။ ဒါကြောင့် ဆရာတော်ကြီးများက အမိန့်ရှိကြပါတယ်။ အရိယာ ဖြစ်ချင်တဲ့သူဆိုတာ ခန္ဓာလို့ကြားတာနဲ့ ဒုက္ခသစ္စာတန်းထင်ရတယ်တဲ့။ ခုတော့ ဒုက္ခလို့လည်းမထင်တဲ့ အခါကျတော့ နိဗ္ဗာန်ကိုတော့ရောက်ချင်တယ်၊ တဏှာတန်း လန်းကြီးနဲ့ဖြစ်နေတယ်။ အရင်ဖြတ်ခဲ့ပါဦး။
ဇယံ ဝေရံ ပသ၀တိ- အနိုင်ရသူသည် ရန်ကိုပွားစေ၏။ ဒုက္ခံ သေတိ ပရာဇိတော- ရှုံးသောသူသည် ဆင်းရဲစွာ နေရ၏။ အဲ့ဒိမှာတင် နိုင်သူနဲ့ ရှုံးသူ ပေါင်းစည်းလို့မရတော့ပေ။ နှစ်စုကွဲနေလေ၏။ တွေ့ခဲ့ဘူး ကြလို့ အခုဆုံနေပါသည်။ ဆုံနေတဲ့ခဏ အလိုမကျတဲ့ ဒေါသနဲ့ အလိုများလှတဲ့ လောဘတွေကို ကြုံလို့ အခုတော့ နှစ်စုကွဲပါသည်။ ရှည်လျားလှတဲ့ ဘ၀သံသရာမှာ ဆွေမျိုးညာတိ တော်စပ်ခဲ့ကြဖူးသူချည်းကို ချစ်လို့ ကြင်လို့မရ။ မြင်နေရရင်ကို အကုသိုလ်တွေ တိုးနေသလိုမျိုး မဖြစ်ကြပါနှင့်။ သူတို့နဲ့ ဆုံနေရတာ အကြောင်းတွေရှိခဲ့ကြလို့ပါ။ အချင်းချင်း အမြက်အအီမရှိ ကြည့်ရှုနေရခြင်းသည် လောကမှာ ချမ်းသာ ဆုံးပါပဲ။ ဘ၀ဆိုတာ တိုတိုလေးပါ။
ကံကုန်မိုးချူပ်၊ လက်တွဲဖြုတ်ကာ၊
သုတ်သုတ်ဆောလျင်၊ ခရီးနှင်သည်၊
တို့များဧည့်သည်ပါတကား။
လူ့ဘ၀ကြီးထဲကို ရောက်လာကြတဲ့ သူချင်းအတူတူ တွေ့ဆုံဖို့ အကြောင်းတရားတွေ ကုန်သွားတဲ့အခါ ဘယ်သူကမှ ခေါ်မထားတော့ပါဘူး။ အားလုံးလက်တွဲ ဖြုတ်ခဲ့ကြ ရသူချည်းပါပဲ။ နတ္ထိ ခန္ဓသမာ ဒုက္ခာ- ခန္ဓာနှင့်တူသော ဆင်းရဲသည် မရှိတဲ့။ နဂိုကမှ ခန္ဓာရလို့ ဆင်းရဲနေရတဲ့အထဲ လောဘ၊ ဒေါသ အပူမီး တွေလောင်မြိုက်နေသူများ ဖြစ်နေခဲ့ရင် ဘယ်လောက်သနားစရာ ကောင်းလိုက်မလဲ။ ခဏတာလေး အတွင်းမှာ မခွဲချင်လည်း အချိန်တန်ရင် ခွဲရတာပါပဲ။ ဒီနေရာမှာ ခွဲခွာခြင်း(၀ါ) ကွဲကွာခြင်း (၃) မျိုးရှိ တယ်။ တစ်ချို့က သေကွဲ၊ တစ်ချို့ကျတော့ ရှင်ကွဲ၊ တစ်ချို့ကတော့ မြင်ကွဲ။ ကိုယ်မနှစ်သက်တဲ့သူ သေတဲ့ သေကွဲမျိုးကျ ၀မ်းသာသည်။ နှစ်သက်တဲ့သူ သေရင် ၀မ်းနည်းသည်။ တစ်ချို့ကျတော့ နှစ် သက်တဲ့သူနဲ့ ရှင်လျက်က ဝေးနေရတဲ့ ရှင်ကွဲဒုက္ခ၊ တစ်ချို့ကျတော့လည်း မြင်နေလျက်က မခေါ်နိုင် မပြောနိုင်တဲ့ မြင်ကွဲဒုက္ခ။
ဘယ်လိုကွဲကွာနေခြင်းက ပိုပြီးဆင်းရဲမယ်ထင်လဲ။ တွေးကြည့်ြ့ပီး ပြောခဲ့ပါဦး။ 

 လောကဧည့်သည်အဖြစ် ရောက်ရှိနေတဲ့ တို့တွေဟာ လောဘဒေါသမီးတွေ လောင်မြိုက်ရအောင်
 ရောက်လာတာမှ မဟုတ်ပဲ။ ကောင်းမှုကုသိုလ်တရားတွေ တိုးပွားအောင် ပြုလုပ်ကြဖို့။ တစ်ဘ၀ တစ်ခန္ဓာနဲ့ နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ ရောက်လာကြတယ်လို့ မှတ်ပါ။ ဒီလိုမတွေးပဲ တစ်ခြားအရေးတွေနဲ့ အချိန်ကုန် နေရင်တော့ တစ်သက်လုံးလုံး လူဖြစ်ရှုံးတယ်လို့ သတိရလိုက်ကြပါလို့ သတိပေး နှိုးဆော်ရင် နိဂုံးချုပ်လိုပ်ပါတယ်။ အားလုံးသော သတ္တ၀ါတွေ ဘေးရန်းကင်း၍ ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေ။
လောကဧည့်သည်အဖြစ် ရောက်ရှိနေတဲ့ တို့တွေဟာ လောဘဒေါသမီးတွေ လောင်မြိုက်ရအောင် 
 ရောက်လာတာမှမဟုတ်ပဲ။
 ကောင်းမှုကုသိုလ်တရားတွေ တိုးပွားအောင် ပြုလုပ်ကြဖို့။ တစ်ဘ၀ တစ်ခန္ဓာနဲ့ နိဗ္ဗာန်ရောက်အောင် အားထုတ်ဖို့ ရောက်လာကြတယ်လို့ မှတ်ပါ။ ဒီလိုမတွေးပဲ တစ်ခြားအရေးတွေနဲ့ အချိန်ကုန် နေရင်တော့ တစ်သက်လုံးလုံး လူဖြစ်ရှုံးတယ်လို့ သတိရလိုက်ကြပါ။ တရားချစ်ခင် သူတော်စင်များ အားလုံး ကိုယ်စိတ် နှစ်ဖြာ ရွှင်လန်း ချမ်းမြေ့ကြပါစေ ။ မေတ္တာ ဖြင့်.....။
 

စာရေးသူ - သုခရိပ် ရေးသားသော စာအုပ်မှ ကောက်နှုတ်တင်ပြအပ်ပါသည်။

No comments:

Post a Comment