/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, November 3, 2013

*******ဓါတ်..ဆိုတာ လိုက်တတ်တယ်..******


"ဗုဒ္ဓမြတ်စွာဘုရားရှင်" က လောကီ၊လောကုတ္တရာ နှစ်ဖြာ အကျိုးများစေဖို့ရာ လိုက်နာကျင့်သုံးရန် ဟောကြားထားခဲ့သည့် "မင်္ဂလသုတ်ဒေသနာ"(၃၈)ဖြာ မင်္ဂလာ တွင်"အသေ၀နာ စ ဗာလာနံ=လူမိုက် ကို မပေါင်းသင်းရ" ကို အစဆုံး အထူးပြုဟောကြားခဲ့ပါ၏။
သိတော်ကြမူသည့်အတိုင်း လောကကြီးတွင် "လူမိုက်" က "လူကောင်း" ထက် အဆပေါင်းများစွာ အရေအတွက်များပါသည်။
ပတ်ဝန်းကျင် ကို လှည့်လည် အကဲခတ်မိသည့်အခါ "သင်တန်း"ဟူသမျှ ကောင်းသော သင်တန်းများသာ ပိုမိုများပြား သည်မဟုတ်ပါလား။"လူမိုက် သင်တန်း"ဆိုသည်မှာ ဘယ်မှာရှိလို့တုန်း။

နော့ပေတဲ့ "မိုက်တယ် ဆိုတာလွယ်ပါတယ်" ဆိုသည့်စကားအတိုင်း မကောင်းမှု တတ်မြောက်မှုမှာ သြချ လောက်အောင်မြန်ဆန် လွယ်ကူလွန်းလှသည်မဟုတ်ပါလော။ သင်တန်းတောင် မလိုပါချေ။
လူတစ်ယောက် သည် လူတော်၊လူကောင်း တစ်ယောက် နှင့် မတွေ့လိုက်ရသဖြင့် အကျိုးစီးပွား ဆုတ်ယုတ်သွားသည် ဆိုသည်မှာ မသေချာလှ။ လူမိုက် တစ်ဦး နှင့်တွေ့ကြုံပေါင်းသင်းရပြီဆိုလျှင်တော့ဖြင့် ထို လူ၏ဘ၀မှ အကျည်းတန်သွားဖို့ ရာနှုန်းပြည့် သေချာလှပါသည်။
များသောအားဖြင့်-
ဆေးလိပ် သောက်တတ်သော မိတ်ဆွေ နှင့် ပေါင်းလျှင် ဆေးလိပ်သောက်တတ်သည်။ကွမ်းစား တတ်သည့် မိတ်ဆွေ နှင့်ပေါင်းလျှင် ကွမ်းစားတတ်သည်။အရက် သောက်တတ်၊လောင်းကစား လုပ်တတ် သူ မိတ်ဆွေများ နှင့်ပေါင်းမိလျှင်သောက်တတ်၊ကစားတတ်သည်။

စာဖတ်ဝါသနာပါသူ မိတ်ဆွေ နှင့် ပေါင်းလျှင် စာဖတ်ဝါသနာပါလာသည်။အလှူဒါန ပြုလေ့ရှိသူ မိတ်ဆွေ နှင့် ပေါင်းလျှင် အလှူဒါန ပြုလာလေ့ရှိသည်။ တရားနာ၊တရားအားထုတ် ခြင်းနှင့်မွေ့လျော်သော မိတ်ဆွေ နှင့်ပေါင်းလျှင် လည်း တရားနာ၊တရားအားထုတ် ခြင်းနှင့်မွေ့လျော်သော သူဖြစ်လာတတ်သည်။
များသောအားဖြင့် ဖြစ်ပါသည်။

ပြောလိုရင်း က - "ဓာတ်" ဆိုတာ လိုက်တတ်ပါသည်။
ထို့ပြင် ပုထုဇဉ် ဘ၀တွင် အမြဲတမ်း"အားပြိုင်ပွဲ"ဆိုသည်ကလည်း ရှိနေတတ်သည်။
ရှင်းလင်းအောင် ဤကဲ့သို့ တင်ပြ ချင်ပါသည်။

(၁) "အရှိ" နှင့် "အသိ" လည်း စွမ်းရည်ပြ ဖို့ အပြိုင်နေရာလုသည်။
"အရှိ" အနောက်ကို "အသိ" က မီအောင်မလိုက်နိုင် လျှင် "အရှိ" က အနိုင်ရသွားတတ်ပါသည်။"ခန္ဓာ,ပစ္စည်း,အလုပ်,ဒုက္ခ" စသည်တို့သည် "အရှိ"ဟုခေါ်ဆိုနိုင်ပါသည် ။ ထို "အရှိ" အောက်တွင် ပြားပြားဝပ်၍ "ဆင်းရဲအပူဓာတ်များ" မဆုံးနိုင်အောင်လိုက် နေတတ်ပါ၏။
"ရှိ ဒုက္ခ" က "မရှိ ဒုက္ခ" ထက် ပို၍အခံရခက်ပါသည်။ "အရှိ" ကို နိုင်ရန် "အသိ" ကိုရအောင်ယူနေရပါသည်။ဘ၀အသုံးချနည်းသိအောင်လေ့လာရပါသည်။ သိလာလျှင် "သတိ" နှင့် ထိန်းရသည်။ "သတိ" နှင့် "အသိ" ကို ဖော်ပေးရပါသည်။ "အသိ" က နိုင်မှ "လူ့စွမ်းရည်" ပေါ်လာပါသည်။
ဆိုလိုသည် က - သတိ လွတ် လျှင် အဆိုး ဓာတ် လိုက်တတ်ပါသည်။

(၂) အ၀ိဇ္ဇာ တဏှာ နှင့် သတိ ပညာ များကလည်း စိတ် ကိုဦးဆောင်ရန် အားပြိုင် နေရာ လုနေသည်။
"အ၀ိဇ္ဇာ တဏှာ" က "လောက ဒုက္ခ" ဦးဆောင်ဖြစ်ပါ၏။ "သတိ ပညာ" က "ဓမ္မ သုခ" ဦးဆောင် ဖြစ်ပါ၏။"အ၀ိဇ္ဇာ တဏှာ" က တစ်သံသရာလုံး ထုံ နေခဲ့ပြီဖြစ်သဖြင့် အဖြစ်များတတ်ပါသည်။ "သတိ ပညာ" မ၀င်သမျှ သူတို့ကချည်း ဦးဆောင်နေတတ်ပါသည်။
"အ၀ိဇ္ဇာ တဏှာ" ဦးဆောင်၍ ပြုလုပ်သော ဒုက္ခ နောက် ကို အကုသိုလ်ဓာတ်ချင်းတူသော အပူ၊ အရှုပ်ဓာတ် တွေ လိုက်တတ်ပါ၏။ အမှန်မသိသော "အ၀ိဇ္ဇာ"၊ လိုချင်အားကြီးသော "တဏှာ" ကြောင့် မဆင်မခြင် ထင်ရာများလုပ်မိသောအခါ အကုသိုလ်ဓာတ် များ ၊ အပူဆင်းရဲဓာတ်များ မဆုံးနိုင်အောင် လိုက်လာတတ်ပါသည်။
"သတိ ပညာ" ဦးဆောင်နေမှသာလျှင် ဓာတ်ချင်းတူသည့် ကောင်းမှုတရားများလိုက်လာ၍ ကောင်းမှု၊ကောင်းကျိုးအကောင်းများပေါ်လာကြပါမည်။
သတိ လွတ် လျှင် ဆင်းရဲ အပူဓာတ် လိုက်တတ်ပါသည်။
(၃) အကုသိုလ် နှင့် ကုသိုလ် များတို့လည်း ဖြစ်ပေါ်ရရှိဖို့ အားပြိုင်နေရာလုနေသည်။
သတိ လွတ်လျှင် "စိတ်" သည် အောက်ကိုလွတ်ကျ၍ လျှောဆင်းရသကဲ့သို့ ဖြစ်သဖြင့် အကုသိုလ် ဖြစ်ရတာပို၍လွယ်သည် ဟုဆိုရပါမည်။ သတိ နှင့်ထိန်း၍ အထက် သို့တက်ရသောကြောင့် ကုသိုလ် မှာ အကုသိုလ် လောက် အဖြစ် မလွယ်ကူလှပါ။
အကုသိုလ် ဖြစ်လာလျှင် ဓာတ်ချင်းတူသည့် ဆင်းရဲအပူဓာတ်များ မဆုံးနိုင်အောင်လိုက်နေတတ်၍ အောက်ကိုချည်း ဆွဲချနေတော့မည်ဖြစ်ပါ၏။
သတိ ဉာဏ်ပညာ က ရှေ့မှ လမ်းမှန်အတိုင်း ဆင်ခြင်နှလုံးသွင်းတတ်သောအခါ မိမိအတွက် အကောင်းကိုပေးသည့် ကုသိုလ်ဟုသိပြီး ကုသိုလ် ကိုသာ လုပ်ဖြစ်ပါသည်။
ကုသိုလ် အဖြစ်များ မှသာလျှင် သက်သာခွင့်ရ၍ အေးချမ်းမည်ဖြစ်ပါသဖြင့် ကုသိုလ် အဖြစ်များအောင် သတိ ပညာ ထားရမည်ဖြစ်ပါသည်။
သတိ လွတ် လျှင် အဆိုး ဓာတ် လိုက်တတ်ပါသည်။
(၄) အတိတ် က ပြုလုပ်ခဲ့ပြီးသည့် အကုသိုလ်ကံ နှင့် ကုသိုလ် ကံ များသည်လည်း အကျိုးပေးဖို့ရာ အားပြိုင်နေရာလုနေသည်။
အတိတ် က ပြုလုပ်ခဲ့သော အကုသိုလ်ကံ ကြောင့် အကုသိုလ် အကျိုးပေးခွင့် လမ်းပွင့်သွားတတ်ပြီး ၊ ကုသိုလ်ကံကြောင့် ကုသိုလ်ကံ အကျိုးပေးခွင့်ရတတ်ပါသည်။
သတိ ပညာဉာဏ် ကင်းလွတ်၍ အမှားများလုပ်မိလျှင် အားထုတ်မှားသည့် ပယောဂ၀ိပတ္တိ ကြောင့် အကုသိုလ်ကံများပါပူးပေါင်းပါဝင်၍ မကောင်းကျိုးများ အဆက်မပြတ်ပေးတတ်ပါသည်။ အကုသိုလ် အမှားတစ်ခုကြောင့် ချွတ်ချော်တိမ်းပါးသွားပြီး အပါယ်ဘုံ သို့ရောက်သွားလျှင် ဂတိဝိပတ္တိ ဟုခေါ်ပါသည်။
အကုသိုလ်ဓာတ်ချင်းတူသဖြင့် မကောင်းမှုအကုသိုလ်ကံများ တစ်ခုပြီးတစ်ခု အဆက်မပြတ် အကျိုးပေးတတ်သည်။ အကုသိုလ်ဓာတ်ဆုးလိုက်နေတုန်းဖြစ်သဖြင့် အတိတ်မှပါလာသော အကုသိုလ်ကံဟောင်းများ ဆက်လိုက်တတ်ပြန်ပါသည်။
အကုသိုလ်နည်းဖို့ ကုသိုလ်မှန်းသိတုန်း ကုသိုလ် များဖို့အထူး သတိကြီးကြီးထားကြိုးစားရပါမည်။
အတိုချုပ်မှာ အဆိုး နှင့် အကောင်း ပြိုင်နေသည်ဟုပင်ဆိုလိုက်ချင်ပါသည်။ အကောင်း အနိုင်ရဖို့ရာ အားအကောင်းဆုံး သတိ ကို အမြဲလက်ကိုင် ထားရပါလိမ့်မည်။
သတိ လွတ် လျှင် အပါယ် အဆိုး ဓာတ် များ မဆုံးနိုင်အောင် လိုက်နေတတ်ပါသည်။

မကောင်းတဲ့လူ(လူမိုက်)ထံ မှ မကောင်းသည့်ဓာတ် တွေ အလိုက်မခံရစေရန်၊
လူတော်၊လူကောင်းများထံမှ ကောင်းသော ဓာတ်များ လိုက်လာစေရန်၊
အကုသိုလ်ဓာတ်ဆိုးများ အလိုက်မခံရစေရန် နှင့် အကောင်းဓာတ်များ အဆက်မပြတ်လိုက်နေစေရန်။
သတိ ပညာ နှင့်ကြိုးစားအားထုတ် သတိပြုမိစေရန် တို့အား ရည်သန်၍ ဤဓမ္မဆောင်းပါဖြင့် ဆန္ဒပြုလိုက်ပါ၏။

ချမ်းသာပါကြစေ..၊အေးငြိမ်းပါကြစေ..၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်နိုင်ကြပါစေ။

ဘ၀တုသဗ္ဗမင်္ဂလံ
 ဗုဒ္ဓကမ္ဘာဆိုဒ်မှ ဉာဏ်လင်းမြို့ရေးသားသောပို့မှ ကူးယူမျှဝေသည်။

1 comment:

  1. စာတစ်ပိုဒ် ကို တင်တော့မယ် ဆိုရင် ဒီစာပိုဒ်ကို မိမိ ဘယ်လောက်အထိနားလည်တယ် ဆိုတာ မိမိ က ဘယ်အတိုင်းတာထိသိထားတယ် ဆိုတာ လိုပါတယ်။ ကွမ်းစား ပြိး ဟိုထွေး ဒီထွေး လုပ်တိုင်း မကောင်းဘူး ထင်လို့ မရပါဘူး။ စာများများ ဖတ်ပါ မ လမင်းကြယ်စင်။ လောက နိတိ မှာ ကွမ်းစားတာ ကျက်သရေမင်္ဂလာ တိုးတယ်လို့ ပေးထားပါတယ်။ သူများရေးထားတာ ကို မှန်တယ်ထင်ပြီး အားလုံး ရှေုက်မတင်ပါနဲ့ သူများ နောက်လိုက်ဖြစ်သွားမယ်။

    ReplyDelete