ပဋ္ဋိစ္စသမုပ္ပာဒ်နှင့် နိဗ္ဗာန်။
နိဗ္ဗာန်ဆိုတာဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ပန်းတိုင်ပါ။
နိဗ္ဗာန်ရတယ် နိဗ္ဗာန်ရောက်တယ်ဆိုတာဟာ-
၁။ ကိလေသာကုန်ခြင်း
၂။ ခန္ဓာသိမ်းဆည်းခြင်း ဝါ ခန္ဓာမရတော့ခြင်း ဖြစ်ပါတယ်။
ခန္ဓာရနေသရွေ့ မွေးသေဒုက္ခသာ ရှိတယ် ကျန်တဲ့ အနှစ်
အသားမရှိတာမို့ ခန္ဓာကို မရလိုခြင်း ဖြစ်ပါတယ်။
ခန္ဓာဟာ ကိလေသာကြောင့်သာ ရခြင်းဖြစ်ပါတယ်။
ဒါကို ဘာနဲ့ဥပမာပြလဲဆိုတော့ ပစ္စည်းတစ်ခုကို မြင်တယ်
လိုချင်တယ် ဒီအတွက် ဒီပစ္စည်းကို ရဖို့ ပိုက်ဆံရှာရတယ်။
ကာယကံ ဝစီကံတွေ ဖြစ်တဲ့ ကိုယ်ကာယလှုပ်ရှားမှုတွေ
ပိုက်ဆံရဖို့ ကြံတွေးရတဲ့စိတ်တွေ ဖြစ်လာရပါတယ်။
ကာယလှုပ်ရှားမှုက ရုပ်သဘောဖြစ်ပြီး ကြံတွေးနေတဲ့
ကြံစည်နေတဲ့စိတ်တွေဟာ နာမ်သဘောတွေ ဖြစ်တယ်။
ဒါဟာ ခန္ဓာတွေဖြစ်လာရတာပါ။
ဒီခန္ဓာတွေ ဖြစ်လာရတဲ့ အကြောင်းအရင်းကို ကြည့်လိုက်တော့ မြင်တာကို လိုချင်သော လောဘကိလေသာကို အခြေခံထားပါတယ်။
ဒီပစ္စည်းကို ရအောင်အားထုတ်လိုက်တာဟာ သင်္ခရသဘောပါ။ ကိစ္စပြီးမြောက်သွားတာကတော့ ကံပါပဲ။
လောဘရဲ့သဘောဟာ အဆုံးမရှိပါဘူး။ ဒီတစ်ခုရလိုက်လို့လည်း ကျေနပ်မသွားပါဘူး။
နောက်ထပ် နောက်ထပ်ဆိုတဲ့ အဆုံးသတ်မရှိသော လိုချင်မှု တပ်မက်မှုတွေ ရှိနေဦးမှာပါ။
ဒါကြောင့် မြတ်စွာဘုရားရှင်က ခန္ဓာအိမ်အမျိုးမျိုးကို ဆောက်လုပ်သော လက်သမားလို့ ဆိုခြင်းဖြစ်ပါတယ်။
အဆုံးမရှိတဲ့ တဏှာနောက်ကို လိုက်နေသူသာ ပင်ပန်း
ဆင်းရဲရမှာ အသေအချာပါ။
အဲဒီတော့ တရားကိုယ်ပြန်ကောက်ရင် ယခင်ဘဝက ကိလေသာဟာဘာလဲ ဆိုတဲ့ သမုဒယသစ္စာ ခန္ဓာဆိုတာဟာဘာလဲ ဘယ်လိုသဘောလဲဆိုတဲ့ ဒုက္ခသစ္စာ၊ ခန္တာမရအောင်ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ မဂ္ဂသစ္စာ၊ ခန္ဓာချုပ်ရာ နိဗ္ဗာန်ဟာ ဘာလဲဆိုတဲ့ နိရောဓသစ္စာ ၊ စတဲ့ သစ္စာလေးပါးကို မသိမှုကြောင့် လောဘ ဒေါသ မောဟ အစရှိတဲ့ ကိလေသာတွေကို ဘာတစ်ခုမှမပယ်ခဲ့ဘူး။ကိလေသာတန်းလန်းနဲ့သေခဲ့လို့
ယခုဘဝမှာ မျက်စိ နား နှာခေါင်း
လျှာ ကိုယ် စိတ်ဆိုတဲ့ ဒုက္ခသစ္စာတွေ ရထားတယ်။
ဒီဘဝမှာလည်း ကိုယ်ရထားတာ အနိစ္စ ဒုက္ခ အနတ္တ စတဲ့
ဆင်းရဲခြင်းသဘောတွေသာရှိတယ်ဆိုတာကို မြင်အောင်
မကြည့်တတ် မရှုတတ်ရင် မြင်တာနဲ့ အဝိဇ္ဇာက ငါ သူတစ်
ပါး ယောက်ျား မိန်းမလို့မြင်တယ် တဏှာကကြိုက်တယ်
ဥပါဒါန်က စွဲလမ်းတယ် သင်္ခရကရအောင်အားထုတ်တယ်။
ဒီတော့ ကံမြောက်သွားတယ်ဆိုရင် ဒါက အကြောင်းတရားတွေဖြစ်ပြီး အကျိုးတရားတွေဖြစ်တဲ့
ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ပေါ်
လာပြီး ဒုက္ခတွေ ခံစားရဦးမှာ အသေအချာပါ။
No comments:
Post a Comment