/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, July 13, 2014

နှလုံးသားမှ အသိပေးလွှာ

Photo: နှလုံးသားမှ အသိပေးလွှာ
===============================================
(မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်၏  
လူဝတ်လဲရခြင်းအကြောင်း ကိုယ်တိုင်ဖွင့်ဟချက်)

သူတစ်ပါးကို မကြည်ညိုရင်
ကုသိုလ်မရရုံသာရှိမယ်။
ကိုယ့်ကိုယ်ကိုယ် မကြည်ညိုရင်
အပါယ်ကျတတ်တယ်။
အကြောင်းကား ...
သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း
မိမိကိုယ်မိမိ လိမ်ညာ၍မရသောကြောင့်တည်း။

နှလုံးသားကလာတဲ့ ဒဿနပါ
ကိုယ်တိုင်မကျင့်ဘဲနဲ့
စာအုပ်တွေ ဘယ်လောက်ဖတ်ဖတ်
ဒီလိုဒဿနမျိုး ထွက်မလာနိုင်ဘူးဆိုတာ
ပညာရှိသူတော်ကောင်းတိုင်း သိနိုင်ပါတယ်။
ယခု လူ့ဘဝရောက်တဲ့ထိ ကိုယ်ကိုယ်ကိုယ် 
ကြည်ညိုလျက်ပါ။

ဓမ္မကထိကဘဝက ရောက်တဲ့အရပ်မှာ 
ရတဲ့အလှူငွေတွေကို
ချက်ချင်းပြန်လှူခဲ့တာတွေကို
တကယ်လိုအပ်လို့ အလှူခံတဲ့
ရဟန်းရှင်လူတွေအသိပါ။

အောင်မြင်နေတဲ့ ဆယ်စုနှစ်တစ်ခုအတွင်း
လှူခဲ့တဲ့အလှူငွေတွေကို ပြန်တွက်ကြည့်ရင်
သိန်းပေါင်းနှစ်သောင်းအထက်မှာရှိတာကြောင့်
တွေးကြည့်တိုင်း ပီတိဖြစ်ရပါတယ်။

ရဟန်းဘဝကရခဲ့တဲ့ ဝတ္ထုငွေကြေးတွေကို
လူ့ဘဝထိယူပြီး မသုံးသင့်ဘူးလို့ ယူဆတယ်။
ဒါကြောင့် လူဝတ်လဲချိန်မှာလည်း
ဘာမှမကျန်အောင် ခွဲဝေလှူဒါန်းပစ်တာပါ။ ကျောင်းကန်တွေကိုလည်း ဝိနည်းနဲ့အညီ
ဦးစီးအုပ်ချုပ်နိုင်တဲ့သံဃာတွေကို
လွှဲအပ်လှူဒါန်းခဲ့တယ်။

ရိပ်သာငါးခုမှာရှိတဲ့
အဆောက်အအုံကြီးကြီးတိုင်းဟာ
ဓမ္မပူဇာငွေအများစုနဲ့ ဆောက်လုပ်ခဲ့ရတာပါ။
တစ်ဦးတည်းအလှူရှင် မရှိခဲ့ပါဘူး။
သည်ကြားထဲက တရားဟောနားတဲ့အခါ
နွမ်းပါးသူများအတွက် ပညာရေးနဲ့ကျန်းမာရေးမှာ
ဆက်ထောက်ပံ့နိုင်အောင်
ဖောင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာကို
အစိုးရဘဏ်မှာ အပ်ပေးထားပါတယ်။

မြန်မာပြည်ကနွမ်းပါးသူ ရဟန်းရှင်လူများကို
ယခုထက်မက လှူချင်၊ ကူညီချင်ပါတယ်။
ကျန်းမာရေးမကောင်းတဲ့အတွက်ရယ်၊ 
ဝိနည်းပြစ်လွတ်ဖို့အတွက်ရယ်၊
အဲဒီကူညီချင်တဲ့ ရည်ရွယ်ချက်ကြီး
အောင်မြင်ဖို့အတွက်ရယ်ဟာ
လူဝတ်လဲရခြင်းရဲ့ အဓိကအကြောင်းတွေပါ။

နှစ်သုံးဆယ်ကျော် ကြိုးစားအားထုတ်ခဲ့ရတဲ့
ရဟန်းဘဝနဲ့ အောင်မြင်မှုတွေကို
စွန့်ရတဲ့အတွက် ကာယကံရှင်က
ဘေးကလူတွေထက် ပိုခံစားရပါတယ်။
အရင်းကအရမ်းများပါတယ်။
အရင်းများရင် အမြတ်များရတာဟာလည်း
သဘာဝပါ။
ရလာတဲ့အမြတ်ဟာလည်း
အများအကျိုးအတွက် အဓိကပါ။

ပုံမှန်အတိုင်း နေသွားမယ်ဆိုရင်
အောင်မြင်နေပါပြီ။ ပြည့်စုံနေပါပြီ။
ဒီအောင်မြင်မှုတွေ ပြည့်စုံမှုတွေကိုစွန့်ပြီး
သာမန်လူတစ်ယောက်အဖြစ်
ခံယူလိုက်ပြီဆိုကတည်းက
ကြီးမားတဲ့ရည်ရွယ်ချက်ကြီးတစ်ခုရှိနေပြီဆိုတာ စဉ်းစားတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။

ဒီရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက်
အကူအညီပေးသူ လက်တွဲခေါ်သူများကိုလည်း
လက်ခံသင့်ရင် လက်ခံရမှာပါ။
ရည်ရွယ်ချက်ကြီး အောင်မြင်မှုလမ်းကြောင်းပေါ် စရောက်ပြီဆိုတာနဲ့
အားလုံးကို အသိပေးပါ့မယ်။
မာနချပြီး ရည်ရွယ်ချက်ကြီးကြီးထားဖို့
မင်းကွန်းတိပိဋကဆရာတော်က သြဝါဒပေး ဖူးပါတယ်။

ကိုယ့်ကိုယ်ကိုယ်
သိပ်အောင်မြင်နေပြီလို့ထင်လာရင်
ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေကို
မော့ကြည့်လိုက်
ကိုယ်ဘာမှမဟုတ်သေးဘူးဆိုတာ
သိလာလိမ့်မယ်တဲ့။
မေတ္တာရှင်ရွှေပြည်သာဆိုတာ ကမ္ဘာ့အဆင့်နဲ့
ယှဉ်ကြည့်လိုက်တော့ ဘာမှမဟုတ်သေးပါဘူး။

စာရေးတဲ့အဆင့်၊ လှူဒါန်းတဲ့အဆင့်တွေဟာ
ဘာမှ မပြောပလောက်သေးပါဘူး။
သူတစ်ပါးလှူတာ လက်ဖြန့်ခံပြီး
တစ်ဆင့်ပြန်လှူတဲ့
အဆင့်လောက်ပဲ ရှိတာပါ။

အချိန်ပေးပါ။
ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။

တစ်ချိန်မှာ မေတ္တာရှင်ရွှေပြည်သာဟာ
အောင်မြင်မှုအသီးအပွင့်တွေ ပွေ့ပိုက်ပြီး၊
မြန်မာပြည်က နွမ်းပါးသူ ရဟန်းရှင်လူတွေ
ရင်ခွင်ထဲအရောက် ပြန်လာမယ်ဆိုတာ
နှလုံးသားနဲ့ ယုံကြည်ပေးကြပါ။

ပရဝဇ္ဇာနု ပဿိဿ၊
နိစ္စံဥဇ္ဈာန သညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊
အာရာသော အာသဝက္ခယာ။  (ဓမ္မပဒ)

သူတစ်ပါးအပြစ်ကို အဖန်ဖန်မြင်တတ်ပြီး
အမြဲတမ်း သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချနေ သောသူသည်
အာသဝေါတရား(ကိလေသာများ) တိုးပွား၏။
အာသဝေါတရားကုန်ရာ နိဗ္ဗာန်မှဝေး၏။
(မရောက်နိုင်)။
သူတစ်ပါးမကောင်းကွက်ကိုရှာကြည့်လျှင်
အကုသိုလ်လည်းဖြစ်သည်
စိတ်လည်းဆင်းရဲသည်
အရုပ်လည်းဆိုးသည်
စီးပွားလည်းပျက်သည်
အပါယ်သို့လည်းကျသည်။

သူတစ်ပါး၏ကောင်းကွက်ကိုရှာကြည့်လျှင်
ကုသိုလ်လည်းဖြစ်သည်
စိတ်လည်းချမ်းသာသည်
ရုပ်လည်းလှသည်
စီးပွားလည်းတက်သည်
နိဗ္ဗာန်သို့လည်းရောက်သည်။

သူတစ်ပါး၏အပြစ်ကို
တွေးချိန်၊ ရေးချိန်၊ ပြောချိန်များသည်
အလကားရခြင်းမဟုတ်။
မိမိကုသိုလ်ရမည့်အချိန်များကို
အကုသိုလ်နှင့်လဲပေးရခြင်းဖြစ်သည်။

အင်တာနက်သည်လူ့ဘဝနှင့်တူသည်
လူ့ဘဝသည်ကုသိုလ်အတွက်အသုံးချပြီး
နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့
အကုသိုလ်အတွက်အသုံးချပြီး
အပါယ်သို့လည်းသွားနိုင်သည်။

ထို့အတူအင်တာနက်သည်လည်း
ကုသိုလ်အတွက်အသုံးချပြီး
နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့၊
အကုသိုလ်အတွက်အသုံးချပြီး
အပါယ်သို့လည်းသွားနိုင်သည်။
            
              *********
မေတ္တာရှင်(ရွှေပြည်သာ)

မေတ္တာရှင်ဆရာတော်ဦးဇဝနသည် ပြီးခဲ့သည့် ၂ဝ၁၃ခုနှစ်တွင် လည်ချောင်းနာသည့်ရောဂါကြောင့် ဆရာဝန်က အနားယူရန်ညွှန်ကြားထားသော်လည်း တရားပွဲများကို ဆက်လက်ဟော ကြားခဲ့သောကြောင့် ၂ဝ၁၄ခုနှစ်ထဲတွင် အခြေအနေဆိုးကာ လည်ချောင်းမှသွေးပါခဲ့သည်အထိဖြစ်ခဲ့ကြောင်း ဆရာတော်၏ကပ္ပိယကျောင်းသားဦးစိုးတင့်က ရန်ကုန်တိုင်းမ်သို့ပြောသည်။ 

ယခု အခါ တရားပွဲများကိုဖျက်သိမ်းပြီး အင်ဒိုနီးရှား၊ စင်ကာပူ၊ အမေရိကန်စသော နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်အနားယူရာ ရုတ်တရက် ချော်လဲပြီး ခါးရိုးအက်သွားသောကြောင့် ဒကာ၊ ဒကာမများ၏ ကာလရှည်ပြုစုမှုကိုခံယူရမည်ဖြစ်သည်။ 

ထို့ကြောင့် ရဟန်းတော်ဝိနည်းနှင့်အညီဖြစ်စေရန် လူဝတ်လဲလိုက်ခြင်းဖြစ်ကြောင်း ဦးစိုးတင့်က ရှင်းပြသည်။ ဆရာတော်၏ကိုယ်တိုင်ဖွင့်ဟဝန်ခံချက်ကိုလည်း ၄င်း ထံမှ ခွင့်ပြုချက်ရယူကာ မိမိတို့ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြပေးထားပါသည်။

( ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၂၆))


နှလုံးသားမှ အသိပေးလွှာ
  ===============
(မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်၏
လူဝတ်လဲရခြင်းအကြောင်း ကိုယ်တိုင်ဖွင့်ဟချက်)

သူတစ်ပါးကို မကြည်ညိုရင်
ကုသိုလ်မရရုံသာရှိမယ်။
ကိုယ့်ကိုယ်ကိုယ် မကြည်ညိုရင်
အပါယ်ကျတတ်တယ်။


အကြောင်းကား ...
သူတစ်ပါးကို လိမ်ညာ၍ရသော်လည်း
မိမိကိုယ်မိမိ လိမ်ညာ၍မရသောကြောင့်တည်း။

နှလုံးသားကလာတဲ့ ဒဿနပါ
ကိုယ်တိုင်မကျင့်ဘဲနဲ့
စာအုပ်တွေ ဘယ်လောက်ဖတ်ဖတ်
ဒီလိုဒဿနမျိုး ထွက်မလာနိုင်ဘူးဆိုတာ
ပညာရှိသူတော်ကောင်းတိုင်း သိနိုင်ပါတယ်။
ယခု လူ့ဘဝရောက်တဲ့ထိ ကိုယ်ကိုယ်ကိုယ်
ကြည်ညိုလျက်ပါ။

ဓမ္မကထိကဘဝက ရောက်တဲ့အရပ်မှာ
ရတဲ့အလှူငွေတွေကို
ချက်ချင်းပြန်လှူခဲ့တာတွေကို
တကယ်လိုအပ်လို့ အလှူခံတဲ့
ရဟန်းရှင်လူတွေအသိပါ။

အောင်မြင်နေတဲ့ ဆယ်စုနှစ်တစ်ခုအတွင်း
လှူခဲ့တဲ့အလှူငွေတွေကို ပြန်တွက်ကြည့်ရင်
သိန်းပေါင်းနှစ်သောင်းအထက်မှာရှိတာကြောင့်
တွေးကြည့်တိုင်း ပီတိဖြစ်ရပါတယ်။

ရဟန်းဘဝကရခဲ့တဲ့ ဝတ္ထုငွေကြေးတွေကို
လူ့ဘဝထိယူပြီး မသုံးသင့်ဘူးလို့ ယူဆတယ်။
ဒါကြောင့် လူဝတ်လဲချိန်မှာလည်း
ဘာမှမကျန်အောင် ခွဲဝေလှူဒါန်းပစ်တာပါ။ ကျောင်းကန်တွေကိုလည်း ဝိနည်းနဲ့အညီ
ဦးစီးအုပ်ချုပ်နိုင်တဲ့သံဃာတွေကို
လွှဲအပ်လှူဒါန်းခဲ့တယ်။

ရိပ်သာငါးခုမှာရှိတဲ့
အဆောက်အအုံကြီးကြီးတိုင်းဟာ
ဓမ္မပူဇာငွေအများစုနဲ့ ဆောက်လုပ်ခဲ့ရတာပါ။
တစ်ဦးတည်းအလှူရှင် မရှိခဲ့ပါဘူး။
သည်ကြားထဲက တရားဟောနားတဲ့အခါ
နွမ်းပါးသူများအတွက် ပညာရေးနဲ့ကျန်းမာရေးမှာ
ဆက်ထောက်ပံ့နိုင်အောင်
ဖောင်ဒေးရှင်းအတွက် သိန်းထောင့်ငါးရာကို
အစိုးရဘဏ်မှာ အပ်ပေးထားပါတယ်။

မြန်မာပြည်ကနွမ်းပါးသူ ရဟန်းရှင်လူများကို
ယခုထက်မက လှူချင်၊ ကူညီချင်ပါတယ်။
ကျန်းမာရေးမကောင်းတဲ့အတွက်ရယ်၊
ဝိနည်းပြစ်လွတ်ဖို့အတွက်ရယ်၊
အဲဒီကူညီချင်တဲ့ ရည်ရွယ်ချက်ကြီး
အောင်မြင်ဖို့အတွက်ရယ်ဟာ
လူဝတ်လဲရခြင်းရဲ့ အဓိကအကြောင်းတွေပါ။

နှစ်သုံးဆယ်ကျော် ကြိုးစားအားထုတ်ခဲ့ရတဲ့
ရဟန်းဘဝနဲ့ အောင်မြင်မှုတွေကို
စွန့်ရတဲ့အတွက် ကာယကံရှင်က
ဘေးကလူတွေထက် ပိုခံစားရပါတယ်။
အရင်းကအရမ်းများပါတယ်။
အရင်းများရင် အမြတ်များရတာဟာလည်း
သဘာဝပါ။
ရလာတဲ့အမြတ်ဟာလည်း
အများအကျိုးအတွက် အဓိကပါ။

ပုံမှန်အတိုင်း နေသွားမယ်ဆိုရင်
အောင်မြင်နေပါပြီ။ ပြည့်စုံနေပါပြီ။
ဒီအောင်မြင်မှုတွေ ပြည့်စုံမှုတွေကိုစွန့်ပြီး
သာမန်လူတစ်ယောက်အဖြစ်
ခံယူလိုက်ပြီဆိုကတည်းက
ကြီးမားတဲ့ရည်ရွယ်ချက်ကြီးတစ်ခုရှိနေပြီဆိုတာ စဉ်းစားတတ်တဲ့သူတိုင်း သိနိုင်ပါတယ်။

ဒီရည်ရွယ်ချက်ကြီး အောင်မြင်ဖို့အတွက်
အကူအညီပေးသူ လက်တွဲခေါ်သူများကိုလည်း
လက်ခံသင့်ရင် လက်ခံရမှာပါ။
ရည်ရွယ်ချက်ကြီး အောင်မြင်မှုလမ်းကြောင်းပေါ် စရောက်ပြီဆိုတာနဲ့
အားလုံးကို အသိပေးပါ့မယ်။
မာနချပြီး ရည်ရွယ်ချက်ကြီးကြီးထားဖို့
မင်းကွန်းတိပိဋကဆရာတော်က သြဝါဒပေး ဖူးပါတယ်။

ကိုယ့်ကိုယ်ကိုယ်
သိပ်အောင်မြင်နေပြီလို့ထင်လာရင်
ကိုယ့်ထက်အောင်မြင်နေတဲ့သူတွေကို
မော့ကြည့်လိုက်
ကိုယ်ဘာမှမဟုတ်သေးဘူးဆိုတာ
သိလာလိမ့်မယ်တဲ့။
မေတ္တာရှင်ရွှေပြည်သာဆိုတာ ကမ္ဘာ့အဆင့်နဲ့
ယှဉ်ကြည့်လိုက်တော့ ဘာမှမဟုတ်သေးပါဘူး။

စာရေးတဲ့အဆင့်၊ လှူဒါန်းတဲ့အဆင့်တွေဟာ
ဘာမှ မပြောပလောက်သေးပါဘူး။
သူတစ်ပါးလှူတာ လက်ဖြန့်ခံပြီး
တစ်ဆင့်ပြန်လှူတဲ့
အဆင့်လောက်ပဲ ရှိတာပါ။

အချိန်ပေးပါ။
ဝေဖန်တာ၊ အပြစ်တင်တာ မစောစေချင်ပါ။

တစ်ချိန်မှာ မေတ္တာရှင်ရွှေပြည်သာဟာ
အောင်မြင်မှုအသီးအပွင့်တွေ ပွေ့ပိုက်ပြီး၊
မြန်မာပြည်က နွမ်းပါးသူ ရဟန်းရှင်လူတွေ
ရင်ခွင်ထဲအရောက် ပြန်လာမယ်ဆိုတာ
နှလုံးသားနဲ့ ယုံကြည်ပေးကြပါ။

ပရဝဇ္ဇာနု ပဿိဿ၊
နိစ္စံဥဇ္ဈာန သညိနော။
အာသဝါ တဿ ဝဍ္ဎန္တိ၊
အာရာသော အာသဝက္ခယာ။ (ဓမ္မပဒ)

သူတစ်ပါးအပြစ်ကို အဖန်ဖန်မြင်တတ်ပြီး
အမြဲတမ်း သူတစ်ပါးအား ကဲ့ရဲ့ရှုတ်ချနေ သောသူသည်
အာသဝေါတရား(ကိလေသာများ) တိုးပွား၏။
အာသဝေါတရားကုန်ရာ နိဗ္ဗာန်မှဝေး၏။
(မရောက်နိုင်)။
သူတစ်ပါးမကောင်းကွက်ကိုရှာကြည့်လျှင်
အကုသိုလ်လည်းဖြစ်သည်
စိတ်လည်းဆင်းရဲသည်
အရုပ်လည်းဆိုးသည်
စီးပွားလည်းပျက်သည်
အပါယ်သို့လည်းကျသည်။

သူတစ်ပါး၏ကောင်းကွက်ကိုရှာကြည့်လျှင်
ကုသိုလ်လည်းဖြစ်သည်
စိတ်လည်းချမ်းသာသည်
ရုပ်လည်းလှသည်
စီးပွားလည်းတက်သည်
နိဗ္ဗာန်သို့လည်းရောက်သည်။

သူတစ်ပါး၏အပြစ်ကို
တွေးချိန်၊ ရေးချိန်၊ ပြောချိန်များသည်
အလကားရခြင်းမဟုတ်။
မိမိကုသိုလ်ရမည့်အချိန်များကို
အကုသိုလ်နှင့်လဲပေးရခြင်းဖြစ်သည်။

အင်တာနက်သည်လူ့ဘဝနှင့်တူသည်
လူ့ဘဝသည်ကုသိုလ်အတွက်အသုံးချပြီး
နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့
အကုသိုလ်အတွက်အသုံးချပြီး
အပါယ်သို့လည်းသွားနိုင်သည်။

ထို့အတူအင်တာနက်သည်လည်း
ကုသိုလ်အတွက်အသုံးချပြီး
နိဗ္ဗာန်သို့သွားနိုင်သကဲ့သို့၊
အကုသိုလ်အတွက်အသုံးချပြီး
အပါယ်သို့လည်းသွားနိုင်သည်။

*********
မေတ္တာရှင်(ရွှေပြည်သာ)

မေတ္တာရှင်ဆရာတော်ဦးဇဝနသည် ပြီးခဲ့သည့် ၂ဝ၁၃ခုနှစ်တွင် လည်ချောင်းနာသည့်ရောဂါကြောင့် ဆရာဝန်က အနားယူရန်ညွှန်ကြားထားသော်လည်း တရားပွဲများကို ဆက်လက်ဟော ကြားခဲ့သောကြောင့် ၂ဝ၁၄ခုနှစ်ထဲတွင် အခြေအနေဆိုးကာ လည်ချောင်းမှသွေးပါခဲ့သည်အထိဖြစ်ခဲ့ကြောင်း ဆရာတော်၏ကပ္ပိယကျောင်းသားဦးစိုးတင့်က ရန်ကုန်တိုင်းမ်သို့ပြောသည်။

ယခု အခါ တရားပွဲများကိုဖျက်သိမ်းပြီး အင်ဒိုနီးရှား၊ စင်ကာပူ၊ အမေရိကန်စသော နိုင်ငံခြားတိုင်းပြည်များတွင် သွားရောက်အနားယူရာ ရုတ်တရက် ချော်လဲပြီး ခါးရိုးအက်သွားသောကြောင့် ဒကာ၊ ဒကာမများ၏ ကာလရှည်ပြုစုမှုကိုခံယူရမည်ဖြစ်သည်။

ထို့ကြောင့် ရဟန်းတော်ဝိနည်းနှင့်အညီဖြစ်စေရန် လူဝတ်လဲလိုက်ခြင်းဖြစ်ကြောင်း ဦးစိုးတင့်က ရှင်းပြသည်။ ဆရာတော်၏ကိုယ်တိုင်ဖွင့်ဟဝန်ခံချက်ကိုလည်း ၄င်း ထံမှ ခွင့်ပြုချက်ရယူကာ မိမိတို့ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြပေးထားပါသည်။

( ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၂၆)

No comments:

Post a Comment