
၁၁ ကြိမ်မြောက် အလှူ ပွဲကျင်းပရန်အတွက် လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ ရှိ ဇေယျာရွှေတောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
ကျောင်းသို့ မရောက်ခင် အတွေးနယ်မှာတော့ ...မြို့ နီးချုပ်စပ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေမှို့ အထိုက်အလျှောက်တော့ ပြည့်စုံမှာပဲလို့ တွေးထင်မိလေးရဲ့..။
ဒီလိုတွေးရင်း တွေးရင်းကျောင်းသို့ ရောက်လေတော့ မိမိအတွေးနဲ့ မြင်းလိုက်ရသည့် မြင်ကွင်းက တက်တက်စင်အောင် လွဲခဲ့ရသည်။
ကိုရင်- သီလရှင်- ကျောင်းသားကျောင်းသူ ကလေးသူငယ် စုစုပေါင်း ၄၀၀ ကျော်ရှိပေမယ့် အဆောက်အဦး၊ စာသင်ကျောင်းဆောင် ၊ ပစ္စည်း အသုံးအဆောင် ဘာတစ်ခုမျှ ပြည့်စုံမှု မရှိသေးတာ သိခဲ့ရ၏။
ကျောင်းအိပ် ကျောင်းစား မိဘမဲ့ ကလေး ၃၀၀ ကျော်အတွက် ပန်းကန်ခွက်ယောက် မပြည့်စုံလို့ တခါ တခါ ကလေးတွေကို ထမင်းကြွေးရင် ၃ သုတ်လောက် ခွဲကျွေးနေရတဲ့ အဖြစ်၊ ဒါနဲ့ စောင် - ခေါင်းအုန်း - ခြင်တောင် ရော ပြည့်စုံပါသလား ဘုရား ..လို့ မေးလျှောက်တော့ စောင်-ခြင်တောင်ကတော့ ပြည့်စုံ သလောက် ရှိပါတယ်.ဒါပေမယ့် ခေါင်းအုန်းကတော့ ကလေးတွေအတွက် လှူ မယ့်သူ မရှိလို့ အတော်လို အပ်နေသတဲ့...။
ကလေးတွေ အတွက် သောက်သုံးရေ -ချိုးရေရော အဆင်ပြေပါသလား မေးလျှောက်တော့.....ရေတွင်းရေစက် ရှိပေမယ့်.ရေစည်-ရေကန် ကြီးကြီးမားမား မရှိလို့ ကလေး ၃၀၀ အတွက် အသုံးပြုရာမှာ အခတ်အခဲရှိနေကြာင်း ၊
ကိုရင်ငယ် ၇၅ ပါး နှင့် သီလရှင် အပါး ၈၀ ဆွမ်းခံကြွကာ အလှူ ခံထွက် ရလာသမျှ ဆွမ်းဟင်းစုပေါင်းကာ အားလုံးအတွက် တနေ့ကို ဆန်တစ်အိပ် ထပ်ဆောင်း ချက်ရကြောင်း..။ ဒါကြောင့်မှို့ ဆန် ၊ ဆီ ၊ ပဲ တို့လဲ လိုအပ်မှု ရှိကြောင်း သိခဲ့ရပါသည်။
ဇေယျာရွှေတောင် ဘုန်းတော်ကြီးပညာရေးကျောင်းတွင် မူလတန်း မှ ၈ တန်းအထိ ပညာသင်ကြားပေးလျက်ရှိပြီး ဆရာ-ဆရာမ အင်အား ၁၂ ယောက်ရှိပါတယ်။ဆရာတော်၏ ဘွဲ့နာမည်က ဘဒ္ဒန္တ ဓမ္မပါလ ၊ ဖုန်း 09-8650427 ၊ 09-420200998
သို့ ဆက်သွယ်စုံစမ်း နိုင်ပါကြောင်း။
ကျွန်မတို့ ဗုဒ္ဓကမ္ဘာသာသနာဟိတအသင်း၏ (၁၁)ကြိမ်မြာက် အလှူ နေရာကို ပဲခူးတိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ် ၊ ကျွန်းကလေးကျေးရွာရှိ ဇေယျာရွှေတောင် ဘုန်းတော်ကြီးသင် ပညာကျောင်းသို့ ရွေးချယ်ပါသည်။ (၁၄.၉.၂၀၁၄)ရက် ၊ တနင်္ဂနွေနေ့ တွင် သွားရောက်လှူ ဒါန်းပေးမည်ဆိုသည့် အကြောင်း ဓမ္မမိတ်ဆွေအပေါင်းအား ကြိုတင်အသိပေးရင် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူ ဒါန်း ကုသိုလ်ယူကြဖို့ နိဗ္ဗာန်အကျိုးမြှော် နိုးဆော်အပ်ပါသည်။
***ကျောင်းတိုက်ရှိ ကိုရင်ငယ်-၇၅ပါး နှင့် သီလရှင် -၈၀ ပါးတို့အတွက် လိုအပ်လျက်ရှိသည့် သင်္ကန်း ၊ ပိတ်အုပ် ၊ ပန်းကန်-ခွက်ယောက်နဲ့ အခြား အသုံးအဆောင် ပစ္စည်းများ
***ဆန် ၊ ဆီ ၊ ပဲ နှင့် န၀ကမ္မ အလှူ ငွေများကို သွားရောက်လှူ ဒါန်းပေးမည်ဟု လျာထားပါသည်။




လှူ ဒါန်းလိုပါက ဖော်ပြပါ အကျိုးတော်ဆောင်များနှင့် ဆက်သွယ်နိုင်ပါကြောင်း
(၁)ကိုလှမိုး (ဆစ်ဒနီ)
ဖုန်းနံပါတ်- 0418288634
(၂) ကိုကောင်းမြတ်ဇော် (မြန်မာ)
ဖုန်းနံပါတ်-095189681
(၃)ဒေါ်မေကျော့ရှင်း (ဘန်ကောက်)
ဖုန်းနံပါတ်-00662691-9237 (6681-939-5175)
(၄)ကိုရဲမင်းထွန်း (စင်္ကာပူ)
ဖုန်းနံပါတ်-0973144936
(၅)ကိုကျော်ဝဏ္ဏ (မလေးရှား)
ဖုန်းနံပါတ်-0172218148
(၆) မနန်းယု (ရန်ကုန်)
ဖုန်းနံပါတ်-0931597694
(၇) မဖြူဖြူသီ (ရန်ကုန်)
ဖုန်းနံပါတ်-095500866
(၈) မအေးသီတာ (ရန်ကုန်)
ဖုန်းနံပါတ်-09420011104
(၉) မခင်မို့မို့ဝင်း (ရန်ကုန်)
ဖုန်းနံပါတ်- 0931630272
(၁၀) မဇင်မာဦး (ပဲခူး)
ဖုန်းနံပါတ်- 09250159113
(၁၁) မဆုမွန်ထွေး (ရန်ကုန်)
ဖုန်းနံပါတ်- 9420188860
(၁၂) မသူဇာအေး (ရန်ကုန်)
ဖုန်းနံပါတ်- 09420010771
(၁၃)ကိုညီညီတင် (မူဆယ်-ရှမ်းပြည်)
ဖုန်းနံပါတ်-09445108754
(၁၄) မနီလာ (ရန်ကုန်)
ဖုန်းနံပါတ်-095161478
(၁၅) ကိုလှိုင်ကျော်ထွေး (ရန်ကုန်)
ဖုန်းနံပါတ်-0931543530
အလှူနေ့တွင်လည်း ကိုယ်တိုင် လာရောက်လိုက်ပါလှူဒါန်းနိုင်ပါသည်...။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ...။
No comments:
Post a Comment