မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, July 18, 2014
“တစ်ဆင့်တိုးခဏခဏမိုက်ရင် အကျင့်ဆိုးဘဝဘဝလိုက်မယ်"
“တစ်ဆင့်တိုးခဏခဏမိုက်ရင် အကျင့်ဆိုးဘဝဘဝလိုက်မယ်"
ရဟန္တာ မဖြစ်သေးသမျှ
ကိလေသာရှိကြတာချည်းမို့
ပုထုဇဉ်ဘဝမှာ
ကိလေသာအခြေခံတဲ့
အပြောအဆို၊ အပြုအမူတွေကို
ပြောကြ၊ ပြုကြတာချည်းပါပဲ။
ဒါပေမဲ့ ကိလေသာအစွန်းရောက်တဲ့
အပြောအဆိုအမှားမျိုးတွေ၊
ကိလေသာအစွန်းရောက်တဲ့
အပြုအမူအမှားမျိုးတွေကိုတော့
ထပ်တလဲလဲ မပြော၊ မပြုမိဖို့
အထူးသတိထားရပါမယ်။
နို့မဟုတ်ရင်
အထုံဝါသနာပါသွားပြီး
ရဟန္တာဖြစ်တာတောင်
ကြည်ညိုဖွယ်မဆောင်ဘဲ
ဂုဏ်ရောင်မှေးမှိန်နေပါလိမ့်မယ်။
သာမန်ပုထုဇဉ်ဘဝမှာ
အထုံဝါသနာဆိုးတွေ
ထင်ရှားနေရင်တော့
ဂုဏ်သိက္ခာ ကျဆင်းလိုက်မှာ
မပြောပါနဲ့တော့။
ဆရာတော်၏ “စိတ်အားဖြည့် ဓမ္မနေခြည်" စာအုပ်မှ . . .
Subscribe to:
Post Comments (Atom)
No comments:
Post a Comment