/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, July 13, 2014

" စက်ဘီးကလေးကို မှန်မှန်နင်းလို့ ဘုရားကိုသွားမယ် "



" စက်ဘီးကလေးကို မှန်မှန်နင်းလို့ ဘုရားကိုသွားမယ် "

အခုဒီစာကိုဖတ်နေတဲ့သူ တော်တော်များများဟာ ငယ်ငယ်က စက်ဘီးစီးတတ်ခဲ့တဲ့သူတွေသာ များပါလိမ့်မယ်။ စက်ဘီးစီးလည်းသင် ခဲ့ကြဖူးပါလိမ့်မယ်။

"ဘီးကလေးကိုစီး … အချစ်ကလေးကိုတင်ပြီး" ဆိုတဲ့ ခေတ်ကို မီလိုက်တဲ့သူများလည်း ရှိချင်ရှိ ကြပါလိမ့်မယ်။



ထားပါတော့လေ။ပြောချင်တာက ငယ်ငယ်က စက်ဘီးစီး သင်ခဲ့တဲ့ အကြောင်းကလေးကိုပါ။
မိမိတို့ငယ်ငယ်က စက်ဘီးစီးသင်ခဲ့ကြတဲ့ အကြောင်းကို တစ်ခါလောက် ပြန်တွေးပြီး စက်ဘီးစီး ပြန်သင် ကြည့်ကြရ အောင်နော်။


အားလုံးလည်းသိပြီးသားပါ။ စက်ဘီးစီးသင်မယ် ဆိုကထဲက မိမိမှာ စက်ဘီးစီးရဲတဲ့စိတ်နဲ့ စက်ဘီးစီးတတ်ချင်တဲ့ စိတ်ကတော့ ရှိပြီးသားဖြစ် ဖို့လိုပါတယ်။ စက်ဘီးစီးသင်ဖို့ ဝန်လေးတဲ့စိတ်နဲ့ မသင်ချင်ရင်တော့ စက်ဘီးစီးတတ်ဖို့ ဆိုတာမဖြစ်နိုင်ပါဘူး။ အခုနေရာမှာတော့ စက်ဘီးစီး တတ်ချင်လို့ စက်ဘီးစီးသင်နေတဲ့ သူတွေလို့သာ မှတ်ယူထားချင်ပါတယ်။

ဒီတခါကခရီးဝေးစီးရမှာမို့ အမျိုးအစား လည်းကောင်းတဲ့၊ ကျွတ် တာယာ break ကအစ အကုန်ကောင်းတဲ့စက်ဘီးတစ်စီး လိုပါတယ်။ စက်ဘီးစီးသင် ပေးမဲ့သူ တစ်ယောက်လည်း လိုတာပေါ့။ စက်ဘီးစီးတဲ့ နည်းစနစ်တွေကို ပြောပြပေးမဲ့သူ၊ သိဖို့လိုအပ်တဲ့ idea တွေကို သင်ပေးမဲ့သူ၊ မလဲမကွဲအောင်စီးနိုင်ဖို့ ထိန်းပေးမဲ့သူ ရှိရင် ပိုကောင်းပါတယ်။
စက်ဘီးစ စီးစီးချင်းတော့ နောက်က တဖွဖွ လမ်းညွှန်ရင်း ထိမ်းကိုင်ပေးမဲ့ စက်ဘီးစီး သင်တဲ့သူကိုပဲ အားကိုးရအုံးမှာပါ။


သူ့အကူအညီနဲ့ မလဲအောင် ကောင်းကောင်း စီးတတ်အောင် သင်ရအုံးမှာပါ။

ကိုယ်ကဒီစက်ဘီးလေးကိုစီးပြီး ဘုရားကို သွားချင်တာလေ။
အစ မှာတော့ကွင်းပြင် ထဲမှာ ဆရာနဲ့ကျင့်ရအုံး မှာပါ။ 


ဆရာက နောက်က နေထိမ်းရင်း ခြေနင်းကိုမှန်မှန်နင်း၊ ခါးကို မတ်မတ်ထား။ စတီရာရင်ကို သေချာကိုင်ထား၊ ရှေ့ကို သေချာကြည့်၊ ခါးကို အလိုက်သင့် မတ်မတ်ထား၊ ရှေ့လည်းမကုန်းနဲ့ နောက်လည်းမလန်စေနဲ့၊ စသဖြင့် နှုတ်က လည်းတဖွဖွသင်းရင်း အစဆုံးနေ့တွေမှာ ဟိုယိုင် ဒီယိုင်နဲ့ သင်ခဲ့ကြရတာကို မှတ်မိကြအုံးမှာပါ။
ဆရာရယ်၊ ဆရာပြောတဲ့ စာတွေ့တွေရယ်၊ ကိုယ်ရယ်၊ စက်ဘီးရယ် နပမ်းလုံးသလို ကြိုးစား ပမ်းစားနဲ့ အသင့်အတင့်တော့ ခက်ခက်ခဲခဲ သင်ခဲ့ရတာပါ။ 


ကိုယ့်ခါးက ယိုင်ယိုင်နေလို့ စက်ဘီးပါယိုင်ပြီး လဲတော့မလိုလို ဖြစ်ခဲ့ရတာ၊ လဲမှာစိုးလို့ လက်ကိုင်ကို တင်းတင်းဆုတ်ကိုင်ပြီး တောင့်တောင့်ကြီး စီးခဲ့တာ၊ ဆရာကူထိမ်းပေးလို့ ကံကောင်းလို့မလဲခဲ့တဲ့ အဖြစ်တွေကို လည်း ပြန်မြင်ယောင်မိကြမှာပါ။ နောက်ကကိုင်ထားလို့ မလဲပေမဲ့ ခါးကတောင့်တောင့် စောင်းစောင်းကြီးနဲ့ ကိုးယို့ကားယား စီးနေတာဟာ ဘယ်လိုမှ ကြည့်မကောင်းပါဘူး။

ကိုယ်က အဲဒီတုံးက စက်ဘီးစီးတဲ့နေရာမှာ လိုအပ်တဲ့ ချိန်ကိုက်လှုပ်ရှားမှုတွေကို နားမှ မလည်သေးတာ။

ဒီလိုနဲ့ ၂ ရက် ၃ ရက်လောက် ကြာတော့ ကိုင်ပေးတဲ့ ဆရာက လက်လွှတ်လိုက်ပြီး သူ့ရှေ့မှာပဲ ကွင်းထဲမှာပါတ်ပြီး စီးရပါသေးတယ်။ ဆရာကဘေးကနေပြီး ခါးမတ်မတ်ထားဖို့၊ လက်ကိုင်ကိုတင်းတင်းကိုင်ထားဖို့၊ ခြေထောက်က မှန်မှန်နင်းဖို့။ လဲမယ်ကြံရင် break ထိမ်းဖို့ စသဖြင့် ပြောပေးနေရတုံးပါပဲ။ သူသတိပေးကာမှ break ကိုအလန့်တကြား တအားဆွဲမိလို့ တုံ့ကနဲ့ဖြစ်ပြီး လဲမလိုလိုဖြစ်သွားတတ် ပါသေးတယ်။

ကိုယ့်အနေနဲ့ ဒီbreak ရဲ့သဘာဝကို သေသေချာချာ နားမှ မလည်သေးတာ။

ကိုယ်ကတဖြည်းဖြည်း စီးတတ်လာတာနဲ့ အမျှ ဆရာလည်း ပြောပေးရ သက်သာလာသလို စက်ဘီးစီးတာလည်း ပိုပိုပြီး အသားတကျ စီးတတ် လာတာပါပဲ။

ဒီလိုနဲ့ ကွင်းထဲက နေလမ်း ပေါ်ထွက်ပြီး လေ့ကျင့်ရင်း လမ်းစည်းကမ်း ယဉ်စီးကမ်းတွေကို နားလည်အောင် သင်ရပါသေးတယ်။ အန္တရာယ်ကင်းစွာ လမ်းပေါ်မှာစီးနိုင်ဖို့ ဒါတွေကို သင်မထားလို့ မဖြစ်ပါဘူး။
အဲဒီလို စီးရင်းသင်ရင်း တစ်စတစ်စနဲ့ စက်ဘီး ကောင်းကောင်း စီးတတ်သူ တစ်ယောက် ဖြစ်လာပါတယ်။ 


ကဲ…စက်ဘီးကောင်းကောင်း စီးတတ်သွားပြီမို့ စက်ဘီး ကလေးစီးပြီး ဘုရားကို သွားပါတော့မယ်။
အလှမ်းဝေးပေမဲ့ လမ်းကြောင်းကလည်းသိပြီး သားမို့ ဘုရားသွားမဲ့ လမ်းအတိုင်းမှန်မှန်လေးပဲ စီးကြတာပေါ့။


မှန်မှန်ပဲ ကောင်းပါတယ်။ လောရင် accident တွေ ဖြစ်တတ်ပါတယ်။ လောကာမှ သတိ လက်လွတ်နဲ့ အမှားအယွင်းတွေ ဖြစ်တတ် တာကြောင့် ပိုပြီး ခရီးဖင့်တတ်ပါတယ်။
ဘုရားကို သွားဖို့ ရည်ရွယ်ထားတာမို့ ဟိုဝင်ဒီနား၊ ဟိုလမ်းဝင် ဒီလမ်းထွက်၊ ဟိုကိစ္စ ဒီကိစ္စတွေနဲ့ လမ်းမှာ အချိန်ဖြုန်း နေလို့လည်း မဖြစ်ပါဘူး။


လမ်းမှာချော်မလဲအောင် မတိုက်မိမခိုက်မိ အောင်လည်း သတိထားရပါအုံးမယ်။
ကိုယ့်ခရီးစဉ်နဲ့ကိုယ်သွားရမှာမို့ ကိုယ့်လမ်းမှာ အမှားအယွင်း မဖြစ်အောင် အစစအရာရာ ဂရုစိုက်တစိုက်ရှိဖို့ လိုပါတယ်။ မတော်တဆ ချော်လဲမယ်ဆိုရင်တောင် ခိုင်ခန့်တဲ့ ကိုယ့်စက်ဘီးလေးကို ပြန်ထူမရင်း ဘုရားကို ရောက်အောင်တော့ ဆက်နင်းနေရမှာပါ။

လမ်းကြောင်းအတိုင်း မှန်မှန်လေး စက်ဘီးစီး လာသူ တစ်ယောက်အနေနဲ့ ကိုယ် စက်ဘီးစီး နေတာကို ပြန်ပြီး အကဲခတ်ကြည့်စေချင်ပါတယ်။

အခုလိုစက်ဘီးကောင်းကောင်း စီးတတ်လာတဲ့ အချိန်မှာ အရင်ကလို မိမိအနေနဲ့ခြေနင်းကို အားစိုက်ပြီး နင်းနေရ သေးသလား။ ခါးမတ်မတ်နဲ့တောင့်တောင့်ကြီးထားရ သေးလား။စတီရာရင် ကိုတင်းတင်းဆုတ်ကိုင် ထားပြီး တည့်မတ်အောင် လုပ်နေဖို့လိုသေး သလား။ break ခဏခဏ တအားနင်းဆွဲ နေစရာကော လိုသေးသလား။

စက်ဘီးကောင်းစွာ စီးတတ်သွားသူအဖို့ လမ်းကြောင်းပေါ်မှာ အေးအေးဆေးဆေး နင်းသွားရုံပါပဲ။
အရှိန်လျော့နေရင် ခြေနင်းကို နည်းနည်း ပိုနင်းလိုက်ရုံပါပဲ။


တိုက်စရာ ခိုက်စရာတွေနဲ့ တွေ့ရင်တော့ break ကလေးမှေးထိမ်းရင်းနဲ့ မလဲအောင် မတိုက်အောင် ဂရုစိုက်ရမှာပဲပေါ့။


လက်ကိုင်ကိုလည်း တောင့်တောင့်ကြီး ငြိမ်ငြိမ်ကြီး ကိုင်မထားနဲ့အုံးနော်။ လိုအပ်သလောက်ကလေးသာ အားပြုရင်း တည်ငြိမ်ရုံလေး ထိမ်းထားရင်ရပါပြီ။


မှန်မှန်လေးတော့ နင်းနေရမှာပဲလေ။ မနင်းပဲထားရင် ဟန်ချက်တွေ ပျက်ပြီး လဲတတ်ပါတယ်။
အင်းလေ နောက်ကျတော့လည်း မှန်မှန်လေး နင်းနေတာကိုက ဟန်ချက်တွေကို ထိမ်းနေတာပဲ ဆိုတာ စီးရင်း နားလည်သွားမှာပါ။


ကိုယ်က စက်ဘီးစီးတဲ့ အတတ်ပညာကို စာတွေ့ လက်တွေ့တွေနဲ့ သင်ပြီးသားမို့ လမ်းပေါ်မှာစီးရင်းနဲ့ပဲ လမ်းပေါ်ကစက်ဘီးစီးတဲ့ အတွေ့အကြုံတွေကို အလိုက်သင့် ပိုမိုကျွမ်းကျင်အောင် သင်ယူသွားရုံပါပဲ။

တဖြည်းဖြည်း ကျွမ်းကျင်လာတဲ့ စက်ဘီးစီးတဲ့ သူကို မျက်စိထဲမှာ မြင်ယောင်ကြည့်စေချင် ပါတယ်။
ခြေနင်းတာ၊ စတီရာရင်ကိုကိုင်ထားတာ၊ breakကိုလိုသလို အသုံးချလို့ အသားတကျ လေး စီးသွားတာဟာ အလွန် သက်တောင့် သက်သာ ရှိလှပါတယ်။


စက်ဘီးစီးတဲ့ ဖြစ်စဉ်တစ်ခုလုံးဟာ အလွန်သဘာဝ ကျစွာနဲ့ အချိုးအစားကျန ပြေပြစ် ချောမွေ့နေ ပါတယ်။ စိတ်ကောလူကော မပင်ပန်းပဲ အလွန် အေးဆေးတည်ငြိမ် လှပါတယ်။


ဒါတွေအားလုံးကိုဟန်ချက်ညီစွာ ပေါင်းစပ် အသုံးပြုရင်း စက်ဘီးလေးကို မှန်မှန်နင်းလို့ ဘုရားကို သွားတဲ့ခရီးဟာ ခြေနင်းတချက် နင်းတာနဲ့အမျှ တဖြည်းဖြည်းဘုရားနဲ့ နီးလာမှာ အသေချာပါပဲ။
တရားအားထုတ်တယ်ဆိုတာဟာလည်း အခုပြောခဲ့တဲ့ စက်ဘီးစီးတဲ့ ဥပမာလိုပါပဲ။

စနစ်တကျ သင်ကြားပြသတတ်တဲ့ ဆရာပြောတဲ့စကားတွေ အတွေ့အကြုံတွေဟာ ကိုယ့်အတွက် စာတွေ့တွေ သင်ယူနေတာပါပဲ။


စက်ဘီးစီးတတ်ချင်တဲ့စိတ်နှဲှ့ သင်ရင်တတ်ရမယ် လို့ မိမိကိုယ်ကို ယုံကြည်မှု ရှိနေတာ၊ သင်ပေးတဲ့ ဆရာအပေါ် ယုံကြည်တာဟာ သဒ္ဓါပါ။


အမျိုးအစားကအစ ကောင်းမွန် ခိုင်ခန့်တဲ့ စက်ဘီးဟာ သီလပါ။   


ခြေနင်းဟာ ဝီရိယပါ။

break ဟာ သတိပါ။
စတီရာရင်ဟာ သမာဓိပါ။


ဒီအရာတွေအားလုံး ဟန်ချက်ညီစွာ ပေါင်းစပ် အလုပ်လုပ် နေတာဟာတရားအားထုတ်တာပါပဲ။
အဲဒီအားထုတ်နေတဲ့ ဓမ္မသဘာဝတွေ ဟန်ချက်ညီလေလေ ခရီးတွင်လေလေပါပဲ။


အဲဒီလို ခရီးတွင်နိုင်ဖို့အတွက် ကိလေသာ မသေမချင်း နည်းလမ်းမှန်စွာ ကြိုးစား အားထုတ် နေရအုံးမှာပါပဲ။

တရားအားထုတ်တဲ့ သဘာဝကို ပေါ်လွင်စေလိုတဲ့ စေတနာနဲ့ မိမိနားလည်သလို ဥပမာပေးပြီး ပြောရတာမို့ လိုအပ်တာတွေ၊ မပြည့်စုံတာတွေ၊ အတိအကျ မဖြစ်တာတွေ ရှိနေမယ် ဆိုရင်လည်း မိမိရဲ့ လိုအပ်ချက်တစ်ခုအဖြစ် နားလည်ပေးစေ ချင်ပါတယ်။ 


Dr Pe Thet Tun

No comments:

Post a Comment