အလကားရလေ ခံရလေ
လူတွေအတွက်ဆိုရင်တော့...အများကောင်းကျိုးပြု လူမူရေး ပရဟိတအလုပ်သာသနာ့ရေး ပရဟိတအလုပ်တွေလုပ်နေရာမှာ အများအကျိုး။သာသနာအကျိုးကိုရှေ့မရှုဘဲ ကိုယ့်အကျိုးကိုရှေ့ရှုတဲ့ပုဂ္ဂိုလ်။ပရဟိတအလုပ်ကိုဗန်းပြပြီး ကိုယ်ကျိုး ကိုယ့်စီးပွား အမြတ်ထုတ်တဲ့ပုဂ္ဂိုလ်ဟာသန္တပုဂ္ဂိုလ်-သူတော်ကောင်းမဟုတ်တဲ့ပုဂ္ဂိုလ်။ဘုရားနဲ့ဝေးတဲ့ပုဂ္ဂိုလ်ပါပဲ။။တကယ်တော့အလကားရတဲ့ ပစ္စည်းဆိုတာအဆိတ်ထက်ပိုကြောက်စရာကောင်းပါတယ်။။
အလကားရလေတာဝန်ပိုကြီးလေ။အလကာရလေအပစ်ပိုကြီးလေပါ။။
တချို့ကဘုန်းကြီးတွေပဲအေးတယ်။
တချို့ကဘုန်းကြီးတွေပဲအေးတယ်။
သူများလှူတာလေးကိုအဆင်သင့်စားရုံပဲ'
လိုအလွယ်တကူးပြောလေ့ရှိကြပါတယ်။။သူများကျွေးတာ
အလကားစားနေရတာဟာ ကိုယ့်လုပ်စာနဲ့ကိုယ်စားနေရတာထက်
တာဝန်ပိုကြီးပါတယ်။တာဝန်မကျေရင်အပြစ်လည်းပိုကြီးပါတယ်။။
တာဝန်မကျေဘဲသူများလှူတာ အလကား စားရတာက ဘဝပေါင်းစွာ အကြိမ်ကြိမ် သေမယ် အလကားစားခဲ့ရတာနဲ့မကာမိလောက်အောင်ကို ဆင်းရဲဒုက္ခတွေ အမျိုးမျိုး ပြန်ပေးဆပ်ပြီး "သေပြီဆရာ သေပြီဆရာ'နဲ့ဘဝပေါင်းများစွာ
တာဝန်မကျေဘဲသူများလှူတာ အလကား စားရတာက ဘဝပေါင်းစွာ အကြိမ်ကြိမ် သေမယ် အလကားစားခဲ့ရတာနဲ့မကာမိလောက်အောင်ကို ဆင်းရဲဒုက္ခတွေ အမျိုးမျိုး ပြန်ပေးဆပ်ပြီး "သေပြီဆရာ သေပြီဆရာ'နဲ့ဘဝပေါင်းများစွာ
အော်ဟစ်ညည်းတွားရမယ်။။
ဒီလိုပါပဲကိုရဲ့ကျောင်းအလုပ်ကိုမတော်မတရားအလုပ် လုပ်တဲ့သူတွေ။အများအကျိုးဗန်းပြပြီး ကိုယ့်အကျိုး အမြတ်ထုတ်တဲ့သူတွေဟာလည်း သူတစ်ပါးပစ္စည်းကိုအလကားယူနေတာမို့ "အလကားရလေခံရလေ' ရခဲ့တာနဲ့မကာမိအောင်ကို ဆင်းရဲဒုက္ခတွေ အကြီးအကျယ် ခံကြရပါလိမ့်မယ်။။'ကိုယ်ကြိုက်တာကိုယ်လုပ် ကိုယ်ဖြစ်ရင်ကိုယ်ခံ"ပေါ့။။
အရာရာတိုင်းတန်ရာတန်ကြေးဆိုတာရှိပါတယ်။။

အကျိုးတရားတစ်ခုကိုတန်ရာတန်ကြေး
ပေးပြီးမှယူရင် နောက်ထပ်ဘာမှထပ်ပေးစရာမလိုတောပါဘူး။
တန်ရာတန်ကြေမပေးဘဲအလကားယူရင်တော့
နောက်ထပ်တန်ရာတန်ကြေးတွေတနင့်တပိုးထပ်ပေးရပါလိမ့်ဦးမယ်။။
ဒါကြောင့်...မဟုတ်တာလုပ်ပြီးအလကား မယူလိုက်ပါနဲ့။။မဆိုင်တာလုပ်ပြီးလဲအလကားမယူလိုက်ပါနဲ့။။
နောက်ထပ်တန်ရာတန်ကြေးတွေတနင့်တပိုးထပ်ပေးရပါလိမ့်ဦးမယ်။။
ဒါကြောင့်...မဟုတ်တာလုပ်ပြီးအလကား မယူလိုက်ပါနဲ့။။မဆိုင်တာလုပ်ပြီးလဲအလကားမယူလိုက်ပါနဲ့။။
ဟုတ်တာဘဲလုပ်။ဆိုင်တာပဲ
လုပ်ပြီး ပိုင်တာလေး။ထိုက်တာလေးနဲ့ ပဲကျေနပ်လိုက်ပါ..လို့..။
အသန္တပုဂ္ဂိုလ်ရဲ့ အရည်ချင်းတွေကို ပြောင်းပြန် လှန်လိုက်ရင်တော့ သန္တပုဂ္ဂုလ်ရဲ့ အရည်အချင်းတွေ ဖြစ်လာပါတယ်။။
သန္တပုဂ္ဂိုလ်ဆိုတာ ပစ္စုပ္ဖန်တစ်ဘဝတည်းပဲမကြည့်ဘူး။။သံသရာထိအဝေးကို မျှော်ကြည့်။။
အသန္တပုဂ္ဂိုလ်ရဲ့ အရည်ချင်းတွေကို ပြောင်းပြန် လှန်လိုက်ရင်တော့ သန္တပုဂ္ဂုလ်ရဲ့ အရည်အချင်းတွေ ဖြစ်လာပါတယ်။။
သန္တပုဂ္ဂိုလ်ဆိုတာ ပစ္စုပ္ဖန်တစ်ဘဝတည်းပဲမကြည့်ဘူး။။သံသရာထိအဝေးကို မျှော်ကြည့်။။
မျက်မွေးတဆုံးမကြည့်ဘူး။မျက်စီတဆုံးကြည်တယ်။။
နောက်လောကီစည်စိမ်းလောက်ပဲ အလေးမထားဘူး။။တရားဓမ္မကိုလဲအလေးအနက်ထားတယ်
နောက်လောကီစည်စိမ်းလောက်ပဲ အလေးမထားဘူး။။တရားဓမ္မကိုလဲအလေးအနက်ထားတယ်
။နှစ်ဖက်မြင်မျက်စိရှိတယ်။။
နောက်-အသက်မွေးဝမ်းကျောင်း ချောင်လည်ချင်လို့ ရဟန်းပြုတာမျိုး မဟုတ်ဘူး။။သံသရာဝဏ်ဆင်းရဲကလွတ်မြောက်ချင်လို့ရဟန်းပြုတာ။။
နောက်-အသက်မွေးဝမ်းကျောင်း ချောင်လည်ချင်လို့ ရဟန်းပြုတာမျိုး မဟုတ်ဘူး။။သံသရာဝဏ်ဆင်းရဲကလွတ်မြောက်ချင်လို့ရဟန်းပြုတာ။။
ကိုယ်ကျိုးအမြတ်ထုတ်ဆို့ပရဟိတအလုပ်တွေလုပ်နေတာမဟုတ်ဘူး။။
အများကောင်းကျိုးအတွတ် မေတ္တာစေတနာ
သန့်သန့်နဲ့ လုပ်နေတာ။။အဲဒါဆိုသန္တပုဂ္ဂိုလ်-ဘုရားနဲ့နီးတဲ့ပုဂ္ဂိုလ်။။
ဘုရားနဲ့အနေဝေးပေမယ့် အဝေးနေ မဟုတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြီုးစားအားထုတ်နိုင်ကြပါစေ။။
အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ)
http://yatanavasatemple.ning.com/မှခံစားမျှဝေလိုက်ပါသည်။
ဘုရားနဲ့အနေဝေးပေမယ့် အဝေးနေ မဟုတ်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြီုးစားအားထုတ်နိုင်ကြပါစေ။။
အရှင်ဆန္ဒဓိက(ရွှေပါရမီတောရ)
http://yatanavasatemple.ning.com/မှခံစားမျှဝေလိုက်ပါသည်။
စာဖတ်ပရိသတ်အားလုံးလဲ အလကားရတဲ့ပစ္စည်းဆိုတာအဆိပ်ထက်ပိုကြောက်စရာကောင်းပါတယ်။။
အလကားရလေတာဝန်ပိုကြီးလေ။အလကားရလေလေအပစ်ပိုကြီးလေပါ။။
ဒီစာသားလေးအတိုင်း သတိထားဆင်ခြင်နိုင်စေရန် ဒီပို့ပေးကို မျှဝေလိုက်ရပါသည်။အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။
No comments:
Post a Comment