/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, July 7, 2014

ကံသည် ပဓာနအကြောင်း


https://scontent-b-kul.xx.fbcdn.net/hphotos-xpf1/l/t1.0-9/p526x296/10151986_262353393967068_2362986149099283966_n.jpg


ကံသည် ပဓာနအကြောင်း
---------------------------

ပုထုဇဉ်တို့၏ လူဘဝဟူသည်မှာ အိပ်မက်ပင်ဖြစ်၏။ အိပ်မက်အတွင်း၌ ဖြစ်ဖြစ်သမျှသည် ဘာမျှရေရာသည်မဟုတ်။ မြေကိုလျှိုးခြင်လည်း လျှိုးနိုင်၏။ မိုးကိုပျံချင်လည်း ပြန်နိုင်၏။ အားလုံးဖြစ်ချင်သလိုပင် ဖြစ်နိုင်၏။ ထို့အတူ လူ့လောက၌ မကောင်းမှုဒုစရိုက် လုပ်ငန်းများဖြင့်လည်း ချမ်းသာနိုင်၏။ ကောင်းမှု သုစရိုက်လုပ်ငန်းများဖြင့်လည်း မွဲတေနိုင်၏။

အိပ်မက်ဘဝ၏ နိယာမကို သိရန်ခဲယဉ်းသကဲ့သို့ပင် လူ့ဘဝ၏ နိယာမကို သိရန်ခဲယဉ်းပါ၏။ သို့ရာတွင် အိပ်မက်အတွင်း၌ မှန်ကန်သောနိယာမ ရှိသလို လူ့ဘဝ အတွင်း၌လည်း မှန်ကန်သော နိယာမသည်ရှိ၏။ နိယာမ ရှိသော်လည်း သိနိုင်ရန်ကား အလွန်ခဲယဉ်း၏။ ထို့ကြောင့်လည်း ကမ္မဝိသယော အစိန္တေယျော- ကံ၏ အရာဟူသည် မကြံစည်နိုင်လောက်အောင် ခဲယဉ်းသည်ဟူ၍ ဆိုခြင်း ဖြစ်တန်ရာ၏။

အမှန်အားဖြင့် လူ့ဘဝ၌ ဖြစ်ဖြစ်သမျှသည် ပဓာနအားဖြင့် ကံကြောင့် ဖြစ်ကြခြင်း ဖြစ်၏။ အခြား အကြောင်းများကား အပဓာန အားဖြင့်သာ ပါဝင်ကြခြင်းဖြစ်၏။

******************************

မှားယွင်းသောအမြင်
---------------------

လူ့ဘဝကား အိပ်မက်သဖွယ် ဖြစ်ခြင်းမှာ ဝိပလ္လာသတရားများ လွှမ်းမိုးသောကြောင့် ဖြစ်၏။ ဝိပလ္လာသတရားများကား လူ့ဘဝ၏ အရာရာတိုင်းကို လွှမ်းမိုး၏။ ကံကိုလည်း လွှမ်းမိုး၏။ ဥာဏ်ကိုလည်း လွှမ်းမ်ုး၏။ အခြား မည်သည့်အရာကိုမဆို လွှမ်းမိုး၏။

ဝိပလ္လာသ လွှမ်းမိုးခြင်း ခံနေရသော လူ့ဘဝသည် အဘယ်သို့လျှင် မှန်ကန်သော အသိကို ရရှိနိုင်ပါမည်နည်း။ ယထာဘူတကျသော အသိကို ရရှိနိုင်ပါမည်နည်း။ အမှန်အားဖြင့် ဝိပလ္လာသဟူသည်မှာ မှားယွင်းခြင်းဖြစ်၏။ လင်းတငှက်များက ခွေးသေကောင်ပုပ်ကို ဣဋ္ဌာရုံအဖြစ် မြင်၏။ ဝက်များက မစင်ကို ဣဋ္ဌာရုံအဖြစ် မြင်၏။

သို့ဖြစ်လျှင် လူတို့၏ အမြင်ကကော ဘာများ ခြားနားပါသနည်း။ သူ့ ဝိပလ္လာသနှင့် သူပင် ဖြစ်၏။ တကယ်တမ်းပြောရမည် ဆိုလျှင် ဘယ်သူက ဘယ်သူ့ကို မှန်သည် ပြောနိုင်ပါသနည်း။ အမှားကြီးနှင့် အမှားငယ်သာ ကွာခြားလေ၏။ မှားသည်ကတော့ အားလုံးပင်။အိပ်မက်ဘဝ၌ မနိုးမီကာလအတွင်း အားလုံး ကမောက်ကမ ချည်းသာ ဖြစ်၏။ ကမောက်ကမ ဖြစ်သော်လည်း ကမောက်ကမ၏ နိယာမအတိုင်း ဖြစ်နေသဖြင့် အမှန်ဟူ၍တော့ ဆိုနိုင်ပါ၏။ ထိုအမှန်ကား ကမောက်ကမ အမှန်သာတည်း။

******************************

အမြင်မှန်ကိုရရှိသောအခါ
---------------------------

သစ္စာလေးပါးကို မျက်မှောက်ပြုနိုင်မှ နိုးကြားသည်မည်၏။ ထိုအခါ ဝိပလ္လာသတရားများ ကင်းသွားလေပြီ။ ဝိပလ္လာသတရားများ ကင်းသွားသည်နှင့် တစ်ပြိုင်နက် ပုထုဇဉ်ဘဝက သုခဟု ထင်ခဲ့သမျှ ဒုက္ခမှန်းသိတော့၏။ အတ္တဟု ထင်ခဲ့သမျှ အနတ္တမှန်း သိတော့၏။ နိစ္စဟု ထင်ခဲ့သမျှ အနိစ္စမှန်း သိတော့၏။ သုဘဟု ထင်ခဲ့သမျှ အသုဘမှန်း သိတော့၏။

အမှန်အားဖြင့် ဝိပလ္လာသ ကင်းခြင်းသည် အလင်းရောင်လာခြင်းပင် ဖြစ်၏။ အမှောင်ထဲမှ ကြည့်လျှင် ဘာကိုမဆို သဲသဲကွဲကွဲ မမြင်။ အလင်းရောင်ထဲ၌ ကြည့်ပါက အရာရာတိုင်းကို သဲသဲကွဲကွဲ မြင်နိုင်၏။ အလင်းရောင်မရစဉ်က လူ့ဘဝသည် ပုထုဇဉ်ဘဝ အနေဖြင့် အမှောင်ထဲ၌ မက်နေသော အိပ်မက်ဖြစ်၏။ အလင်းရောင်ရသောအခါ လူ့ဘဝသည် အရိယာဘဝ အနေဖြင့် အလင်းရောင်နှင့် တွေ့၍ နိုးလေပြီ။ နိုးသောအခါမှသာ အလင်းရောင်ထဲ၌ အရာရာတိုင်းကို အမှန်အကန် သိနိုင်မည် ဖြစ်၏။ ထို့ကြောင့် အိပ်မက်ဘဝမှ နိုးသွားအောင် ဘဝအသိ ငါးမျိုးတွင် ဝိညာဏက္ခန္ဓာ၏ ဘဝအသိကို ထက်မြက်သည်ထက် ထက်မြက်အောင် ကြိုးပမ်းအပ်ပါ၏။

******************************

(ဦးရွှေအောင်)
 

No comments:

Post a Comment