သူငယ်ချင်းဆိုတာ
••••••••••••••••••
ကျွန်တော်တို့ လူတိုင်းလူတိုင်းအတွက်
မရှိမဖြစ်လိုအပ်သော မိတ်ဆွေပါ။
ဘယ်နေရာ၊ဘယ်အချိန်ပဲဖြစ်ဖြစ်
ကျွန်တော်တို့ အမြဲဆက်နွယ်နေရတဲ့ သူပါ။
လူတွေဟာ...
● အသက်(၂၀)မှာ အချစ်ကို မျှော်လင့်ကြတယ်။
●အသက်(၃၀)မှာ လက်ထပ်ဖို့ကို မျှော်လင့်ကြတယ်။
● အသက်(၄၀)မှာ အောင်မြင်မှုကို မျှော်လင့်ကြတယ်။
● အသက်(၅၀)မှာ ကြွယ်ဝဖို့ကို မျှော်လင့်ကြတယ်။
● အသက်(၆၀)မှာ ပြည့်စုံဖို့ကို မျှော်လင့်ကြတယ်။
● အသက်(၇၀)မှာ ကျန်းမာဖို့ကို မျှော်လင့်ကြတယ်။
● အသက်(၈၀)မှာ အိပ်လိုက်ပြီးရင် ပြန်နိုးလာဖို့ကို မျှော်လင့်ကြတယ်။
သာမန်သူငယ်ချင်းနဲ့ အစစ်အမှန် သူငယ်ချင်းတွေ ကိုယ့်မှာ
ဘယ်နှစ်ယောက်ရှိလဲ
.... ကိုယ်ကရော သူတို့အတွက် ဘယ်လို သူငယ်ချင်းမျိုးလဲ.....?
■ □ သာမန် သူငယ်ချင်းတစ်ယောက်က သင်ငိုတာကို မမြင်ဖူးဘူး။
●အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင်ငိုဖို့အတွက်
သူ့ပုခုံးကို ငှားပေးတယ်။
■ □ သာမန် သူငယ်ချင်းတစ်ယောက်က
သင့်မိဘနာမည်တွေကို မသိဘူး။
●အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင့်မိဘ
ဖုန်းနံပါတ်ကို သူ့စာအုပ်မှာ ကူးထားတတ်တယ်။
■ □ သာမန် သူငယ်ချင်းတစ်ယောက်က သင့်ပြဿနာကို ဆွေးနွေးမယ်။
● အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင့်ပြဿနာကို ဖြေရှင်းကူမယ်။
■ □ သာမန် သူငယ်ချင်းတစ်ယောက်က သင့်ပါတီမှာ ၀ိုင်တပုလင်း ယူလာလိမ့်မယ်။
● အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင့်ပါတီ
မစခင်ကတည်းက လာကူပြီး ပွဲပြီးမှ ပြန်တတ်တယ်။
■ □ သာမန် သူငယ်ချင်းတစ်ယောက်က သူအိပ်နေချိန်မှာ
သင်ဖုန်းဆက်တာကို စိတ်ဆိုးမယ်။
●အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင်ဘာဖြစ်လို့
အခုမှ ဖုန်းဆက်ရသလဲလို့ စိတ်ပူမယ်။
■ □ သာမန် သူငယ်ချင်းတစ်ယောက်က သင့်စိတ်ကူး
အချစ်ဇာတ်ကို စပ်စုမယ်။
●အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင့်စိတ်ကူးကို ထုတ်ဖော်ပြောခိုင်းမယ်။
■ □ သာမန် သူငယ်ချင်းတစ်ယောက်က သင့်အိမ်လာလည်ရင် ဧည့်သည်လိုနေမယ်။
အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင့်အိမ်လာလည်ရင်
ရေခဲ သေတ္တာကိုသူကိုယ်တိုင် ဖွင့်မယ်။
■ □ သာမန် သူငယ်ချင်းတစ်ယောက်က သင်နဲ့ ကတောက်က
ဆတ်ဖြစ်ပြီးသူငယ်ချင်း အဖြစ်ကနေရပ်စဲမယ်။
●အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင်နဲ့ ကတောက်ကဆတ်
မဖြစ်ရင်သူငယ်ချင်း မစစ်ဘူးလို့ ထင်မယ်။
■ □ သာမန် သူငယ်ချင်း တစ်ယောက်က သူ့အနားမှာ
သင်အမြဲရှိနေတာကို လိုလားတယ်။
●အစစ်အမှန် သူငယ်ချင်းတစ်ယောက်က သင့်အနားမှာ
သူအမြဲရှိနေတာကို လိုလားတယ်။
လောကကြီးတွင်လူတစ်မျိုးရှိသည်.....
တခြားလူ မသိသော ကိုယ်၏လျှို့ဝှက်ချက်များကို သူသိသည်။
ကိုယ်စာမရသောအချိန်တွင် ရှင်းပြတတ်ပြီး ကိုယ်အမှား
လုပ်မိသောအချိန်တွင်ကိုယ့်ဘက်မှရပ်တည်ပြီး ၀န်ခံပေးတတ်သည်။
အားငယ်သောအချိန်တွင်အားပေးတတ်ပြီး ၀မ်းနည်းနေသည့်
အချိန်များတွင် နှစ်သိမ့်တတ်သည်။
ကိုယ်အဆင်ပြေလျှင် သူ့ကိုမေ့နေတတ်ပြီး အဆင်မပြေသော
အချိန်များတွင်ကိုယ့်ရင်ဖွင့်သမျှကို စိတ်ရှည်ရှည်ဖြင့်
နားထောင်ပေးတတ်သည်။
ကိုယ်နှင့်အတူ ရှိနေမည့် အချိန်များက ချစ်သူတစ်ယောက်
ထက်ပင်ကြာရှည်ခိုင်မြဲတတ်သည်။
● ထိုလူမျိုးကိုသူငယ်ချင်း ဟုခေါ်သည်။
သူငယ်ချင်းဆိုတာ ဆွေမျိုးလည်းမဟုတ်၊ မောင်နှမလည်းမဟုတ်၊
မိသားစုဝင်လည်းမဟုတ်တဲ့ ကိုယ်ရဲ့အရင်းနှီးဆုံး သူစိမ်းတွေပါပဲ။

စေတနာမေတ္တာဖြင့် ..... မြစိုး
မိသားစုမေတ္တာ စာမျက်နှာမှကူးယူပါသည်။
ေ တွေးမိတွေးရာအဖြာဖြာ မှ ထပ်ဆင့်ကူးယူသည်။

No comments:
Post a Comment