/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, July 20, 2014

အိမ်ယာတည်ထောင်သူတွေအတွက် ကောင်းကျိုးအချက်များ။

        
 အိမ်ရာတည်ထောင်လူ့ဘောင်ဘ၀မှာ လူတွေအတွက် ကောင်းကျိုးရဖို့ အချက်လေးတွေကတော့ "ဒကံ္ခ ဂဟပတံ သာဓု"- အိမ်ရာတည်ထောင် လူ့ဘောင်ဘ၀မှာ နေလို့ရှိရင်
စီးပွားရေးနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်တဲ့၊ မလုပ်တတ် မကိုင်တတ်ဆိုရင် လွဲလွဲချော်ချော်တွေ ဖြစ်တတ်ပါတယ်၊ ဘယ်အလုပ်ပဲလုပ်လုပ် လုပ်ငန်း
ကျွမ်းကျင်မှုက အင်မတန်မှ အရေးကြီးပါတယ်။



          "ဥဋ္ဌာနသမ္ဗဒါ" ၊ မြတ်စွာဘုရားက လုံ့လ၀ီရိယရှိတယ်ဆိုတဲ့ နေရာမှာ မှတ်သားထားဖို့
ရာက လုပ်တိုင်းဖြစ်တာတော့ မဟုတ်ဘူးတဲ့၊ လုပ်တာတော့ လုပ်ရမယ်၊ အဲဒီထဲမှာမှ ဒက္ခ - လုပ်
ငန်းကျွမ်းကျင်မှု ရှိရမယ်၊ အနလသ -ဇွဲကောင်းရမယ်၊ ဥပါယ၀ီမံသ - နည်းပညာ ကောင်းရ
မယ်တဲ့၊ အဲဒါမှ လောကကြီးဟာ မှန်ကန်တယ်တဲ့။


         လှိမ့်မရတဲ့ ကျောက်တုံးကြီးကို လာပြီးတော့ တွန်းနေလို့ကတော့ အချိန်သာကုန်သွားမယ်၊
ရွေ့မှာ မဟုတ်ဘူးလေ၊ အဲဒါအလုပ်လို့ မသတ်မှတ်ဘူး၊ အကျိုးမထွက်ရင် အလုပ်လို့ မသတ်မှတ်
ဘူး၊ လုပ်ကတည်းက အကျိုးထွက်တဲ့အလုပ်ပဲ လုပ်ရမယ်တဲ့။ အဲဒါကြောင့် အိမ်ယာတည်ထောင်
လူ့ဘောင် ဘ၀မှာနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ လိမ္မာကျွမ်းကျင်မှုရှိမှ ကောင်းပါတယ်၊ ဒါကတော့ အား
လုံးလည်း သိပြီးသားပါ။


           “သံဝိဘဇ္ဇဉ္စ ဘောဇနံ” ကိုယ်ရှာဖွေလို့ ရလာတဲ့ပစ္စည်းကို ကိုယ့်မိသားစု၊ ကိုယ့်မိဘဆွေ
မျိုးအားလုံးနဲ့ မျှဝေပြီး သုံးပါတဲ့၊ ကိုယ်တစ်ယောက်တည်း မသုံးပါနဲ့တဲ့၊ ဒါမှ အားလုံးရဲ့ မေတ္တာရမှာ၊
ကိုယ်ရတာ ကိုယ်စားတဲ့ လူတစ်ယောက်ဟာ ကျန်တဲ့လူကလည်း သူ့အပေါ် မေတ္တာမထားဘူး၊
ကိုယ်ရလာ ကိုယ်ဝယ်လာတဲ့ ပစ္စည်းလေး အားလုံး မိသားစုမှာ မျှဝေပြီးတော့ စားတယ်၊ ခွဲခြားဝေ
ဖန်ပြီးတော့မှသုံးတယ်ဆိုတာ ဒါ လူ့လောကမှာ ရှိသင့်ရှိထိုက်တဲ့ကိစ္စတဲ့။


         ဒါကြောင့်မို့ မြတ်စွာဘုရားက စီးပွားရှာပြီးတော့ ဘယ်လိုသုံးရမယ်ဆိုတာ ဟောထားတာ
ရှိတယ်၊ စီးပွားရှာထားတဲ့ ပုဂ္ဂိုလ်ဟာ ဘာအတွက်ရှာရမယ် ဆိုပြီးတော့လည်း မြတ်စွာဘုရားက
ဟောထားတာရှိတယ်၊ စီးပွားရလာလို့ရှိရင်တဲ့ - “အတ္တာနံ သုခေတိ ပိဏေတိ” -ကိုယ့်ကိုယ်ကို
ဝဖြိုးအောင်၊ ချမ်းသာအောင် အသုံးပြုတယ်။ ဒါက ပထမ၊ “မာတာပိတရော သုခေတိ ပိဏေတိ”
- ကိုယ်ပြီးရင် ကိုယ့်အဖေ၊ အမေတွေ ချမ်းသာအောင်ထား၊ နောက် သား၊ မယား၊ မိတ်ဆွေ
သင်္ဂဟတွေကို ချမ်းသာအောင်ထား၊ နောက်ပြီး စတုတ္ထ ကျတော့မှ ကုသိုလ်လုပ်လို့ပြောတာ၊
ဒီတော့ ရလာတဲ့ စီးပွားဥစ္စာဟာ အဲဒါအတွက်ပဲ။


          “အဟာသော အတ္ထလာဘေသု” မောက်မာတာ မလုပ်နဲ့တဲ့၊ ကြီးပွားတိုးတက်လာလို့ရှိရင်
နဂိုအခြေအနေက မပြောင်းစေနဲ့တဲ့၊ ဆက်ဆံရေးတွေ မပြောင်းစေနဲ့၊ ပုံမှန်နေတတ်ရမယ်၊
ဆိုလိုတာကတော့ ကြီးပွားတိုးတက်လာတဲ့အခါမှာ ဘ၀င် မမြင့်ရဘူး၊ ဘ၀င်မြင့်ရင် အနည်းဆုံး
ပတ်ဝန်းကျင်က မုန်းသွားလိမ့်မယ်၊ မုန်းရင် မိတ်ဆွေတွေရဲ့ ခင်မင်မှုတွေ ပျက်စီး သွားလိမ့်မယ်။


နောက်ဆုံးမှာ မိသားစုထဲတောင်မှပဲ- ကြားဖူးတယ် အမေ၊ အဖေက ကိုယ့်သား၊ သမီးကိုပဲ
ပြောလို့ဆိုလို့ မကောင်းဘူး၊ ကြီးပွားတိုးတက်လာတဲ့အခါ မာနတွေ တက်လာတယ်၊ မိဘက
စပြီးတော့ မေတ္တာပျက်လာတယ်၊ မေတ္တာပျက်တယ် ဆိုကတည်းက မကောင်းတော့ဘူးပေါ့၊
ဒါကြောင့်မို့လို့ မြတ်စွာဘုရားက “အဟာသော အတ္ထလာဘေသု” -ကောင်းကျိုးချမ်းသာတွေ
ရလာပြီဆိုတဲ့အခါမှာ ဘ၀င်မမြင့်နဲ့တဲ့၊ ဘ၀င်မမြင့်အောင် သတိထားတဲ့။
       

  နောက်ဆုံးကတော့ ယိုပေါက်ကြီး ၆ ပေါက်ကို ပိတ်ရပါမယ်==
 

 နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊ ပျင်းရိလို့ရှိရင် -
ပျင်းတယ် ဆိုတာ- ပူလွန်းတယ်၊ အေးလွန်းတယ်၊ မိုးချုပ်လွန်းတယ်၊ ဆာနေသေးတယ်၊ မစားရ
သေးဘူး၊ စားပြီးပြီ၊ ဗိုက်လေးတယ် ဆိုတဲ့ အချက်တွေကို အကြောင်းပြပြီး အလုပ်မလုပ်ဘဲနဲ့နေ
တာကို ပျင်းတယ်လို့ ခေါ်ပါတယ်။ အဲဒီလိုပျင်းရိမှုဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျဖို့ရာ အပေါက်
တစ်ခုပါပဲ။
     

    နံပါတ် (၂) ကတော့ ပမာဒ တဲ့၊ အပျော်အပါးတွေဘက်ပဲ စိတ်ဝင်စားတယ်၊ ကောင်းကျိုး
ချမ်းသာဖြစ်ဖို့ စိတ်မ၀င်စားဘူး၊ လုပ်ငန်းကိုလည်း စိတ်မ၀င်စားဘူး၊ အပျော်အပါးတွေကို အမြဲ
တမ်း စိတ်ဝင်စားနေရင်လည်း ပျက်စီးနိုင်ပါတယ်။
       

  နံပါတ် (၃) က အနုဋ္ဌာန - လုပ်ငန်းတစ်ခုကို လုပ်တဲ့အခါမှာ တက်တက်ကြွကြွ မရှိဘူး၊
ဝတ်ကျေ တမ်းကျေပဲ လုပ်တယ်၊ သွက်သွက်လက်လက် လုပ်ရမယ့်ဟာကို သွက်သွက်လက်လက်
မလုပ်ဘူး၊ ပျင်းပျင်းရိရိ လုပ်တယ်၊ အဲဒီလိုဟာမျိုး မဖြစ်ရဘူးတဲ့၊ ကြိုးကြိုးစားစား လုပ်ရမယ်၊
အဲဒီတော့ ပျင်းရိခြင်းဟာလည်း ဥစ္စာရဲ့ယိုပေါက် တစ်ခုပါပဲ။
     

    နံပါတ် (၄) က ကာမဂုဏ်အာရုံတွေထဲမှာ စိတ်ကို လွှတ်ထားပြီးတော့ ပျော်ပါးခြင်း
ဟာလည်း ပစ္စည်းဥစ္စာရဲ့ ယိုကျတဲ့အပေါက်တစ်ခုပါပဲ။
     

    နံပါတ် (၅) က မစောင့်စည်းခြင်း၊ ကိုယ့်စိတ်ကိုလည်း မစောင့်စည်း၊ ကာယကံ ၀စီကံကို
လည်း မထိန်းသိမ်း မစောင့်ရှောက်၊ ကိုယ်ကျင့်တရားကိုလည်း မထိန်းသိမ်း မစောင့်ရှောက်၊
အဲဒါဟာ- စီးပွားရေး ယိုပေါက်တစ်ခုပါပဲ။
        

 နံပါတ် (၆) က အအိပ်ကြူးခြင်း၊ ဘယ်တော့ဖြစ်ဖြစ် အိပ်တာပဲ၊ အအိပ်များနေတယ်၊
အဲဒီဟာလည်းပဲ ပျက်စီးခြင်း အကြောင်းတစ်ခုပါပဲ။


  ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း 

အဲဒီလို-အိမ်ယာတည်ထောင်သူတွေအ
တွက် ကောင်းကျိုးအချက်တွေဟာ ကိုယ့်အတွက် ပစ္စုပ္ပန်ဘ၀မှာ

 ကောင်းကျိုး ရနိုင်သလို သံသရာ
အတွက်လည်း ကောင်းကျိုးရနိုင်တယ်လို့ နားလည်သဘောပေါက်ကြကာ

 ကိုယ်စီကိုယ်ငှ သဘောကျ
ပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
 

 {၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁)
 အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ
ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း

 ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” 

တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}

ဗုဒ္ဓကမ္ဘာဆိုဒ်မှ ပြန်လည်မျှဝေသည်..။

No comments:

Post a Comment