မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, July 18, 2014
“မေတ္တာနဲ့ကျွေးသမျှ အနှစ်ပါတဲ့ အဖွေးအလှတွေချည်းပါပဲ"
“မေတ္တာနဲ့ကျွေးသမျှ အနှစ်ပါတဲ့ အဖွေးအလှတွေချည်းပါပဲ"
ကိုယ့်သားသမီးကို
နေ့စဉ်ကျွေးမွေးနေရတာကိုက
အလှူဒါနပြုနေရတာလို့
သဒ္ဓါတရားလေးနဲ့
နှလုံးသွင်းလိုက်မယ်ဆိုရင် . . .။
ငါကျွေးလိုက်တဲ့
ထမင်းဟင်းစားပြီးတော့
ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ။
အစစအရာရာ အဆင်ပြေကြပါစေ။
ကိုယ်လုပ်ချင်တဲ့
ကုသိုလ်ကောင်းမှုအလုပ်တွေ
လုပ်နိုင်ကြပါစေဆိုတဲ့
မေတ္တာဓာတ်လေး
ပို့လွတ်ပြီးတော့
ကျွေးမယ်ဆိုရင် . . .
သားသမီးကျွေးတာဟာ
သားကျွန်ခံရတာလား။
ကုသိုလ်ပြုရတာလား။
ကုသိုလ်ပြုရတာပါ။
သံဝေဂရှူထောင့်က
ကြည့်ရင်တော့လည်း
သားကျွန်၊ မယားကျွန်ဆိုပြီးတော့
သံဝေဂဖြစ်အောင်
နှလုံးသွင်းရတာပေါ့။
အဲဒါက တစ်ပိုင်းတကဏ္ဍပါ။
ဆရာတော်၏ “စိတ်အားဖြည့် ဓမ္မနေခြည်" စာအုပ်မှ ....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment