/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, July 11, 2014

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက်

 

ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက်
******************************


တရားချစ်ခင်သူတော်စင်အပေါင်းတို့....
အမှောင်ရှိလျှင် အလင်းဆိုတာ ရှိပါတယ်။ အမှောင်ထဲက လူတွေအတွက် အလင်းရောင်က တကယ်လိုအပ်ပါတယ်။ အမှောင်နှင့်အလင်းဟာ ဆန့်ကျင့်ဘက်ပါ။ 


 အလင်းရောင်လာလျှင် အမှောင်ကပျောက်ကွယ်သွားတာပဲ။ အမှောင်နဲ့အလင်းရောင်ဟာ လက်တွဲမနေနိုင်ဘူး။ ဒါကြောင့် စိတ်ထားယုတ်မာခြင်းတည်းဟူသော အမှောင်ထဲမှာကျနေတဲ့ ကမ္ဘာထဲသို့ သူတော်ကောင်း တရားအလင်းရောင်တွေကို ပို့လွှတ်လိုက်ကြပါစို့။ မီးလောင်လျှင် ရေဆိုတာ တကယ်လိုအပ်တဲ့ အရာဝတ္တုပါပဲ။ ကိလေသာ မီးလောင်နေတဲ့ကမ္ဘာမှာ ဓမ္မရေစင်ရေအေး သွန်းလောင်းကြပါစို့။

တရားချစ်ခင် သူတော်စင်အပေါင်းတို့...
ယနေ့ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးမှာ ဆူပူခြင်း၊ သောင်းကျန်းခြင်း၊ အကြမ်းဖက်ခြင်း၊ အနိုင်ယူခြင်း၊ အစွဲအလမ်းကြီးခြင်း၊ တစ်ယူသန်တစ်ဖက်သတ်ကျခြင်း၊ စိုးရိမ်ပူဆွေးခြင်း လုံခြုံမှုမရှိခြင်းစတဲ့ အမှောင်ထုကြီးကျရောက်နေပါတယ်။ ဒီအမှောင်ထုကြီးကို ဓမ္မအလင်းရောင်ဖြင့် အစားထိုးဖို့လိုပါတယ်။ မြတ်ဗုဒ္ဓရဲ့ မိန့်ကြားချက်များ ရှိပါတယ်။

`တစ်ကမ္ဘာလုံး ကန်းနေတယ်၊ ဓမ္မမျက်လုံး ပေးရမယ်။ တစ်ကမ္ဘာလုံး တုန်လှုပ်နေတယ်၊ ဓမ္မနဲ့ ထိန်းရမယ်။ တစ်ကမ္ဘာလုံး အတွင်း အပြင်လောင်နေတယ် ဓမ္မနဲ့ ငြှိမ်းသတ်ရမယ်။ 


အာဏာမက်မောမှုနှင့် သစ္စာတရား မျက်နှာလွဲမှုတို့ကြောင့် ကမ္ဘာကြီးဟာ သွေးစက်တွေ စွန်းထင်းနေပြီ။ အရိယာသစ္စာသည် ဘာသာတရားအားလုံး၏ အနှစ်သာရဖြစ်သည်။ အရိယာသစ္စာသည် ကမ္ဘာလက်ဟောင်းတရား။ ကမ္ဘာကြီးကိုသင်ကြားဖို့ သစ္စာတရားမှတစ်ပါး အခြားမရှိပြီ။ သစ္စာဟူသည် လူသားတိုင်း၏ ကိုယ်တွင်းမှာရှိသည်။ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးသန္တိကို သစ္စာနှင့် တည်ဆောက်ရမည်။ သစ္စာကိုဖုံးကွယ်ထားသမျှ ဘဝပြဿနာအားလုံး ပြေလည်မှု မရနိုင် ´ စသည်ဖြင့် ဟောတော်မူထား၏။ 

ကမ္ဘာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ဟာ အရေးတကြီး လိုအပ်နေပါတယ်။ ဒီလိုအပ်ချက်သည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင် အားလုံးကို အလွန်စိန်ခေါ်နေသော အချက်ဖြစ်ပါတယ်။ ခေါင်းဆောင်အားလုံး ဤစိန်ခေါ်ချက်ကို လက်ခံရင်ဆိုင်ဖြေရှင်းရန် တာဝန်ရှိပါတယ်။


တရားချစ်ခင် သူတော်စင်အပေါင်းတို့သည်......
လူတို့ ကိုးကွယ်ရာ ဘာသာတရားတိုင်းမှာ အပြင်အကာနှင့် အတွင်းအနှစ်သာရ ဟူ၍ နှစ်မျိုးရှိပါတယ်။ ယုံကြည်ခြင်း (ဉာဏ်ပညာမပါဘဲ)၊ ကိုးကွယ်ခြင်း၊ ပူဇော်ပသခြင်း၊ ရွတ်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ အခမ်းအနားပွဲလမ်း ကျင်းပခြင်း စသည်တို့ဟာ ဘာသာတရားတိုင်းရဲ့ အပေါ်ကဖုံးနေသော အကာတွေဖြစ်ပါတယ်။ 

အဲဒီ အကာ (Outer Shell of Religions) တွေဟာ ဘာသာတရားတစ်ခုနဲ့တစ်ခုကို မတူကွဲပြား ခြားနားစေကြပါတယ်။ သို့သော် ဘာသာတရားအားလုံး တညီတညွတ်တည်း လက်ခံနိုင်တဲ့ အနှစ်သာရရှိပါတယ်။ အဲဒီ Common Core ဆိုတာဟာ ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ သန့်ရှင်းသော စိတ်ထားနှင့်သစ္စာ တရားတို့ ဖြစ်ကြပါတယ်။

 လူသားအများစုဟာ သူတို့ကိုးကွယ်နေတဲ့ ဘာသာတရားတွေရဲ့ အနှစ်သာရကို သူတို့ကိုယ်တိုင် ထိထိမိမိ မသိကြပါဘူး။ ဘာသာဝင်လူသားတွေဟာ ဘာသာတရားတိုင်း၏ အနှစ်သာရနှင့် တကယ်ဆိုလိုတဲ့ အနက် အဓိပ္ပါယ်ကို သိဖို့လိုပါတယ်။ ဘာသာရေးပဋိပက္ခဖြစ်ခြင်းရဲ့ အကြောင်းရင်းဟာ တစ်ဖက်သတ် တစ်ယူသန် အစွန်းရောက်ခြင်းအပြင် Religion ၏ အနှစ်သာရကို တကယ်မသိခြင်းသည် အဓိကကျသော အချက်တစ်ချက် ဖြစ်ပေသည်။

သို့ဖြစ်ပါသောကြောင့် ယနေ့ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ အားလုံး ဤအချက်ကို ကောင်းစွာ သတိပြု၍ မိမိတို့ ကိုးကွယ်ရာဘာသာတရား အသီးသီး၏ ဘာသာဝင်လူသားများကို Common Core of Religion ကို အလေးအနက် သင်ကြားပို့ချပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ဘာသာရေးအနှစ်သာရကို အတွင်းကျကျ မသင်နိုင်တောင်မှ အပေါ်ယံလောက် သင်ပေးနိုင်လျှင် ဘာသာရေးအနှစ်သာရ နားလည်သော လူသားတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘာသာရေး ပဋိပက္ခနှင့် ဘာသာရေး အကြမ်းဖက်မှုတွေကို လျော့ကျသွားအောင်၊ လျော့ပါးသွားအောင်၊ ကြီးသွားမည်ကို သေးငယ်သွားအောင် စွမ်းဆောင်နိုင်ကြလိမ့်မည်လို့ မျှော်လင့်ပါတယ်။

ဘာသာတရားရှိတဲ့ လူသားတွေဟာ ဘာသာရေး၏ အနှစ်သာရရောက်အောင် မသင်ကြား မလေ့ကျင့်ဘဲ အပေါ်ယံအကာမျှဖြင့် ရောင့်ရဲတင်းတိမ် မနေကြဖို့၊ ဘာသာရေး၏ အနှစ်သာရသည် လူသားတို့၏ နှလုံးစိတ်ဝမ်းငြိမ်းချမ်းရေးအတွက်၊ လူသားတို့၏ ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် တကယ်ဖြစ်တယ်ဆိုတာကို သိအောင် သင်ဖို့နှင့်ကျင့်ဖို့ ဒီကနေ့ ဒီနေရာက တိုက်တွန်းပါတယ်။ မိမိတို့ ကိုးကွယ်ရာဘာသာတရားဖြင့် အခြား ဘာသာတရားကို တိုက်ခိုက်ခြင်း၊ ရှုတ်ချခြင်း၊ မပြုသင့်ပါ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားတစ်ခုခုဖြင့် အခြားလူတို့ ကိုးကွယ်ရာဘာသာတရားတစ်ခုကို ထိခိုက်ပုတ်ခတ် ရှုတ်ချခြင်းသည် မိမိကိုယ်တိုင် မိမိကိုးကွယ်ရာ ဘာသာတရားကို ပြန်လည်ပုတ်ခတ်ပြီး၊ ရှုတ်ချပြီး ဖြစ်နေလိမ့်မယ်။

 မြတ်ဗုဒ္ဓ၏ လက်ထက်တော်ကာလက ကိုးကွယ်ရာ အမျိုမျိုး ရှိကြသောလူတို့သည် ဗုဒ္ဓရှင်တော်ကို ချဉ်းကပ်လာသော အခါ ` ဟေ့-- မတူကွဲပြားတဲ့ အပေါ်မှာမဆွေးနွေးကြစို့နဲ့၊ တူညီတဲ့အပေါ်မှာ ဆွေးနွေးကြပါစို့။ တို့ သဘောတူတဲ့အပေါ်မှာ ဆွေးနွေးပြီး အနှစ်သာရ ထုတ်ယူကြပါစို့ ´ ဟူ၍ ဗုဒ္ဓရှင်တော် မိန့်ဖူးပါသည်။ ဒါကြောင့် သဘောမတူနိုင်တဲ့ အချက်တွေကို ပြောဆိုနေကြပြီး ငြင်းခုံနေကြခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း။

တရားချစ်ခင် သူတော်စင်အပေါင်းတို့ .....

★ ရန်ငြိုးဖွဲ့ခြင်းကို မေတ္တာဖြင့် ဖြေရှင်းရာ၏။

★ အကြမ်းဖက်ခြင်းကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် ဖြေရှင်းရာ၏။

★ ဒေါသကို ဒေါသနှင့်တုံ့ပြန်ခြင်းဖြင့် မငြိမ်းချမ်းနိုင်။

★ အကြမ်းဖက်ခြင်းကို အကြမ်းမဖက်ခြင်းဖြင့်သာ ငြိမ်းစေနိုင်၏။

★ အကြမ်းဖက်ခြင်းကို အကြမ်းနည်းဖြင့်ဖြေရှင်းခြင်းသည် ပို၍ကြမ်းတမ်းလာစေ၏။

★ မုန်းတီးခြင်းကို မေတ္တာဖြင့် ချုပ်ငြိမ်းစေရာ၏။

★ ဤသည်တို့ကား ဘာသာရေး မပေါ်မီကပင်ရှိခဲ့သော ကမ္ဘာဦးတရား၊ ဘာသာတရားအားလုံးတို့၏ Common Core ဖြစ်သည်။

★ ဤသည်ကား ဓမ္မ...... ဓမ္မဟူသည် သစ္စာတရား။

★ ဗုဒ္ဓ၊ ဟိန္ဒူ၊ ဂျိန်း၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဆစ် မည်သည့်ဘာသာ မှာမဆို ဤသို့ မွန်မြတ်စွာသော သစ္စာတရားတို့ ရှိပါတယ်။

To understand the Truth is our common solution to our common problems.
သစ္စာတရားကို နားလည်ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ ဘဝပြဿနာအားလုံး၏ အဖြေဖြစ်ပါတယ်။
သစ္စာ ဟူသည် ကျွန်ုပ်တို့ကိုယ်မှာ ရှိပါသည်။ ထို့ကြောင့် သစ္စာကိုသိလျှင် သန္တိဟူသော ငြိမ်းချမ်းရေးကိုလည်း ကိုယ်တွင်းမှာ တွေ့ရမည်။ ကိုယ်တွင်းမှာ တွေ့ရသော သစ္စာတရားနှင့် သန္တိတရားတို့ကို အပြင်ကမ္ဘာသို့ ဖြန့်ချိကြပါစို့။
သစ္စာတရား နေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ကျွန်ုပ်တို့ နေရာဤကမ္ဘာ ငြိမ်းချမ်း သာယာရှိကြပါစေ။


သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ

(အဆင့်မြင့်ဘာသာရေးနှင့် ယဉ်ကျေးမှု အပြန်အလှန် ဆွေးနွေးပွဲ မိန့်ခွန်းမှ ကောက်နှုတ်ချက်)
ဗောရစ်ယယ့်လ်ဆင် ခန်းမဆောင်
စိန့်ပီတာစဘတ်မြို့၊ ရုရှားနိုင်ငံ။
၂၀၁၄၊ ဇူလိုင်လ၊ ၃ ရက်။


No comments:

Post a Comment