မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Thursday, July 17, 2014
မဟာဇနကမင်းကြီး၏ သံဝေဂတရား။
ဘုရားအလောင်းတော် မဟာဇနကမင်းကြီး ဆင်ဖြူစီးပြီး ဥယျာဉ်တော် ထွက်လာတဲ့အခါ
ဥယျာဉ်ဝမှာ အသီးတွေဝင်းမှည့်ပြွတ်ခဲနေတဲ့ သရက်ပင်ကြီးတစ်ပင်ရယ်၊ အသီးမရှိဘဲ အရွက်တွေ
စိမ်းမြစည်ပင်နေတဲ့ သရက်ပင်ကြီးတစ်ပင်ရယ်ကို တွေ့ရတယ်။
အဲဒီအချိန်မှာ လူတွေကတော့ အသီးတွေဝေဆာနေတဲ့ အပင်ကြီးကိုသာ စိတ်ဝင်စားမိကြမှာပဲ။ ရှင်ဘုရင်က အသီးတွေနဲ့ဝေဆာ
နေတဲ့ အပင်ကြီးအောက်အတိုင်း ဆင်ကိုသွားစေပြီး သရက်သီးတစ်လုံးကို ယူစားလိုက်ပါတယ်။ သ
ရက်သီးက အလွန်ချိုမြိန်လှပါတယ်။
ဘုရင့်ဥယျာဉ်တော်မှာ သတ်မှတ်ထားတဲ့ ဥပဒေအရ ရှင်ဘုရင် မစားသုံးသေးခင် ဘယ်သူ
မှ ခူးယူစားသုံးခွင့်မရှိဘူး။ ရှင်ဘုရင် စားသုံးပြီးရင်တော့ ကျန်တဲ့ပြည်သူတွေ စားသုံးခွင့် ရှိပါတယ်။
အခုလည်း ရှင်ဘုရင် စားသုံးပြီးပြီဖြစ်လို့ သူ့ထက်ငါ ခူးယူလိုက်ကြပါတယ်။ တချို့ လက်နဲ့လှမ်းမ
မှီတဲ့ အသီးတွေကိုလည်း ပစ်ကြ၊ ခတ်ကြ၊ ရိုက်ကြ၊ ပုတ်ကြနဲ့ အပင်ကြီးက စုတ်ပြတ်သတ် သွား
တာပါပဲ။ အသီးမရှိတဲ့ အပင်ကိုတော့ ဘယ်သူမှ သတိတောင် မထားကြတော့ဘူး။
ညနေ မဟာဇနကမင်းကြီး ပြန်ထွက်လာတဲ့အခါမှာတော့ မနက်က အသီးတွေနဲ့ ဝေဆာနေ
တဲ့ အပင်ကြီးက မြင်မကောင်း၊ ရှုမကောင်းအောင် အကိုင်းအခက်တွေ ကျိုးပျက်၊စုတ်ပြတ်နေတာ
ကို တွေ့လိုက်ရတော့ “ အသီးမရှိတဲ့ အပင်ကို ဘယ်သူမှ ရန်မမူကြဘူး၊ အသီးရှိတဲ့ အပင်က အသီး
ကြောင့် အန္တရာယ် ဖြစ်ရတယ်။ ဒီအပင်ကြီးကို အသီးတွေ ၀င်းမှည့်ပြွတ်ခဲနေတုန်းကသာ လူတွေ
ဝိုင်းအုံနေကြတာ။ အသီးမရှိဘဲ စုတ်ပြတ်နေပြီဆိုတော့ ဘယ်သူကမှ လှည့်မကြည့်ကြတော့ဘူး။
သြော် ငါ့ရဲ့ မင်းစည်းစိမ်ဆိုတာလည်း အသီးရှိတဲ့ အပင်ကြီးလို ပါပဲ။ တစ်နေ့နေ့ ရန်သူမင်းတို့က
လာရောက်အန္တရာယ်ပြုလို့ စည်းစိမ်ဆိုတဲ့ အသီးတွေ မရှိတော့ဘူးဆိုရင် ဒီ သရက်ပင်ကြီးလို ဖြစ်
မှာပါပဲ။” လို့ သံဝေဂဖြစ်ပြီး ရသေ့ဝတ် တောထွက်သွားပါတယ်။
{ ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)၏ စိန်ခေါ်ရင် တိမ်ပေါ်ရောက်ရမယ်နှင့် မထေရ်မြတ်
တို့၏ စကားဝိုင်းကို ကိုးကားရေးသားပူဇော်ပါသည်။ }
http://www.facebook.com/damanadi.tk http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment