ပရိယတ္တိကို မပယ်နဲ့
****************
`စာမလိုဘူးပြောခဲ့ရင်
ပရိယတ္တိဆိုတာမလိုဘူးလို့
ပြောတာနဲ့ အတူတူပါပဲ။
ပရိယတ္တိသာသနာတော်ကို
ပယ်ရာရောက်ပါတယ်။
စာတတ်တဲ့လူတွေဟာ
စာတတ်တဲ့ပုဂ္ဂိုလ်တွေရဲ့
စကားအရသာကို ခံစားနိုင်တယ်၊
စာမတတ်တဲ့ သူတွေကတော့
ဘုရားရှင်ရဲ့ တရားစကားအရသာကို
ဘယ်မှာလာပြီး ခံစားနိုင်ပါ့မလဲ။
စာမတတ်တဲ့ သူတွေကလည်း
စာမတတ်တဲ့ လူတွေရဲ့စကားကို
အရသာရှိတယ်လို့ ထင်နေတတ်ကြတာကိုပါ
သဘောပေါက်စေချင်ပါတယ်။´
ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္ဒ
[စံတော်ချိန် သတင်းစာ]
[စံတော်ချိန် သတင်းစာ]
No comments:
Post a Comment