/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, November 13, 2013

မွေးနေ့ကို ဘာသာရေးအမြင်ဖြင့် သုံးသပ်ကြည့်ခြင်း

ဗုဒ္ဓဘာသာစာပေတို့တွင် ယခု မိမိတို့နေထိုင်ရာ လူ့ဘောင်ကို သုဂတိဘုံဟု ဆိုသည် ၊
သုဂတိဘုံဆိုသည်မှာ ကုသိုလ်ကောင်းမှုရှိသူတို့သာ လားရောက်ရာဌာနဟု

အဓိပ္ပါယ် ရသည် ၊ ယခု မိမိတို့သည် ကုသိုလ်ကောင်းမှုရှိသူတို့သာ လားရောက်ရာ
လူ့ဘုံဌာနတွင် လူမိဘကမွေးလျှက် လူဟူသောအမည်ဖြင့် လာဖြစ်နေကြသည် ၊
လူဖြစ်လာရခြင်းသည် ကုသိုလ်ကောင်းမှုကြောင့်ဟု အလွယ်မှတ်နိုင်ပါသည် ၊
ဤလူ့ဘုံဌာ လူ့ဘ၀ကို နတ်သားနတ်သမီးများက အလွန်အလေးအမြတ်ထားကြသည် ၊
နတ်ပြည်တွင် နတ်သားတစ်ပါး သေဆုံးတော့မည်ဆိုပါက ရှေးဦးစွာ နိမိတ်ငါးမျိုး
ထင်လာလေ့ ရှိသည် ၊ သေဆုံးတော့မည့်နတ် ပန်ဆင်ထားသည့်ပန်းများ ညှိုးနွမ်းလာသည် ၊
နတ်ဝတ်နတ်စားများ ညစ်နွမ်းလာသည်၊ ချိုင်းကြားစသည်တို့မှ ချွေးများ ယိုစီးကျလာသည်၊
ယခင်က လှပတောက်ပြောင်ခဲ့သော ခန္ဓာကိုယ်၌ ကိုယ်ရောင်ကိုယ်ဝါများ ညှိုးမိန်လာသည် ၊
မိမိပိုင်ဆိုင်သော နတ်ဗိမာန်၌လည်း ပျော်ပိုက်ခြင်းမရှိတော့ ၊
အထက်ပါ နိမိတ်ငါးမျိုးထင်လာလျှင် ဤနတ်သားသည် မကြာခင် သေဆုံးတော့မည်
ဖြစ်ကြောင်း တစ်ခြားနတ်များက သိကြသည်၊ ထိုအခါ နတ်သားများက ၀ိုင်းဝန်း၍
အောက်ပါ စကားသုံးခွန်းကို မှာကြားတိုက်တွန်းကြသည် ၊
“ အမောင် …….သုဂတိဘုံသို့ သွား၍ ပဋိသန္ဓေယူပါ ၊
ထိုသုဂတိဘုံ၌ ကံနှင့် ကံ၏အကျိုးကို ယုံကြည်ခြင်းတည်းဟူသော သဒ္ဓါတရားကို
ရအောင် ယူပါ ၊
ထိုသဒ္ဓါတရားကို သင့်သန္တာန်မှာ ခိုင်မြဲအောင် လုပ်ပါလေ …..”
အထက်ပါနတ်များ တိုက်တွန်းမှာကြားသည့် သုဂတိဘုံဆိုသည်မှာ ဤလူ့ပြည်
ဤလူ့ဘုံပင် ဖြစ်သည် ၊ လူ့ပြည် လူ့လောကတွင် လူ့အဖြစ်ကို ရရှိရန် မလွယ်ချေ ၊
ကျမ်းစာများ၌ “ မနုဿတ္တဘာဝေါ ဒုလ္လဘော-လူ့အဖြစ်ကို ရခဲသည် “ ဟု ခိုင်မာသော
အဆိုရှိ၏ ၊ သို့ရာတွင် လူ့ပြည်လောကကို သုဂတိဘုံဟုဆိုဆို ၊ လူ့ဘ၀ကို အလွန်ရခဲသည်ဟု
ပြောပြော လူ့ပြည်နှင့်လူ့လောကသည် ထာဝရပြီးပြည့်စုံသောလောက ထာဝရသာယာ
လှပသော ဘ၀ဟုကား မဆိုနိုင်ပေ ၊
ကုသိုလ်ကံကြောင့် လူဖြစ်လာရသည်မှန်သော်လည်း ဘ၀သစ်တစ်ခု စတင်ရရှိလာရခြင်း၏
အဓိကအကြောင်းရင်းမှာ ဘ၀ကို လိုချင်တပ်မက်ချစ်ခင်သော တဏှာကြောင့်သာ ဖြစ်သည် ၊
ဘ၀သစ်တစ်ခု၏ အစကို ဇာတိဟုဆိုသော် ဆိုနိုင်၏ ၊ ပါဠိအဘိဓာန်တွင် ဇာတိကို
ပဋိသန္ဓေနေခြင်း ၊ အသစ်တစ်ဖန်ဖြစ်ခြင်း ၊ မွေးဖွားခြင်း ၊ ခန္ဓာအစဉ် ၊ ပုံသဏ္ဍာန်သဘော
စသည်ဖြင့် ဖွင့်ပြသည် ၊ ဤနေရာတွင် အသစ်တစ်ဖန်ဖြစ်ခြင်း၊ မွေးဖွားခြင်းကို
ဇာတိအားဖြင့် ယူလိုပါသည် ၊
မိမိတို့သည် “ အူဝဲ “ ဟူသော ငိုကြွေးသံပေးလျှက် မွေးဖွားလာကြသည် ၊
ဘ၀အသစ်တစ်ခု ဖြစ်လာကြသည် ၊ ဤလူ့လောကတွင် ကလေးငယ်တစ်ယောက်
မွေးဖွားလာလျှင် ဆိုင်ရာအသိုင်းအ၀ိုင်းအတွက် ၀မ်းသာပျော်ရွှင်မှုကို ရစေသည်၊
အဓိကအားဖြင့် ယင်းကလေးနှင့်သက်ဆိုင်ရာ မိဘနှစ်ပါးကို အတိုင်းထက်အလွန်
ပျော်ရွှင်မှုပီတိကို ဖြစ်စေသည် ၊
ထိုအချိန်တွင် ကလေးငယ်၏ အူဝဲဟူသော ငိုကြွေးသံကို ငိုကြွေးသံဟု မထင် ၊
“ လူ့လောကထဲ ငါရောက်လာပြီ “ဟူသော သဘောဖြင့် ဟစ်ကြွေးသံပြုသည်ဟု
ထင်တတ်ကြသည် ၊ အမှန်မှာ ငိုကြွေးသံသည် ငိုကြွေးသံသာ ဖြစ်သည် ၊
ဟစ်ကြွေးသံ မဟုတ်ပေ ၊ တစ်နည်းအားဖြင့် မွေးဖွားစကလေးငယ်၏ ငိုကြွေးသံကို
ဘ၀သစ်ရလာခြင်း၏ ဇာတိသင်္ကေတအဖြစ် သတ်မှတ်နိုင်ပါသည် ၊
လူတိုင်းတွင် မွေးနေ့ကိုယ်စီ ရှိကြသည်၊ လူအနည်းငယ်မှတစ်ပါး လူတို့သည်
ကိုယ်လူ့ဘ၀ရောက်ခဲ့သော မွေးနေ့ မွေးရက် အချိန်နာရီ မိနစ်တို့ကို အမှတ်တရ
ရှိတတ်ကြသည်၊ မိမိမွေးနေ့ ရောက်လာတိုင်း အမှတ်တရအနေဖြင့်
“ မွေးနေ့မင်္ဂလာ “ ဟု အမည်တပ်လျှက် ကုသိုလ်ကောင်းမှု ပြုသူလည်း ရှိသည် ၊
မိဘကို ရှိခိုးပူဇော် ကျေးဇူးဆပ်သူလည်း ရှိသည် ၊ ပျော်ပွဲရွှင်ပွဲ ပြုလုပ်သူလည်း
ရှိသည် ၊ စိတ်ငြိမ်အောင် အကြောင်းပြချက်ဖြင့် ပိုကာဝိုင်းထောင်သူလည်း ရှိသည်၊
ကိုယ့်မွေးနေ့အမှတ်တရအဖြစ် ကိုယ့်ရည်းစားကို အဖြေပေးသူလည်း ရှိသည် ၊
မိမိလူ့ဘ၀သို့ ရောက်လာခဲ့သောမွေးနေ့ကို အမှတ်တရ ရှိခြင်းသည် ကောင်း၏ဟု
ယုံကြည်မိသော်လည်း မွေးနေ့မင်္ဂလာခေါင်းစည်းအောက်တွင်

 မွေးနေ့၏ပြဋ္ဌာန်းချက်၊
တနည်းပြောရသော် ဇာတိ၏အကျိုးနှင့် အကျိုးဆက်ရလာဒ်များကို မေ့လျော့နေကြသည်ဟု
မိမိစိတ်ထဲ ထင်မြင်နေမိသည် ၊ ဗုဒ္ဓမြတ်စွာက တရားဦး ဓမ္မစက္ကပ၀တ္တနသုတ်တော်တွင်
“ ဇာတိပိ ဒုက္ခော-ဘ၀ဖြစ်ရခြင်းသည် ဆင်းရဲ၏ “ ဟု ဟောတော်မူပါသည် ၊
ယခုခေတ်တွင် မွေးနေ့ပွဲကို ရဟန်းရှင်လူများစွာ ကျင်းပပြုလုပ်နေကြသည်ကို တွေ့ရသည်၊
ထိုမွေးနေ့ပွဲများ၌ အသစ်တဖန် ပဋိသန္ဓေနေရခြင်းဆင်းရဲ၊ မွေးဖွားရခြင်းဆင်းရဲတို့ကို
သတိရဆင်ခြင်မိသူ ရှိကောင်းရှိနိုင်သော်လည်း အလွန်နည်းပါးပေလိမ့်မည် ၊
မိမိတို့လို လူပုဂ္ဂိုလ်တို့ကို ထား၍ ဘုန်းကြီးရဟန်းများပင် သူတို့မွေးနေ့၌ ဘ၀၏ဆင်းရဲကို
နှလုံးသွင်းမိသူ နည်းပါးသည်ဟု မ၀ံ့မရဲ ဆိုချင်ပါသည် ၊
ဆိုရခြင်းအကြောင်းလည်း ရှိ၏ ၊မိမိတို့ရပ်ကွက်တွင် သံဃာတစ်ရာကျော်သီတင်းသုံးသော
ဘုန်းကြီးကျောင်းတစ်ကျောင်းရှိရာ ကျောင်းထိုင်ဘုန်းကြီးသည် နာမည်အသင့်အတင့်ရှိ၍
ဂုဏ်ပကာသနမက်မောပုံ ရသည် ၊ ထိုကျောင်းထိုင်ဘုန်းကြီး၏ မွေးနေ့ရောက်ပြီဆိုလျှင်
မိမိတို့ တစ်ရပ်ကွက်လုံး ကောင်းစွာအိပ်မရတော့ ၊ အကြောင်းက မနက်လင်းသည်မှ စ၍
ညမိုးချုပ် သန်းခေါင်ကျော်(၂)ချက် (၃)ချက်အထိ ဘောက်သံတွေက တအုန်းအုန်း ၊
မိုးရှူးမီးပန်းများနှင့် တရုတ်မိုးပျံဗျောက်တွေက တ၀ုန်းဝုန်းတဒိုင်းဒိုင်းနှင့်
ရပ်ကွက်တစ်ခုလုံး ဆူညံပွက်နေသောကြောင့် ဖြစ်သည် ၊
ဘုန်းကြီးရဟန်းများ၏ ငြိမ်းအေးမှုများ ပျောက်ကွယ်နေသည်ဟု ခံစားရသည် ၊။
အဓိကအားဖြင့် အလွှာမျိုးစုံမှာရှိသော လူသားတို့သည် မွေးနေ့ပွဲကို အမှတ်တရရှိတတ်
ကြသော်လည်း မွေးနေ့ပွဲကို အကြောင်းပြု၍ ပြုလုပ်သောပျော်ပွဲရွှင်များ၌သာ
နစ်မွန်းနေကြသည်ဟု ဆိုလိုခြင်းဖြစ်သည် ၊
ပျော်ပွဲရွှင်ပွဲများသည် မွေးနေ့၏ အနှစ်သာရမဟုတ်ဟု နားလည်သင့်ပါသည်၊
မိမိမွေးနေ့ရောက်ပြီဆိုလျှင် ဘ၀အသစ်တစ်ဖန် ဖြစ်လာမှုဟူသော အတိတ်အကျိုးရလာဒ် ၊
ယင်းအကျိုးရလာဒ်ကို သတိပြုဆင်ခြင်ဖို့ လိုပါသည် ၊ လောကတွင် ဖြစ်လာသမျှ
အရာဝတ္ထုတိုင်းသည် ဖြစ်သည့်အတိုင်း ထာဝရတည်တံ့မနေ ၊ ဆက်ကာ ဆက်ကာ
ပြောင်းလဲနေသည် ၊
သတ္တ၀ါတစ်ဦးမွေးဖွားလာပြီး ဘ၀အသစ်တစ်ဖန်ဖြစ်လာပြီဆိုလျှင်လည်း ရပ်တန့်မနေ ၊
မွေးဖွားပြီးစအရွယ် ၊ လူငယ်အရွယ် ၊ လူကြီးအရွယ်အဖြစ်ဖြင့် ဆင့်ကဲဆင့်ကဲ ပြောင်းလဲ
သွားသည် ၊ နောက်ဆုံး အိုရ နာရ သေရသည် ၊ ဖြစ်သမျှ ပျက်ရသည်မှာ ဇာတိ၏လမ်းစဉ်၊
ဇာတိ၏ အကျိုးရလာဒ်ပင်ဖြစ်သည် ၊ ထို့ကြောင့် ဗုဒ္ဓမြတ်စွာက ပဋိစ္စသမုပ္ပါဒ်ဒေသနာ
တော်တွင် “ ဇာတိပစ္စယာ ဇရာ မရဏ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿုပါယာသာ
သမ္ဘ၀န္တိ “ ဟု ဟောတော်မူသည် ၊
ဘ၀အသစ် တစ်ဖန်ဖြစ်ခြင်း ၊ မွေးဖွားခြင်းကြောင့် အိုရ နာရ သေရခြင်းဟူသော
တိုက်ရိုက်အကျိုးဖြစ်ပေါ်လာရသည် ၊ အကျိုးဆက်အနေအားဖြင့် စိုးရိမ်ကြောင့်ကြရခြင်း၊
ပူဆွေးငိုကြွေးရခြင်း ၊ ကိုယ်စိတ်ဆင်းရဲရခြင်း ၊ ပြင်းစွာ ပင်ပန်းမောဟိုက်ရခြင်းများ
ဖြစ်ရပြန်သည် ၊ ဇာတိကြောင့် ဆင့်ကဲဖြစ်ပေါ်လာသော အကျိုးဆက်တို့ကို မည်သည့်
ရှုထောင့်ကကြည့်ကြည့် သက်သာဖွယ် မမြင်ရပေ၊ တွေးကြည့်ရုံမျှဖြင့်ပင် တုန်လှုပ်
ခြောက်ခြားဖွယ် ကောင်းလှသည် ၊
ဒါကိုထောက်ရှု၍ မိမိလူအဖြစ်ရောက်ရှိခဲ့သောမွေးနေ့ကို အမှတ်တရရှိရုံမျှဖြင့် မပြီး ၊
မွေးနေ့ပွဲ ကျင်းပပြုလုပ်ရုံမျှဖြင့် ကောင်းမြတ်သော မွေးနေ့မင်္ဂလာမဖြစ်နိုင် ၊
“ ငါ မွေးဖွားခဲ့ပြီ ၊ အိုရ နာရ သေရဦးမည် “ ဟု သတိပြုဆင်ခြင်ဖြစ်မှ ဗုဒ္ဓမြတ်စွာ
အလိုတော်ကျ အနှစ်သာရရှိသော ကောင်းမြတ်သော မွေးနေ့မင်္ဂလာဖြစ်နိုင်သည်ဟု
မိမိ ယူဆပါသည် ……………..။
အထူးမှတ်ချက် ……..။ ယခုကဲ့သို့ ဘာသာရေးဆောင်းပါးပို့စ်များရေးဖြစ်အောင်
တိုက်တွန်းအားပေးသော ခပ်ရဲရဲရေးနိုင်အောင် မိမိ မသိနားမလည်သည်များကို
စိတ်ရှည်လက်ရှည်ပြောပြပေးသော ဗုဒ္ဓကမ္ဘာဆိုဒ်တွင်တွေ့ရသော ရန်ကုန်
သာသနာ့တက္ကသိုလ်မှ ဘုန်းဘုန်းတစ်ပါးအား ရိုသေလေးမြတ်စွာ ဦးခိုက်ပါ၏ ၊
ကျေးဇူးလည်း အထူးတင်ရှိမိပါ၏ ……………..။
လူတွေအတော်များများမွေးနေ့ကိုသိကြပါတယ်။
 သေမဲ့နေ့ကိုမသိကြရပါဘူး။ ဒါကြောင့်မိတ်ဆွေအပေါင်းတို့ကိုကိုသေရင်ဂတို့ခတွင်မဟုတ်ဘဲ
 နောင်ဘ၀အတွက်ပါအကြိုးရှိအောင်နေထိုင်ပါ လုပ်ပါ ယူသွားကြနိုင်အောင်လို့ကျနော်နဲ့အတူကြိုးစားကြပါစို့........

No comments:

Post a Comment