
“အဟုတွာ သမ္ဘောန္တိ၊ ဟုတွာ ပဋိဝေန္တိ”
အနိစ္စရဲ့အဓိပ္ပါယ်ကို အနုပဒသုတ္တန်မှာ ဒီလို ရှင်းတယ်၊
အဟုတွာ - ဘယ်နေရာမှ ရှိနေတာမဟုတ်ဘဲနဲ့၊
သမ္ဘောန္တိ - အကြောင်းဆုံတဲ့အခါမှာ ပေါ်လာကြတယ်၊
ဟုတွာ - အကြောင်းဆုံလို့ ဖြစ်ပေါ်ပြီးတဲ့နောက်မှာ၊
ပဋိဝေန္တိ - ပျောက်ကွယ်ပြီးတော့ သွားကြတယ်၊
ဒါကို အနိစ္စလို့ ဆိုတယ်။
ဘယ်နေရာမှ ရှိနေတာ မဟုတ်ဘဲနဲ့ အကြောင်းကြောင့်ပေါ်လာတယ်၊
ခုနက အသံလေးဟာ နဂိုကရှိနေတာ မဟုတ်ဘူး၊
အကြောင်းတိုက်ဆိုင်တဲ့အခါ ဒီအသံလေးပေါ်လာတာ၊
ပေါ်လာပြီးတော့ ဒီအသံလေးဟာ တည်နေသလားဆိုတော့ မတည်ဘူး၊
ပျောက်သွားတယ်၊ အဲဒီသဘောကို ပြောတာနော်၊
အနိစ္စဆိုတာ အဲဒါပြောတာ၊ နဂိုက ရှိနေတာ မဟုတ်ဘူး၊
တစ်နေရာမှာ ရှိနေတာမဟုတ်ဘူး၊
ရှိမနေဘဲနဲ့ အကြောင်းတရားကြောင့် ပေါ်လာတယ်၊
ပေါ်လာပြီး ပျောက်သွားတယ်၊
ဒါကို 'အနိစ္စ' လို့ ပြောတာ။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) ဆရာတော်ကြီး
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) - မှ ကောက်နုတ်ပူဇော်ပါသည်
Dhamma Dãna Source : ထေရဝါဒ ရနံ့ https://www.facebook.com/thefragranceoftheravada
No comments:
Post a Comment