
အရှိနဲ့ အသိ
**********
ဘဝဆိုတာ ရှိတိုင်း
ချမ်းသာတာမှ မဟုတ်ပဲ။
လူချမ်းသာရဲ့ အနှစ်သာရဆိုတာ
`အသိ´ ပဲ။
တရားအသိမရှိရင်
ချမ်းသာဖို့ရည်ရွယ်ပြီး
ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းတွေက
စိတ်နဲ့ခလုတ်တိုက်ပြီး အမြဲတမ်းလိုလို
မျက်ရည်ကျရ ပူရတတ်ပါတယ်။
လူ့ဘ၀ လူချမ်းသာဆိုတာ
`အရှိ´ တစ်ခုတည်းနဲ့
မပြည့်စုံနိုင်ပါဘူး။
လူ့ဘဝရဲ့ အဖိုးတန်ရတနာဟာ
`အသိတရား´ ပဲ ဖြစ်ပါတယ်။
`အရှိတရား´ တွေ မဟုတ်ပါဘူး။
တိပိဋကဓရ ယော ဆရာတော်ကြီး
No comments:
Post a Comment